Wednesday 29 August 2012

ပြည်သူ့လွှတ်တော် သို့ အမျိုးသားလွှတ်တော် ဥက္ကဌ သ၀ဏ်လွှာပေးပို့ ပြီး ခုံရုံးအားစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

ပြည်သူ့လွှတ်တော် ဥက္ကဌ ထံသို့ အမျိုးသားလွှတ်တော် ဥက္ကဌ မှ သ၀ဏ်လွှာပေးပို့ချက်တွင် အမျိုးသား လွှတ်တော်တွင် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်မှုကို ဆုံးဖြတ်ချက်ရယူပြီးသောေ ကြာင့် ပြည်သူ့ လွှတ်တော် မှ ယင်းလုပ်ငန်းတာဝန်အားယခု အချိန်မှ စ၍ ဆက်လက် လုပ်ကိုင်ရန်ြပည် သူ့လွှတ်တော်ဥက္ကဌ က တာဝန်ပေးအပ်လိုက်သည်။ 

စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဥက္ကဌ ဦးနန္ဒကျော်စွာဖြစ်ပြီး အဖွဲ့ဝင်များမှာ ဦးတီခွန်မြတ်၊သူရဦးအောင်ကို ၊ဒေါက်တာစိုးရင် ၊ဦးသောင်း၊ဦးဝင်းထိန်( ဒီချုပ်)၊ဦးဝင်းမြင့် (ဒီချုပ်) ၊ဒေါ်ဒွဲဘူ၊ဦးမောင်မောင်ဦး ၊ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ဒေါ်မိမြင့်သန်း၊ဒေါ်တင်နွယ်ဦး၊ဒေါ်နန်းစေအွာ နှင့် ဦးစိုးဝင်းတို့ ဖြစ်ကြကြောင်းသိရသည်။

No comments:

Post a Comment