Thursday 20 September 2012

HTC တို့ Window 8 ဖုန်းဟန်းဆက်သစ် ၂ မျိုးကို ပြသ


HTC ကုမ္ပဏီမှာ နယူးယောက် မြို့တွင် ကျင်းပသည့် ပွဲတစ်ခုအတွင်း ၎င်းတို့ အသစ် ထုတ်လုပ်ထားသည့် Window 8 ဖုန်း ဟန်းဆက်သစ် ၂ မျိုးကို ပြသလိုက်ပြီ ဖြစ်သည်။ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အဆိုပါ 8X ဖုန်းမှာ မျက်နှာပြင် ၄.၃ လက်မ ကျယ်ပြန့်ကာ Android One x စနစ်ဖြင့် လည်ပတ်ခြင်း   ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် နောက်ထပ် 8S မော်ဒယ်တစ်မျိုး အဖြစ် ၄ လက်မ ကျယ်ပြန့်သည့် မျက်နှာပြင်ပါ ဖုန်းတစ်မျိုးကို လည်း ထုတ်လုပ်ထားကြောင်း ပြောခဲ့သည်။ HTC တို့ အနေဖြင့် လွန်ခဲ့သည့် ဖေဖော်ဝါရီလက စတင်ကာ ဖုန်းမော်ဒယ် သစ်များ အနေဖြင့် ကောင်းမွန်သည့် ဝေဖန် သုံးသပ်ချက်များ ရရှိထား သော် လည်း ရောင်းအားများ ကျဆင်းခဲ့ရကာ ရှယ်ယာ ဈေးများမှာလည်း ၅၀ ရာနှုန်း အထိ ကျဆင်းခဲ့ရသည်။

ဆန်းစစ်သူများ၏ အပြောအရ ယခုလို ဖြစ်ရခြင်းမှာ ကြော်ငြာလုပ်ငန်း အားနည်းခြင်းကြောင့် ဖြစ်ပြီး   ပြိုင်ဖက် Samsung တို့အနေဖြင့် ပိုမို များပြား သည့် ဈေးကွက် ဖော်ဆောင်ရေး အသုံးစရိတ် ရှိခဲ့သဖြင့် ၎င်းတို့ထက် ပိုပြီး ကြော်ငြာနိုင် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။ အလားတူပင် Microsoft မှ Operating စနစ်သစ်ကို ထုတ်လုပ်လိုက်သည်နှင့် အညီ Nokia နှင့် Samsung တို့မှာလည်း ၎င်းတို့၏ Windows သစ်များကို ပြသခဲ့ပြီး ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment