Saturday, 26 April 2014

ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်

Photo: ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်
Saturday, April 26, 2014

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာညီပုလေးက ပြောပါတယ်။
"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက် လူတွေ လက်ဆင့်ကမ်းပြီး ဆရာ့ကို ကိုယ်စားပြုတဲ့ကောက်နှုတ်ချက် တစ်ခုခုတော့ ဖြစ်မှာပေါ့ဗျ၊ ကျနော်တို့ ဥာဏ်ကြီးကြီး၊ခေါင်းကြီးကြီး နဲ့ ရွေးကြမှာပေါ့၊ဒါပေမဲ့ အချိန်ယူပြီး လုပ်ကြမှာပေါ့"
တောင်လေးလုံးကျောင်းတိုက်မှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမြသန်းတင့် ၊ ဆရာတင်မိုး၊ ဆရာဒေါက်တာ သန်းထွန်း စတဲ့ အထင်ကရ စာရေးဆရာကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်စာတွေ ကို ရေးထိုးပြီး မှတ်တမ်းတင်ထားတယ်လို့သိရပါတယ်။

ဆရာဦးဝင်းတင်ဟာ ၁၉၆၈ ခုနှစ်ကစပြီး ၁၉၇၈ ခုနှစ်အထိ မန္တလေးမြို့မှာ ဟံသာဝတီသတင်းစာကို ဦးစီးထုတ်ဝေခဲ့ပြီး သတင်းစာပညာနဲ့ မန္တလေးမြို့ ခံတွေအပေါ် သြဇာကြီးခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဆရာဦးဝင်းတင် အတွက်ရည်စူးပြီး သံဃာ ၅ ပါးကို ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်း အမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေးက ပြောပါတယ်။

"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက်

နိုင်ငံတကာ စစ်ရေးအကဲခတ်တွေကို ယူကရိန်းက ရုရှားလိုလားသူတွေ ဖမ်းဆီး

Photo: နိုင်ငံတကာ စစ်ရေးအကဲခတ်တွေကို ယူကရိန်းက ရုရှားလိုလားသူတွေ ဖမ်းဆီး
Saturday, April 26, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။

သူတို့နဲ့အတူ ယူကရိန်းစစ်ဘက် တာဝန်ရှိသူတဦး လိုက်ပါလာတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အဲဒီမြို့ရဲ့ မြို့တော်ဝန် အဖြစ် ကိုယ့်ကိုယ်ကို ကြေညာထားတဲ့ Vyacheslav Ponomarev က ပြောပါတယ်။

ဂျာမနီနိုင်ငံ ဦးဆောင်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ OSCE အဖွဲ့က Twitter စာမျက်နှာ မှာ ရေးပါတယ်။

ဒီလုပ်ရပ်ဟာ ဆိုးရွားပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ရုရှားလိုလားသူများ Slovyansk မြို့ကို လုံခြုံရေးယူထား။ (ဧပြီ ၂၅၊၂၀၁၄)
VOA
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပ တိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။

မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး

Photo: မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး
Saturday, April 26, 2014

မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ဖော်ကိုင်ဖက်များအုပ်စု အနေနဲ့ မြန်မာနိုင်ငံရဲ့  ပြောင်းလဲဖြစ်ထွန်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် အခြေအနေနဲ့ ပါတ်သက်ပြီး အကြမ်းဖက်မှုလှုံ့ဆော်သူ အမုန်း တရားဟောပြော သူတွေကို အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်လို့ ဖော်ပြ ထားပါတယ်။ နိုင်ငံသားဖြစ်မှုကိစ္စကိုလည်း ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ နိုင်ငံတကာက ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့  ဖိအားပေးမှုကိုလည်း အဖွဲ့ဝင်တွေက ကြိုဆိုကြပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ဆွေးနွေးကြပြီး အသွင်ကူးပြောင်းရေးကို ကူညီသွားဖို့ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
VOA
မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့ အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေး ကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကဲ...ကဲ...သင်္ကြန်းးးပီတော....ပြောစရာလေးးတွေ....ဗျာ...


ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် မိုင်းတင်း ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး


Myanmar Online News's photo. ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တောင်နောက်ကျေးရွာ ငြိမ်းချမ်းရေးကုန်း ဘုရား၊ နတ်စင်အနီးတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက မိုင်းတင်းကျေးရွာမှ ပြည်သူ့စစ်ခေါင်း ဆောင်နှင့်အဖွဲ့ စီးနင်းလာသော မော်တော် ယာဉ်ငယ်အား ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦးက လိုက်လံပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဆိုင်ကယ်စီး လက်နက်ကိုင်တစ်ဦးသေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး လက်နက်ငယ်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ်စီးလက်နက်ကိုင်သူနှစ်ဦးအား မည်သည့်အဖွဲ့မှ ဖြစ် သည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်
===========================================
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။

အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

lu minjရုပ်ရှင်အစည်းအရုံး အမှုဆောင်နေ ရာ ရွေးချယ်ပွဲကိုတော့ ဘယ်အချိန်မှာ စမယ်ဆိုတာ မသိရသေးပါဘူး။

ဒါရိုက်တာကြည်စိုးထွန်း ကတော့ ရုပ်ရှင်လောက အလွှာအသီးသီး က ကော်မရှင် အဖွဲ့တွေ ခေါ်ထားတဲ့ အဆင့်ပဲရှိသေးပြီး နာယကတွေ နဲ့ ရွေးချယ်တာမျိုးမဟုတ်ဘဲ အများဆန္ဒပဲ သွားမယ်လို့ ပြောပါတယ်။

မဲပေးမယ့် လူစာရင်းတွေ၊ အရွေးချယ်ခံပိုင်ခွင့် ရှိတဲ့လူစာရင်းကိုလည်း အများသဘောတူ ရွေးချယ်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ရဦးမှာဖြစ်သလို အဲ့ဒီစာရင်းတွေကိုလည်း အသိးပေးကြေညာသွားမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာအတွက် အချိန်ပေးနိုင်တဲ့၊ တက်ကြွတဲ့ လူတွေ ဖြစ်နိုင်ရင်တော့ ကောင်းတယ်လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။

အလားတူ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း အမှုဆောင်သစ် ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပေမယ့် ရုပ်ရှင်လောကအတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်နိုင်တဲ့ လူမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ကို ရုပ်ရှင်လောကသား အများစုရဲ့ ဆန္ဒနဲ့ ၂၀၁၂ ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ဦးလူမင်းမတိုင်ခင် ဦးဇင်ဝိုင်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။       

အသံဖိုင်နာစဉ်ရန်

DVB

https://soundcloud.com/dvbradio
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။
အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပတွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို
တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွားပုံကို တွေ့မြင်ရမည် ဖြစ်သည်။

ကင်ဆာ အကျိတ်များ ကင်းစင် သွားပုံ၌ အနက်ရောင် အစက်အပြောက် တချို့မှာ ကျောက်ကပ် နှစ်လုံးနှင့် ဆီးအိမ်သာ ဖြစ်သည်။ အဆိုပါဆေးအား မန်ချက်စတာမြို့ The Christie ဆေးရုံ၌ တခြား ကင်ဆာ ဝေဒနာရှင် များနှင့် စမ်းသပ် ကုသလျက် ရှိပြီး အလွန် အောင်မြင်နေကြောင်း သိရသည်။ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS ရှိ Non-Hodgkin’s Lymphoma ရှားပါးကင်ဆာ ခံစားနေရသူ ၁၅ဝဝ ခန့်ကို အဆိုပါဆေးဖြင့်
နှစ်စဉ် ကုသပေးနေပြီ ဖြစ်သည်။ “ဒီဆေးနဲ့သာ မကုခဲ့ရင် ကျွန်တော့်ကို ဒီနေ့ တွေ့မြင်ရဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ကင်ဆာ အကျိတ် ၆ဝ-၇ဝ လောက် ပျံ့နေတာ။ ကုသမှု ရလဒ်ကိုကြည့်ပြီး ကျွန်တော့်ရဲ့ အထူးကု ဆရာဝန်တောင် အံ့သြသွားတယ်” ဟု ဘော်လ်တန်မြို့မှ စက်ပြင်ဆရာ မစ္စတာဘရုစ်က ပြောကြားခဲ့သည်။

Search Myanmar
အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပ တွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွား ပုံကို တွေ့မြင် ရမည် ဖြစ်သည်။

အပူချိန်မြင့်မားလာမှုကြောင့် မြစ်သာမြစ်ရေတစ်နှစ်ထက်တစ်နှစ်ခန်းခြောက်လာ

ချင်းပြည်နယ် မတူပီမြို့နယ်မှ စတင်မြစ်ဖျားခံ စီးဆင်း လာသော မြစ်သာမြစ် သည် အပူချိန်မြင့်မား လာမှုကြောင့် တစ်နှစ် ထက်တစ်နှစ် ခန်းခြောက် လာမှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“မြစ်သာမြစ်ဆိုတာ ချင်းတွင်းမြစ်ရဲ့ အဓိကမြစ်လက်တက်ကြီးတစ်ခုပါ။ ချင်းတွင်းမြစ်ထဲကို ကလေးဝ မြို့ ရွှေမုဋ္ဌောစေတီ အနီးမှာ ပေါင်းဆုံသွား တာပါ။ မြစ်ရေကတော့ တစ်နှစ်ထက် တစ်နှစ်ဆိုသလို နည်းနည်း လာပါ တယ်။
တောတွေက လည်းပြုန်း၊ ရေဝေရေလဲတွေကလည်း ပျက်စီးလာတာေ ကြာင့် မြစ်တွေချောင်းတွေ ခန်း ခြောက်လာပါတယ်”ဟု ကလေး ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

Friday, 25 April 2014

အစိုးရ၏ ထောက်ပံ့မှုများ ဖြတ်တောက်ခြင်းကြောင့် အီရန်တွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်

Photo: အစိုးရ၏ ထောက်ပံ့မှုများ ဖြတ်တောက်ခြင်းကြောင့် အီရန်တွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်
Friday, April 25, 2014

အီရန်တွင် အစိုးရမှ ဓာတ်ဆီများအပေါ် ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ညတွင်းချင်းပင် ဓာတ်ဆီဈေးနှုန်းများ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အီရန်နိုင်ငံသားများမှာ ဖြတ်တောက်မှု မတိုင်ခင်အတွင်း ၎င်းတို့၏ ကားများကို ဆီဖြည့်ရန် အပြေးအလွှား လုပ်ဆောင်ခဲ့ကြကြောင်း သတင်းများက ဆိုသည်။

အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် ဆိုးရွားစွာ ထိခိုက်နေသည့် အီရန်နိုင်ငံ၏ စီးပွားရေးကို ၎င်းလုပ်ဆောင်မှုဖြင့် အထောက်အကူပြုနိုင်ရန် သမ္မတ ဟာဆန်ရိုဟာနီ အစိုးရမှ မျှော်လင့်လျက်ရှိသည်။

ဆီဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း အီရန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဓာတ်ဆီဈေးနှုန်း အချိုသာဆုံးနိုင်ငံများ စာရင်းဝင်ဖြစ်နေဆဲ ဖြစ်သည်။ သို့ရာတွင် နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူများ၏ လေးပုံတစ်ပုံခန့်မှာ အလုပ်လက်မဲ့များ ဖြစ်ကြသည့်အတွက် ဈေးနှုန်းမြင့်တက်မှုကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ကြောင်း လေ့လာဆန်းစစ်သူများမှ ပြောဆိုကြသည်။

ဓာတ်ဆီဈေးနှုန်းမှာ ရေသန့်ဗူးဈေးနှုန်းထက် ပိုမို ချိုသာနေသည့်အတွက် အစိုးရ၏ ဓာတ်ဆီအပေါ်တွင် အထောက်အပံ့ပေးမှုများကို အပြစ်တင်ခဲ့ကြသည်။ ယာဉ်တစ်စီးချင်းစီအတွက် ကန့်သတ်ပမာဏ သက်မှတ်ထားသည့် အစိုးရမှ အထောက်အပံ့ပေးထားသော ဓာတ်ဆီဈေးနှုန်းမှာ ၁ လီတာလျှင် ၀.၁၆ အမေရိကန်ဒေါ်လာနှုန်း ရှိခဲ့ပြီး ညတွင်းချင်းပင် တစ်လီတာလျှင် ၀.၂၈ အမေရိကန်ဒေါ်လာနှုန်း မြင့်တက်ခဲ့သည်။ ကန့်သတ်ထားသည့် ပမာဏ၏ ပြင်ပဈေးကွက်တွင် တစ်လီတာလျှင် ၀.၃၉ အမေရိကန်ဒေါ်လာအထိ ဈေးနှုန်း ရောက်ရှိခဲ့သည်။ ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများမှာလည်း အလားတူပင် မြင့်တက်လာခဲ့သည်။

ဈေးနှုန်းချိုသာသည့် လောင်စာဆီများကို ၂၀၀၇ ခုနှစ်အတွင်းက ပထမဆုံး အကြိမ်အဖြစ် ရာရှင်စံနစ်ဖြင့် ရောင်းချခဲ့ခြင်းကြောင့် ဓာတ်ဆီဆိုင် တစ်ချို့တွင် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်သွားပြီး နောက်ပိုင်းတွင် မည်ကဲ့သို့ မငြိမ်မသက်ဖြစ်မှုမျိုးကိုမှ သိရှိရခြင်း မရှိသေးပေ။

“ ပြည်နယ်ဒေသကြီးတွေ၊ မြို့နယ်တွေနဲ့ ကျေးလက်ဒေသတွေမှာ ဒီအစီအစဉ်ကို လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ နှစ်လကြောအောင် ပြင်ဆင်ဆောင်ရွက်ခဲ့ရပါတယ် ” ဟု ပြည်ထဲရေး ဝန်ကြီး အဗ္ဗဒိုရီဇာဖဇ်လီမှ ပြောဆိုခဲ့သည်။

ယခုနှစ်အတွင်းတွင် အီရန်၌ လျှပ်စစ်ဓာတ်အားခ ၂၄ ရာခိုင်နှုန်းနှင့် ရေဈေးနှုန်းများ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်လုပ်ဆောင်မှုများကို လျော့ချပြီး နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရန် သမ္မတ ရိုဟာနီမှ ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် လတ်တလောကာလတွင် ဆွေးနွေးလျက် ရှိသည်။

BBC Burmese
အီရန်တွင် အစိုးရမှ ဓာတ်ဆီများအပေါ် ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ညတွင်းချင်းပင် ဓာတ် ဆီဈေးနှုန်းများ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယခုနှစ်တွင် ကြုံတွေ့ရမည့် မိုးဝင်နောက်ကျမှု

Photo: ယခုနှစ်တွင် ကြုံတွေ့ရမည့် မိုးဝင်နောက်ကျမှု
Friday, April 25, 2014

ယခုနှစ်မှာ မုတ်သုန်လေဦးများ အားပျော့မှုကြောင့် မုတ်သုတ် ၀င်ရောက်မှု နောက်ကျမှာဖြစ်တယ်လို့ မိုးလေ၀သပညာရှင်တစ်ဦးရဲ့  
သုံးသပ်ချက်အရ သိရပါတယ်။ 

ဒီလိုမိုးဝင်ရောက်မှု နောက်ကျရခြင်း အကြောင်းနဲ့ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။ဒီလိုမိုးဝင်ရောက်ရာမှာလည်း မြန်မာနိုင်ငံတောင်ပိုင်းမှ စတင်ဝင်ရောက်လာမှာဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးမှာတော့ မိုးဝင်ရောက်မှုဟာ အရင်နှစ်များထက် တစ်လနီးပါးခန့် နောက်ကျနိုင်ဖွယ် ရှိတယ်လို့သုံးသပ်ထားပါတယ်။
 
ဒါ့အပြင် မြစ်ဝကျွန်းပေါ်ဒေသများကိုတော့ လာမယ့်မေလ(၂၀)ရက်မှ (၂၅)ရက်ကြားမှာ ၀င်ရောက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းချက်အရ သိရပြီး  မြန်မာနိုင်ငံအလယ်ပိုင်းကိုတော့ လာမယ့်မေလကုန်လောက်မှာ မုတ်သုန်စတင် ၀င်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

MRTV-4
ယခုနှစ်မှာ မုတ်သုန်လေဦးများ အားပျော့မှုကြောင့် မုတ်သုတ် ၀င်ရောက်မှု နောက်ကျမှာဖြစ်တယ်လို့ မိုးလေ၀သပညာရှင်တစ်ဦးရဲ့  သုံးသပ်ချက်အရ သိရပါတယ်။

မြေကမ္ဘာနေ့ (သို့) မြန်မာပြည်အတွက် အပူဆုံးနေ့တစ်နေ့

ဧပြီ ၂၂ ရက်သည် မြေကမ္ဘာနေ့ ဖြစ်သည်။ ဧပြီ ၂၂ ရက်သည် ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်း အမြင့် ဆုံးနေ့ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် တစ်နှစ်ပတ်လုံးအတွင်း ထိုနေ့၏ ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်းသည် ၁၅ ဒသမ ၁ ဖြင့် အမြင့်ဆုံးတန်ဖိုးကို ဧပြီ ၂၃ ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ကယားပြည်နယ် တို့တွင် ကြုံတွေ့ရနိုင် ဖွယ်ရှိသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Friday, April 25, 2014

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့
 
ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊  ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။
 
နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ ရန်ကုန်မြိုနဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

MRTV-4
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ အများအားဖြင့် သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့  ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊  ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့မှာ တိမ် အသင့်အတင့် ဖြစ်ထွန်းပါမယ်။

တယ်လီနောမြန်မာမှ မေလဆန်းပိုင်းတွင် အပြီးသတ်ဆောက်လုပ်သွားမည့်

Photo: တယ်လီနောမြန်မာမှ မေလဆန်းပိုင်းတွင် အပြီးသတ်ဆောက်လုပ်သွားမည့် Friday, April 25, 2014

တယ်လီနောမြန်မာအနေနဲ့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်တို့ အတွက် ခွဲခြားပြီး Data Center(၂)ခုကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ထားရှိသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ 

အခုလိုထားရှိသွားမယ့် ဒေတာစင်တာတွေကို ရန်ကုန် တိုင်းဒေသကြီး မှာ ဆောက်လုပ်ပြီးစီးခဲ့ကာ မန္တလေးတိုင်းဒေသကြီးအတွက်ကိုတော့ လက်ရှိမှာဆောက်လုပ်နေပြီး မေလဆန်းပိုင်းမှာ အပြီးသတ်ဆောက် လုပ်သွားမယ်လို့ တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အခုလို ထားရှိသွားမယ့် ဒေတာစင်တာတွေမှတစ်ဆင့် တာဝါတိုင်တွေ၊ pay station တွေမှ တစ်ဆင့် အသုံးပြုသူတွေထံကို မိုဘိုင်းဝန်ဆောင်မှုတွေ ကို ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် Data Centerဟာ အဓိကကျတဲ့ လိုအပ်ချက်ဖြစ်တယ်လို့ သိရှိရပါတယ်။
 
ပြည်တွင်းမှာ ဆက်သွယ်ရေး တယ်လီနောမြန်မာအနေနဲ့ လုပ်ကိုင်ခွင့် တရားဝင်ရရှိခဲ့တဲ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နောက်ပိုင်းမှစတင်ပြီး လုပ်ငန်းတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တာဝါတိုင်ဆောက်လုပ်ခြင်းတွေကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီး (၈)လအတွင်း တယ်လီနော မြန်မာအနေနဲ့ ပြည်သူတွေကို မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

MRTV-4
တယ်လီနောမြန်မာအနေနဲ့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်တို့ အတွက် ခွဲခြားပြီး Data Center (၂)ခုကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ထားရှိသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

အမေရိကမှာ အမြင့်ဆုံး ဈေးနဲ့ ရောင်းချခဲ့တဲ့ အိမ်

ပုံမှာ မြင်တွေ့ နေရတဲ့ အိမ် တစ်လုံး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ Greenwich မြို့ နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ အိမ်တစ်လုံး ဖြစ်ပါ တယ်။ ရောင်းချ စရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရှိတာ ကြောင့် အမေရိက မှာ ဈေးအကြီးဆုံး နဲ့ ရောင်းချ ခဲ့ရတဲ့ အိမ် အဖြစ် စံချိန် တင်သွား ပါတယ်။

တယ်လီနော တာဝါတိုင် ၂၄၀၀ ဆောက်မည်

Photo: တယ်လီနော တာဝါတိုင် ၂၄၀၀ ဆောက်မည်
Friday, April 25, 2014

လုပ်ငန်း စတင်ပြီး ၁ နှစ်တာ ကာလအတွင်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးက စိုက်ထူထားတဲ့ တာဝါတိုင်အရေအတွက်ကို ကျော်လွန်ပြီး အခြေခံ အဆောက်အဦနဲ့ တာဝါတိုင် စုစုပေါင်း ၂၄၀၀ စိုက်ထူသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

index1တာဝါတိုင် စိုက်ထူရေးအတွက် စင်ကာပူအခြေစိုက် စိမ်းလမ်းသော ဧရာဝတီ နည်းပညာ ကုမ္ပဏီနဲ့ အိန္ဒိယအခြေစိုက် အပိုလိုတာဝါ ကုမ္ပဏီတွေ ကို ဆပ်ကန်ထရိုက် ပေး ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာ့ဆက်သွယ်ရေး ဟာ တာဝါတိုင် ၂၀၀၀ ကျော် စိုက်ထူ ထားပြီး အော်ရီဒူး ကုမ္ပဏီကလည်း တာဝါတိုင်တွေ စိုက်ထူနေ ပါတယ်။

နောက်ပိုင်း အော်ပရေတာတွေအားလုံး တာဝါတိုင်တွေကို မျှဝေ သုံးစွဲကြမယ် လို့ မြန်မာ့ ဆက်သွယ်ရေး တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ဒီဗွီဘီ
လုပ်ငန်း စတင်ပြီး ၁ နှစ်တာ ကာလအတွင်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးက စိုက်ထူထားတဲ့ တာဝါတိုင်အရေအတွက် ကို ကျော် လွန်ပြီး အခြေခံ အဆောက်အဦနဲ့ တာဝါတိုင် စုစုပေါင်း ၂၄၀၀ စိုက်ထူသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ

Photo: ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ
Friday, April 25, 2014

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော်မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ကျွန်မ တာလတ်ရွာက မူလတန်းပြဆရာမပါ။ တာလတ်ရွာမှာ လီဆူးတိုင်းရင်းသားနဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိပါတယ်။ တာလတ်ရွာက သမီးတို့ထွက်ပြေးလာတာ မတ်လဆန်းကပါ။ မှတ်မှတ်ရရ ကျွန်မ ခင်ပွန်းရဲ့ ဖခင်ရက်လည်ပြီးနောက်ရက်ကပါ။ သမီးတို့ ရွာကိုလွန်ခဲ့တဲ့နှစ်ကလည်း ပလောင်စစ်တပ်(TNLA)က စစ်သားတွေလာတယ်။ ရွာမှာပလောင်စစ်သားလာစုဆောင်းတာပါ။ ရွာမှာရှိတဲ့ လူငယ်လူရွယ်တွေကထွက်ပြေးပြီး အမျိုးတွေရှိရာ လားရှိုး၊ နမ္မတူ၊ ကျောက်မဲဘက်ပြေးကြရတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ပလောင်စစ်တပ်က လူသစ်လာစုတယ်။ ဖေဖော်ဝါရီ(၂၈)ရက်နေ့ ညသန်းခေါင်လောက်မှာ လူ ၂ ယောက် ရွာကိုရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ယူနီဖောင်းဝတ်ထားတယ်။ ပလောင်စကားပြောတယ်။ သမီးရဲ့ယောက်ကထီး ဦးမောင်စိန် နဲ့စိုင်းမြင့်အောင်တို့ (၂)ယောက်ကို လာခေါ်သွားတယ်။ သူတို့လာခေါ်တာ ရွာက လူတွေမြင်လိုက်ကြပါတယ်။ နောက်နေ့ မနက်ရောက်တော့ ဦးမောင်စိန်နဲ့ စိုင်းမြင့်အောင်တို့ကို လက်ဖက်ခြံထဲမှာ သေနေတာတွေ့ကြရတော့ တစ်ရွာလုံးကြောက်ကြတယ်။ ဒါနဲ့ ရက်လည်ပြီးနောက်နေ့မှာ ကျွန်မတို့ နေရပ် စွန့်ခွာထွက်ပြေးလာရပါတယ် ’’ ဟု နေရပ်စွန့်ခွာလာသူ မဖြူဖြူဝင်းက ပြောသည်။

“ ဒီရွာကိုရောက်လာတဲ့ လီဆူးအိမ်ထောင်စုပေါင်း(၅၇)အိမ်ထောင်စုပါ လူပေါင်း(၂၇၀)ရှိပါတယ်။ ကလေး သူငယ်(၈၀)လောက်ပါတယ်။ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်း ပါတယ်။ တစ်ရွာလုံးပြေးလာတာ လောလောဆယ်သူတို့ကို အီနိုင်းရွာမှာရှိတဲ့ လီဆူးတိုင်းရင်းသားတွေနေထိုင်ရာ အနီးအနားမှာ နေရာချထားပေး ပါတယ်။ လတ်တလောမှာ သူတို့အလုပ်အကိုင်မရှိတော့ စားဝတ်နေရေးခက်ပါတယ်။ စေတနာရှင်တွေလာပြီး လှူတာ၊ ကူညီတာနဲ့ လောလောဆယ်ဘ၀ရပ်တည်နေကြပါတယ်။ လီဆူးအမျိုးသားအချို့ကတော့ ပြောင်းခြံပိုင် ရှင်တွေက နေ့စားအလုပ်သမားအဖြစ် ခေါ်ခိုင်းနေပါတယ် ” ဟု အီနိုင်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လီဆူးတိုင်းရင်းသားအများစုမှာ လက်ဖက်စိုက်ပျိုးခြင်းအပေါ် လုံးဝမှီခိုဘ၀ရပ်တည်နေသူများဖြစ်ပြီး၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် ဘ၀ကို ရိုးရိုးသားသားဖြတ်သန်းသူများဖြစ်ကြောင်းကိုလည်း လီဆူးတိုင်းရင်းသား လူငယ်တစ်ဦးက “ ပလောင်စစ်တပ်က စားစရာနဲ့ငွေကြေးကောက်ခံတော့ များများမပေးနိုင်ပါဘူး။ လူတွေ ကလည်း ပလောင်စစ်တပ်ထဲ မလိုက်ချင်ကြပါဘူး။ ရိုးရိုးသားသားပဲ လုပ်စားချင်တယ်။ မိသားစုတွေကလည်း များတယ်။ အခုလို နေရပ်စွန့်ပြေးရတော့ လောလောဆယ်အလုပ်ရှာလုပ်ရပါတယ်။ အလုပ်မရွေးလုပ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့စားရတဲ့ငွေနဲ့စားလို့ မလောက်တော့ ခက်တာပေါ့ ” ဟု ပြောသည်။

မမ - ရှမ်းမြောက် (လားရှိုး)
Hot News
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော် မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အာရှ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာအသင်း ထိုင်း၊ အီရန်၊ ယီမင် အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်

Photo: အာရှ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာအသင်း ထိုင်း၊ အီရန်၊ ယီမင် အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်
Friday, April 25, 2014

မြန်မာနိုင်ငံတွင်လက်ခံကျင်းပမည့် ၂၀၁၄ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာအသင်း သည် ထိုင်း၊ အီရန်၊ ယီမင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည်။

အာရှ ယူ၁၉ နောင်ဆုံးအဆင့်ပြိုင်ပွဲ မဲခွဲပွဲကို ယခုလ ၂၄ရက်နေ့ တွင် ရန်ကုန်မြို့ Park Royal ဟိုတယ် တွင် ကျင်းပခဲ့ပြီး အုပ်စု(က)တွင် အိမ်ရှင်မြန်မာ၊ ထိုင်း၊ အီရန်၊ ယီမင်း အုပ်စု(ခ)တွင် ဥဇဘက်ကစ္စတန်၊ သြစတြေလျ၊ ယူအေအီး၊ အင်ဒိုနီးရှား အုပ်စု(ဂ)တွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ် အုပ်စု(ဃ)တွင် အီရတ်၊ မြောက်ကိုရီးယား၊ ကာတာ၊ အိုမန် အသင်းတို့ တစ်အုပ်စုတည်းကျရောက်လျှက်ရှိကြ သည်။
ယင်းပွဲစဉ်များကို ရန်ကုန်နှင့် နေပြည်တော်မြို့တို့တွင် ယခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်နေ့အထိ လက်ခံကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲရောက် ပြိုင်ပွဲဝင်လေးသင်းမှာ ၂၀၁၅ ကမ္ဘာ့ယူ-၂၀ပြိုင်ပွဲအား ၀င် ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

ယခုပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်များကို ၂၀၁၃ခု အောက်တိုဘာလအတွင်း
က ယှဉ်ပြိုင်ခဲ့ပြီး ၁၅သင်း ခြေစစ်ပွဲအောင်ကာ မြန်မာအသင်းမှာ အိမ် ရှင်ဖြစ်သောကြောင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မလိုအပ်ဘဲ ယခုအဆင့်သို့ အလိုလျောက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Popular Myanmar News Journal
မြန်မာနိုင်ငံတွင်လက်ခံကျင်းပမည့် ၂၀၁၄ ယူ-၁၉ပြိုင်ပွဲတွင် မြန်မာအသင်း သည် ထိုင်း၊ အီရန်၊ ယီမင် အသင်း တို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည်။

နေအိမ်အတွင်း အိပ်ပျော်နေစဉ် ဆင်နင်းခံရ၍ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာနှင့် မန်ဖာလေးကျေးရွာတို့တွင် ယခုလ ၂၄ ရက် နံနက် ၄ နာရီအချိန်က ဆင်းတစ်ကောင်က အစွယ်ဖြင့်ထိုးကာ နင်းခဲ့သည့်အတွက် လူနှစ်ဦးသေဆုံးခဲ့သည်ဟု ကလေးဝမြို့နယ် သစ်တောဦးစီးမှူးရုံးက ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဂျပန်အစိုးရက ပညာရေးအပါအဝင် ကဏ္ဍသုံးခုအတွက် ကန်ဒေါ်လာ သန်း ၆၀နီးပါး ထောက်ပံ့

ဂျပန်အစိုးရက မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ဆု ပေးအပ်ရေး စီမံချက်အပါအဝင် ကဏ္ဍသုံးခုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀နီးပါး ထောက်ပံ့ကြေးပေးအပ်သည့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို ဧပြီလ ၂၄ရက်က နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

အာရှယူ ၁၉ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာက အီရန်၊ ထိုင်း၊ ယီမင်တို့နှင့် တွေ့ဆုံ

Photo: အာရှယူ ၁၉ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာက အီရန်၊ ထိုင်း၊ ယီမင်တို့နှင့် တွေ့ဆုံ
Friday, April 25, 2014

လာမယ့် အောက်တိုဘာ ၉ ရက်ကနေ ၂၃ ရက်အထိ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသက် ၁၉ နှစ်အောက် အမျိုးသား အာရှဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (က)မှာ မြန်မာအသင်းဟာ အီရန်၊ ထိုင်း၊ ယီမင်တို့နဲ့ တအုပ်စုတည်းကျခဲ့ပါ တယ်။

unnamed4ဒီပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို ဧပြီ ၂၄ ရက်နေ့ ည ၇ နာရီက ပတ်ခ်ရွိုင်ရယ် ဟိုတယ်မှာ ရေးဆွဲခဲ့ တယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့ လူမှုရေး ကွန်ရက် ဖေ့ဘွတ် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။

မြန်မာအသင်းအနေနဲ့ အမြင့်ဆုံးက ကွာတားနဲ့ ဆီးမီးဖိုင်နယ်အထိ တက်ရောက်နိုင်ဖို့ မှန်းထားတယ်လို့ မြန်မာ့ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။

အုပ်စု (ခ) မှာတော့ ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှား၊ အုပ်စု (ဂ) မှာတော့ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်နဲ့ အုပ်စု (ဃ) မှာတော့ အီရတ်၊ မြောက်ကိုရီးယား၊ ကာတာနဲ့ အိုမန်တို့က တအုပ်စုတည်း ကျရောက်နေပါတယ်။

အာရှ ဘောလုံး အင်အားကြီးနိုင်ငံတွေ တအုပ်စုတည်း ကျရောက်နေတဲ့ အုပ်စု(ဂ)ကိုတော့ အုပ်စုကြပ်အဖြစ် သတ်မှတ်ထားပါတယ်။  ဒီဘောလုံးပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မှာ အုပ်စု ၂ ခုစီ ယှဉ်ပြိုင် ကစားသွားမှာလည်း ဖြစ်ပါတယ်။

အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းက ၁၂ ကြိမ်၊ မြန်မာအသင်းက ၇ ကြိမ်၊ အစ္စရေးအသင်းက ၆ ကြိမ်၊ အီရတ်အသင်းက ၅ ကြိမ်၊ အီရန်အသင်းက ၄ ကြိမ်၊ မြောက်ကိုရီးယားအသင်းမှာ ၃ ကြိမ်၊ ဆော်ဒီအာရေဗျနဲ့ ထိုင်းအသင်းတို့က ၂ ကြိမ်စီနဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဆီးရီးယားနဲ့ အိန္ဒိယအသင်းတို့မှာ ၁ကြိမ်စီ ဗိုလ်စွဲထားကြသည်။

ဒီဗွီဘီ
လာမယ့် အောက်တိုဘာ ၉ ရက်ကနေ ၂၃ ရက်အထိ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသက် ၁၉ နှစ်အောက် အမျိုးသား အာရှဖလား ဘော လုံးပြိုင်ပွဲ အုပ်စု (က)မှာ မြန်မာအသင်းဟာ အီရန်၊ ထိုင်း၊ ယီမင်တို့နဲ့ တအုပ်စုတည်းကျခဲ့ပါ တယ်။