Thursday 15 November 2012

ဟားမတ်စ်စစ်ရေးခေါင်းေ ဆာင် သေ ဆုံး သွားပြီးနောက် ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်

ဂါဇာကမ်းမြောင်ဒေသတွင်အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုအတွင်းဟားမတ်စ်စစ်ရေးခေါင်းေ ဆာင် သေ ဆုံး သွားပြီးနောက် ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက် လာသည်။
ဟားမတ်စ်တို့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး အစ္စရေးလေ တပ်က လည်း ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်အခြေစိုက်စခန်း ဖြစ်နိုင်ဖွယ် နေရာများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက်ရှိကြောင်CNN သတင်းက ထုတ်လွှင့်ပြသသည်။

ပါလက်စတိုင်းခေါင်းဆောင် အဘတ်စ်က ဟားမတ်စ်ပြောက်ကျားတို့ အနေဖြင့် အစ္စရေးဘက်သို့ ဒုံး ကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကို ရပ်တန့်ရန်လိုအပ်ကြောင်းနှင့် နှစ်ဘက်စလုံးအား တိုက်ခိုက်မှုများ အဆုံး သတ်ရန် တောင်းဆိုလိုက်သည်။
 
 
ref:planet

No comments:

Post a Comment