Sunday 28 October 2012

သမ၀ါယမ အဆောက်အအုံကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို အသင်းသားများ ဆန္ဒပြ


ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် မဟာမြိုင်လမ်းထောင့် အမှတ် ၇၀/၇၂ ရှိ ကျွန်းတောကွက်သစ်သမ၀ါယမ အဆောက်အအုံအား အသင်းသားများ သဘောဆန္ဒမရယူဘဲ ကန်ထရိုက် တိုက်ဆောက် လုပ်ခြင်းကို အသင်းသားများက အောက်တိုဘာ ၂၈ ရက် နံနက်တွင် ဆန္ဒထုတ်ဖော် ကန့်ကွက် ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများက နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ဆန္ဒပြခဲ့ပြီး အသင်းပိုင် အဆောက်အအုံဖျ က်ဆီးသူများကို အရေးယူပေးရန်၊ အဆောက်အအုံဆောက်လုပ်ရာတွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန်နှင့် သမ၀ါယမ ၀န်ကြီးလာရောက်ဖြေရှင်းပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။

အဆောက်အအုံဆောက်လုပ်မှုကို အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်း တာဝန်ရှိသူများက လာေ ရာက်ဖြေရှင်းပေးမှု မရှိသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြမှုတွင်ပါဝင်သူ ကိုတင်ထက် ကိုက ပြောသည်။

အသင်းသား ၃၅ ဦးဖြင့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ခွင့်ရရှိရန် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အောက်တိုဘာ ၁၇ ရက်က လျှောက်ထားခဲ့ရာတွင် ပယ်ချခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ အယူခံ ၀င်ရောက်ရာတွင် ခွင့်ပြုမိန့် ၁/၂၀၁၂ ဖြင့် ဆန္ဒထုတ်ဖော်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

အသင်းသား၏ ဆန္ဒထုတ်ဖော်သည့်နေ့မှစ၍ သုံးပတ်အတွင်း တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းခြင်း မပြုပါက ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ကိုတင်ထက်ကိုက ပြောသည်။
 
ref:7daynews

No comments:

Post a Comment