Thursday 15 November 2012

ကောင်းမှုတော်ပုထိုးတော်ကြီးကို ထုံးသင်္ကန်းဖြင့်သာဖူးမြော်ရန် ဒေသခံအချို့ဆန္ဒရှိ

ကောင်းမှုတော်ပုထိုးတော်ကြီးကို ထုံးသင်္ကန်းဖြင့်သာဖူးမြော်ရန်  ဒေသခံအချို့ဆန္ဒရှိ

မန္တလေး၊နိုဝင်ဘာ-၁၀

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူပြီးသည်မှာ ၂ နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ယခင်အတိုင်း ထုံးသင်္ကန်းဖြင့် ဖူးလိုသည့်ဆန္ဒ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း စစ်ကိုင်းဒေသခံအချို့နှင့်ဘုရားဖူးအချို့ထံမှ သတင်းရရှိသည်။

စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီတော်ကြီးအနီးတွင် နေထိုင်နေသော စစ်ကိုင်းမြို့သားတစ်ဦးက “ခုရွှေသင်္ကန်းလည်း မကောင်းတာမဟုတ်ပါဘူး။ အရင်လို ရှေးမူမပျက်လေး ဖူးချင်တဲ့သဘောပါ” ဟု သူ၏အမြင်ကို ပြောသည်။ 

ကောင်းမှုတော်စေတီတော်ကြီးကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာရောက်စဉ် ရွှေသင်္ကန်းကပ်လှူပါက ပိုကောင်းမည်ဟု အကြံပြုပြောကြားခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။ သြ၀ါဒါစရိယဆရာတော်ကြီးများကလည်း သဘောတူခဲ့သောကြောင့် လေးရက်အကြာ ဒီဇင်ဘာ ၂၄ ရက်မှ စတင်ကာ ရွှေသင်္ကန်းကပ်လှူသည့် လုပ်ငန်းကို စတင်ခဲ့သည်ဟု ကောင်းမှုတော်စေတီတော်ကြီး ဂေါပကအ
ဖွဲ့ဝင်များထံမှ သိရသည်။ ထိုစဉ်အချိန်က ဝေဖန်မှုများရှိခဲ့သော်လည်း တရားဝင် ကန့်ကွက်ခဲ့ခြင်းမျိုးမရှိခဲ့ဟု ဂေါပကအဖွဲ့က ဆိုသည်။

“ဒါကတော့ ဖြစ်တတ်တာသဘာဝပါ။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ သူတွေကိုက ပြောကြတယ်။ ထုံးသင်္ကန်းနဲ့ပဲ မကောင်းဘူးလားပေါ့။ ပြည်တွင်းဧည့်သည်တင်မကဘူး။ ပြည်ပနိုင်ငံခြားသားဧည့်သည်တွေကပါ အရင်လိုမဟုတ်တော့တဲ့အတွက် ပြောကြပါတယ်။
ခုလို ရွှေရောင်ဖြစ်တာကိုလည်း သဘောကျတဲ့သူတွေ ရှိပါတယ်” ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရွှေသင်္ကန်း ကပ်လှူပြီးချိန်တွင် ယခင် ထုံးသင်္ကန်းကပ်လှူချိန်ထက် ဘုရားဖူးပိုလာသည့်အပြင် အလှူငွေများလည်း ပိုမိုတိုးတက်ရရှိလာကြောင်း ဂေါပကအဖွဲ့ကဆိုသည်။

ယခင် ထုံးသင်္ကန်းကပ်စဉ်အချိန်က တစ်လလျှင် အလှူငွေကျပ်သိန်း ၁၀၀ အောက်ရရှိပြီး ရွှေသင်္ကန်းကပ်ပြီးချိန်မှစ၍ တစ်လလျှင်ကျပ်သိန်း ၁၅၀ ၀န်းကျင်ရရှိသည်ဟု ဆိုသည်။ ကောင်းမှုတော်စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်ရာတွင် ကုန်ကျစရိတ်မှာ စေတီတော်ဝန်းကျင် ပြင်ဆင်စရိတ်
နှင့် ပေါင်းပါက ကျပ်သိန်းပေါင်း ၃၅၀၀ ခန့်ကုန်ကျခဲ့ပြီး ရွှေသင်္ကန်းကပ်လှူသော ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း ၂၀၀၀ ၀န်းကျင်ရှိကြောင်း ဂေါပကအဖွဲ့ကဆိုသည်။

ရွှေအစစ်မဟုတ်ဘဲ ရွှေဆေးဖြင့် ကပ်လှူထားခြင်းဖြစ်ပြီး ဆေးသုတ်သည့်ကုမ္ပဏီက ငါးနှစ်အာမခံထားသည်ဟုဆိုသည်။ ထုံးသင်္ကန်း
ဖြင့်ဆိုပါက တစ်နှစ်တစ်ကြိမ်ကပ်ရပြီး ကျပ်ဆယ့်နှစ်သိန်းခန့် ကုန်ကျလေ့ရှိသည်ဟု သိရသည်။

ကောင်းမှုတော်စေတီတော်ကြီးကို မန္တလေးမြို့မှ သွားရောက်ဖူးလေ့ရှိသူ အမျိုးသမီးတစ်ဦးက “ရွှေသင်္ကန်းပဲဖြစ်ဖြစ်၊ထုံးသင်္ကန်းပဲဖြစ်ဖြစ် ကြည်ညိုပြီးသားပါ။ ဒါပေမဲ့ အရင်လို ကောင်းမှုတော်ဆိုရင် ထုံးသင်္ကန်းနဲ့ပဲ မြင်နေတဲ့စိတ်မြင်ချင်တဲ့စိတ်က ဖျောက်လို့မရသေးဘူးဖြစ်နေတယ်” ဟု  ပြောကြားသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို သာလွန်မင်းတရားကြီး သီရိသုဓမ္မာရာဇာပ၀ရအဓိပတိက အင်းဝညောင်ရမ်းခေတ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ ဗုဒ္ဓ၏ စွယ်တော်၊ ဆံတော်၊သပိတ်တော်နှင့် ရုပ်ပွားတော်များ၊ စေတီများအပါအ၀င် အခြားဓာတ်တော်မွေတော်များ ဌာပနာခဲ့သည်။

စစ်ကိုင်းမြို့ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူပြီးသည်မှာ ၂ နှစ် ပြည့်ေ တာ့ မည် ဖြစ်သော်လည်း ယခင်အတိုင်း ထုံးသင်္ကန်းဖြင့် ဖူးလိုသည့် ဆန္ဒ ဖြစ်ပေါ်နေ ဆဲဖြစ်ကြောင်း စစ် ကိုင်းဒေသခံအချို့နှင့်ဘုရားဖူးအချို့ထံမှ သတင်းရရှိသည်။
စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီတော်ကြီးအနီးတွင် နေထိုင်နေသော စစ်ကိုင်းမြို့သားတစ်ဦးက “ခုရွှေသ င်္ကန်း လည်း မကောင်းတာမဟုတ်ပါဘူး။ အရင်လို ရှေးမူမပျက်လေး ဖူးချင်တဲ့သဘောပါ” ဟု သူ၏အမြင် ကို ပြောသည်။

ကောင်းမှုတော်စေတီတော်ကြီးကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာေ ရာက် စဉ် ရွှေသင်္ကန်းကပ်လှူပါက ပိုကောင်းမည်ဟု အကြံပြုပြောကြားခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရ သည်။ သြ၀ါဒါစရိယဆရာတော်ကြီးများကလည်း သဘောတူခဲ့သောကြောင့် လေးရက်အကြာ ဒီဇင်ဘာ ၂၄ ရက်မှ စတင်ကာ ရွှေသင်္ကန်းကပ်လှူသည့် လုပ်ငန်းကို စတင်ခဲ့သည် ဟု ကောင်း မှုတော်စေ တီေ တ်ာကြီး ဂေါပကအ ဖွဲ့ဝင်များထံမှ သိရသည်။ ထိုစဉ်အချိန်က ဝေဖန်မှုများရှိခဲ့သော်လည်း တရားဝင် ကန့် ကွက် ခဲ့ခြင်းမျိုးမရှိခဲ့ဟု ဂေါပကအဖွဲ့က ဆိုသည်။

“ဒါကတော့ ဖြစ်တတ်တာသဘာဝပါ။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ သူတွေကိုက ပြောကြတယ်။ ထုံး သင်္ကန်း နဲ့ပဲမကောင်းဘူးလားပေါ့။ ပြည်တွင်းဧည့်သည်တင်မကဘူး။ပြည်ပနိုင်ငံခြားသားဧည့်သည်တွေကပါ အရင် လို မ ဟုတ်တော့တဲ့အတွက် ပြောကြပါတယ်။
ခုလို ရွှေရောင်ဖြစ်တာကိုလည်း သဘောကျတဲ့သူတွေ ရှိပါတယ်” ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ရွှေသင်္ကန်း ကပ်လှူပြီးချိန်တွင် ယခင် ထုံးသင်္ကန်းကပ်လှူချိန်ထက် ဘုရားဖူးပိုလာ သည့် အပြင် အလှူငွေများလည်း ပိုမိုတိုးတက်ရရှိလာကြောင်း ဂေါပကအဖွဲ့ကဆိုသည်။

ယခင် ထုံးသင်္ကန်းကပ်စဉ်အချိန်က တစ်လလျှင် အလှူငွေကျပ်သိန်း ၁၀၀ အောက် ရရှိပြီး ရွှေ သင်္ကန်း ကပ်ပြီးချိန်မှစ၍ တစ်လလျှင်ကျပ်သိန်း ၁၅၀ ၀န်းကျင်ရရှိသည်ဟု ဆို သည်။ ကောင်း မှုတော်စေ တီေ တ်ာကြီးကို ရွှေသင်္ကန်းကပ်ရာတွင် ကုန်ကျစရိတ် မှာ စေတီတော်ဝန်း ကျင် ပြင်ဆင် စရိတ်
နှင့် ပေါင်း ပါက ကျပ်သိန်းပေါင်း ၃၅၀၀ ခန့်ကုန်ကျခဲ့ပြီး ရွှေသင်္ကန်းကပ်လှူသော ကုန်ကျစရိတ်မှာ ကျပ် သိန်းေ ပါင်း ၂၀၀၀ ၀န်းကျင်ရှိကြောင်း ဂေါပကအဖွဲ့ကဆိုသည်။

ရွှေအစစ်မဟုတ်ဘဲ ရွှေဆေးဖြင့် ကပ်လှူထားခြင်းဖြစ်ပြီး ဆေးသုတ်သည့်ကုမ္ပဏီက ငါးနှစ်အာမခံထား သည်ဟုဆိုသည်။ ထုံးသင်္ကန်း ဖြင့်ဆိုပါက တစ်နှစ်တစ်ကြိမ်ကပ်ရပြီး ကျပ်ဆယ့်နှစ်သိန်းခန့် ကုန်ကျလေ့ရှိ သည်ဟု သိရသည်။

ကောင်းမှုတော်စေတီတော်ကြီးကို မန္တလေးမြို့မှ သွားရောက်ဖူးလေ့ရှိသူ အမျိုးသမီးတစ်ဦးက “ရွှေသင်္ကန်း ပဲဖြစ်ဖြစ်၊ထုံးသင်္ကန်းပဲဖြစ်ဖြစ် ကြည်ညိုပြီးသားပါ။ ဒါပေမဲ့ အရင်လို ကောင်းမှုတော်ဆိုရင် ထုံးသင်္ကန်း နဲ့ပဲ မြင်နေတဲ့စိတ်မြင်ချင်တဲ့စိတ်က ဖျောက်လို့မရသေးဘူးဖြစ်နေတယ်” ဟု ပြောကြားသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို သာလွန်မင်းတရားကြီး သီရိသုဓမ္မာရာဇာပ၀ရအဓိပတိက အင်းဝညောင်ရမ်းခေတ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ ဗုဒ္ဓ၏ စွယ်တော်၊ ဆံတော်၊သပိတ်တော်နှင့် ရုပ်ပွားတော်များ၊ စေတီများအပါအ၀င် အခြားဓာတ်တော်မွေတော်များ ဌာပနာခဲ့သည်။
 
 
ref:7daynews

No comments:

Post a Comment