Sunday 26 August 2012

ကိုယ်ပျောက် အသံတိတ် UNHCR ရုံး စစ်တွေတွင် ဖွင့်လှစ်လှုပ်ရှားနေ

စစ်တွေမြို့ပေါ်ရှိ UNHCR ရုံးကို လမ်းမတော်တောင်ရပ်ကွက်ရှိ ယခင်နေရာတွင် ပြန်လည်ဖွင့်လှစ်ထားပြီး ၄င်း၏ ဘာသာဘာဝ လုပ်မြဲလုပ်ဆဲလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရ သည်။ 

ရသေ့တောင်မြို့မှ ဦးစောအောင်သိန်းပိုင်သော UNHCR ရုံးစိုက်ရာ အိမ်သည် စစ်တွေမြို့ လမ်းမတော်တောင် ရပ်ကွက်တွင်တည်ရှိပြီး ဘင်္ဂါလီဆူပူမှုများဖြစ်နေစဉ် မတည်မငြိမ်ကာလအတွင်း “UNHCR တစ်ပါတ်အတွင်း ဤအိမ်မှ ပြောင်းရွေ့မည်

”ဟု ကြေငြာတပ်ချွေးသိပ်ခဲ့ပြီး တစ်လကျော်ခန့်အကြာတွင် UNHCRသည်ရုံး ဆိုင်းဘုတ်မတပ်ပဲ ပြန်လည်ဖွင့်လှစ် အလုပ်လုပ်နေရုံသာမက ၀န်ထမ်းသစ်များခန့်ထားရန် ရှာဖွေနေသည် ဟုလည်း သိရသည်။

ယင်းအိမ်ပိုင်ရှင် ဦးစောအောင်သိန်းသည် ဘင်္ဂါလီလူမျိုးများနှင့် အလွန်ပုလဲနံပသင့်သည့်အပြင် ကူတောင်အရေးအခင်းတွင် ၄င်း၏ သစ္စာရှိမှုကို ရခိုင်သားများက သံသယဖြစ်ခြင်းခံရသူဖြစ်သည်။

  ဘင်္ဂါလီဆူပူမှုကာလအတွင်း ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ အနီးမှာ ရခိုင်အမျိုးသားဆယ်ဦးကို သတ်ဖြတ်ခဲ့ကြသည့် အနောက်ပြင်(ဘင်္ဂါလီ)ရွာထဲတွင် ရန်ကုန်ရောက် အနောက်ပြင်ရွာသား ဘင်္ဂါလီလူမျိုးလုပ်ငန်းရှင် စောလှိုင် အတွက် ဦးစောအောင်သိန်းက ဧရာမအထပ်မြင့် တိုက်ကြီးတစ်လုံးကို ကန်ထရိုက်တာသဘောမျိုး ဆောက်လုပ်ပေးနေခဲ့သည်။

ယင်း(အနောက်ပြင်ဘင်္ဂါလီရွာက)အိမ်လောက်ကြီးမားသည့် တိုက်အိမ်မျိုး ရသေ့တောင်မြို့ပေါ်တွင်တောင် မှ မရှိသေးဟုပင် ဆိုကြသည်။

ပြီးခဲ့သည့်ဘင်္ဂလီဆူပူမှုများတွင် UNHCR ၀န်ထမ်းအချို့ပါဝင်ပတ်သက်ခဲ့မှုကြောင့် ဒေသခံများကြား UNHCR အပေါ် သဘောထားတင်းမာမှုများရှိခဲ့ပြီး ယင်း၏ လုပ်ငန်းများကို ရပ်ဆိုင်းတော့မည်လိုလို အရပ်သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

“UNHCR နဲ့ပတ်သက်လို့ လွန်ခဲ့တဲ့(၁၀)နှစ်လောက်ကတည်းက ကျွန်တော်ပြောပြောနေတာရှိတယ်။ သတိထားပြီးစောင့်ကြည့်ရမယ်ဆိုပြီးတော့လေ။ ဒီဘင်္ဂါလီတွေကိုပဲ အဓိကလုပ်ပေးနေတာ တစ်နေ့ကျရင် ဒေသခံရခိုင်တွေအတွက် တော်တော်အန္တရယ်ဖြစ်လာနိုင်တယ် ဆိုပြီးတော့လေ” ဟု ဘူးသီးတောင်မြို့နယ် ရှိ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက Coral Arakan ကိုပြောသည်။

ပြီးခဲ့သည့်အရေးအခင်းတွင် အချို့သော UNနှင့်INGO ၀န်ထမ်းများသည် ဘင်္ဂလီအကြမ်းဖက် သမားများ နောက်ကွယ်မှ ကြိုးကိုင်နေသည်တိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မောင်တောမြို့နယ် UNHCR ရုံးမှ ဘင်္ဂလီလူမျိုး ၀န်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မြနန္ဒာအောင်အား စစ်တွေလေဆိပ်တွင် ဖမ်းဆီးခဲ့သည်။ ထိုစဉ်က UN နှင့် INGO ၀န်ထမ်း စုစုပေါင်း ကိုးဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အဆိုပါအကြောင်းရင်းခံမျိုးစုံတို့ကြောင့် ပြည်သူလူထုအတွင်း မကျေနပ်မှုများ ကြီးထွားလာပြီးနောက် (UNHCR No Entry) စသည့် တီရှပ်ဝတ်ဆင်လှုပ်ရှား ဆန္ဒထုတ်ဖေါ်မှုများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ UNHCR ဆိုတာ စရောက်ခဲ့ကတည်း ဒီဘင်္ဂလီတွေအတွက်ပဲ တောက်လျှောက်လုပ်လာတာ။ ဒေသခံ ရခိုင်တွေအတွက်ဆို ဘာမှလုပ်မပေးဘူး။ ဘူးသီးတောင် မောင်တောဘက်မှာဆို ပိုသိသာတယ်။ ဘင်္ဂလီတွေအတွက် ကျောင်းဆောက်ပေးတယ်။ အကုန်ထောက်ပံ့တယ်။

 ဒေသခံ ရခိုင်တွေအတွက် ဘာမှမလုပ်ပေးဘူး။ ရခိုင်တွေ က မဆင်းရဲဘူးလား။ ဒုက္ခမရောက်ဘူးလား။ အစိုးရအဆက်ဆက် ဖိနှိပ်ခံနေရတာချင်းက အတူတူပဲ” ဟု စစ် တွေမြို့ရှိ ကျောင်းဆရာ အငြိမ်းစား တစ်ဦးက မှတ်ချက်ပြုသည်။

“ ဒုက္ခသည်၊ ဒုက္ခသည် ဆိုပြီးတော့ UNHCR တို့၊ WFP တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေက တစ် ဖက်စောင်းနင်း ပုံအောကူညီလိုက်ကြတော့ နောက်ဆုံး ဒီကောင်တွေ အားကောင်းလာပြီးတော့ နယ်မြေလုတဲ့ အဆင့်၊ နိုင်ငံထူထောင်ဖို့ ကြိုးစားတဲ့အဆင့်ထိရောက်လာတာ ” ဟု စစ်တွေတက္ကသိုလ် ဓာတုဗေဒဋ္ဌာနမှ ဆရာ တစ်ဦးက Coral Arakan ကိုပြောကြားသည်။

UNHCR သည် ရခိုင်ပြည်နယ်တွင် ၁၉၉၄ ခုနှစ်မှာ စတင်ရုံးစိုက်ခဲ့ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကော့ဘဇားနှင့် တာက္ခာနာ မြို့ရှိ ဒုက္ခသည်စခန်းများတွင်ရှိသော ဘင်္ဂလီများကို ရခို င်ဒေသမြောက်ပိုင်း သို့ ပြန်လည်ပို့ဆောင်ပေးရေးနှင့် ရခိုင်ဒေသမြောက်ပိုင်းတွင် ဘင်္ဂလီများနှင့်ဒေသ ခံရခိုင်လူမျိုးများ အတူတကွ ပြန်လည်ပူးပေါင်းနေထိုင်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။
သြဂုတ်လ (၂၄)ရက်နေ့က ယင်းအဆောက်အအုံတွင် UNHCR နိုင်ငံခြားသား ၀န်ထမ်းတစ်ဦးအပြင်၊ ကုန်ပစ္စည်း ချနေကြသူများကိုတွေ့ရစဉ်။

UNHCR ၏ သတ်မှတ်ချက်အရ ရခိုင်ဒေသမြောက်ပိုင်းဆိုရာတွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များပါဝင်ပြီး၊ ၄င်းတို့အကူအညီပေးနေရာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဘင်္ဂါလီလူမျိုး (၉၇)ရာနူန်းအ ထိရှိပြီး ဌာနေဒေသခံ တိုင်းရင်းသားလူမျိုး လူဦးရေမှာ (၃)ရာခိုင်နူန်း မျှသာရှိသည်။

စစ်တွေမြို့ UNHCR ရုံးသည် ရုံးဆိုင်းဘုတ်မတပ်ဘဲ မူလရုံးအဆောက်အအုံ၌ပင် လျှို့ဝှက်ပြန်လည် လည်ပတ်နေရုံသာမက ယခုလ ဒုတိယအပါတ်တွင် အလုပ်နေရာသစ်များပါခေါ်ယူခဲ့ကြောင်းသိရသည်။

“ အလုပ်ခေါ်နေတယ်ကြားလို့ သွားလျှောက်တာပါ။ သိတဲ့အတိုင်းပါပဲ။ ဒီမှာက အလုပ်အကိုင်တစ်ခုရ ဖို့ဆိုတာက တော်တော်မလွယ်ဘူး။

ကျွန်တေ လျှောက်မယ့် Post က Field Associate ပါ။ ကျွန်တော် အလုပ်ခေါ်စာ သွားကြည့်တဲ့နေ့မှာ လာလျှောက်တဲ့သူ ငါးယောက်လောက်တွေ့ခဲ့တယ်” ဟု UNHCR သို့အလုပ်သွားလျှောက်သူတစ်ဦးက Coral Arakan ကိုပြောသည်။

ရခိုင်ဒေသရှိ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် ဘင်္ဂလီလူမျိုးများအား ဆင်းရဲနွမ်းပါးသူများ၊ ဒုက္ခ ရောက်နေသူများ ဟု အများဆုံးသုံးနူန်းလေ့ရှိပြီး UNHCR ကမူ ၄င်းတို့အား နိုင်ငံမဲ့ လူများ(Stateless People) ဟု အမြဲတမ်းသုံးစွဲလေ့ရှိသည်။

“ ဒီ Stateless ဆိုတာကို လုံးဝမကြိုက်ဘူး။ ဒီမတရားကျူးကျော်ဝင်ရောက်လာတဲ့ သဘောက Stateless ဆိုတဲ့ စကားလုံးနဲ့က ဘာမှကိုမဆိုင်တာ။ အရှေ့အလယ်ပိုင်းမှာရှိတဲ့ kurd(ကာဒ့်)လူမျိုးတွေကို Stateless လို့သုံး တာက သူ့အဓိပ္ပါယ်နဲ့ သူရှိတယ်” ဟု ING0 တစ်ခုမှ ရခိုင်လူမျိုးတစ်ဦးက Coral Arakan ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်ဇွန်လအရေးအခင်းတွင် နေအိမ်များဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအတွက် ယာယီနေအိမ်များဆောက်ပေးရာတွင် UNHCR အနေဖြင့် တဲအိမ်ကြီးပေါင်း ၅၅၀ ဆောက်ပေးမည်ဟု သိ ရသည်။ UNHCR နှင့် လုပ်ငန်းပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်လေ့ရှိသည့် အဖွဲ့အစည်းများမှာ UNOPS ၊ IND၊ MRCS နှင့် BAj တို့ဖြစ်ကြောင်းသိရသည်။

မတည်မငြိမ်ကာလအတွင်း ဓါတ်ပုံ။ “UNHCR တစ်ပါတ်အတွင်း ဤအိမ်မှ ပြောင်းရွေ့မည်” ဟု ကြော်ငြာသည့်အပြင် သမ္မတဦးသိန်းစိန်ကို စစ်တွေမြိုသားများက နိုင်ငံတော် အလံကို လွှင့်ထူပြီး ထောက်ခံကြသောအခါ ဤအိမ်မှ ပုဂ္ဂိုလ်များကလည်း အလံလွှင့်ထူ ကာ ထောက်ခံ လိုက်ကြသေးသည်။

No comments:

Post a Comment