Thursday 20 September 2012

မိုးသီးဇွန် လုပ်လေသမျှ မုံရွာအဖွဲ့က ထိန်းနေရတယ်

မြန်မာနိုင်ငံသို့ ဧည့်သည်အဖြစ်ရောက်ရှိနေသော ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် တို့အဖွဲ့သည် မနေ့က(၁၉-၉-၂၀၁၂)နေ့ တွင် လက်ပံတောင်စီမံကိန်းမြေနေရာ ဝက်မှေးကျေးရွာသို့ သွားရောက်ပြီးေ ဒသခံများနှင့် တီရှပ်အထည်(၂၀) တောင်းခံပါသည်။ ယနေ့ခေတ်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သွားနေပြီဖြစ်၍ အကြောက်တရားများကင်းဝေးကြရန် ဟောပြောပါသည်။ ၎င်းတို့ကိုယ်တိုင်လည်း STOP စာတန်းများပါသည့် တီရှပ်များ ဝတ်ဆင်ထားပါသည်။ ကျေးရွာဒေသခံများကို မိမိတို့ဆန္ဒအတွက် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ကြရန် တိုက်တွန်းပါသည်။

"ကျွန်တော်တို့က အမေရိကန်၊ ဆန်ဖရန်စစ္စကိုက လာတာပါ၊ ခင်ဗျားတို့ဖြစ်ပျက်နေတာတွေကို ကမ္ဘာ ကနေသိအောင် လုပ်ပေးနိုင်ပါတယ်။" ဆိုပြီး သူတို့အဖွဲ့အပေါ် အထင်ကြီးလေးစားစေဖို့ ပြောပါတယ်။ "ခင်ဗျားတို့ ဘာမှကြောက်စရာမလိုဘူး၊ ခင်ဗျားတို့လယ်တွေကို မနက်ဖြန်ကို ပြန်စိုက်ကြပါ" လို့ ရွာသားများအား တားမြစ် လယ်ယာမြေများပေါ်တွင် ပြန်စိုက်ပျိုးကြရန် ပြောပါသည်။ ထိုဒေသခံများတွင် မုံရွာအမှတ်(၁)ရဲစခန်းမှ ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်သော သူများလည်း ပါဝင်ကြသည်။ အခြေအနေမှာ လတ်တလောလေးတွင်မှ အေးငြိမ်းသွားကာရှိသေးတယ်။ ဒေသခံများနှင့် အာဏာပိုင် အစိုးရပိုင်းတို့ အားပြိုင်မှုတွင် မိုးသီးဇွန်က ရောက်ရှိပြီး အခြေအနေကို ရှုပ်ထွေးအောင် လုပ်ဆောင်နေ သည်နှင့် တူနေသည်။

အဆိုပါ သတင်းများကို ကြားသိရသော မုံရွာမြို့မှ ကျောင်းသားအဖွဲ့များဖြစ်ကြသည့် ၈၈ ကျောင်းသား အဖွဲ့၊ ဗကသအဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ခေါင်းဆောင်များ ဦးဆောင်ကာ အလျင်အမြန် သွားရောက်ကြရသည်။ အခြေအနေများ ပိုမိုရှုပ်ထွေးမသွားစေရန် အချိန်မီ တားဆီးနိုင်ခဲ့ သည်။ ကျေးရွာဒေသခံများမှ မိုးသီးဇွန်ပြောသည့်အတိုင်း ဆောင်ရွက်ခဲ့ပါလျှင် ရန်သူ့အကြိုက်လုပ် ရပ်ဖြစ်သွားနိုင်ပါသည်။ အကြမ်းဖက်သမားသည် အကြမ်းဖက်လိုသော စိတ်ဓါတ်ကိန်းအောင်းနေမည်။ ငြိမ်းချမ်းရေးသမားသည် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်ကြိုးစားကြမည်။ မိုးသီးဇွန်သည် မည်သူဖြစ်သည်။ မည်သည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ယခု မည်သည့်အကြောင်းများအ တွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ကို ကျေးရွာဒေသခံလူအများက အလုံးစုံသိရှိကြမည် မဟုတ်ပေ။ ထိုသည်ကို အခွင့်ကောင်းယူ အခြားသော ကျောင်းသားအဖွဲ့အစည်းများ၏ အရှိန်အဝါကို ရောထွေးအ သုံးချသွားနိုင်ပေ သည်။ မုံရွာမြို့ပေါ်မှ လူအများ အချိန်မီတားဆီးနိုင်မှုကြောင့်သာ ပြဿနာများ မဖြစ်ခဲ့ရပေ။
 
ref:ThanLarWaddy Times

No comments:

Post a Comment