Sunday 26 August 2012

ထိုင်းကျောင်းအချို့ မြန်မာစာ သင်နေပြီ

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခတ်ကျွန်း အပန်းဖြေစခန်းရှိ ကျောင်း တစ်ကျောင်းတွင် အထက်တန်း ကျောင်း သားများ အတွက် မြန်မာ စာလေ့လာနိုင်ရန် သင်တန်းဖွင့် ထားသည်ဟု Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။

စထရီဖူးခတ် ဟု ခေါ်သော ၎င်းကျောင်းတွင် ဖွင့်ထားသော မြန်မာစာသင်တန်း၌ အတန်း တက်သူများပြား လျက်ရှိပြီး ထိုင်ခုံ မလောက်ငှမှု ပင်ဖြစ်ပေါ်နေ ကြောင်း၊ ယမန်နှစ်ကတည်း က ကျောင်းတွင် တရုတ်၊ အင်္ဂလိပ် နှင့် မြန်မာ စာပေလေ့လာမှုများ ကို သင်ကြားခြင်းပြု ခဲ့ကြောင်း၊ အစပိုင်းတွင် မြန်မာစာကို လေ့ လာသူ အလွန်နည်းခဲ့သော်လည်း ယခုအခါ အလွန် ကျော်ကြား လာပြီဖြစ်ကြောင်း၊ ကျောင်းသား မိဘ များစွာက မြန်မာစာ သင်ရန် အတွက် သူတို့ ၏ ကလေးများကို ကျောင်းသို့ လာရောက်အပ်နှံမှု ပို မိုများပြား လာကြောင်း အဆိုပါ ကျောင်း၏ ဒုတိယအုပ်ချုပ်ရေး မှူး နတ်တာဝက်ပထိုင်းရာ တာနာ ဆီရာနီက ဆိုသည်။

““၂၀၁၅မှာ အာဆီယံ လူ့ အဖွဲ့အစည်းက ကြီးမားလာတော့ မယ်။ ဒါကြောင့် အာဆီယံနိုင်ငံ တွေက ဘာသာ စကားတွေ ကို သင်ဖို့ လိုလာပြီလို့ထင်ပါတယ်။ ဒီ အစီအစဉ်ကအောင်မြင်မှာပါ။ မနှစ်ကထက် ဒီနှစ် မှာနှစ်ဆတိုး လာတယ်။ အတန်းတိုင်းလူပြည့် နေပါပြီ။ တစ်ပတ်ကို နှစ်ရက် က ဘာသာရပ်ဆိုင်ရာ ဆရာ
တွေ နဲ့ အရေး အဖတ်အပြော ကို လေ့ ကျင့်ပေးပါတယ်””ဟု နာတာဝက် ကဆိုသည်။ ““မြန်မာစာကို လေ့လာဖို့ လို ပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဖူး ခတ်ကို မြန်မာ ဧည့်သည်တွေ အလာ များတယ်လေ။ ပြီးတော့  မြန်မာလုပ် သားတွေလည်း များလာ လို့ပါ””ဟု ကျောင်းသား တစ်ဦးက ဆိုသည်။

ကျောင်းသူ တစ်ဦးဖြစ်သည့် သီရိရွန်လူအန် ကလည်း ““ကျွန်မ က မြန်မာစကားပြောရတာနှစ် သက်တယ်။ နေကောင်း လားလို့ မေးရင်ကောင်းပါတယ် လို့ပြန်ပြော တာကို သဘောကျတယ်။ သူတို့ စကားနဲ့ပြောရင် သူတို့က ရယ်ပြ တယ်။ ပြုံးပြတယ်။ ဘယ်လိုပြော ရမယ် ဆိုတာကိုလည်း သင်ပြတယ်။  အရမ်းပျော်ဖို့
ကောင်း ပါတယ်””ဟု ဆိုသည်။

No comments:

Post a Comment