Wednesday 22 February 2012

‎"ဆင်းရဲသားရပ်ကွက်များ၌ မီတာသုံးစွဲခထက် ထိန်းသိမ်းခများနေခြင်း ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်"

ဆင်းရဲသားရပ်ကွက်များ၌ မီတာသုံးစွဲခထက် မီတာထိန်းသိမ်းခ များပြားနေခြင်းကို ပြည် ထောင်စု အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ကြီး ဦးဥာဏ်ထွန်းဦးက ပြောသည်။ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ တွင်ကျင်းပခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လွှ...တ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်က ရန်ကုန်မြို့အတွင်း နေအိမ်သုံး လျှပ်စစ်ဓာတ်အားများ သုံးစွဲခ ကောက်ခံရာ၌ မီတာထိန်းသိမ်းခ လစဉ်ကျပ် ၁ဝဝဝ အပိုကောက်ခံ နေသည်ကို မည်ကဲ့သို့ ဆောင်ရွက်ပေးပါမည် နည်းဟူသော မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်က ''ဆင်းရဲသားရပ်ကွက်တွေမှာ သုံးစွဲမှုသိပ်မရှိလို့ မီတာခက ၂ဝဝ လောက်ပဲကျတာ မျိုးတွေရှိပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းခက ၁ဝဝဝ ပေး နေရပါတယ်။ ဒါကို တိုင်းဒေသကြီး အစိုးရအဖွဲ့က သိပါသလား။ သိပါက မည်ကဲ့သို့ဖြေရှင်းပေး ပါမည်နည်း''ဟု မေးမြန်းခဲ့သည်။ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ကြီးက မီတာထိန်းသိမ်းခ ကောက်ခံရခြင်းနှင့်ပတ်သက်၍ ''မီတာထိန်းသိမ်းခ ဆိုတာက သုံးစွဲသူတွေ ဘယ်အချိန်မှာသုံးသုံး သုံးလို့ရအောင် အချိန်အခါ မရွေး သုံး စွဲနိုင်ရေးအတွက် မီတာဓာတ်အား ထိန်းသိမ်းပေးထားမှုအပေါ် ကောက်ခံတဲ့ပုံသေ တန်ဖိုးပါ။ နိုင်ငံတကာမှာ လည်း ရှိပါတယ်။ ဒီပုံသေနှုန်း ကောက်ခံမှုကို တိုင်းဒေသကြီးအစိုး ရအဖွဲ့ကလည်း သိပါတယ်''ဟု လွှတ်တော် ကိုယ်စားလှယ်၏ အမေးကို ပြန်လည်ဖြေကြားသည်။ ပုံသေနှုန်းထားမှာ ပြည်ထောင်စု အစိုးရအဖွဲ့မှ တရားဝင်သတ်မှတ် ပေးထားခြင်းဖြစ်ပြီး ဆင်းရဲသား ရပ်ကွက်များ၌ မီတာသုံးစွဲခထက် ထိန်းသိမ်းခ များနေသည်ဆိုပါက လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စု အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ဆောင်ရွက်ပေးမည်ဟု လျှပ်စစ် ဝန်ကြီးက ဆက်လက်၍ပြောသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စတင်လျှောက်ထားရာ၌ သိန်း ဂဏန်းဝန်းကျင်အထိ ငွေကြေး ကုန်ကျရခြင်းမှာလည်း မီတာသတ်မှတ်ကြေး ခြောက်သောင်း၊ အာမခံကြေး လေးထောင်၊ ကြီးကြပ်ခ ငါးထောင်၊ မှတ်ပုံတင်ခတစ်ထောင်နှင့် မီတာပုံးခွန်ကြေး ၁၅၅ဝဝ ပေးသွင်းရခြင်းကြောင့် ဖြစ်သည်ဟု ၄င်းက ထပ် လောင်းပြောသည်။
                                                                                                      Popular Myanmar News Journal

No comments:

Post a Comment