Sunday 4 November 2012

ရခိုင်ပြည်နယ်အစိုးရသစ်ဖွဲ့ဖို့ လွယ်ပါ့မလား

ရခိုင်ပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့မှာပါတဲ့ ဦးတင်မောင်သန်းက ရခိုင်ပြည်နယ်အစိုးရဟာ အကြမ်းဖက်သူများကို ထိမ်းမနိုင် သိမ်းမရဖြစ်နေ တာကြောင့် ပြဿနာတွေ ဆက်လက်ဖြစ်ပေါ်လာရတယ်။
ဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရခိုင်ပြည်နယ် အစိုးရအသစ် ဖွဲ့ စည်းဖို့လိုအပ်နေတယ်လို့  တင်ပြတယ်ဆိုတာ သိရတယ်။ 
လက်ရှိ အသုံးပြုနေသော ရခိုင်ပြည်နယ် အလံ
ဒီတော့ ကျွန်တော်တို့မှာ ပြောစရာ ရှိလာပြန်ရောဘဲ။ ပထမအချက်က ရခိုင်ပြည်နယ် အစိုးရဆိုတာ ဘယ်ကနေပြီး ပေါက်ဖွါးလာသလဲဆိုတာ ကြည့်ဖို့လိုတယ်။ 

ဒုတိယအချက်အနေနဲ့ ရခိုင်ပြည်နယ် အစိုးရကို ပြည်ထောင်စု အစိုးရက ချုပ်ကိုင်ထားတယ်ဆိုတာ သိဖို့ လိုတယ် ။ 

တတိယအချက်က ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြသနာတွေကို ထိမ်းချုပ်တဲ့ ဥပဒေတွေ ကို ပြည်သူတွေ ဘယ်လောက်များ နားလည်သလဲ ဆိုတာ လေ့လာဖို့လိုတယ်။ 

ဒီတော့ ပထမအချက်ကို ပြောပြပါ့မယ်။ ရခိုင်ပြည်နယ် အစိုးရဟာ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရ ပါတီ ပြည်ခိုင်ဖြိုးက လွှတ်တော် ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့ စည်းထားတာဖြစ်တယ်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီက ၀န်ကြီးသုံးဦးသာပါတယ် ။ သူတို့ဟာ ဒီမိုကရေစီ စနစ်တခုကို ဖန်တီးပေးနေရတဲ့ ပြည်နယ် အစိုးရမျှသာဖြစ်တယ်။ 

ဒုတိယအချက်က ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ် အစိုးရကို ချုပ်ကိုင် လွှမ်းမိုးထားတာဖြစ်တယ်။ ၀န်ကြီးချုပ်ကိုတောင်မှ နေပြည်တော်က ခန့်အပ်ထားတာဘဲဖြစ်တယ်။ ချုပ်ကိုင်ထားတယ် ဆိုတော့မှဘဲ သူတို့မှာ ဘာအာဏာမှ လက်ဆပ်လက်ကိုင် ပြစရာ မရှိဘူးဆိုတာ ထင်ရှားနေတယ်။

တတိယအချက်က ပြည်သူတွေဟာ ပဋိပက္ခတွေဖြစ်လာပြီဆိုရင် ပုဒ်မ ( ၁၄၄ ) ကို ထုတ်ပြန်ပေမယ့် အဲဒီ ဥပဒေဟာ ညမထွက်ရအမိန့်လို့ သိထားတာဘဲ ရှိတယ်။ တကယ့်အနှစ်သာရကို မသိကြဘူး။ ဒီတော့ ဒီ ဥပဒေအမိန့်ကို ထုတ်ပြန်တော့လဲ အကြမ်းဖက်ခြင်း လုပ်ချင်ရာ လုပ်ဖြစ်ကြတယ်။ ဥပဒေကို နားမလည် 
တော့ လုပ်ချင်ရာ လုပ်ကြတာ ဆိုသလိုဘဲဖြစ်သွားတယ်။ 

ချုပ်ပြောရရင် ရခိုင်ပြည်နယ်အစိုးရဟာ ဒီဥပဒေကို ပြည်သူတွေကို တိတိကျကျ ချပြထားသော်ငြားလဲဘဲ သူ့မှာ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးဆိုတာ ပြဿနာဖြစ်နေတယ်။ 

၂၀၀၈- ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ ဥပဒေမှာ အရေးပေါ်ကြေညာချက်များနဲ့ ပါတ်သက်လို့ ပြဋ္ဌန်းထားရာမှာ တပ်မတော်ဟာ နိုင်ငံမတည်မငြိမ်သက်ဖြစ်နေရင် အရေးပေါ် အခြေအနေဖြစ်နေရင် တာဝန်ထမ်းဆောင် ခွင့် ရှိတယ်လို့ ပြဋ္ဌန်းထားတယ်။ 

ဒီတော့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်လာချိန်မှာ အာဏာမရှိတဲ့  အရပ်သားအစိုးရဟာ ပဋိပက္ခကို ထိမ်းသိမ်း ဖို့ ဘယ်ကလက်နက်နဲ့  ဘယ်က ဥပဒေနဲ့ ကိုင်တွယ်နိုင်မှာလဲ။ သူ့ မှာက ၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ တပ်မတော်က တာဝန်ရှိတယ်လို့  ဖေါ်ပြထားတယ် ဆိုတော့ တပ်မတော်ကိုဘဲ ကြည့်နေရမှာပေါ့။ 

ပုဒ်မ ( ၁၄၄ ) ထုတ်ပြန်ရင်လဲ ပြည်သူတွေက သိသိ မသိသိ ဒီဥပဒေကို ကိုင်တွယ်မှာက တပ်မတော် အခန်းကဏ္ဍသာဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အရေးပေါ် အခြေအနေဖြစ်နေပြီကိုး။ 

ပုဒ်မ ( ၁၄၄ ) ထုတ်ခြင်း ရှိရှိ မရှိရှိ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီဆိုရင် လက်နက်ကိုင် အဖွဲ့ အစည်းများဖြစ် တဲ့  ပြည်သူ့ ရဲနဲ့ တပ်မတော်သာ ရှိတယ်။ သူတို့က တာဝန်ယူဖြေရှင်းကြတာဖြစ်တယ် ။ မိုးပေါ်ထောင် ပစ်တာဘဲဖြစ်ဖြစ် လူကိုတည့်တည့်ဘဲ ပစ်ပစ် ပြည်သူ့ ရဲနဲ့  တပ်မတော်ကဘဲ ပစ်မှာပါဘဲ။ 

လူတွေထိခိုက် ဒဏ်ရာရလို့  သေဆုံးတာဘဲဖြစ်ဖြစ် ဒဏ်ရာရတာဘဲဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့ အစည်းရဲ့ တာဝန်ဘဲဖြစ်တယ်။ ဒီလိုပစ်ခတ်ခြင်းကြောင့် ပဋိပက္ခတွေဟာ ရပ်တန့်သွားခြင်းမျိုးလည်း ရှိသလို အစိုးရ 
ပြုတ်ကျသွားခြင်းလည်း ဖြစ်သွားတတ်တယ်။

မြန်မာနိုင်ငံမှာတော့ ဒီလို လက်နက်နဲ့ ထိမ်းသိမ်းရပြီဆိုရင် ပဋိပက္ခပြဿနာတွေဟာ ချုပ်ငြိမ်းသွားတတ်ပါ တယ်။ 

ဒီနေရာမှာ ပုဒ်မ ( ၁၄၄ ) ဥပဒေကို ပြည်သူတွေကို သိရှိနားလည်အောင် ပညာပေးသင်တန်းတွေ ဖွင့်ပေးဖို့ လိုတယ် ။ ဒါမှသာ ဒီဥပဒေရဲ့ အနှစ်သာရကို သိနားလည်ကြလိမ့်မမယ် ။ နားလည်လာတဲ့ အခါ လူတွေ ဟာ အကြိမ်းဖက်ခြင်းကို ရှောင်ရှားလာကြမှာဖြစ်တယ်။ 

ဒီလိုဘဲ ဒီမိုကရေစီနိုင်ငံတွေမှာ ဥပဒေတွေကို သင်ကြားပေးနေကြပါတယ်။ ကျွန်တော်ပြောချင်တာက ရခိုင်ပြည်နယ်အစိုးရဟာ လက်ထဲမှာ သေနတ်တလက်မျှမရှိဘဲနဲ့  အရုပ်ပမာလို အာဏာမရှိဘဲ အုပ်ချုပ်နေရတဲ့ အဖွဲ့ အစည်းသာဖြစ်တယ်။ 

ဒီမိုကရေစီ စနစ်ဆီသို့  တက်လှမ်းခါစ ပြုနေသေးတဲ့ အချိန်မှာ ပြည်နယ်အစိုးရဟာ ဒီလိုဘဲ ရှိနေအုံးမှာဖြစ် တယ်။ ခုအချိန်ထိ တပ်မတော်က အုပ်ချုပ်ရေးအာဏာမှာ ယူထားသလို ကာကွယ်ရေးအာဏာကိုလဲ ယူ ထားနေတုံးဘဲ ရှိနေသေးတယ်ဆိုတာ သတိထားဖို့လိုတယ်။ 

ဒီတော့ ပြည်ထောင်စုအစိုးရကနေပြီး ၀န်ကြီးချုပ်ကအစ ရွေးချယ်ခန့် အပ်ထားတဲ့  ရခိုင်ပြည်နယ်အစိုးရကို ရခိုင်လူမျိုးတွေက လက်ခံထားတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရခိုင်ပြည်နယ် အစိုးရ သစ်ကို ဖွဲ့စည်းဖို့ဆိုတာဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စောက်ထိုး မိုးမျှော်လုပ်သလိုဖြစ်သွားလိမ့်မယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန် လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတာကို လူတိုင်း နားလည်ထားကြ ပါတယ် ။ သူ့မှာ ဘာအာဏာမှ မရှိပါဘဲနဲ့ ဘယ်လိုလုပ်ပြီး သူက ရွေးချယ်ခန့်အပ်နိုင်မှာပါလဲ။ ဘာဖြစ်လို့ ဆိုတော့ ပြည်နယ်အစိုးရဖြစ်ဖြစ် ၀န်ကြီးဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ် အယုံအကြည် မရှိဘူး ဆိုရင် အယုံအကြည် မရှိကြောင်း လွှတ်တော်မှာ တင်ပြရတယ်လို့ ဖေါ်ပြထားပါလားဗျာ။ 

ဒီတော့ ရခိုင်ပြည်နယ် အထူး စုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ်အဖွဲ့ဝင်- ဦးတင်မောင်သန်းဟာ -၂၀၀၈- ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရှေးဦးစွာ လေ့လာဖို့ လိုသေးတယ်လို့ ပြောချင်ပါတယ်။ 

ခိုင်အောင်ကျော်

No comments:

Post a Comment