Sunday 26 August 2012

လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု တိုးတက် လာရေးအတွက် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များအား ဖိတ်ခေါ်

အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ရေအား လျှပ်စစ် စီမံရေး ဦးစီး ဌာနနှင့် မြန်မာ တိုင်းရင်း သား ကုမ္ပဏီ တစ်ခုဖြစ်သော Virtue  Land  Co.,Ltd. တို့အကြား ရန်ကုန် ကျောက်မီးသွေးသုံး ဓာတ် အားပေး စက်ရုံ စီမံကိန်း အား B.O. T  စနစ်ဖြင့်အကောင်အထည်ေ ဖာ် ဆောင်ရွက်နိုင်ရန် အတွက်  နားလည်မှု စာချွန်လွှာ (Memorandum  of  Understanding)လက်မှတ် ရေးထိုးပွဲ အခမ်းအနား ကို သြဂုတ် ၂၄ ရက် ညနေပိုင်းက နေပြည်တော် ဟိုတယ်ဇုန် ရှိ မြတ်တော်ဝင် ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနား တွင်  အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက အမှာစကား ပြောကြားရာ၌ မိမိတို့ ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော် အတွက် တိုးတက် လိုအပ်နေသည့် လျှပ်စစ် ဓာတ်အားကို ဖြည့်ဆည်း ပေး နိုင်ရန် လျှပ်စစ်စီမံကိန်း များအား ဝန်ကြီးဌာန ကိုယ်တိုင် အကောင် အထည်ဖော် တည်ဆောက်ခြင်း၊ ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင် များ၏ ရင်းနှီး မြှုပ်နှံမှု (B.O.T)စနစ်ဖြင့် ဆောင်ရွက်စေခြင်း၊ နိုင်ငံ ခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (JV/ B.O.T) စနစ်ဖြင့် ဆောင် ရွက်စေ ခြင်း အစရှိသည့် နည်းလမ်း(၃)ခု ဖြင့် အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိကြောင်း၊  နိုင်ငံတော် အနေဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်သော အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်အစ ရှိသည့် နိုင်ငံများကဲ့ သို့ ကျောက်မီး သွေးသုံး ဓာတ်အားပေး စက်ရုံများ၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အား ပေး စက်ရုံများကိုလည်း တည်ဆောက်၍ ၄င်းအပူ စွမ်းအင်သုံး စက်ရုံများမှ ထွက်ရှိလာမည့် လျှပ် စစ် ဓာတ်အား များကို အနာဂတ်တွင် အခြေခံဝန်အား (Based  Load)အဖြစ် ထားရှိလျက် နိုင်ငံ တော် ဓာတ်အား ကွန်ရက်မှတစ်ဆင့် ဖြန့်ဖြူး ဆောင်ရွက်ရန် ရည်မှန်းချက် ထားရှိ ဆောင်ရွက်လျက် ရှိကြောင်း၊ ထို သို့ ဆောင်ရွက်ရာတွင် လျှပ်စစ် ဓာတ် အား ထုတ်လုပ်မှု လျင်မြန်စွာ တိုးတက်လာရေး အတွက် ပြည်တွင်း ပြည်ပလုပ် ငန်းရှင်များအား ဖိတ်ခေါ် ဆောင်ရွက် လျက်ရှိကြောင်း။
ယခု MOU လက်မှတ် ရေးထိုးခြင်း သည် စီမံကိန်း ဆောင်ရွက်ရန် ဖြစ်နိုင်စွမ်း ရှိ/မရှိ စူးစမ်း လေ့လာ ခွင့်ပြုသော အဆင့်ဖြစ်ကြောင်း၊ စူးစမ်း လေ့လာချက် များအရ စီမံကိန်း ဆောင်ရွက် နိုင်ရန် ဖြစ်နိုင်စွမ်း ရှိပါက   လုပ်ငန်းစဉ်များ အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်း တည် ဆောက်မည့် နေရာဒေသရှိ ပြည်သူများ ၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လိုက်နာရန်၊ ဒေသ ဖွံ့ဖြိုးရေး အတွက် လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးရန်၊ စက်ရုံ တည်ဆောက်ရာတွင် အဆင့်မြင့် နည်းပညာများ အသုံးပြုရန်၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှု ပတ်ဝန်းကျင် အကျိုး သက်ရောက်မှုများ အပေါ် အလေးထား ဆောင်ရွက်ရန်၊ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံ မှုများရှိရန်၊ ပတ် ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို တိကျစွာ လိုက်နာရန်နှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း  ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန် တို့ကို အဓိက ထား၍ထည့်သွင်း ပြောကြားသွားသည်။
ထို့နောက် Virtue  Land  Co., Ltd.ဥက္ကဋ္ဌက နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေအား လျှပ်စစ်စီမံ ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကြီးစိုးနှင့် Virtue  Land  Co., Ltd.မှ တာဝန်ရှိသူ တို့က နားလည်မှု စာချွန်လွှာ (Memorandum of Understanding) ကို လက်မှတ် ရေးထိုးကြပြီး စာချွန်လွှာ များအား အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်နှင့် ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူး များနှင့် တာဝန် ရှိသူများ၊ Virtue  Land  Co., Ltd.  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်  ကြသည်။
ယနေ့ ကျင်းပသော လက်မှတ် ရေးထိုး ပွဲသည်  အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနနှင့် Virtue  Land  Co., Ltd.တို့အကြား နိုင်ငံတော်၏ လိုအပ်နေသော လျှပ်စစ် ဓာတ်အားကို ဖြည့်တင်း နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး တွင် ကျောက်မီးသွေး သုံးဓာတ်အားပေး စက်ရုံကို ပထမအဆင့် အနေဖြင့် လျှပ် စစ် စက်တပ်ဆင် အင်အား (၁၅ဝ)မဂ္ဂါဝပ် ရှိ စက်နှစ်လုံးဖြင့် မဂ္ဂါဝပ်(၃ဝဝ) စတင် တည်ဆောက် အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေး စူးစမ်း လေ့လာမှုပြု လုပ်ရန်အတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုးကြခြင်း ဖြစ်ကြောင်းနှင့် Virtue  Land  Co., Ltd.သည် စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက် သည့်အခါ အများပိုင် ကုမ္ပဏီ တည်ထောင်၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment