Wednesday 29 August 2012

သတင်းလွှတ်လပ်ခွင့်ကိစ္စ လွှတ်တော်ကော်မတီဥက္ကဌတို့ ဆွေးနွေးပြီ


သတင်းလွတ်လပ်ခွင့်ကော်မတီမှ ထုတ်ပြန်ခဲ့သည့် တောင်းဆိုချက် ၇ ချက်နှင့်မီဒီယာ သမားများမှ နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုးတောင်းဆိုမှုများအတွက် နေပြည်တော်၌ မီဒီယာသမားများနှင့် လွှတ်တော်ရေးရာ ကော်မတီနှင့်ကော်မရှင်မှ ဥက္ကဌငါးဦး ယနေ့တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ အစိုးရမ ဟုတ်သောပြည်တွင်းပြည်ပအဖွဲ့အစည်းများ ဆိုင်ရာကော်မတီ၊ဘဏာရေး နှင့်ဥပဒေ ရေးရာကော်မ ရှင်၊တောင်သူလယ်သမားများနှင့် ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီ၊ပြည်သူတို့ ၏တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီတို့မှ ဥက္ကဌ တို့ နှင့် စာပေစီစစ်ရေး နှင့်မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်ဆွေ့ ၊မကြာခင်က ထုတ်ဝေခွင့်ယာယီပိတ်ပင်ခံခဲ့ရသည့် လျှက်တပြက်၊ Voiceနှင့် Envoy ဂျာနယ်တို့အပြင် ၊မြန်မာစာနယ်ဇင်း သမဂ္ဂ နှင့်မြန်မာ ဂျာနယ်လစ်ကွန်ရက်၊ စာရေးဆရာ များသမ၈္ဂ၊ သတင်းလွတ်လပ်ခွင့် ကော်မတီ ၊တို့မှတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှ
ထိုပြင်ပုံနိပ်မီဒီယာဥပဒေ အမြန်ဆုံးပေါ်ထွက်သွားရန်အတွက်လည်းတိုက်တွန်းသွားမည်ဖြစ်ပြီး ဥပဒေ မူကြမ်းရေးဆွဲ ပြဌာန်းရာတွင် လွှတ်တော်ကော်မတီများမှပူးပေါင်းသွားမည်ဖြစ်ေ ကြာင်း ပြဌာန်းရေး ဆွဲရေးတွင် လက်ရှိမီဒီယာ လောကတွင်း လုပ်ကိုင်နေသော မီဒီယာသမားများပါ ၀င်နိုင်ရန်အတွက် ဆောင်ရွက် ပေးသွားမည် ဟု ပြောကြားခဲ့ကြောင်းသိရသည်။
သတင်းလွတ်လပ်ခွင့် ကော်မတီသည် မီဒီယာတွေ အပေါ် ကန့်သတ်ဖိနှိပ်သည့် ဥပဒေများ ချက်ချင်း ဖျက်သိမ်းရန် အပါအဝင် အချက် ၇ ချက် တောင်းဆိုထား သည်။

No comments:

Post a Comment