Sunday 28 October 2012

ဗုံးဖောက်ခွဲရန် ကြံစည်သူ ၁၁ ဦးကို အင်ဒိုနီးရှား ရဲဖမ်း

အမေရိကန် သံရုံး အပါအ၀င် အနောက် နိုင်ငံသား များကို အဓိက ပစ်မှတ်ထားကာ ဗုံးဖောက်ခွဲရန် ကြံစည် သည် ဟု ဆိုကာ လူ ၁၁ ဦးကို ဖမ်းဆီး ထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ကြေညာသည်။
မကြာသေးမီက ဖွဲ့စည်းထားသည့် စစ်သွေးကြွများ အသုံးပြုသော လက်လုပ် ဗုံးပစ္စည်း များ၊ ပေါက် ကွဲ စေတတ်သော ပစ္စည်းများကို နေရာ အချို့တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ အစီရင်ခံစာ က ဆိုသည်။ ယင်းတို့၏ ပစ်မှတ် များမှာ အမေရိကန် သံရုံး၊ အမေရိကန် ကောင်စစ်ဝန်ရုံး တို့ ပါအ၀င် သတ္တု တူးဖော်ရေး ကုမ္ပဏီ တစ်ခုလည်း ပါဝင်သည်။
 
ref:thevoiceweekly

No comments:

Post a Comment