Saturday 22 September 2012

မန္တလေးမြို့တော်ဝန်အား ပုသိမ်ကြီးမြို့နယ် ဒေသခံများက ဆန္ဒပြရင်း ၀ိုင်းဝန်းပိတ်ဆို့

စက်တင်ဘာလ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ကျူးကျော်အိမ်ယာ တွင်နေထိုင်ကြသူများက လာရောက်တွေ့ဆုံဆွေးနွေးသောမြို့တော်ဝန်အား ၀ိုင်းဝန်းပိတ်ဆို့ကာ ဆန္ဒပြလျက်ရှိကြောင်း သိရှိရသည်။

မန္တလေးမြို့တော်ဝန်က ပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင်ဒေသခံများအား သွားရောက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

“မြို့တော်ဝန်ကို မြေနေရာ ပေးဖို့ ၀ိုင်းတောင်းဆိုကြတာပါ`“ဟု အဆိုပါဒေသခံတဦးက ပြောသည်။

အဆိုပါ တွေ့ဆုံမှုအပြီးတွင်မြို့တော်ဝန်နှင့်အဖွဲ့အား ဒေသခံတစ်ထောင်ခန့်က ၀ိုန်းရံဆန္ဒပြကြပြီး
မြို့တော်ဝန်ကားမထွက်နိုင်ရန် လမ်းပိတ်ထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြို့တော်ဝန်အား ၀န်းရံပိတ်ဆို့ထားသော ဒေသခံများအားလုံခြုံရေးယူထားသော လုံထိန်းများမှ အတင်းဖယ်ရှားခဲ့သော်လည်း ယခုအချိန်ထိနေ့လည် ၂နာရီခွဲအချိန်ထိ ဒေသခံများက ဆက်လျက် ပိတ်ဆို့ထားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပုသိမ်ကြီးမြို့နယ်တွင်းရှိ ကျူးကျော်မြေများအားဖယ်ရှားခိုင်းခဲ့သောကြောင့် အဆိုပါ ပြဿနြာ ဖစ်ပွား ရခြင်းဖြစ်ကြောင်း သိရှိရသည်။
 
ref:myitmakha

No comments:

Post a Comment