Thursday 20 September 2012

မင်းတို့ဉာဏ်အမြင် တစ်မိုက်တစ်ထွာမျှရယ်နဲ့ ငြင်းဖို့သန်လျှင် မိုက်ရာကျပါလိမ့် . . .

ဒေါက်တာနိုင်အောင်ပြောခဲ့တဲ့ မြန်မာပြည်မြေပုံကြီးကိစ္စကို ရှင်းပြဖို့ လိုလာပါပြီ။ ကိုလိုနီ လက်အောက်ေ ရာက်   မှ ဒီမြေပုံကြီး ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ကုန်းဘောင်ခေတ်ကို အနီးဆုံးထားပြီး ပြန်ကြည့်ရင် အလောင်းဘုရားခေတ် မြန်မာပြည် မြေပုံဟာ လက်ရှိ မြန်မာပြည်မြေပုံထက် ပိုကြီးပါတယ်။ ပိုပြီး ကျယ်ပြန့်ပါတယ်။ အာသံ၊ မဏိပူရ၊ အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်းအထိပါပဲ။ စစ်တိုက်ပြီး နယ်ပယ်ချဲ့ ထွင်နိုင်ခဲ့တာကို ဂုဏ်ယူပြောဆိုနေခြင်း မဟုတ်ပါ။ ကိုလိုနီခေတ်မတိုင်မီက မြန်မာပြည် မြေပုံကို မှန်မှန်ကန်ကန် သိစေချင်လို့ တင်ပြလိုက်တာပါ။ (ဘုရင့်နောင်ခေတ် မြန်မာပြည်မြေပုံက အလောင်းဘု ရားခေတ် ထက်တောင် ပိုပြီးတော့ ကြီးမားကျယ်ပြန့်ပါသေးတယ်)

ဒေါက်တာနိုင်အောင်က တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ''သူတို့ရဲ့ တိုင်းပြည်ပြန်ရခွင့် ပျောက်ဆုံးနေ တယ်၊ ဒါကြောင့်မို့လည်း သူတို့က လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ဖြစ်တယ်''လို့ ဆက်ပြောထားပါတယ်။


သူတို့ရဲ့ တိုင်းပြည် . . .ဆိုတော့ . . .သတိထားပြီး ပြောကြရအောင် တိုင်းရင်းသားတွေက သီးခြားခွဲ ထွက်ပြီး 'တိုင်းပြည်၊ နိုင်ငံ' တစ်ခုစီအဖြစ် ထူထောင်ဖို့ လုပ်နေတာလား၊ ဥပမာ ကရင်သမ္မတနိုင်ငံဆိုပါစို့၊ ဒီနေ့ အလောင်းဘုရားခေတ် (ပဒေသရာဇ် ခေတ်) က အခြေအနေတွေနဲ့ လုံးဝမတူခြားနားတဲ့ အခြေအနေကို ရောက်နေပါပြီ၊ ကိုလိုနီခေတ် နှစ်ပေါင်းတစ်ရာခန့်၊ လွတ်လပ်ပြီး နှစ်ပေါင်း ၆၀ ကျော်ခန့်၊ ဒီနှစ်ပေါင်း ၂၀၀ နီးပါး ကာလကြီးမှာ တိုင်းရင်းသားလူမျိုးများ သူ့နယ်ကိုယ့်နယ် ရောနှောနေ ထိုင်ရာ   ပြည်ထောင်စုကြီး ဖြစ်နေပါပြီ။

ကရင်နဲ့ မွန်၊ မွန်နဲ့ ပအို့ဝ်၊ နယ်မြေတွေ ထိစပ်နေရုံမျှမက မွန်ဒေသမှာ ကရင်ရှိသလို ကရင်နယ်မှာလည်း မွန်နဲ့ ပအို့ဝ်ကို တွေ့ရမှာပါပဲ။ ရှမ်း နဲ့ ကချင်၊ ရှမ်းနဲ့ဝ၊ ကိုးကန့်ဆိုတာက ပါလာသေး။ ချင်းမှာလည်း ဖလမ်းချင်းနဲ့ တီးတိန်ချင်း မတူပြန်ဘူး။ ဗမာတွေကလည်း ၀န်ထမ်းတွေရော စီးပွားဝမ်းစာရှာ သူတွေရော ရေကြည်ရာ မြက်နုဆိုသလို တိုင်းရင်းသားဒေသတွေမှာ အခြေချနေပြီး ဖြစ်နေပြီ။ ရန်ကုန်ကို ဘယ်လိုပြောမလဲ၊ ရန်ကုန်ဆိုတာ ရှေးတုန်းက မွန်တို့ရဲ့ ဒဂုန်ပဲ။ မွန်တိုင်းပြည် မွန်နိုင်ငံ ထူထောင်မယ် ဆိုပြီး ရန်ကုန်က ဗမာတွေကို နှင်ထုတ်လို့ ဖြစ်နိုင်ပါတော့မလား။

ဒီနေ့ ကရင်ပြည်နယ်တစ်ခုတည်းကိုပဲ ကြည့်လိုက်ပါဦးတော့။ ဒီကေဘီအေရယ်၊ ကေအင်ယူရယ်၊ အခြားသော လက်နက်ကိုင် ကရင်အဖွဲ့တွေရယ် သီးခြားစီသူ့နယ်ကိုယ့်နယ် ဖြစ်နေကြတယ် မဟုတ်လား။ တစ်ပြည်ထောင်စီ ခွဲထုတ်လိုက်လို့ ကတော့ ဖြစ်လိုက်မယ့် ပြဿနာတွေ လက်နက်ကိုင် ပဋိပက္ခတွေ၊ မီးခိုးမဆုံး မိုးမဆုံး ဖြစ်လိုက်မယ့် စစ်ပွဲတွေ၊ ငြိမ်းချမ်းရေးစကား ပြောချိန်တောင်ရတော့မှာ မဟုတ်ဘူး။

ဒီလို စစ်မီးတောက်လောင်ပြာကျမယ့်အရေးကို တိုင်းရင်းသားတွေကလည်း မလိုလားပါဘူး။ ဒါကြောင့် 'တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်'ကိုပဲ တောင်းဆိုနေကြတာပါ။ ဒါက တရားမျှတတဲ့ တောင်းဆိုမှုပါ။ ဗမာပြည်ကို အင်္ဂလိပ်ကလာပြီး အုပ်ချုပ်တာ မကြိုက်ရင် ဗမာကလည်း ရှမ်း၊ ကချင်၊ ကရင် စတဲ့တိုင်းရင်းသားတွေအပေါ် လွှမ်းမိုးအုပ်ချုပ်ဖို့ မကြိုးစာသင့်ပါဘူး။ ရပ်ရွာထဲက အိမ်ထောင်စု တစ်ခုချင်းမှာတောင်(ဆွေမျိုးအရင်းချာမှာတောင်) သူ့အိမ်တွင်းရေး ကိုယ်က သြဇာဝင်ပေးတာမျိုး မသင့် တော့ပေဘူး။ သူကျေနပ် လက်ခံသလောက်သာ အကြံဉာဏ်ပေး ကူညီတာမျိုး ဖြစ်ရမယ်။

အခု ကျွန်တော်တင်ပြခဲ့တာတွေက တိုင်းရင်းသားအရေးနဲ့ ပတ်သက်လာရင် ရှေးပဝေသဏီ ဘုရင်ခေတ်၊ ပဒေသရာဇ်ခေတ်တွေကတည်းကအတူတကွ နေထိုင်လာကြတဲ့ ပြည်ထောင်စုသားတွေအတွက် ပြောခဲ့တာပါ။ သေချာတာကတော့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာ မပါဘူးဆိုတာပါပဲ။ ဒေါက်တာနိုင်အောင်ကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒီလိုပြောဆိုထားပါတယ်။

''ကျွန်တော်တို့ မြန်မာပြည် အတိုင်းအတာနဲ့ ပြောမယ်ဆိုရင်သူတို့က ပြည်နယ်တောင်းပိုင်ခွင့် ရှိတယ်၊ ရခိုင်၊ ကချင်၊ မွန်၊ ရှမ်း၊ ကရင် ရှိသလိုပေါ့''(ရှေးကတည်းက ရှိခဲ့တယ်ဆိုရင် ပြည်နယ်ပိုင်ဆိုင် ခွင့်ရှိတယ်တဲ့)

''အဲဒီမှာ ရှင်းရမှာက ဘာလဲဆိုတော့ အခု ရိုဟင်ဂျာလို့ ပြောနေတဲ့ လူမျိုးတွေက ကျွန်တော်တို့ မြန်မာတွေ၊ ရခိုင်တွေလို အဲဒီကာလကတည်းက အခြေစိုက် နေထိုင်ခဲ့ကြတာမျိုးဆိုရင်သမိုင်းကိစ္စ ကျွန်တော်နားမ လည်ဘူး။ အဲဒီလိုမျိုးရှိတယ်ဆိုရင် သူတို့လည်း ပြည်နယ်တောင်းပိုင်ခွင့် ရှိတယ်''(၁၀-၉-၁၂ထုတ် Messenger ဂျာနယ်မှ)

သမိုင်းကိစ္စ နားမလည်ရင် ရိုဟင်ဂျာအရေး ဆွေးနွေးတောင်းဆိုပိုင်ခွင့် လုံးဝမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့ စကားလုံး စတင်ပေါ်ပေါက် လာတာတောင် သမိုင်းခေတ်တွေနဲ့ပြောရင် ဘာမှမကြာသေးပါဘူး။ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၀ ရက်ထုတ် ဂါဒီယန်သတင်းစာ(The Guardian) မှာ ပါလီမန်အမတ် မစ္စတာဂါဖားရ်က သူတို့ကို ဘင်္ဂါလီလို့ခေါ်ရင် တစ်ဖက်နိုင်ငံက ပြေးလာသူတွေမှန်း သိသွားမှာစိုးလို့ 'ရိုဟင်ဂျာ'လို့ တီထွင် သုံးနှုန်းလိုက်တာပါ။ ရိုဟင်ဂျာလို့ မခေါ်မီ သူတို့ကိုယ်သူတို့ (မူဂျာဟစ် = ဘာသာရေး သူရဲကောင်း) လို့ ခေါ်ဆိုခဲ့ပါတယ်။ လူမျိုးရေးဘာသာရေး အသွင်ဖန်တီးခဲ့တာ သူတို့ဘက် စခဲ့တာပါ။ ပြဿနာအားလုံးရဲ့ အရာရာကို သူတို့ဘက်ကပဲ စခဲ့တာပါ။ ဒီနေ့ ရခိုင်ရိုဟင်ဂျာအရေး မပေါ်ပေါက်မီကပင် ၂၁ မတ် ၂၀၀၉ ခုနှစ် နေ့စွဲနဲ့ သမိုင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက 'ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေး လှုပ်ရှားမှု အဆင့်ဆင့်' ဆိုတဲ့စာတမ်းကို ရေးသား တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ (ထိုစာတမ်းကို မိတ္တူများစွာပွား၍ လက်ဆင့်ကမ်း ဖတ်မှတ်လေ့လာနေကြပေပြီ)

စာတမ်းရဲ့ အနှစ်ချုပ်ကတော့ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မဟုတ်၊ အင်္ဂလိပ် ကိုလိုနီခေတ်ဦးက ပင်လယ်ယာလုပ်ကိုင်ဖို့ ရောက်လာရင်း ပွားများလာကာ ၁၉၁၁ ခုမှာပင် စစ်တွေခရိုင်ရဲ့ လူဦးရေ ၇၇% မှာ ဘင်္ဂါလီရိုဟင်ဂျာများဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလိပ်တွေ သွေးထိုးပေးခဲ့တဲ့အတွက် ၁၉၄၂ ခုနှစ်မှာ အကြီးမားဆုံး အဓိကရုဏ်းကြီးဖြစ်ခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှာ ရခိုင်ရွာတွေ မီးရှို့ခံရပြီး ရခိုင်လူမျိုးနှစ်သောင်းခန့် သေဆုံးခဲ့ရပါတယ်။ ရိုဟင်ဂျာတို့၏ ရည်ရွယ်ချက်သည် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် အနောက်ဘက်ခြမ်း တစ်ခုလုံးကို Arkistan အာကစ္စတန် အမည်ဖြင့် နိုင်ငံတစ်ခု ထူထောင်ရန် ဖြစ်သည်လို့ ဆရာဦးမြင့်သိန်းက တင်ပြထားပါတယ်။ လူ့အခွင့်အရေး အမည်ခံပြီး တိုင်းရင်း သားမဟုတ်ဘဲ ပြည်နယ်တောင်းခြင်း၊ နိုင်ငံထူထောင်ဖို့ ကြိုးစားခြင်းများဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာတာပဲ ဖြစ်ပါတယ်။

ဒေါက်တာ နိုင်အောင်တို့ မိုးသီးဇွန်တို့က ထိုင်းမှာလည်း ဗမာတွေ ငါးသန်းလောက်လာပြီး အလုပ်လုပ်   နေတာပဲတဲ့။ ဟုတ်ကဲ့ အဲဒီဗမာငါးသန်းက ယိုးဒယားမှာ ပြည်နယ် မတောင်းပါ။ ရိုဟင်ဂျာတွေက ဘူးသီးတောင်၊ မောင်တောကို လွှမ်းမိုးထားသလို မဲဆောက်ကို အပိုင်ကြံဖို့ စိတ်နဲ့တောင် မပြစ်မှားပါ။ ယိုးဒယားရွာတွေကို မီးမရှို့ပါ။ ယိုးဒယားတွေကို မသတ်ပါ။ လုပ်ခလစာ မှန်မှန်ရဖို့တောင် ရုန်းကန်နေ ရရှာတဲ့ ရွှေဗမာတွေပါ။ လူ့အခွင့်အရေးဆိုတဲ့ စကားတစ်လုံး ပြောတတ်ရုံနဲ့ မြန်မာပြည်ရဲ့ တိုင်းရင်းသား အရေး၊ ငြိမ်းချမ်းရေးနဲ့ ရိုဟင်ဂျာအရေးတွေကို ဘယ်လိုပါဝင်ဖြေရှင်းမှာလဲလို့ မေးလိုက်ချင်ပါတယ်။

ref:EMG

No comments:

Post a Comment