Tuesday 29 October 2013

မဟာချိုင်ရဲ မြန်မာလုပ်သားများကို ငွေညှစ်၍ ထိုင်းခရိုင်ရဲထံတိုင်ကြား

မဟာချိုင်ရဲ မြန်မာလုပ်သားများကို ငွေညှစ်၍ ထိုင်းခရိုင်ရဲထံတိုင်ကြား
Tuesday, October 29, 2013

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အများ ဆုံးနေထိုင်သော မဟာချိုင်မြို့တွင် ထိုင်းရဲများက မြန်မာအလုပ်သမား များထံ ငွေတောင်းခံမှုများ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က စမွတ်စာခွန်ခရိုင် ရဲတပ်ဖွဲ့အား အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

မဟာချိုင်မြို့တွင်နေထိုင်သော တရားဝင်မြန်မာလုပ်သားများကို စမွတ်စာခွန်ခရိုင်ရဲတပ်ဖွဲ့က အတင်းအဓမ္မငွေတောင်းခံမှု များ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင်ငံ မြန်မာသံရုံး၏ အကူအညီဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က ထိုင်းနိုင်ငံ ဗဟိုရဲချုပ်ဌာနသို့ အောက်တိုဘာ ၂၁ ရက်တွင် အမှုဖွင့်တိုင်ကြား ထားကြောင်း ၎င်းအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း က ပြောသည်။

““တရားဝင်အလုပ်သမားတွေကို ဘတ်ငွေ သုံးထောင်လောက် အထိ တောင်းတယ်။ ဒီမြို့က နေရာတိုင်းမှာ မြန်မာအလုပ်သမားတွေ ပိုက်ဆံအတောင်းခံနေရတယ်။ အဲဒါကြောင့် မြန်မာသံရုံးကို အကူအညီတောင်းပြီး ဗဟိုရဲချုပ်ဆီမှာ အမှုဖွင့်တိုင်ကြားထားတာပါ””ဟု ဦးကျော်သောင်းက ပြောသည်။

အောက်တိုဘာ ၁၀ ရက် တွင် အလုပ်မှပြန်လာသော မြန်မာအလုပ် သမားလေးဦးကို စမွတ်စာခွန်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပါလာသောငွေတောင်းယူရာ ဘတ် ၈၀၀ သာ ရသောကြောင့် မကျေနပ်၍ ပတ်စပို့စာအုပ်များကို အပေါင်ဆိုင်တွင် ဘတ်ငွေ ၅၀၀၀ ဖြင့် ပေါင်၍ ယူဆောင်သွားခဲ့ကြောင်း  ထိုင်းနိုင်ငံရောက်  မြန်မာများကဆိုသည်။
ထိုင်းရဲများသည် တရားဝင်မြန်မာလုပ်သားများကို  ဖမ်းဆီးပြီး ပိုက်ဆံဖြင့်လာရောက်ရွေးယူခိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)ရုံး တာဝန်ခံ ကိုစိုင်းအေးကပြောသည်။

မဟာချိုင်နယ်မြေအတွင်း တာဝန်ကျသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ သည် မြန် မာအလုပ်သမားများနေထိုင်သည့် တန်းလျားများသို့ ၀င်ရောက်၍ မကြာခ ဏစစ်ဆေးလေ့ရှိခြင်း၊ အလုပ်သမားများ ထမင်းဟင်း စုပေါင်းချက်စားကြ သည့် စာရင်းများကို ချဲစာရွက်ဟု ပြောဆိုကာ အဓမ္မဖမ်းဆီးငွေ ညှစ်ခြင်း များ ပြုလုပ်လေ့ရှိသည်။

အလုပ်ပိတ်ရက်များဖြစ်သော စနေ၊ တနင်္ဂနွေရက်များတွင် ၎င်းတန်းလျားများသို့ ပိုမိုလာရောက် ငွေတောင်းခံကြောင်း ဦးကျော်သောင်းက ဆိုသည်။အောက်တိုဘာလအ တွင်း မဟာချိုင်၌နေထိုင်သော တရားဝင်မြန်မာအလုပ်သမား ၁၀၀ ဦးထက်မနည်း ငွေတောင်းခံရသောကြောင့်  အမှုဖွင့်တိုင်ကြား ရခြင်း ဖြစ်ကြောင်း   ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)ရုံးတာဝန်ခံ ကိုစိုင်းအေးကပြောသည်။

ထိုင်းနိုင်ငံ မဟာချိုင်တွင် ရေလုပ်ငန်းခွင် ၀င်ရောက်လုပ်ကိုင်နေသော မြန် မာရွှေ့ပြောင်းလုပ်သားများ
7Day Daily
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အများ ဆုံးနေထိုင်သော မဟာချိုင်မြို့တွင် ထိုင်းရဲများက မြန်မာအလုပ်သမားများထံ ငွေတောင်းခံမှုများ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က စမွတ်စာခွန်ခရိုင် ရဲတပ်ဖွဲ့အား အမှုဖွင့်တိုင်ကြား ထားကြောင်း သတင်းရရှိသည်။


မဟာချိုင်မြို့တွင်နေထိုင်သော တရားဝင်မြန်မာလုပ်သားများကို စမွတ်စာခွန်ခရိုင်ရဲတပ်ဖွဲ့က အတင်း အဓမ္မငွေတောင်း ခံမှု များ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင်ငံ မြန်မာသံရုံး၏ အကူအညီဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က ထိုင်းနိုင်ငံ ဗဟိုရဲချုပ်ဌာနသို့ အောက်တိုဘာ ၂၁ ရက်တွင် အမှုဖွင့်တိုင်ကြား ထားကြောင်း ၎င်းအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း က ပြောသည်။


““တရားဝင်အလုပ်သမားတွေကို ဘတ်ငွေ သုံးထောင်လောက် အထိ တောင်းတယ်။ ဒီမြို့က နေရာတိုင်းမှာ မြန်မာအလုပ်သမားတွေ ပိုက်ဆံအတောင်းခံနေရတယ်။ အဲဒါကြောင့် မြန်မာ သံရုံးကို အကူအညီတောင်းပြီး ဗဟိုရဲချုပ်ဆီမှာ အမှုဖွင့်တိုင်ကြားထားတာပါ””ဟု ဦးကျော်သောင်း က ပြော သည်။


အောက်တိုဘာ ၁၀ ရက် တွင် အလုပ်မှပြန်လာသော မြန်မာအလုပ် သမားလေးဦးကို စမွတ်စာခွန် ခရိုင်ရဲတပ်ဖွဲ့ က ဖမ်းဆီးပြီး ပါလာသောငွေတောင်းယူရာ ဘတ် ၈၀၀ သာ ရသောကြောင့် မကျေနပ်၍ ပတ်စပို့စာအုပ်များကို အပေါင်ဆိုင်တွင် ဘတ်ငွေ ၅၀၀၀ ဖြင့် ပေါင်၍ ယူဆောင်သွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာများကဆိုသည်။

ထိုင်းရဲများသည် တရားဝင်မြန်မာလုပ်သားများကို ဖမ်းဆီးပြီး ပိုက်ဆံဖြင့်လာရောက်ရွေးယူခိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)ရုံး တာဝန်ခံ ကိုစိုင်းအေးကပြောသည်။


မဟာချိုင်နယ်မြေအတွင်း တာဝန်ကျသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ သည် မြန် မာအလုပ်သမား များနေထိုင်သည့် တန်းလျားများသို့ ၀င်ရောက်၍ မကြာခ ဏစစ်ဆေးလေ့ရှိခြင်း၊ အလုပ်သမားများ ထမင်းဟင်း စုပေါင်းချက်စားကြ သည့် စာရင်းများကို ချဲစာရွက်ဟု ပြောဆိုကာ အဓမ္မဖမ်းဆီးငွေ ညှစ်ခြင်း များ ပြုလုပ်လေ့ရှိသည်။


အလုပ်ပိတ်ရက်များဖြစ်သော စနေ၊ တနင်္ဂနွေရက်များတွင် ၎င်းတန်းလျားများသို့ ပိုမို လာရောက် ငွေတောင်း ခံကြောင်း ဦးကျော်သောင်းက ဆိုသည်။အောက်တိုဘာလအ တွင်း မဟာချိုင်၌နေ ထိုင်သော တရားဝင်မြန်မာအလုပ်သမား ၁၀၀ ဦးထက်မနည်း ငွေတောင်းခံရသောကြောင့် အမှုဖွင့် တိုင်ကြား ရခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)ရုံးတာဝန်ခံ ကိုစိုင်းအေးကပြောသည်။


ထိုင်းနိုင်ငံ မဟာချိုင်တွင် ရေလုပ်ငန်းခွင် ၀င်ရောက်လုပ်ကိုင်နေသော မြန် မာရွှေ့ပြောင်းလုပ်သားများ

7Day Daily

 

No comments:

Post a Comment