Sunday 4 November 2012

ဘီဘီစီ၏မျက်ကန်းဘက်လိုက် ရေးသားမှုကတော့ အော့နလုံးနာစရာပင်

ဘီဘီစီမြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်း သတင်းဌာနသည် ဘင်္ဂလီများဘက်မှ  ဘက်လိုက်ရေးသားသည်မှာ ထူးဆန်း ဖွယ် ကိစ္စတော့ မဟုတ်တော့ပြီ။ ဘီဘီစီ အာရှ ပစိဖိတ်ဌာနက အန်နာဂျုံးစ် ဆိုသည့် အမျိုးသမီး မြန်မာပြည်မြေပုံကို ငါးပါးမှောက်အောင် လုပ်ခဲ့သည်ကို လည်း မြန်မာပြည်သူများ အမှတ်ရနေတုန်းပင် ဖြစ်သည်။
 မြန်မာလူမျိုးများသည် ယဉ်ကျေးသော ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အလျောက် ခွင့်လွှတ်သည်းခံခဲ့ကြသည်။ မိမိလူမျိုး၊ ဘာသာ၊ သမိုင်း ကို စော်ကားနေသော ဘီဘီစီကို တခြားလူမျိုး၊ တခြားဘာသာဝင်များကဲ့သို့ ဘီဘီစီရုံးကို ခဲနှင့်ပေါက်ခြင်း၊

ထိုးဖောက်ဝင်ရောက်ခြင်း၊ ဘီဘီစီကို ထောက်ပံ့ထားသော ဗြိတိန်အစိုးရသံရုံးကို မီးရှို့ခြင်း၊ အင်္ဂလန်အလံကို မီးရှို့ခြင်း၊ တက်နင်းခြင်း၊ ၀န်ကြီးချုပ်ပုံကို ဖိနပ်နှင့် ရိုက်ခြင်း စသည့်အပြုအမူများ မပြုလုပ်ခဲ့ကြပေ။

ဒေါ်တင်ထားဆွေ ဦးစီးသော ဘီဘီစီမြန်မာပိုင်းကို ဝေဖန်ရေးသားသော စာများရေးသားရုံ၊ ဘီဘီစီသတင်း ဌာနကို ငြိမ်းချမ်းစွာ ဆန္ဒပြရုံသာ ပြခဲ့ကြသည်။ ဒေါ်တင်ထားဆွေနှင့် တခြား ဘင်္ဂလီလိုလားသော အုပ်စုအပြင် တခြား မြန်မာလူမျိုးများကို စာနာသော သူများလည်း ရှိနေသည်ဟု ကြားသိရသဖြင့် မြန်မာပြည်သူများဘက်မှ ရပ်တည်လာကောင်းသည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ယခုမူဘက်လိုက်သည်မှ မျက်ကန်းဘက်လိုက်သည်အထိ အတင့်ရဲလာကြသည်။ မြန်မာပြည် မတည်ငြိမ်မှ ထမင်းဝကြမည်ဖြစ်သဖြင့် အပြောင်းအလဲနှင့် အကောင်းဘက်ကို ဦးတည်လာသော ကျွန်တော်တို့မြန်မာပြည်ကြီးကို နောက်ကြောင်းပြန်လှည့်ရန် တွန်းအားပေးနေကြသည်။ အကြောင်းမှာ   အောက်ပါအတိုင်းဖြစ်သည်။

အောက်တိုဘာလ ၂၈ ရက်နေ့ညက မလေးရှားကိုထွက်ခွာမည့် လူပေါင်း ၁၃၀ ၀န်းကျင်ပါဝင်သော ဘုတ်တစ်စီး နတ်မြစ်ဝတွင် မြုပ်သည်။ အဆိုပါအကြောင်းနှင့် နောက်ခံအကြောင်းအရာများကို စာရေးသူသည်  နိုဝင်ဘာလ ၁ ရက်နေ့က ရေးသားပြီးဖြစ်သည်။

 (လူမှောင်ခိုဂိုဏ်းများ သောင်းကျန်ပြန်ပြီ။ http://www.facebook.com/photo.php?fbid =10100355331514719&set=a.710040441229.2297040. 12821604&type=3&theater) အဆိုပါ ဘုတ်မြုပ်ရာတွင်အများစုမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည်။ နိုင်ငံတကာတွင် ခေါ်ဝေါ်နေကြသော ရိုဟင်ဂျာ ခေါ် ဘင်္ဂလီခေါ်တောများ မဟုတ်ကြပေ။

အထက်အပါအကြောင်းအရာနှင့်ပတ်သက်၍ဘီဘီစီကသတင်းလုပ်ရေးသားရာတွင်  အောက်ပါအတိုင်းဖော်ပြထား
သည်။“ပျောက်ဆုံးနေသူတွေ အများစုကတော့ မြန်မာနိုင်ငံ ဘက်က ရိုဟင်ဂျာမွတ်ဆလင်တွေလို့ သိရပါတယ်”

ဘီဘီစီ၏ မျက်ကန်းဘက်လိုက်ရေးသားမှုကတော့ အော့နလုံးနာစရာပင်။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ တခြားသတင်းမီဒီယာတချို့၏ ရေးသားမှုများကို ဖော်ပြရလျှင်…

 ပင်လယ်ကွေ့သတင်းဌာန - “အသက်ရှင်ကျန်ရှိတဲ့သူများရဲ့ ပြောစကားအရ အနည်းဆုံး လူ ၁၂၂ ယောက်ဟာ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပါ။ ရိုဟင်ဂျာတွေ မဟုတ်ကြပါဘူး။
” (ဒုဗိုလ်မှူးကြီး ဇာဟစ် ဟာဆန်၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့)CNN သတင်းဌာန  - “ဒုဗိုလ်မှူးကြီး ဟာဆန်က လိုက်ပါသွားသူအများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း   ပြောပါတယ်။ ဒါပေမယ့် အသက်ရှင်ကျန်ခဲ့သူ ၃ ဦးအပါအ၀င်  တချို့ကတော့ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။”

ဓာတ်ပုံအတုတွေနဲ့ သတင်းအလိမ်တွေကို လွှင့်ထုတ်တတ်တဲ့ ကုလားတန် သတင်းဌာနကတောင်  ငါးဖမ်း သမားတွေကို ကိုးကားပြီး အခုလို ရေးပါတယ်။

“လူမှောင်ခိုသမားက ဘင်္ဂလားဒေ့ရှ်ကလူတွေကို မလေးရှားကိုပို့ဖို့ စီစဉ်တာပါ။ လူမှောင်ခိုသမားနဲ့ ဘုတ်ပေါ်ကလူတွေက မြန်မာနိုင်ငံမှာ ရခိုင်နဲ့ ရိုဟင်ဂျာတွေ  ပြဿနာဖြစ်နေကြတာကို အခွင့်ကောင်းယူကြတာလေ။ သူတို့ကတော့ ရိုဟင်ဂျာလို့  ပြောကြလိမ့်မယ်။ ဒါပေမယ့် ရိုဟင်ဂျာ အနည်းစုပဲ ပါသွားတာ။ အများစုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ။”

လူမှောင်ခိုဂိုဏ်းများသည် မြန်မာနိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို တခြားနိုင်ငံသို့ နှစ်ပေါင်းများစွာ ပို့ဆောင်နေကြခြင်းဖြစ်သည်။ တခြားနိုင်ငံမှ သက်ဆိုင်ရာ လ၀ကများ၊ အာဏာပိုင်များ၊ မီဒီယာများနှင့် တွေ့က “ရိုဟင်ဂျာ” ဟု ပြောကြရန် လူမှောင်ခိုဂိုဏ်းများမှ ၄င်းတို့ ပို့ဆောင်နေသည့်လူများကို သင်ပေးထားကြသည်။
 မီဒီယာများကလည်း ဒေသဘာသာစကားနှင့် လူရိပ်လူကဲကို မသိပဲ “ရိုဟင်ဂျာ”များ ဒုက္ခရောက် ထွက်ပြေးလာကြပြီဟု အော်ကြသည်။ အဆိုပါကိစ္စကို စာရေးသူသည် လွန်ခဲ့သော   နှစ်ပေါင်းများစွာကပင် သတင်းဌာနများသို့ စာရေးသားပေးပို့ဖူးသည်။

သို့သော်ဘီဘီစီသတင်းဌာနသည် မြန်မာပြည်၏ သမိုင်း၊ မြန်မာပြည်သူများ၏ဆန္ဒကို လုံးဝလိုက်လျူရှုမြဲ၊ ဘက်လိုက်ရေးသားမြဲပင်ဖြစ်သည်။

ဘက်လိုက်ရေးသားရာမှ မျက်ကန်းဘက်လိုက်ရေးသားလာသည်ကို မြန်မာပြည်သူများ လျော့မတွက်ထားသင့်ပေ။ ဘင်္ဂလီအရေးဆိုလျှင် သတင်းမဟုတ်သည်ကိုပင် သတင်းအဖြစ် လိမ်၍ ရေးကြသည်။

 မောင်းတောတွင် ဘင်္ဂလီတွေ ဗလီအဆင်း ရခိုင်တွေကို လိုက်သတ်ကြတော့ သတင်းဌာနကြီးတွေဟာ ရခိုင်တွေ၊ နတလကျေးရွာသားတွေ အကြောင်းကို တစ်ခွန်းမျှမဟပဲ စစ်တပ်က ဘင်္ဂလီတွေကို ပစ်သတ်သည်ဟု ရေးကြသည်။

 ကျောက်တော်မြို့တွင် ရခိုင်ဘုတ်တစ်စီးအား စစ်တပ်မှ ပစ်သတ်လို့ လူပေါင်းများစွာသေကြ သည်ကိုတော့ ရေးဖို့ နှာဈေးနေကြသည်။ ၈၈ ကျောင်းသားခေါင်းဆောင်ကြီး ကိုကိုကြီး ပြောသလို ရခိုင်တွေကော လူမဟုတ်ကြဘူးလား။ သူတို့မှာရော လူအခွင့်အရေးမရှိကြရဘူးလား လို့ သတင်းဌာနကြီးများကို  မေးလိုက်ချင်သည်။

 သတင်းဌာနကြီးများ အထူးသဖြင့် ဘီဘီစီက ယခုကဲ့သို့ တနေ့တခြား မျက်ကန်းဘက်လိုက်သည် ကို မြန်မာပြည်သူများအနေဖြင့် လက်ပိုက်ကြည့်မနေ သင့်တော့ပေ။ အဓမ္မကို ထောက်ပြ၍ ဓမ္မတရားများ ပြန့်ပွားအောင်၊ ဓမ္မတရားများ လွှမ်းမိုးအောင် ၀ိုင်းဝန်းလုပ်ဆောင်သင့်နေပြီဖြစ်သည်။

ဇေယျာနိုင် (စမ်းချောင်း)

No comments:

Post a Comment