Tuesday 29 October 2013

ဆယ်စုနှစ် တစ်ခု အတွင်း အဆိုးရွား ဆုံး မုန်တိုင်း ဗြိတိန် နှင့် ပြင်သစ် နိုင်ငံများ ၌ တိုက်ခတ်

တစ်နာရီ လျှင် အမြင့်ဆုံး လေတိုက် နှုန်း မိုင် ၉၀ ခန့် ရှိ သည့် ဟာရီကိန်း လေမုန်တိုင်း သည် အင်္ဂလန် နှင့် ဝေလ ပြည်နယ် တောင်ပိုင်း ၌ အောက်တိုဘာ ၂၈ ရက် တွင် တိုက်ခတ် ခဲ့ရာ သန်းနှင့် ချီသော အလုပ်ဆင်း သူများ နှင့် လေယာဉ် စီး ခရီး သည် များ ၏ ခရီးစဉ် များ ရပ်ဆိုင်း လိုက်ရ ကြောင်း ယနေ့ ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ ယင်း မုန်တိုင်း သည် ဆယ် စုနှစ် တစ်ခု အတွင်း ဗြိတိန် နှင့် ပြင်သစ် နိုင်ငံ တို့ အတွက် အဆိုးရွား ဆုံး မုန်တိုင်း ဖြစ်သည်။ အင်္ဂလန် တောင် ပိုင်း တွင် အသက် ( ၁၄ ) နှစ် အရွယ် ယောက်ျားလေး တစ်ဦး လှိုင်းလေ ပြင်းထန် သော ပင်လယ်ပြင် အတွင်း မျော ပါကာ ရေနစ် သေဆုံး ခဲ့ကြောင်း၊ ၎င်း မမျော ပါမီ နာရီ အနည်းငယ် အလို တွင် ယင်း ဒေသ၌ အင်အား ပြင်း ထန် သော လေပြင်း မုန်တိုင်း ကျရောက် ခဲ့ကြောင်း ကမ်းခြေ စောင့် တပ်ဖွဲ့ က ပြောကြား သည်။

ဗြိတိန် နိုင်ငံ မိုးလေ၀သ ဌာန က ထုတ်ပြန်ချက် အရ ယင်း မုန်တိုင်း သည် ကုန်းမြေ ဒေသ ကို ဖြတ်သန်း တိုက်ခတ် ချိန်တွင် လေတိုက် နှုန်း တစ်နာရီ လျှင် မိုင် ၆၀ မှ မိုင် ၇၀ နှုန်း အထိ ရှိနိုင်သည် ဟု သိရသည်။ အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်း အထိ မုန်တိုင်း ပြင်းထန်စွာ တိုက်ခတ် ခဲ့ပြီး မိုးရေ ချိန် ၁ဒသမ ၅ လက်မ အထိ ရွာသွန်း ခဲ့သည်။ အဆိုပါ မုန်တိုင်း ဖြတ်သန်း တိုက်ခတ် သွားသည့် ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန် နိုင်ငံများ ရှိ ဒါဇင် နှင့် ချီသော ဒေသများ ၌ ရေလွှမ်းမိုးမှု ဖြစ်စဉ်များ ဖြစ်ပွား နိုင်ပြီး လတ်တလော ရရှိသော သတင်းများ အရ အင်္ဂလိပ် ရေလက် ကြား ဒေသတွင် လေပြင်း တိုက်ခတ်မှု များ ပြင်းထန် နေ ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ က ပြောကြား သည်။

BBC

No comments:

Post a Comment