Wednesday 29 August 2012

စစ်ရှောင် သွေးချင်းများ ပြည်တော်ပြန်ခရီး ယခုလအတွင်း အပြီးဆောင်ရွက်ရန် တရုတ်အာဏာပိုင်များ ပြောကြား

ကချင်တိုင်းရင်းသားကလေးငယ်များကို တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ်မြို့ငယ်ဖြစ်သည့် နောင်တောင်း အနီးတစ် ၀ိုက် ရှိ တောတောင်များတွင် ယာယီ စစ်ရှောင် ကချင်ဒုက္ခသည်များနှင့် လားရင်း (လွယ်ဂျယ်တစ်ဖက်ကမ်း)ရှိ စစ်ရှောင်ဒုက္ခသည်များအား လုံး ယခုလအတွင်း အပြီးသတ်ရွှေ့ပြောင်းပေးရန်နှင့် ယခုလအတွင်း တရုတ်ပြည်အတွင်းရှိ ကချင် စစ်ရှောင်ဒုက္ခသည် အားလုံး ရွှေ့ ပြော င်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုများပြုလုပ်ရန် တရုတ်အာဏာ ပိုင်များက ကချင်တပ်ဖွဲ့ (ကေအိုင်အို)သို့ လာရောက် ပြောကြား
ခဲ့ကြောင်း၊ အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့ သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံတွင် ယာယီစစ်ဘေး ရှောင်ခိုလှုံသူဦးရေ ၇၀၀၀ မှ ၁၀၀၀၀ ၀န်းကျင်ခန့်ရှိနိုင်ကြောင်း၊ လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး နောင်တောင်းဒေသရှိ ဒုက္ခသည်စခန်း များဖြစ်သည့် ယန်လူနှင့် လောဝ်ဖိုင်စခန်းများအား မြန်မာနယ်စပ်ဖြစ်သည့် လနားဇွပ်၊ ဘွမ်စစ်ပါ စခန်းသို့ ယခုလ ၂၂ ရက်နှင့် ၂၃ ရက်များတွင် (အတင်းအကျပ်) ပြောင်းရွှေ့ခြင်းခံခဲ့ရကြောင်း၊ ထိုနောင် တောင်းဒေ သတွင် ကျန်ရှိသည့် ဒုက္ခသည်စခန်းများဖြစ်သည့် လုံဂရောက်၊ နားကောင်းကောင်၊ ခဒေါင်းပါ၊ ငါနောင်ပါစသည်တို့မှ စုစုပေါင်း လူဦးရေ ၅၀၀၀ ၀န်းကျင်ခန့်နှင့် လားရင်း (လွယ်ဂျယ်တစ်ဖက်ကမ်း) ဒုက္ခသည်စခန်းများမှ ထိုလူဦးရေ ၂၀၀၀ ကျော် ယခုလအတွင်း အပြီးအပိုင် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း၊ ထို့အတွက် တရုတ်ပြည်ရောက် ကချင်ယာယီစစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်းအနည်းဆုံး ၆၀၀၀ ခန့် ပြန်လည်ဝင်ရောက်လာနိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံအတွင်းသို့ ယာယီ စစ်ဘေးရှောင် ခိုလှုံသူအများစုသည် မြေငှားခပေး ကာ နေထိုင်သူ များ ဖြစ် ကြောင်း၊ စစ်ဘေးသင့်ဒေသအတွင်း ရှိ ပြည်သူများ၏ နေ့စဉ်ဘ၀ သည် ပျောက်ဆုံး လျက်ရှိကြောင်း၊ ထိုဒေသ အတွင်းရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀ရပ်တည်မှု အခြေအနေ သည် လွန်စွာခက်ခဲလျက်ရှိပြီး ထိုသို့ဘ၀ရပ်တည်ရန်ခက်ခဲမှုအခြေအနေများ ကြာရှည်သည့် အလျောက် စစ်ဘေးရှောင်ဒေသမှ လူတွေ သာမက စစ်၏အကျိုးဆက်ကို တိုင်းပြည်တစ်ခုလုံး ခံစားရမည်ဖြ စ်သောကြောင့်  တစ်မျိုးသားလုံးအတွက် ပြဿနာဖြစ်ကြောင်း၊ အဆိုပါ ကချင်ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သူများဖြစ်သည့် မနီမို လှိုင်နှင့် ကချင်တိုင်းရင်းသူ အားခေါန်က ပြောသည်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ မှ စစ်ဘေးရှောင်ဒေသများသို့ သွားရောက်လေ့လာခဲ့ရာ မိုင်ဂျာယန်ဒေ သရှိ ဒုက္ခသည် စခန်းအတွင်းရှိ ကလေးများ အပါအ၀င် လူကြီးအချို့သည် စခန်းအနီးရှိချောင်း မှ ရေမသန့်ရှင်းမှု ကြောင့်ဟု ယူဆရသည့် အရေပြားရောဂါတစ် မျိုး ဖြစ်ပွားလျက် ရှိသည် ကို တွေ့ခဲ့ရကြောင်း၊  ထို့အပြင် အနာဂတ်အတွက်ရည်ရွယ်သည့် ပညာသင်ကြားပေးမှု ကဏ္ဍတွင်လည်း တရုတ်ပြည်အတွင်းရှိ ဒုက္ခသည် စခန်းများတွင် ကလေးများအား တရုတ်စာ၊ ကချင်စာနှင့် အင်္ဂလိပ် စာဘာသာရပ်များ  သင်ကြားပေးမှုရှိသော် လည်း မြန်မာစာသင်ကြားပေးမှု မရှိသည်ကို တွေ့ရကြောင်း၊ သို့ရာတွင် မြန်မာပြည်ဘက်ရှိ ကချင်ဒုက္ခသည် စခန်းများတွင်မူ မြန်မာစာကို သင်ပေးသည့်အပြင် ““မြန်မာအစိုးရ၏ သင်ရိုးညွှန်းတမ်း””များကိုသာ သင်ကြား ပေးလျက်ရှိသည်ကို ကြည့်ခြင်းအားဖြင့် ကချင်စစ်ဘေးဒုက္ခသည်များ၏ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့မြင် နိုင်ကြောင်း အဆိုပါအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ကချင်ဒုက္ခသည် အမျိုးသမီးအများစုသည် စားဝတ်နေရေးအတွက် မျှစ်ခြောက်များပြုလုပ်ကာ အလွန်ပင် နည်းပါးလှသည့် ၀င်ငွေဖြင့် ရပ်တည်နေရကြောင်း၊ ကုလသမဂ္ဂ(UN)မှ အကူအညီများရရှိမှုသည်လည်း အကန့် အသတ်များစွာ ရှိနေဆဲဖြစ်ကြောင်း၊ ဒုက္ခသည်များအတွက် အစားအစာ၊ ဆေးဝါးများနှင့် ကလေးများ ပညာ သင်ကြားမှုဆိုင်ရာ (သင်ရိုးညွှန်းဖတ်စာအုပ်များ အပါအ၀င်)များနှင့် စပ်လျဉ်း၍ အလှူရှင်များစွာ လိုအပ်လျက် ရှိကြောင်း သိရသည်။
တရုတ်အာဏာပိုင်များအနေဖြင့်လည်း တရားမ၀င် ၀င်ရောက်လာသည့် ကချင်ဒုက္ခသည်များအား တာဝန်ယူမှု ဆိုင်ရာကိစ္စရပ်များတွင် အခက်အခဲများ ရှိကြောင်း၊ ကေအိုင်အေနှင့် မြန်မာ အစိုးရ စစ်မက်ဖြစ်ပွားမှု မရှိတော့ ခြင်း စသည့်အချက်များဖြင့် တရုတ်နိုင်ငံအတွင်း ၀င်ရောက်ခိုလှုံလျက်ရှိသည့် ကချင်ဒုက္ခသည်များအား ပြည်တော်ပြန်ရန် အတင်းအကျပ် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။
ဤသို့ စီစဉ်ဆောင်ရွက်ခြင်းမှာ ဒုက္ခသည်များရှိရာ စခန်းများသို့  INGO များနှင့် နိုင်ငံတကာမီဒီယာများ ၀င် ရောက်လာပါက တရုတ်နိုင်ငံ၏ အခြေအနေများကို မြင်တွေ့မှာ စိုးရိမ်မှုရှိနိုင်ကြောင်း၊ ထို့ပြင် တရုတ်ဘက်ကမ်း တွင် ကုလသမဂ္ဂအကူအညီရောက်လာနိုင်ခွင့်ပြုရန် အခက်အခဲရှိနေနိုင်ကြောင်း၊ သို့သော် မိမိတို့ဘက်လမ်းတွင်လည်း မူလရှိနေပြီးသော ဒုက္ခသည်များမှာလည်း အခက်အခဲရှိနေကြောင်း၊ ကုလသမဂ္ဂ ၀င်ခွင့် ရရှိချိန်မှာလည်း အကူအညီပေးနိုင်မှု၌ အကန့်အသတ်ရှိနေကြောင်း၊ ဒုက္ခသည်စခန်းအနှံ့ကိုလည်း မရောက်ရှိနိုင်ကြောင်း၊ ယခုမိမိဘက်ကမ်းရှိ ဒုက္ခသည်များကိုပင် WPN အဖွဲ့အစည်းမှ ငွေချေးငှား၍ ကျွေးမွေး ထောက်ပံ့နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ငြိမ်းချမ်းရေးကွန်ရက်မှ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
သို့ရာတွင် တရုတ်နိုင်ငံမှ ကချင်ဒုက္ခသည်များ ထွက်ခွာစေရန် စီစဉ်ဆောင်ရွက်မှုများတွင် လုံလောက်သော အချိန်သတ်မှတ်ချက်မရှိခြင်း၊ မြန်မာ နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်နိုင်ရန် အချိန်လုံလောက်မှု မရှိခြင်းစသည်များေ ကြာင့် ကေအိုင်အို မှ ပြောင်းရွှေ့ရေးဆိုင်ရာ အကူအညီများ ပေးလျက်ရှိသော်လည်း ကချင်ဒုက္ခသည်များအနေဖြင့် အခက်အခဲများစွာရင်ဆိုင် ကြုံတွေ့ရ လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ဒုက္ခသည်ဆိုင်ရာလက်မှတ်ရေးထိုးထားခြင်းများ၊ (1951 Convention on the Status of Refugees and the 1967 Protocol) ကချင်-တရုတ်နယ်စပ် စစ်မက်ဖြစ်ပွားပါက စစ်ဘေးဆိုင်ရာ အကူအညီပေး န် သက်ဆိုင်ရာနယ်စပ်အာဏာပိုင်များမှ စီစဉ်ထားရှိခဲ့သော်လည်း လက်တွေ့တွင်မူ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အားနည်းကြောင်း တွေ့ရသည်။
ကေအိုင်အို၊ ကေအိုင်အေများနှင့် ကချင်ပြည်သူများမှာမူ လွန်စွာမှ နီးစပ်မှုရှိကြောင်း၊ ကေအိုင်အေမှလည်း ကချင်ဒေသခံများအား မည်သည့်အတွက်ကြောင့် စစ်ဖြစ်ပွားရသည်ဆိုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြဲ ပင် သတင်းထုတ်ပြန်မှုများ ပြုလုပ်လေ့ရှိကြောင်း၊ ထို့အပြင် ကေအိုင်အေသည် မည်သည့်အခါ တွင်မှ ပြည်ထောင်စုမှ ခွဲထွက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အ ၀ဖြင့် ပြည်ထောင်စုနှင့် တသွေးတည်း၊ တစ်သားတည်းရှိကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်နှင့် သီးခြားစီဖြစ်နိုင် သည့် နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့ခြင်းအား လက်မခံသော်ငြား ကေအိုင်အေစစ်သား များအပါအ၀င် အခြားသော တိုင်းရင်းသားစစ်သားများလည်း ပါဝင်နိုင်မည့် ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်၏ လက်အောက်တွင်တည်ရှိ မည့် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းခြင်းကို အလိုရှိေ ကြာင်း၊ ကေအိုင်အေ မှ တာဝန်ရှိသူတစ်ဦးက ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့နှင့်အတူ သွားရောက် လေ့လာခဲ့သည့် မီဒီယာများအား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ကချင်စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သူတစ်ဦးကလည်း မိမိတို့သွားရောက် လေ့ လာ နေ သည့် ကာလအတွင်းတွင်ပင် လက်နက်ကြီးသံများ ကြားခဲ့ခြင်းကြောင့် ဒေသခံများ အား မေးမြန်းခဲ့ ရာ ဒေသခံများမှ လက်နက်ကြီးသံ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားခဲ့သည် ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့သည် ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးလနန်နှင့် ကေအိုင်အေ ဒုစစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ လွိုင်ဇာမြို့ ရှိ စစ်ပြေးဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ(IDPs and Refugees relief Committee)၊ လွိုင်ဇာမြို့ရှိ RANIR (Relief Action Network for IDP and Refugee)၊ စစ်ပြေးဒုက္ခ သည်စခန်း အသီးသီး၏ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မိုင်ဂျာယမ်ရှိ Wunpawng Ninghtoi(WPN) စသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

No comments:

Post a Comment