Sunday 28 October 2012

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရောက် ဦးခင်ညွန့်

 
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရောက် ဦးခင်ညွန့် 
Sunday, October 28, 2012 

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း
ဦးခင်ညွန့် အရပ်သားဘ၀ဖြင့် မိသားစုစုံလင်စွာ ပထမဦးဆုံး
တက်ရောက်ဖူးမြော်နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်သည်
အရပ်သားဘ၀ဖြင့် မိသားစုစုံလင်စွာဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ (၂၇.၁၀.၂၀၁၂) ရက်နေ့လည်ပိုင်းတွင်တက်ရောက်ဖူးမြော်ကြည်ညိုခဲ့သည်။ 

ဦးခင်ညွန့်မိသားစုသည် ကျိုက်ထိုဟိုတယ်တွင်တစ်ရက်တာတည်းခိုပြီး (၂၈.၁၀.၁၂)ရက်တွင် ကျေးဇူးရှင်ကျိုက်ထီးဆောင်းဆရာတော်ဘုရားထံသို့သွားရောက်ဖူးမြော်မည် ဖြစ်ကြောင်းသိရှိရသည်။

ဦးခင်ညွန့်သည် ယခုလက်ရှိတွင်လူမှုရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၄င်းတည်ထောင် ထားသည့် သံလျင်မြို့နယ်ရှိ ဖောင်ဒေးရှင်းတွင်ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် လည်းကောင်း၊ စိတ်ကျန်းမာရေးဆေးရုံတွင် အာဟာရဒါနများပြုလုပ်ခြင်းဖြင့်လည်းကောင်းစိတ်ချမ်း မြေ့စွာနေထိုင်လျက်ရှိပြီး ယခုကဲ့သို့ ပထမဆုံး အကြိမ် မိသားစုစုံလင်စွာဖြင့် ဘုရားဖူး
ခရီးထွက်ရခြင်းကို များစွာကျေနပ်အားရခြင်းရှိကြောင်းနှင့် ပုဂံမြို့ရှိ ၄င်းပြုပြင်မွမ်းမံထားသည့် ဓမ္မရာဇကစေတီတော်သို့ သွားရောက်ရန်
အစီအစဉ်ရှိကြောင်းပြောကြားခဲ့သည်။

ဦးခင်ညွန့်အနေဖြင့် ကျိုက်ထီးရိုးစေတီတော်တွင် နိုင်ငံတော်အေးချမ်းသာ ယာပြီးဖွံ့ဖြိုးတိုးတက်စေရေးအတွက်အထူးဆုတောင်းခဲ့ကြောင်းထပ်လောင်း
ပြောကြားခဲ့သည်။

Myat Khine Facebook
 

 
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့် အရပ်သားဘ၀ဖြင့် မိသားစု စုံလင်စွာ ပထမဦးဆုံးတက်ရောက်ဖူးမြော်နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်သည်အရပ်သား ဘ၀ဖြင့် မိသားစုစုံလင်စွာဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့(၂၇.၁၀.၂၀၁၂)ရက်နေ့လည်ပိုင်းတွင်တက်ရောက်ဖူး မြော်ကြည် ညိုခဲ့သည်။

ဦးခင်ညွန့်မိသားစုသည် ကျိုက်ထိုဟိုတယ်တွင်တစ်ရက်တာတည်းခိုပြီး (၂၈.၁၀.၁၂)ရက် တွင် ကျေးဇူးရှင် ကျိုက်ထီးဆောင်းဆရာတော်ဘုရားထံသို့သွားရောက်ဖူးမြော်မည် ဖြစ်ကြောင်းသိရှိရသည်။

ဦးခင်ညွန့်သည် ယခုလက်ရှိတွင်လူမှုရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၄င်းတည်ထောင် ထားသည့် သံလျင်မြို့နယ်ရှိ ဖောင်ဒေးရှင်းတွင်ပညာရေး၊ကျန်းမာရေးလုပ်ငန်းများတွင် လည်းကောင်း၊ စိတ်ကျန်း မာေ ရးေ ဆးရုံတွင်အာဟာရဒါနများပြုလုပ်ခြင်းဖြင့်လည်းကောင်းစိတ်ချမ်း မြေ့စွာနေထိုင်လျက်ရှိပြီး ယခုကဲ့သို့ ပထမ ဆုံး အကြိမ် မိသားစုစုံလင်စွာဖြင့် ဘုရားဖူး ခရီးထွက်ရခြင်းကို များစွာကျေနပ်အားရခြင်းရှိကြောင်းနှင့် ပုဂံမြို့ရှိ ၄င်းပြုပြင်မွမ်းမံထားသည့် ဓမ္မရာဇကစေတီတော်သို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်ြးေ ပာကြားခဲ့သည်။

ဦးခင်ညွန့်အနေဖြင့် ကျိုက်ထီးရိုးစေတီတော်တွင် နိုင်ငံတော်အေးချမ်းသာ ယာပြီးဖွံ့ဖြိုးတိုးတက်စေရေး အတွက် အထူးဆုတောင်းခဲ့ကြောင်းထပ်လောင်း ပြောကြားခဲ့သည်။

ref:Myat Khine Facebook

No comments:

Post a Comment