Tuesday 18 October 2011

အကျဉ်းသားများ လွတ်ပေးခြင်းကို ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ အိန္ဒိယ နှင့် ဒိန်းမတ် တို့ ကြိုဆို


အကျဉ်းသားများ လွတ်ပေးခြင်းကို ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ အိန္ဒိယ နှင့် ဒိန်းမတ် တို့ ကြိုဆို
မြန်မာနိုင်ငံ၌ အကျဉ်းသား ၆,၃၅၉ ဦးလွှတ်ပေးခြင်းသည် ကုလသမဂ္ဂ၊ ဥ ရောပသမဂ္ဂ၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဒိန်းမတ် အပါအ၀င် ပြည်ပနိုင်ငံများက၀မ်း မြောက်ဝမ်းသာကြိုဆိုလိုက်သည်။
အကျဉ်းသားများ လွှတ်ပေးခြင်းသည် သိသာ ထင်ရှားသည့် ပြောင်းလဲမှု ရလဒ် တစ်ခုကိုဖော်ဆောင်ရန် အရေးပါ သည့် ခြေလှမ်း တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြား သည်။ အကျဉ်းသား ၆,၃၅၉ ဦးကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးလိုက်သည့် မြန်မာအစိုးရ ၏ဆုံးဖြတ်ချက်ကို ကြိုဆို ကြောင်း အကျဉ်းသား အားလုံး လွှတ်ပေး ခြင်းကြောင့် မစ္စတာဘန်ကီမွန်းကပြော ကြားသည်။

အလားတူပင် ဥရောပ သမဂ္ဂကလည်း အဆိုပါ လုပ်ရပ်ကိုကြိုဆိုခဲ့ပြီး အမျိုးသားပြန် လည်ရင်ကြား စေ့ရေးနှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ခိုင်မာရေးအတွက် ယခုထက် ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့ သည်။ အကျဉ်းသား အချို့ ပြန်လည်လွှတ် ပေးလိုက်သော နိုင်ငံတော် သမ္မတ၏ဆုံးဖြတ် ချက်သည် ပြည်သူများ အား ပေးထားခဲ့သည့် ကတိ အတိုင်း တာဝန်ယူဆောင်ရွက်သည့် လက္ခဏာ တစ်ခုဖြစ်ကြောင်း၊ ကတိတည်ခြင်း သည် အားလုံး ကောင်းမွန်စေရန် အထောက် အကူပြု မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေး နှင့်လုံခြုံရေး မူဝါဒဆိုင်ရာကော် မရှင်နာမင်းကြီး ကက်သရင်း အက်ရှ်တန်က ပြောကြားသည်။
ယုံကြည်ချက် ကြောင့်အကျဉ်းကျ နေသူ အားလုံးကို ခြွင်းချက် မရှိလွှတ် ပေးသင့်ကြောင်း ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဂျာဆီဘူဇက် ကပြော ကြားသည်။ အကျဉ်းသား လွတ်မြောက်မှု ပမာဏ ပေါ်တွင် မူတည်ကာ မြန်မာ့အရေး ကို အကဲဖြတ် မည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂကကြေညာခဲ့သည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အပါ အ၀င် အိန္ဒိယ အစိုးရ ထိပ်တန်းအရာရှိများ ကလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ အတွက် ကြိုဆို ဂုဏ်ပြုကြောင်း၊ ဒီမိုကရေစီ ဖြစ်ထွန်း ရေးအတွက် လိုအပ် သောအကြံဥာဏ်နှင့် အကူအညီများ အိန္ဒိယအစိုးရက ပေးအပ်ကူ ညီမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ကီ ဗင်ရုဗ်ကလည်း နိုင်ငံတော် သမ္မတသည် ပြု ပြင်ပြောင်းလဲရေး အတွက် မှန်ကန်သည့်လုပ် ရပ်များကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မြစ်ဆုံ ဆည်တည်ဆောက်ရေး စီမံကိန်းရပ် ဆိုင်းခြင်းအပါအ၀င် အပြု သဘောဆောင် သည့် ဖွံ့ဖြိုး တိုးတက်မှုများစွာ ပေါ်ထွန်းခဲ့ ကြောင်း၊ မြန်မာနိုင်ငံ သည် အရေးပါသည့် အလှည့် အပြောင်းတစ်ခုသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သုံးသပ် ပြောကြားသည်။
ဒိန်းမတ် နိုင်ငံခြားရေး ၀န်ကြီး ဗီလီဆို ဘန်ဒယ်က လည်း မြန်မာ နိုင်ငံအနေဖြင့် အကျဉ်းသား ၆,၃၅၉ ဦး လွှတ် ပေးခဲ့ခြင်း အတွက် ၀မ်းမြောက် ၀မ်းသာမိကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးဖွံ့ဖြိုးတိုး တက်မှုများ ပေါ်ထွန်းရန် ဒိန်းမတ် နိုင်ငံက ကူညီမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။
Source: http://www.themyanmarpost.com/?p=10132

No comments:

Post a Comment