Thursday 15 November 2012

ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းမိန့်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်ပါသည်။

ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ဆောင်ချက်များ၊ ဆောင်ရွက်နေမှုများ စသည်တို့နှင့် စပ်လျဉ်း၍ သိလိုသည်များအား ဤအဖွဲ့က တာဝန်ယူ၍ သတင်းအချက်အလက်များ ဖြန့်ဝေပေးသွား မည် ဖြစ် ပါသည်။


ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ အနေဖြင့် အင်တာနက်မှ သတင်းအချက်အ လက်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝက်ဘ်ဆိုက်ကို လွှင့်တင်ပေးသွား မည် ဖြစ်ပြီး၊ ဆက်လက်၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အီးမေးလ်၊ ဖက်စ်နံပါတ်များကို အသိပေးသွား မည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာ

အမှတ်၊ ၈၁ /၂၀၁၂

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၂ရက်

(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ" သတင်းထုတ်ပြန်ရေး အဖွဲ့"ကို အောက်ပါ အတိုင်းဖွဲ့ စည်းလိုက်သည်-
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
အမှတ်၊ ၈၁ /၂၀၁၂
၁၃၇၄ ခုနှစ်၊   တန်ဆောင်မုန်းလဆန်း ၂  ရက်
(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)
သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။     နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ" သတင်းထုတ်ပြန်ရေး အဖွဲ့"ကို အောက်ပါ အတိုင်းဖွဲ့စည်းလိုက်သည်-


(က)
ဦးအောင်သိမ်း     
အဖွဲ့ခေါင်းဆောင်


ဒုတိယဝန်ကြီး



သမ္မတရုံးဝန်ကြီးဌာန


(ခ)
ဦးရဲမင်း
အဖွဲ့ဝင်


ဒုတိယညွှန်ကြားရေးမှူးချုပ်



သမ္မတဦးစီးရုံး      


(ဂ)
ဦးရဲနိုင်      
အဖွဲ့ဝင်


အထွေထွေမန်နေဂျာ



သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း



ပြန်ကြားရေးဝန်ကြီးဌာန


(ဃ) 
ဦးမိုးကျော်အောင်         
အဖွဲ့ဝင်


ညွှန်ကြားရေးမှူး



နိုင်ငံတော်သမ္မတရုံး


(င)   
ဦးအောင်စိုးသိန်း  
အဖွဲ့ဝင်


ညွှန်ကြားရေးမှူး



ပြည်ထောင်စုအစိုးရအဖွဲ့ရုံး


(စ)
ဦးဉာဏ်ထွန်း               
အတွင်းရေးမှူး


ညွှန်ကြားရေးမှူး



နိုင်ငံတော်သမ္မတရုံး

                                                    
၂။     သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

(က)
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊

(ခ)       
အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊

(ဂ)
သတင်းထုတ်ပြန်ချက် (Press Statement)များ ထုတ်ပြန်ပေးရန်၊

(ဃ)       
ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive  Media) လုပ်ငန်းနှင့် တုံ့ပြန်မီဒီယာ (Reactive  Media) လုပ်ငန်းများဆောင်ရွက်ရန်၊

(င)       
ပြည်တွင်း ပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊

(စ)
ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်။

                               (ပုံ) ဇော်သန်းသင်း            
အတွင်းရေးမှူး             
ပြည်ထောင်စုအစိုးရအဖွဲ့      

 

No comments:

Post a Comment