Saturday 22 September 2012

အမေရိကန်မှ အင်ဒိုနီးရှားသို့ အပါချီ ရဟတ်ယာဉ် ၈ စီး ရောင်းချ


အမေရိကန် ပြည်ထောင်စုမှာ အင်ဒိုနီးရှား နိုင်ငံသို့ အပါချီ စစ်ရဟတ်ယာဉ် ၈ စီးကိုရောင်းချလိုက်ကာ   ဒေသတွင်း လုံခြုံရေး ကိစ္စအတွက် ပူးပေါင်းမှု တိုးမြင့်ရေး ဆောင်ရွက်ချက် တစ်ရပ်ကို လုပ်ဆောင် လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဟီလာရီ ကလင်တန်မှ ကြာသပတေး နေ့က   ပြောကြားလိုက်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ Marty Natalegawa နှင့် စကားပြောဆိုမှုများ ပြုလုပ် အပြီးတွင် အမေရိကန် အုပ်ချုပ်ရေး အနေဖြင့် ကွန်ဂရက် လွတ်တော်ကို ယခုလို AH-64D Apache Longbow ရဟတ်ယာဉ် ၈ စင်း အင်ဒိုနီးရှားသို့ ရောင်းချရန် သဘောတူညီဖွယ် ရှိကြောင်း အသိပေး လိုက်ပြီ   ဖြစ်သည်ဟု ပြောကြားလိုက်သည်။ ယခုလို သဘောတူညီမှုဖြင့် နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို ပိုမို အားကောင်းစေမည် ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး တိုးမြှင့်ရာတွင်လည်း အထောက်အကူ   ဖြစ်နိုင်စေ မည် ဖြစ်သည်ဟု သတင်းသမားများသို့ ဟီလာရီမှ ပြောကြားသွားခဲ့သည်။
 
ref:CNA

No comments:

Post a Comment