Monday 28 October 2013

ရုပ်ရှင်၊ ဗီဒီယိုများ ပြန်လည်ရိုက်ကူးခွင့်ပြုလိုက်သည့် ရန်ကုန်တက္ကသိုလ်နယ်မြေ

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းမှာ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ကြော်ငြာနောက်ခံရိုက်ကူးခွင့်တွေကို အကြောင်း အမျိုးမျိုးကြောင့် ရိုက်ကူးမှုခွင့်ပြုခြင်းကိုရပ်နားထား ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ၃ လပိုင်းကမှ တရားဝင်ပြန်ရိုက်ခွင့် ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာ နောက်ခံ ဇာတ်ကားတွေ ရိုက်ကူးခွင့်ကို ၂၀၁၃ ခုနှစ်၊ မတ်လကမှ တရားဝင်ရိုက်ခွင့်ပြန်လည်ခွင့်ပြုထားခဲ့ပြီး ဗီဒီယို၊ ကြော်ငြာ သတင်း ရိုက်ကူးခွင့် ၈ ခုခန့် လာရောက်ရိုက်ကူးပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တက္ကသိုလ်နယ်မြေအတွင်း ရိုက်ကူးမယ့် ရုပ်ရှင် ကုမ္ပဏီမှ လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး၊ ရန်ကုန်တက္ကသိုလ်မှ သတ်မှတ်ထားတဲ့ အခြားစည်းကမ်းကန့်သတ်ချက်များကို လိုက်နာရမှာဖြစ်ပြီး ရိုက်ကူးမယ့်နေရာ ရိုက်ကွက် ၊ ရိုက်ကွင်း၊ ရိုက်ကူးမယ့် ရုပ်ရှင်ကုမ္ပဏီမှ ကြိုတင် ညှိနှိုင်း သဘောတူချက် ရယူခြင်း၊ ပညာရေးနယ်ပယ်နဲ့ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေမယ့် ရိုက်ကွင်းနဲ့ အသုံး အနှုန်း မပါရှိရေး၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်နိုင်တဲ့ အရာများ မပြုလုပ် စေရေး အစရှိတာတွေကို ရိုက်ကူးမယ့် ရုပ်ရှင် ကုမ္ပဏီမှ တာဝန်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

MRTV 4

No comments:

Post a Comment