
အောက်တိုဘာ ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်စဉ်
အောက်တိုဘာ ၂၉ ရက် ညပိုင်းက တစ်နာရီကျော်ကြာ
ဓာတ်အားပြတ်တောက်ခဲ့ ရခြင်းမှာ ပြည်မြို့နှင့် မှော်ဘီမြို့နယ်ကြားရှိ
ရွှေတောင်-မြောင်းတကာ မဟာဓာတ်အား လိုင်းကြိုး အနည်းငယ် ပြတ်တောက်မှုကြောင့်
ဖြစ်ပြီး နိုင်ငံတစ်ဝန်း တစ်နာရီခွဲကြာ မီးပြတ်မှု ဖြစ်ပွားခဲ့ရကြောင်း
ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး
မောင်မောင်လတ်၏ ပြောကြားချက်အရ သိရသည်။



![နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်
Tuesday, October 29, 2013
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတားကို အောက်တိုဘာလကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။
"ဘုရင့်နောင် လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတဲ့ အောက်ကဘုရင့်နောင် ခုံးကျော်တံတားကို ဒီလကုန်မှာစပြီး ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ သမိုင်းဘူတာရုံ လမ်းပေါ်က ခုံးကျော်တံတားကတော့ အသုံးပြုခွင့် မရသေးပါဘူး" ဟု ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားသည် နှစ်ထပ်တံတား စီမံကိန်းဖြစ်ပြီး ဘုရင့်နောင် လမ်းမကြီးပေါ်တွင် တစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်တွင် တစ်စင်း တည်ဆောက်လျက်ရှိကြောင်း၊ ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်က စတင်ခဲ့ပြီး FMI Co.,Ltd မှ ဆောက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၁ ဘီလျံ ရှိနိုင်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို လာမည့်ဒီဇင်ဘာ အပြီးတည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။
"ဘုရင့်နောင် ပွဲရုံဝင်းထဲမှာရော၊ လမ်းမကြီးမှာပါ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ ခုံးကျော်တံတား တည်ဆောက်နေတော့ ပိုကျပ်တယ်။ ဒါပေမဲ့ လမ်းမကြီးပေါ်က တံတားက ဒီလကုန် ဖြတ်သန်းခွင့် ရတော့မှာဆိုတော့ လက်ရှိကြုံတွေ့နေတဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့သွားမှာပါ။ ၀င်းထဲမှာလည်း နေ့စဉ်နဲ့အမျှ ယာဉ်ထိန်းတွေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်" ဟုလည်း ဦးခင်ဟန်က ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာစေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားလေ့ရှိသည့် လှည်းတန်းလမ်းဆုံ၌ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင်အသုံးပြုခွင့် ရခဲ့ကြောင်း၊ လက်ရှိတည်ဆောက်ဆဲ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများမှာ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင် ခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
@[114803668557265:274:Eleven Media Group]
ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းအား အောက်တိုဘာ ပထမပတ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn2/s403x403/1381948_658622207511754_2090505858_n.jpg)



