Saturday 22 September 2012

မြေတွေ ယာတွေ ဥပဒေတွေ

အခု လယ်မြေကိစ္စတွေ လျော်ကြေးရအောင် အိမ်ကြိုဆောက်တာတွေ လူစုပြီး ဆန်ဒပြတာတွေ ပွဲစားတွေ  ဖျာဝင်ခင်းတာတွေ စသည် စသည်တွေကို မြင်ရ ဖတ်ရတော့ ကြောင် ပြောချင်တာ နဲနဲရှိပါတယ်။

အခုလူတွေ အခွန်ပေးပြီး လယ်စိုက်တယ်ဆိုရင် ပေးထားတဲ့ ပြေစာ တစောင်လောက်ရှိရင် ပြပါ သာ ပြောလိုက်တော့။ ပြေစာတောင် မပြနိုင်ဘဲနဲ့တော့ ဆက်ပြောစရာကို မ၇ှိဘူး။


အလွန်ဆုံးရှိ သီးစားခွန်ပြေစာရယ် မြေလွတ်မြေရိုင်းစိုက်ပျိုးခွင့် တဧက ၅၀၀ ဆောင်ထားတဲ့ စလစ်သာ   လောက်ပေါ့။ ဒါတောင်မြေပြင်မှာ တကယ်စိုက်နေတဲ့သူနဲ့ စာရွက်သမားနဲ့ ယှဉ်ရင် တကယ်စိုက်တဲ့သူက အရေးကြီးတယ်။ စာရွက်သမား ရှုံးတယ်။ ဥပဒေကိုက လယ်လုပ်သူ လယ်ပိုင်ရမယ်ဆိုသကိုး။   ပြေ စာပြလာမှ    ပြောလိုက်။ ခင်ဗျားပြေစာက သီးစားခွန်ပဲ။ မြေလွတ်မြေရိုင်းစိုက်ပျိုးခွင့်ပဲ။ အိမ်ဆောက် ခွင့်မှမရှိတဲ့မြေပဲ။ အခုလို အိမ်ဆောက်ထားတာနဲ့တင် ပြန်သိမ်းလို့ရပြီ။

တကယ်လို့ လယ်မြေဖြစ်နေပြီး သူ့မှာ လယ်ခွန်ဆောင်ထားတဲ့ပြေစာ။ တစ်ဧက ၆ကျပ် သွင်းထားတဲ့ စလစ် ရှိနေရင်တောင် သူ့မှာ စပါးစိုက်လို့ပဲ ရမယ်။ အိမ်ဆောက်လို့မရဘူး။ မန်းလေးကပုံတွေကြည့်တာ လယ်မဖြစ်နိုင်ဘူး။ မြေလွတ်မြေရိုင်း စိုက်ပျိုးခွင့် ပဲ ဖြစ်မယ်။ စိုက်ပျိုးခွင့်ဆိုတာ မြေကို အငှားချတဲ့ ဂရန်နဲ့ မတူဘူး။ ခင်ဗျားကို အစိုးရပိုင်မြေပေါ်မှာ စိုက်ပျိုးခွင့်ပဲပေးတာလေ။ ကျန်တာ ဘာမှ လုပ်ခွင့်ပေးမထားဘူး။

အခု စည်ပင်က ဘူဒိုဇာနဲ့ ထိုးရဲတယ်ဆိုကတည်းက ဘာမြေဖြစ်မလဲ တွေးကြည့်ပေါ့။

နောက်ဆုံးတကယ်လို့သူ့မှာလယ်ပိုင်ကြောင်းပြနိုင်ရင်တော့ လက်ရှိဥပဒေအရက လယ်တဧက ၆ကျပ်ပဲ တန်တယ်လို့ အစိုးရက သတ်မှတ်ထားတယ်။ လယ်သမားတွေ အခွန်သွင်းရင် သက်သာလည်း သက်သာ တယ်။ ပြီးတော့ အစိုးရအနေနဲ့ လယ်ကို ပြန်သိမ်း၇င် တဧက ၆ကျပ်လျော်ရင် ရပြိ။ တန်ရာတန်ဖိုးပေးဝယ် တယ်ဖြစ်ရော။

ဒါကို မကျေနပ်ရင် ဥပဒေပြင်ပေါ့။ လျော်ကြေးများများ ရမယ်။ ဒါပေမယ့် လယ်ခွန်တွေလည်း တသက်လုံး များများ ဆောင်ဖို့သာ ပြင်ထာတော့။

အစိုးရ လက်ရှိပေါ်လစီက လယ်သမားကို လယ်ပေါ်ကနေ ကောက်တဲ့အခွန်က သိပ်နည်းတယ်။ ယိုးဒ ယားလောက် ကောက်မယ်ဆိုရင်တောင် နည်းတဲ့ပိုကဆံမဟုတ်ဘူး။

နိုင်ငံတကာ နိုင်ငံတကာဆိုပြီးကြိးကြီးကျယ်ကျယ်ပြောနေရင် မေးလိုက်။ တိုကျိုမှာ နယူးယောက်မှာ လယ်မြေကို ၀ယ်ချင်သလို ၀ယ်လို့ရတယ်မှတ်နေလား။ သန်းခေါင်စာရင်းအမည်ပေါက်မှာ လယ်သမားလို့ အသိမှတ်ပြုခံထားရတဲ့သူတွေပဲ ၀ယ်လို့ရတယ်။ ဒါတောင်မှ နေထိုင်သည့် အိမ်ကနေ ဘယ်လောက်ထက် မဝေးရဆိုတာပါတယ်။ တကယ်တော့ လယ်တွေ ၀ယ်ပြီးဈေးကစားမယ့်သူတွေကို တားထားတာ။

ဘယ်နိုင်ငံမှာမှ တရားမ၀င်တဲ့ နှစ်ဦးသဘောတူ စာချုပ်ဆိုတာ နဲ့ မြန်မာမှာ လွယ်လွယ် ၀ယ်ရောင်းနေတာ ဆိုးတယ်။

စဉ်းစားကြည့်ပေါ့ဗျာ။ နှစ်ဦးသဘောတူ စာချုပ်လေ။ တခြာသူတွေနဲ့ ဘာမှမဆိုင်ဘူး။ နောက်ဆုံး အမွေ ဆိုင်သားက မကျေနပ်ရင်တောင် အဖေကို တရားစွဲလို့၇တဲ့စာချုပ်ကြိး။ :P

တကယ်တော့ ဒါတွေက ဒီလိုတွေ ဟိုအော်ဒီအော် ဟိုလူစု ဒီလူစု ဂျာနယ်ထဲပါ။ ဝိုင်းဆဲတာလောက် နဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဘေးက ကူညီတဲ့တွေက စေတနာ တကယ်ရှိတယ် ကိုယ့် အကျိုးအတွက် လုပ်စားတာ မဟုတ်ဘူးဆိုရင် ဥပဒေကို နားလည်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ လူတွေကို နားလည်အောင် လုပ်လို့ရတာနဲ့ မရတာ ခွဲသိအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဥပဒေတွေ ပြင်ဖို့ဆိုတာ ရွေးကောက်ထားတဲ့ အစိုးရ ဒီလိုပဲ အခု လွှတ်တော်ထဲက အမတ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဥပဒေဆိုတာ အားလုံးနဲ့ ဆိုင်တယ်။ ဆုံးဖြတ်တဲ့ တရားသူကြီးတွေတင် လိုက်နာရမှာ မဟုတ်ဘူး။ ဥပဒေပြုသူတွေရော၊ အုပ်ချုပ်သူတွေရော၊ တိုင်းသူပြည်သားတွေရော အားလုံး လိုက် နာစောင့်ထိန်းကြရမှာ။ ဥပဒေတစ်ခုကို မကြိုက်ရင်ပြင်ဖို့ ကြိုးစား။ မပြင်ခင်မှာတော့ ရှိနေတဲ့ဥပဒေကို လိုက်နာကြရမှာပဲ။ ဒါမှတရားဥပဒေစိုးမိုးတယ်ခေါ်တယ်။

အဲလိုမဟုတ်ဘဲ ကိုယ်လိုက်နာချင်တဲ့ ဥပဒေကိုဘဲရွေးပြီး လိုက်နာတာ၊ ကိုယ်မကြိုက်တဲ့ဥပဒေ ကိုသောက်ဂရုမစိုက်တာ ဒါတရားဥပဒေစိုးမိုးရေးကို စိန်ခေါ်တာပဲ။ ဒါဆိုရင်ဒီမိုကရေစီနဲ့ ဝေးသေးတယ်။ ။

ref:မဟာကြောင်

No comments:

Post a Comment