Sunday, 3 May 2015

တပ်မတော်နှင့် ကချင်တပ်မတော် တိုက်ပွဲဖြစ်ခဲ့သည့်နေရာသို့ ကွင်းဆင်းလေ့ လာရန် အစိုးရဘက်မှ ခွင့်ပြုချက်မရသေး

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့် ဒေသနှင့် တနိုင်းဒေသ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အစိုးရဘက်မှ ယနေ့ထိ ခွင့်ပြု ချက် မရသေးကြောင်း KIO နှင့် ငြိမ်းချမ်ရေးအကျိုးဆောင်အဖွဲ့ PCG က ပြောသည်။
“မရသေးဘူး။ စောင့်နေတယ်။ ကျနော်တို့ ကေအိုင်အိုအဖွဲ့က စောင့်နေ တုန်းပဲ။ ဘာဖြစ်လို့ ကြာလဲ မသိဘူး။ PCG အဖွဲ့က မေးနေတယ်။ သူတို့ အဆက်အသွယ်လုပ်နေတယ်။ မေးမြန်းနေပါတယ်”ဟု မြစ်ကြီးနားမြို့ KIO နည်းပညာ အထောက်အကူပြုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါး က ပြောသည်။
တိုက်ပွဲအခြေအနေများ စုံစမ်းစစ်ဆေးရန် KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သောအဖွဲ့ကလည်း ယနေ့ထိ မြစ်ကြီးနားမြို့ KIO ရုံးတွင် စောင့်နေသည်ဟု သူက ပြောသည်။

တာချီလိတ်လေဆိပ် တွင် Asian Wings လေယာဉ် ပြေးလမ်းပေါ်၌ ဘီးပေါက်မှုဖြစ်ပွား

ယနေ့ မေ ၂ ရက်၊ ညနေ ၃ နာရီ ၅ မိနစ်ခန့်က တာချီလိတ် လေဆိပ်တွင် Asian Wings လေယာဉ် (XY-AJQ) သည် တာချီလိတ် - မြစ်ကြီးနား၊ မန္တလေး ခရီးစဉ်အဖြစ် ခရီးသည် (၄၄)ဦး နှင့် လေယာဉ်ဝန်ထမ်းများ လိုက်ပါလျက် လေယာဉ်ပြေးလမ်းပေါ်၌ စတင် ပျံသန်းထွက်ခွာ ရန် ပြင်ဆင်စဉ် မတက်နိုင်သဖြင့် လေယာဉ် ကွင်းရှိရာ သို့ ပြန်လည်ကွေ့ ခဲ့ရကြောင်း သိရသည်။

ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၃ ဦး သည် ဧပြီလ ၃၀ ရက်နေ့၌ တောင်ယာ လုပ်ကိုင်နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့်လာရွေးရန် ပြောဆို သွားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
“ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေ လည်း စိတ်ပူနေကြတာပေါ့၊ တိုက်ပွဲတွေပြန်ဖြစ်လာလို့ စီးပွားရေးက အဆင်မပြေတဲ့ကြားထဲ သူတို့က လူဖမ်းပြီး ငွေနဲ့လာရွေး ခိုင်းတော့ အကုန်လုံးဒုက္ခရောက်ကုန်တာပေါ့ ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
“ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာလုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာတော့ ကျွန်တော်တို့မှာ တော်တော်လေး ဒုက္ခရောက်ကြပါတယ်၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။

Saturday, 2 May 2015

ရေဆိုးစွန့်ပစ်သည့်အရက်ချက်စက်ရုံများကို တောင်သမန်အင်းသူကြီးတရားစွဲဆိုသွားမည်

တောင်သမန်အင်းထဲသို့ရေဆိုးများစွန့်ပစ်သည့်အရက်ချက်စက်ရုံများအားလာမည့်အပတ်တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းတောင်သမန်အင်းသူကြီးဦးချစ်ခိုင်ကပြောသည်။
တောင်သမန်အင်းထဲသို့ စီးဝင်နေသည့် ပရံတော်ချောင်းအတွင်းသို့အဆိုပါအရက်ချက်စက်ရုံများမှာ ရေဆိုးများအလုံးအရင်းနှင့်စွန့်ပစ်သည့်အတွက်အင်းအတွင်းရှိ ငါးထောင်ချီသေဆုံးခဲ့ရပြီးအင်းပျက်စီး စေသောကြောင့်ယခုလိုတရားစွဲဆိုရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဦးချစ်ခိုင်က ပြောသည်။
“တောင်သမန်အင်းထဲကို ရေဆိုးမစွန့်ထုတ်ဖို့အကြိမ်ကြိမ်စာပို့ပါတယ်။စက်ရုံတွေက လိုက်နာခြင်းမရှိသလို
စက်ရုံတွေကိုတားမြစ်ကြီးကြပ်ရမယ့် စည်ပင်ကလည်းအလုပ်မလုပ်ပါဘူး။ အချက်အလက်ခိုင်မာအောင်စုဆောင်းပြီးရင် စက်ရုံတွေသာမကတာဝန်ရှိတဲ့ ဝန်ထမ်းတွေကိုပါ တရားစွဲဆိုသွားမှာဖြစ်ပါတယ်”ဟု
၎င်းကအတည်ပြုပြောကြားသည်။

KNU တပ်မဟာ (၂) နယ်မြေမှာ အစိုးရလေတပ်ကဗုံးကျဲ

အသံဖိုင် နားထောင်ရန်နဲ့ ရယူရန်နားထောင်ရန်  အသံဖိုင်ယူရန်
တောင်ငူခရိုင် KNU/KNLA တပ်မဟာ (၂) ဌာနချုပ်အနီးမှာ မြန်မာအစိုးရလေတပ်က ဗုံး (၃) လုံးကျဲချခဲ့တဲ့အတွက် အနီးတဝိုက်ဒေသခံတိုင်းရင်းသားတွေ စိုးရိမ်မကင်း ဖြစ်နေတယ်လို့ သိရပါတယ်။
မြန်မာ့တပ်မတော်-လေက ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာကျဲချခဲ့တာလို့ KNU တွဲဘက် အတွင်း ရေးမှူး (၁) ပဒိုစောသောသီဘွဲက RFA ကိုပြောပါတယ်။
"၂၉ ရက်နေ့ နံနက် ၈ နာရီခွဲလောက်မှာ ၂ လုံးဗုံးကျဲတယ်၊ နောက်ပြီးတော့ ၃၀ ရက်နေ့ ၁၁ နာရီ မှာ နောက်ထပ် ၁ လုံးကျဲတယ်၊ အခုဗုံးကျတဲ့ နေရာက ရွာသူ၊ ရွာသားတွေ၊ လူထုတွေ၊ နောက်ပြီး ခြံတွေ၊ ကိုင်းတွေ၊ နေထိုင်တဲ့ နေရာဒေသဖြစ်တယ်၊ ထို့နည်းတူဘဲ ကျနော်တို့ရဲ့ဌာနချုပ်နဲ့လည်း အလွန်နီးစပ်နေ ပါတယ်"

အိမ်ထောင်ရေး ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူးဆိုတာ အစကတည်းက ဒီအချက်တွေကို ကြည့်ပြီး ခန့်မှန်းနိုင်


အိမ်ထောင်ပြုတော့မယ်ဆိုကတည်းက ဒီအိမ်ထောင်ရေးဟာ ခိုင်မြဲပါ့မလား ဆိုတာ ကြိုတင်တွက်ဆကြည့်နိုင်ပါတယ်။ အတိအကျကြီး မဟုတ်တောင် အကြမ်းဖျင်းအားဖြင့်တော့ ဒီအချက်လေးတွေက သင်တို့ အိမ်ထောင်ရေး ခိုင်မြဲမှုရှိပါ့မလားဆိုတာ ပြောပြပေးပါလိမ့်မယ်။ Emory တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လေ့လောတွေ့ရှိချက်ကတော့ လက်ထပ်ပြီးသား စုံတွဲ ၃၀၀၀ကျော်ကို ဆန်းစစ် မေးမြန်းရာကနေ ခုလို အချက် (၆)ချက်ကို ဖော်ထုတ်နိုင်ခဲ့တာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရုပ်အလောင်းတွေ ထိုင်းတောင်ပိုင်းမှာတွေ့


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀ကျော်ရဲ့ရုပ်အလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း လူကုန်ကူး လေ့ရှိတဲ့ လမ်းကြောင်းပေါ်မှာ သောကြာနေ့က ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အလောင်း ရှာတွေ့တဲ့နေရာဟာ မလေးရှားနယ်စပ်နဲ့နီးတဲ့ ထိုင်းနိုင်ငံ Songkhla ဆုန်ခလာခရိုင် Sadao ဆာဒါအို ဒေသမှာဖြစ်ပြီး လှေစီးဒုက္ခသည် တွေကို လူကုန်ကူးသူတွေက ယာယီ ထိန်းသိမ်းထားလေ့ရှိတဲ့ နေရာလဲ ဖြစ်ပါတယ်။

အေးရှားဝင်း လေယာဉ်တစ်စီး တာချီလိတ်လေဆိပ် အတက်၌ မတက်နိုင်ရာမှ ဘီးပေါက်မှုဖြစ်


အေးရှားဝင်း လေယာဉ်တစ်စီးသည် အတက်၌ ဘီးပေါက်၍ ခရီးသည်များ အထိတ်တလန့် ဖြစ်သွားခဲ့ရသည့် ဖြစ်စဉ်တစ်ခု တာချီလိတ် လေယာဉ်ကွင်း တွင် ယနေ့ မေလ(၂)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Thursday, 30 April 2015

ထိုင်းတွင် ထရပ်ကားတစ်စီးအတွင်း၌ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖမ်းမိ

ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် တရားမဝင်မြန်မာရွှေ့ပြောင်းသူများ ကို တွေ့ရစဉ်။ ဓာတ်ပုံ-Bangkok Post
အမိုးပါ ထရပ်ကားငယ်တစ်စီး အတွင်း တွင် ပြွတ်သိပ်လိုက်ပါလာ သော တရားမဝင်မြန်မာရွှေ့ပြောင်း သူ ၂၆ ဦးကို ယနေ့နံနက်က ကန် ချနာဘူရီရှိ Muang ခရိုင်တွင် ဖမ်း ဆီးခဲ့သည်။

ကျောက်တော်တွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်၍ ပြည်သူများ အထူးစိုးရိမ်ဟု ANP ဆို

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AA (ရက္ခိုင့်တပ်မတော်) နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ ပြည်သူများကို တပ်မတော်က သံသယဖြင့် ဖမ်ဆီး၊ နှိပ်စက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများ အထူးစိုးရိမ်သောက ရောက်နေကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းသို့ စိုးရိမ်သောက် ရောက်နေသဖြင့် ဒေသအာဏာပိုင်များ အနေနှင့် အပြစ်မဲ့ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် တိုက်တွန်းကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံသားမဟုတ်သူများကို ပါတီဝင်အဖြစ်မှ ရပ်စဲရေးဥပဒေအရ ဒီချုပ်ပါတီဝင် ခုနစ်ထောင်ကျော် ရပ်စဲခံခဲ့ရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒသဘောထားရယူပွဲသို့ တက်ရောက်လာသော ပါတီဝင်များနှင့်ပါတီထောက်ခံသူများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
နိုင်ငံသားမဟုတ်သူများ ကို ပါတီဝင်များအဖြစ်မှ ရပ်စဲရန် ပြင်ဆင်လိုက်သည့် ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အနေဖြင့် ပါတီဝင် ၇,၀၀၀ ခန့်ကို ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၅ သမ္မတလောင်း ရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောကြား

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး သမ္မတလောင်းအဖြစ် ရွေးချယ်ခံမည့် ပုဂ္ဂိုလ်များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။ 

ဒုတိယစီးရီးကို ‘အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို’ လို့အမည်ပေးလိုက်တဲ့ ပိုပို

အဆိုတော်ပိုပိုက ၎င်း၏ ဒုတိယတစ်ကိုယ်တော်အခွေကို ‘အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို’ ဟု အမည်ပေး ထားပြီး မေလအတွင်းကျရောက်မည့် (၂၅)နှစ်ပြည့်မွေးနေ့တွင် ဖြန့်ချိပေးမည် ဖြစ်ကြောင်း ပိုပိုကပြော သည်။

မိုင်းလားဘက်မှ သယ်ဆောင်လာပြီး ကျပ်သန်းပေါင်း (၁၄၈.၄၅)သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကျိုင်းတုံ၌ ဖမ်းမိ


ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ ၀မ်တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ် သန်းပေါင်း (၁၄၈.၄၅)သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ၂၀၁၅ခုနှစ် ဧပြီလ(၂၈)ရက် ညနေက မူးယစ် တပ်ဖွဲ့စု (၂၈)ကျိုင်းတုံပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သိရသည်။

ကားများကို TNLA ဆက်ကြေးကောက်၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်

TNLA တပ်ဖွဲ့က ကွတ်ခိုင်−မူဆယ်လမ်းပိုင်းကိုပိတ်ဆို့ကာ ယာဉ်များအား ဆက်ကြေးကောက်ခံနေစဉ် (ကံသာ/မြန်မာ့ခေတ်)
ကွတ်ခိုင်-မူဆယ်လမ်း ပိုင်းကို ပိတ်ဆို့ကာ တအာင်န်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်ကြေးငွေကောက်ခံနေခြင်းကြောင့် အစိုးရတပ်မတော်က တားဆီးခဲ့ပြီး တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ရာ တပ်မတော်မှ တပ်ကြပ်တစ်ဦးကျဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

တိုင်းရင်းသား လက်နက်ကိုင် များဆွေးနွေးပွဲသို့ ကိုးကန့်အဖွဲ့မှ စစ်ဦးစီးချုပ် အပါအဝင် သုံးဦးတက်မည်

'ဝ' ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမြို့တွင် ကျင်းပမည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ တွေ့ဆုံဆွေးနွေးပွဲ သို့မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)မှ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နှင့်ပြောရေးဆို ခွင့်ရှိသူတို့ ကိုယ်စားလှယ် သုံးဦး တက် ရောက်ရန် ဧပြီ ၂၉ ရက်က ဆုံးဖြတ် လိုက်သည်။

ပရီးမီးယားလိဂ်ကို အသင်းတစ်သင်းတည်းက လွှမ်းမိုးထားရန် မဖြစ်နိုင်ဟု မော်ရင်ဟို မှတ်ချက်ပြု

လာမည့်နှစ်ပိုင်းများအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကလပ်အသင်းတစ်ခုတည်းက ကြီးစိုး လွှမ်းမိုးထားမည့် အခြေအနေမျိုး ရှိနိုင်တော့မည် မထင်ကြောင်း ဟိုဆေးမော်ရင်ဟိုက မှတ်ချက်ပြု ပြောကြားလိုက်သည်။

ပန်ဆန်းဆွေးနွေးပွဲ သုံးရက်တိုး ပြုလုပ်မည်

‘ဝ’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) ဌာနချုပ် ပန် ဆန်း(ပန်းခမ်း)၌ မေလ ၁ ရက် တွင် စတင်ပြုလုပ်မည့် အစည်း အဝေးကို ယခင်သတ်မှတ်ထား သည့် သုံးရက်အစား ခြောက်ရက် ကြာပြုလုပ်ရန် စီစဉ်လိုက် ကြောင်း UWSP/UWSA ပြင်ပ ဆက်ဆံရေးဌာန တာဝန်ရှိသူက ပြောသည်။
UWSP/UWSA က အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အစည်း အဝေးတွင် လက်ရှိမြန်မာ့ငြိမ်း ချမ်းရေးအခြေအနေ၊ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုင်ရာကိစ္စတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များရရှိရန် အလုပ်သမားနေ့တွင် ဆန္ဒပြမည်

မေလ ၁ ရက်(အလုပ် သမားနေ့)တွင် လှိုင်သာယာစက် မှုဇုန်များရှိ အလုပ်သမား ၅၀၀ ကျော်တို့သည် အလုပ်သမားအခွင့် အရေး ရပိုင်ခွင့်များရရှိရန် ဗဟန်း မြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းမှ တာ မွေမြို့နယ်ရှိ လူထုဟစ်တိုင်သို့ ချီတက်ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက်တွင် ဆန္ဒပြရန် စီစဉ်နေကြသော လှိုင်သာယာ စက်မှုဇုန်များရှိ အလုပ်သမား ၂,၀၀၀ ကျော်က မရမ်းကုန်းမြို့နယ် စစ်ကြောင်း၊ အင်းစိန်မြို့နယ် စစ်ကြောင်းနှင့် ကမာရွတ်မြို့နယ် စစ်ကြောင်းဟူ၍ အလုပ်သမားစစ်ကြောင်း သုံးကြောင်းဖြင့် ကမာရွတ် လှည်းတန်းလမ်းဆုံအထိ ချီတက်ဆန္ဒပြရန် အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း အင်အား ၅၀၀ ခန့်ဖြင့် ဗိုလ်စိန်မှန်ကွင်းမှ လူထုဟစ်တိုင်ထိသာ ခွင့်ပြုချက် ရရှိခဲ့ကြောင်း အလုပ်သမား ဆန္ဒပြတောင်းဆိုမှုကို ဦးဆောင်မည့် ရှေ့နေဦးဌေးက ပြောသည်။

ဖြူးမြို့နယ်တွင် သံဃာတော်များအပါအ၀င် လူနှစ်ရာကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

ဖြူးမြို့နယ်၊ ကညွတ် ကွင်းမြို့၊ ရွာကန့်လန့်ကျေးရွာ တွင် နာရေးဆွမ်းသွတ်အလှူမှ ကျွေးသော ထမင်းနှင့် ဟင်းများ စားသုံးရာမှ သံဃာတော်များ အပါအ၀င် လူနှစ်ရာကျော် အစာအ ဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၉ ရက် နံနက်က ကညွတ်ကွင်းမြို့အနောက်ရှိ ရွာ ကန့်လန့်ကျေးရွာတွင် နာရေး ဆွမ်းသွတ်အတွက် ၀က်သား ဟင်း၊ အချဉ်သုပ်၊ ပဲဟင်းတို့ဖြင့် ကျွေးမွေးရာ သံဃာတော်များ အပါအ၀င် နာရေးဆွမ်းသွတ်သို့ လာရောက်သော လူနှစ်ရာကျော် အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။