Tuesday 29 October 2013

လျှပ်စစ်ဓါတ်အားခနှုန်းထားများ ပြင်ဆင်ပြောင်းလဲကောက်ခံမည့် ကိစ္စအား အသိပေး

၁။   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့သည် ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန် အတွက် ၂ဝ၁၃ ခုနှစ် နိုဝင် ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှစတင်၍ အောက်ပါ တစ်ယူနစ်နှုန်းထားများ အတိုင်း ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ပါသည်-
(က) အများပြည်သူ(အိမ်သုံး)
      (၁) ၁ယူနစ်မှ ၁ဝဝ ယူနစ်အထိ  ၃၅ ကျပ်
      (၂) ၁ဝ၁ ယူနစ်နှင့်အထက်       ၅ဝ ကျပ်
(ခ)  အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊
      ယာယီ)
      (၁) ၁ ယူနစ်မှ ၅ဝဝဝ ယူနစ်အထိ         ၁ဝဝ ကျပ်
      (ခ)၅ဝဝ၁ ယူနစ်နှင့် အထက်     ၁၅ဝ ကျပ်
(ဂ)  အစိုးရဌာန
      (၁) ရုံးသုံး       ၅ဝကျပ်
      (၂) စက်မှုသုံး   ၁ဝဝ ကျပ်
၂။   ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ဓာတ်အားသုံးစွဲမှု ပမာဏများအပေါ် အပိုဒ် (၁)တွင်ဖော်ပြပါနှုန်း ထားသစ်များနှင့် တွက်ချက်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင် ဘာလမှစတင်၍ ငွေတောင်းခံ လွှာများ ပြုစုတောင်း ခံသွားမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
 
 သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment