Sunday 28 October 2012

ဖော်သူမရှက်ဖတ်သူရှက်

 

သတင်းစာ၊ဂျာနယ်ဟူသည် ပြည် တွင်းပြည်ပကမ္ဘာအရပ်ရပ်၊နိုင်ငံအသီး သီးတွင် ဖြစ်ပေါ်နေေ သာ နိုင်ငံေ ရး၊စီး ပွားရေး၊လူမှုရေး၊စစ်ရေးစသဖြင့် မိမိစု ဆောင်းရရှိထားသော သတင်းများကို စာဖတ်သူများ အကျိုး၊ မိမိနိုင်ငံသားမျာအကျိုးအတွက် ပြန်လည်ဝေငှအသိပေး သော အလုပ်ကိုဆောင်ရွက်ရသောအ လုပ် တစ် ခုဖြစ် ပါ သည်။ဤသို့ဆောင်ရွက် ရာတွင် သတင်းသမားများအနေနှင့် မိမိ စုဆောင်းရရှိထား သမျှသတင်း များ အနက် ပြည်သူများအသိဥာဏ်ဖွံ့ဖြိုးတိုးတက်စေ မည့် အကျိုးရှိသော သတင်းများကို ဖော် ပြပြီး အ များပြည်သူ အတွက်အကျိုးမရှိ သော သတင်းများကိုမဖော်ပြမိရန်အလွန်  အရေးကြီးပါသည်။
ထို့ပြင် မိမိတိုင်းပြည်၏ ရိုးရာယဉ် ကျေးမှုနှင့်မကိုက်ညီသောလုပ်ရပ်များကို   လုပ်ဆောင်နေသော ကိစ်္စရပ် များ ကိုတွေ့ ထိသိရှိပါကလည်း ထိုသို့လုပ်ဆောင်နေ  သော ကိစ်္စရပ်များကို မိမိနိုင်ငံ၏ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းရေးရှုဒေါင့်မှရပ် တည်ပြီး၊ထိုလုပ်ရပ်များကိုပြင်းထန်စွာရှုံ့ ချဆန့်ကျင်ရန် တာဝန်ရှိပါ သည်။ထိုသို့ မဟုတ်မူပဲ မိမိတိုင်းပြည့်နှင့်လူမျိုး၏ယဉ် ကျေးမှု ဓလေ့စရိုက်တွင် အစဉ်အလာ မရှိသော လုပ်ဆောင်မှု ကို ဆောင်ရွက် ရန်စိုင်းပြင်းအားထုတ်နေသော ကိစ္စရပ်   တစ်ခုကိုသိရှိပါလျက် ဆန့်ကျင်ရှုံ့ချရမည့်အစားမိမိဂျာနယ်၏သတင်းထူးအဖြစ်ဂုဏ်ယူဝင့်ကြွား စွာဖြင့်ပေါ့ပေါ့ တန်တန်  ဖော်ပြခဲ့ ပါလျှင်အများပြည်သူအတွက်အကျိုးမရှိသောထိုသတင်းကိုဖော်ပြသူ  အယ်ဒီတာများ အနေနှင့်မိမိဂျာနယ် ကို ၀ယ်ယူဖတ်ရှုသူပရိသတ်ကို စော်ကားရာ ရောက်သလို ထိုသတင်းကိုဖော်ပြသူ အယ်ဒီတာများကို အရှက်မရှိသော ဂုဏ် သိက်္ခာမဲ့သည့် အယ်ဒီတာများအဖြစ် သတ်မှတ်ရပါမည်။

ယခုလိုရေးသားရခြင်းမှာ အကြောင်း   မဲ့မဟုတ်ပါ။ဂျာနယ်ချစ်သူစာဖတ်ပရိသတ်   တစ်ဦးအနေနှင့် ထိုအကျိုးမရှိသောသတင်းကိုဖော်ပြသောအယ်ဒီတာများ၏စော်ကားမှုကိုကိုယ်တိုင်ခံရသည့်အတွက် ဖြစ်ပါ သည်။ စာရေးသူသည် စာဖတ်  ၀ါသနာပါသူဖြစ်သည့်အားလျော်စွာ လက်လှမ်းမီသမျှ ဂျာနယ်များကို ၀ယ်ယူဖတ်ရှုရာစာရေးသူဝယ်ယူဖတ်ရှုသောအပတ်စဉ်ထုတ်ဂျာနယ်များတွင် ထိုဂျာနယ်သည် တစ်စောင်   အပါအ၀င်ဖြစ် ပါသည်။

အပတ်စဉ်ထုတ်ဂျာနယ်များကို ၀ယ်ယူဖတ်ရှုနေသော စာရေးသူအနေနှင့်    (၁.၁၀.၂၀၁၂) တနင်္လာနေ့ ထုတ်ထိုဂျာနယ်တွင်ပါရှိသော သတင်းခေါင်းစဉ်   ကြောင့်အပတ်စဉ်တလေးတစားဖြင့် ၀ယ် ယူအားပေးနေ ရာ မှ ရုတ်ချည်းဆိုသလို   ထိုဂျာနယ်ကို စိတ်ပျက်သွားပါသည်၊ထို ဂျာနယ်အယ်ဒီတာများကိုလည်း အထင် ကြီးစိတ်လုံးဝမရှိတော့ပါ။ထိုသတင်း ခေါင်းစဉ်ကိုလည်း အတွင်းစာမျက်နှာများ   တွင် ဖော်ပြထားခြင်းမ ဟုတ်ဘဲဂျာနယ်မျက်နှာဖုံးစာမျက်နှာတွင်အသားပေး ဖော်ပြထားပါသည်။ထိုသို့အသားပေး  ဖော်ပြထားသော သတင်းခေါင်းစဉ်မှာ- ““ပြည့်တန်ဆာ လုပ်ငန်းများတရား  ၀င်လုပ်ကိုင်ခွင့်ရရန်တောင်းဆိုသွားမည်”” တဲ့။
ထိုသတင်းခေါင်းစဉ်ပါ သတင်းကို  ဆက်လက်ဖတ်ရှုကြည့်ရာ ““ပြည့်တန်ဆာ  လုပ်ငန်းများ တရားဝင်လုပ် ကိုင်ခွင့်မရ သော မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း(လိင်လုပ်ငန်း)များတရားဝင်လုပ်ကိုင် ခွင့်ရရန် လွှတ်တော်အမတ်များထံတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံပြည့်တန်ဆာများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်””ဟုအစချီကာ ပြည့်တန်ဆာများ အတွက် နိုင်ငံသား အခွင့်အရေး စများဆုံးရုံးလျက်ရှိကြောင်းဖော်ပြထားပြီးထိုပြည့်တန်ဆာများကွန်ရက်ကိုထောက်ပံ့နေသူမှာ ဗြိ တိသျှသံရုံး ရှိ ပျိုးပင်အဖွဲ့မှ ဒေါက်တာ မျိုးလွင်ဟုရေးသားထားပါသည်။

ပြည့်တန်ဆာလုပ်ငန်းသည်မကောင်းမှုဒုစရိုက်လုပ်ငန်းတစ်ခုဖြစ်သလို မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့်မဆီမလျော်မကိုက် ညီသော လုပ်ငန်းတစ်ခုဖြစ်သောကြောင့်  ဤလုပ်ငန်းကို နိုင်ငံတော်မှ ပြည့်တန်  ဆာလုပ်ငန်းများ ပပျောက်ရေးကို ရှေ့ရှု  ကာ ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်တားဆီး   နေပါလျက် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့်ရရန်တင်ပြတောင်း ဆိုသွားမည်ဆိုခြင်းသည် ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ထွန်းကား ရာ မြန်မာနိုင်ငံအတွက်ကြား၍မှမတော်သော အလွန်ရှက်စရာ ကောင်းသော သတင်းမျိုးကို ထည့် သွင်း  ဖော်ပြခြင်းေ ကြာင့် မြန်မာနိုင်ငံနှင့်မြန်မာ   အမျိုးသမီးများကိုလည်းကောင်း၊ပြည်တွင်း  မီဒီယာများ ၏ ဂုဏ်သိက္ခာကျဆင်းစေ နိုင်သည်ကိုလည်းကောင်း ဤမတော် မလျော်သတင်းကို ဖော်ပြသူဂျာနယ် အယ်ဒီတာများ မစဉ်းစားကြသည်ကို အလွန်အံ့သြမိပါသည်။ သတင်းထူးလျှင်    ပြီးရောဆိုသည့် သဘော မျိုးဖြင့်ဖော်ပြ   ရန်မသင့်သော သတင်းကိုဖော်ပြခြင်းဖြင့်   ““ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံး  ပုပ်””ဆို သလို မိမိ၏တာဝန်မဲ့စွာ လက် လွတ်စပါယ် လုပ်ရပ်ကြောင့် မီဒီယာ လောကတစ်ခုလုံး သိက္ခာကျစေမည့် လုပ်   ရပ်ကို ရှောင်ကြဉ်သင့်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်လည်း သတင်းစာဂျာနယ်များသည် အများပြည်  သူအတွက် အသိဥာဏ် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ပြည်သူအားလုံးတက် ညီလက် ညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရန် လှုံ့ဆော်အားပေးသော သတင်းများ ကို ရေးသားပြီး၊ အလွယ် တကူနှင့်ငွေရ ချောင်သော်လည်း ဟီရိသြတပ္ပကင်းမဲ့  သော ပြည့်တန်ဆာလုပ်ငန်းဖွံ့ဖြိုးရေး အားပေးသော မြန်မာ့ယဉ်ကျေးမှုဓလေ့များကို အကြည်ကန်သိက္ခာကျစေသော   အညှီအဟောက် သတင်း များကိုမဖော်ပြ   သော သိက္ခာရှိသတင်းစာဂျာနယ်များဖြစ်   စေရန်အထူးသတိပြုသင့်ပါကြောင်း တင် ပြ အပ်ပါ၏။


တက္ကသိုလ်ကြည်လွင်
ref:thehotnews

No comments:

Post a Comment