Thursday 15 November 2012

သမ္မတ ဦးသိန်းစိန် နှင့် အိုဘားမား မြန်မာနိုင်ငံတွင် တွေ့ဆုံနိုင်ဖွယ်မရှိ

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်နိုဝင်ဘာ၁၉ရက်ညနေတွင်ကျင်းပမည့် အာဆီယံအမေရိကန်ခေါင်းေ ဆာင် များ အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။ ထို့ကြောင့်သမ္မတ ဦးသိန်းစိန် သည် အမေရိကန်အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးတက်မည်ဆိုပါကသတင်း များထွက်ေ ပ်ါနေ သည့်အတိုင်း အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့်မြန်မာနိုင်ငံတွင် ထိုနေ့ တွေ့ ဆုံနိုင်ဖွယ် မရှိနိုင်ကြောင်းအာဆီယံထိပ်သီးအစည်းအဝေးရောက် မြန်မာသတင်းထောက်အချို့က ယူဆနေကြ သည်။

အာဆီယံအမေရိကန်ခေါင်းဆောင်များအစည်းအဝေးကို နိုဝင်ဘာ၁၉ ရက်ညနေ ၆နာရီ ၂၀ မှ ၈နာရီ ၂၀ အတွင်းကျင်းပမည်ဖြစ်ပြီး တက်ရောက်မည့်ခေါင်းဆောင်များကိုမူယနေ့အထိတိတိကျကျထုတ်ပြန်ခြင်းမရှိ    သေးပေ။

ထိပ်သီးအစည်းအဝေးသို့တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များ၏ ကမ္ဘောဒီးယားသို့ ရောက်ရှိမည့် အချိန်နှင့် ပြန်ချိန်များတွင် သမ္မတဦးသိန်း စိန် သည် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၇ တွင် အထူးလေ ယာဉ်ဖြင့် နံနက်၁၀နာရီဝန်းကျင်တွင် ဖနွမ်းပင် သို့ရောက်ရှိမည်ဖြစ်ပြီး ၂၁ ရက်နေ့နံနက် ၁၀နာရီ တွင် အထူးလေ ယာဉ်ဖြင့် ပင် ပြန်မည်
ဟု ထုတ်ပြန်ေ သာ အချိန်ဇယားများ တွင် ဖော်ပြထား သည်။ ထို့ကြောင့် နိုဝင်ဘာ ၁၉ရက်တွင် သမ္မတအိုဘားမားနှင့် မြန်မာနိုင်ငံ၌ တွေ့ဆုံဖြစ်မည်ဆိုပါက သမ္မတဦးသိန်းစိန်အနေနှင့် တစ်ခေါက်ပြန်လာရမည်ဖြစ်သည်။ ထိုသို့ ပြန်လာပြီး ထိုနေ့ညနေတွင် ကျင်းပ မည့်အာဆီယံအမေရိကန် ခေါင်းဆောင်အစည်းအဝေးကိုတက်ရောက်မည်ဆိုပါကအိုဘား မားနှင့်  တွေ့ပြီး ကမ္ဘောဒီးယားသို့ အမြန်ပြန်ရမည်ဖြစ်သည်။

"သမ္မတက ထိပ်သီးအစည်းအဝေးတွေတက်မှာပါ။ အိုဘားမားနဲ့တွေ့ မယ့်ကိစ္စကတော့ ဘယ်နေ့ဆို တာ ပြောလို့ မရသေးပါ ဘူး။ မြန် မာနိုင်ငံမှာကတော့သေချာပါတယ်" ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေး မှုး ဦးဇော်ဌေးကပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၂၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးကို ယနေ့ နိုဝင်ဘာ ၁၅ ရက် မှ ၂၀ ရက်အထိကျင်းပပြု လုပ်သွား မည်ဖြစ်သည်။

သမ္မတအိုဘားမားသည်ယခုအိန္ဒိယနိုင်ငံသို့ရောက်ရှိနေသောဒေါ်အောင်ဆန်း စုကြည်နှ င့် နိုဝင်ဘာ ၁၉ ရက် တွင်တွေ့ဆုံမည်ြ ဖစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီအသိုင်းအ၀ိုင်းမှအ တည်ပြုေ ပာကြား သည်။ ဒေါ်အောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံမှနိုဝင်ဘာ၁၈ရက်နံနက်ပိုင်းမှသာမြန် မာနိုင်ငံ သို့ပြန် လည်ရောက်ရှိမည်ဖြစ်သည်။

  ref:7Day News Journal

No comments:

Post a Comment