Wednesday, 3 July 2013

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းများအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိကမှာယူ နေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး

Photo: ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းများအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိကမှာယူ နေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိက မှာယူနေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်သွင်းသည့် ဗုဒ္ဓရုပ်ပွားတော် ၅၈ ဆူကို ဘင်္ဂလားဒေ့ရှ်နယ်စပ် အာဏာပိုင်များက ဇွန် ၂၉ ရက်က တက်ကနက် နယ်စပ်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း Cox’s bazaar News သတင်းစာတွင် ဖော်ပြပါရှိသည်။

ရုပ်ပွားတော် ၅၈ ဆူ၏ တန်ဖိုးမှာ တာကာငွေ ၄၃၉၀၀ (မြန်မာငွေ ကျပ် ၄၃၉၀၀၀) ရှိပြီး သစ်သားဖြင့် ပြုလုပ်ထားသော ရုပ်တုတော်များ ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ မောင်တောနယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူ တစ်ဦးက "ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရဟန်းသံဃာတွေအတွက် လိုအပ်တဲ့ ၀တ္ထုပစ္စည်းတွေကို မောင်တောနယ်စပ် ကုန်သွယ်ရေးနဲ့ တင်ပို့တာ မဟုတ်ပါဘူး။ 

အဲဒီပစ္စည်းတွေကို တင်ပို့ဖို့ လိုင်စင်ခွင့်ပြု ထားတာလည်း မရှိပါဘူး။ ဒါပေမဲ့ သံဃာ့အသုံးအဆောင် ၀တ္ထုပစ္စည်းတွေကို မောင်တောကနေ ဈေးသည်တွေ ၀ယ်သွားတာ ဖြစ်နိုင်ပါတယ်။ မြန်မာဘက်ကနေ ဖမ်းဆီးတာတွေတော့ မရှိပါဘူး" ဟု ဆိုသည်။

"ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားဆင်းတု၊ သင်္ကန်း၊ ကြေးစည်၊ သပိတ် စတာတွေကို ဒီဘက်က မှာဝယ်ယူတာ ဖြစ်ပါတယ်။ ရှင်ပြုမယ် ဆိုရင်လည်း လိုအပ်တဲ့ ပရိက္ခရာတွေကို မောင်တောကိုလာပြီး ဈေးလာဝယ်ကြတယ်။ 

ဒီဘက်မှာတော့ ဘာပြဿနာမှ မရှိပါဘူး" ဟု မောင်တောမြို့မှ ပရိက္ခရာ အရောင်းဆိုင်မှ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို တင်သွင်းခွင့်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဆောင်ရွက်မှုမျိုး မရှိသေးသဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအဖို့ အခက်အခဲ ရှိနေကြောင်း သိရသည်။

 ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအား ခွဲခြားဆက်ဆံခြင်းနှင့် တချို့ဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာ တိုင်းရင်းသား မျိုးယ်စုများမှာ မြန်မာနိုင်ငံသို့ ၀င်ရောက်လျက် ရှိနေကြောင်း သိရသည်။

Eleven Media Group
ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များအတွက် ၀တ္ထုပစ္စည်းများ ကို မြန်မာနိုင်ငံမှ အဓိက မှာယူနေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးနေကြောင်း

ဒုက္ခသည် စခန်းတွင် ထင်း အခက်ခဲကြောင့် ဒေသခံ များနှင့် စကား အခြေ အတင်ဖြစ်ပွား

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲရှိ ဖုန်လွမ်ယန် (Hpunglum Yang) ဒုက္ခသည် စခန်းတွင် ဇူလိုင် လဆန်းပိုင်းမှပို၍ ထင်းမီး မလုံလောက်သည့်အခက်ခဲကြောင့် ဒေသခံများနှင့် ဒုက္ခသည်များ ကြား မကြာခဏ စကားအခြေအတင်ဖြစ်ပွားနေကြောင်း သိရသည်။

ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ်

Photo: ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ်
Wednesday, July 03, 2013

မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့ကို အဓိကမထားဘဲ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာငွေကိုပဲ ခွဲဝေသုံးစွဲသွားဖို့ သဘောတူခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

"ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်း အထောက်အပံ့များ လိုအပ်မှာဖြစ်ပါတယ်၊ အဲလိုဆောင်ရွက်တဲ့အခါမှာ ပြည်ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများက ပေးလိမ့်မည်ဆိုတဲ့ဟာကို အဓိကမထားပဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာ ငွေကြေးများကိုသုံစွဲပြီး၊ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်၊ ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့အခါမှာ ဥပဒေနဲ့အညီ ပြည်သူများရဲ့ဘဝလုံခြုံရေးကို ထိပါးလာလျှင် သို့မဟုတ် ပြည်သူများရဲ့ ဘဝလုံခြုံရေးကို အကာအကွယ်မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးဖြစ်လာလို့ရှိရင် မကောင်းတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားဆုံးဖြတ်ကြပါတယ်"

ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ဥပဒေနဲ့မညီတာမျိုး၊ ပြည်သူ့ဘဝလုံခြုံရေးကို ထိပါးလာတာမျိုး၊ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်တာမျိုးစတဲ့ မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာတွေကို ကြိုတင်လေ့လာသုံးသပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပြန်လည်ခေါ်ယူပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့က သဝဏ်လွှာ ပေးပို့တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီကောင်စီမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီးပြီး ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
RFA
မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့ကို အဓိကမထား ဘဲ ပြည်သူ

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

Photo: ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Wednesday, July 03, 2013

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ ငွေကြေးအထောက်အပံ့များ လိုအပ်မည် ဖြစ်သော်လည်း ပြည်ပအကူအညီကို မျှော်လင့်မနေဘဲ ပြည်သူ့ဘဏ္ဍာငွေဖြင့်သာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ယင်းငွေများမှာ သမ္မတဦးသိန်းစိန်၏ အထူးသုံးစွဲရန် သတ်မှတ်ပေးထားသော ဘတ်ဂျက်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ခေါင်းစဉ်တစ်ခု အနေနှင့် ပါဝင်ပြီး ဖြစ်သောကြောင့် ယင်းထဲမှ သုံးစွဲသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းထောက်များကို ပြောကြားသည်။

"ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်းနဲ့ အထောက်အပံ့များ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ပြင်ပနိုင်ငံ၊ ပြင်ပအဖွဲ့အစည်းများ ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အဓိကမထားဘဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံရဲ့ဘဏ္ဍာ ငွေကြေးများကို သုံးစွဲပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ ဆုံးဖြတ်ကြပါတယ်။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့ အခါမှာ ဥပဒေနဲ့ မညီရင်၊ ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် သို့မဟုတ် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်များ ဖြစ်ရပ်မျိုးများ ဖြစ်လာရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်" ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရလဒ်ကောင်းများ ထွက်ပေါ်ရန်အတွက် အားလုံးပါဝင်သော နိုင်ငံရေးနှင့် စနစ်တကျ၊ နည်းလမ်းတကျ ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည်ဖြင့် ဖွဲ့စည်းထားသည်။
http://news-eleven.com/
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အလုံမြို့နယ်တွင် အနုကြမ်းစီးပြီး ရွှေထည်ပစ္စည်းများ လုယူသူ သုံးဦးအား အခင်းဖြစ်ပွားပြီး လေးနာရီအတွင်း ဖမ်းမိ

အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်းတစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈ နာရီ ခွဲခန့်က အနုကြမ်းစီးပြီး လက်ဝတ်လက်စားများနှင့် ငွေကြေးတို့ကို ယူဆောင်သွားသူ သုံးဦးအား အခင်းဖြစ်ပွားပြီး လေးနာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Tuesday, 2 July 2013

အလုံမြို့နယ်ရှိ တိုက်ခန်းတစ်ခု၌ ဇူလိုင် ၁ ရက်ည ၈ နာရီခွဲခန့်က အနုကြမ်းစီးမှုဖြစ်ပွား

7.1.16
အနုကြမ်းစီးမှု ဖြစ်ပွားရာ ခြောက်လွှာ အပေါ်ဆုံးထပ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)
အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်း တစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈

၂၀၁၃-၁၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်ခွင့် စနစ်များ အပြောင်းအလဲမရှိ၊ တက္ကသိုလ်ဝင်ခွင့် လျောက်ထားသူ၏ ဦးစားပေး လျှောက်ထားမှုနှင့် စာမေးပွဲ ရမှတ်များ ပေါ်တွင်သာ မူတည်ပြီး ယခင်အတိုင်း ရွေးချယ်မည်

၂၀၁၃-၁၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်ခွင့် စနစ်များ အပြောင်းအလဲ မရှိသေးကြောင်း၊ တက္ကသိုလ်

ခန္ဓာကိုယ်အစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါတစ်မျိုး ရှိသည်ဟု ယူဆရသူ အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအား စစ်ဆေးကုသပေးမည်

7.1.15
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ကိုဝင်းဇော်ဦးအား အထူးကု ဆရာဝန်ကြီးများနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင် ကျေးရွာရှိ ကိုဝင်းဇော်ဦး အရပ် ၇ ပေ ၁၀

Monday, 1 July 2013

တောင်အာဖရိကတွင် အိုဘားမား ထွက်သွားပေးရန် ပြည်သူရာနှင့်ချီ ဆန္ဒပြ

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်ခ်ျမြို့သို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားကို ဆန့်ကျင်ဆန္ဒပြပြီး ''ထွက်သွားအိုဘားမား''ဟူသော ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးးကြသော ဆန္ဒပြသူ တစ်ရာကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားခဲ့သည်။ အိုဘားမားနှင့် ကျောင်းသား

ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ

Photo: ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ 
Monday, July 01, 2013

ယနေ့ (ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသည့် FIFA Confederations Cup 2013 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲသွားသည်။

ဘရာဇီးလ်အတွက် အနိုင်ဂိုးများကို ပွဲအစ ၂ မိနစ်တွင် ဖရက်ဒ်ကလည်းကောင်း၊ ပထမပိုင်းပြီးဆုံးခါနီး ၄၄ မိနစ်တွင် နေမာကလည်းကောင်း သွင်းယူခဲ့ကာ ပထမပိုင်းအပြီးတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီ ၄၇ မိနစ်တွင် ဘရာဇီးလ်အတွက် တတိယအနိုင်ဂိုးကို ဖရက်ဒ်ကပင် ထပ်မံသွင်းယူခဲ့ပြီး ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်တွင် စပိန်အသင်း နောက်ခံကစားသမား ဂျရတ်ပီကေးမှာ ပွဲကစားချိန် ၆၈ မိနစ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ဇွန်လ ၃၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် Confederations Cup တတိယနေရာလုပွဲတွင် အီတလီက ဥရုဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်တွင် သာမန်ပွဲကစားချိန် မိနစ် ၉၀ ၌ ၂ ဂိုးစီ သရေရလဒ်ဖြစ်ခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

အချိန်ပို ပွဲကစားချိန် မိနစ် ၁၁၀ တွင် အီတလီ ကစားသမား မွန်တိုလီဗို အနီကတ်ဖြင့် ထုတ်ပယ်ခံရသ ည်။ ဆက်လက်၍ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ အီတလီက ၃-၂ ဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။

Planet.com.mm
ယနေ့ (ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသည့် FIFA Confederations Cup 2013 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲသွားသည်။

TIME မဂ္ဂဇင်းအား သာသနာရေးဝန်ကြီးဌာနမှ ကန့်ကွက်ရခြင်း အကြောင်းအရင်း

ဖုန်းခေါ်ဆိုခများ ဈေးကျဆင်းမည်မှန်ကန်သော်လည်း ဈေးနှုန်းနှင့် ရက်သက်မှတ်ချက်အတိအကျမသိရသေး

Photo: ဖုန်းခေါ်ဆိုခများ ဈေးကျဆင်းမည်မှန်ကန်သော်လည်း ဈေးနှုန်းနှင့် ရက်သက်မှတ်ချက်အတိအကျမသိရသေး
Monday, July 01, 2013

GSM ဖုန်းများကို တစ်မီးနစ်ကို ၈ ကျပ် ၇ ကျပ် ၉ ကျပ်အစရှိသဖြင့် သတင်းများ ထွက်နေသော်လည်း အ မှန် တကယ် ဆက်သွယ်ေ၇းနှင့် နိးစပ်သော အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးကို ယခုဖုန်းဆက်မေးမြန်း
ချက်များအရ အမှန်တကယ် သတင်များ ထွက်နေခြင်းဖြစ်သလို ဟုတ်မှန်ပါကြောင်း။

သို့သော်လည်း ယခုအခါမှာဆာဗာပြုပြင်မှုများလုပ်ဆောင်နေခြင်းကြောင့်ငွေဖြည့်ခြင်းများ၊ ဘေးလ်စစ်ခြင်း များ တွင် error များဖြစ်နိုင်ကြောင်း ၊ အမှန်တကယ်ဖုန်းဘေးလ်များကို လျော့ကျပေးမည်မှာ အမှန် ပင်ဖြစ်သော်လည်း ရက်အတိအကျကိုမူ မသိသေးကြောင်း ယခုအချိန်မှာ ဆာဗာစမ်းသပ်မှုသာ အဆင့်သာ ရှိသေးကြောင်း ဖြစ်ပြောကြားသွားသည်။

လောလောဆယ်မှာ GSM 2 သိန်း ဖုန်းနှင့် WCDMA များတွင် စမ်းသပ်နေခြင်းဖြစ်ကြောင်း မကြာ မီ အခြားမြန်မာ့ဆက်သွယ်ေ၇းမှဖုန်များအားလုံးကိုနှုန်းထားတူညီသောဖုန်းဘေးလ်များအဖြစ် ပြု လုပ်ပေး မည်ဖြစ်ကြောင်း နှင့်လောလောဆယ် ဖုန်းဘေးလ်ဖြတ်တောက်မှုများ မှန်ကန်မှု မရှိသေးသည့်အတွက် အ တိအကျမပြောနိုင်သေးကြောင်းကိုလည်းဆက်လက်ပြောကြားသွားသည်။

Smart Journal
GSM ဖုန်းများကို တစ်မီးနစ်ကို ၈ ကျပ် ၇ ကျပ် ၉ ကျပ်အစရှိသဖြင့် သတင်းများ ထွက်နေသော်လည်း အမှန်တကယ် ဆက်သွယ်ေ၇းနှင့် နိးစပ်သော အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးကို ယခု ဖုန်းဆက်မေးမြန်း ချက်များအရ အမှန်တကယ် သတင်များ ထွက်နေခြင်းဖြစ်သလို ဟုတ်မှန် ပါကြောင်း။

Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်တော့မည်

Photo: Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်တော့မည်
Monday, July 01, 2013

၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို “ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ ” ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုရောက် သာသနာပြုရဟန်း သံဃာတော်များမှ ဦးဆောင်၍ ဇူလိုင်လ ၃ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ရှိ တိုင်းမဂ္ဂဇင်းတိုက်ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ ဗုဒ္ဓဘာသာတွင် ဝိနည်းတော်အရ ရဟန်းတော်တို့သည် သူတစ်ပါးအသက်ကို ကိုယ်တိုင် သတ်ဖြတ်ခြင်း၊ တိုက်တွန်းခြင်း ပြုလုပ်ခွင့် မရှိ၊ တိုင်း မဂ္ဂဇင်းဆောင်းပါးရှင်သည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ကိုယ်တိုင် သတ်ဖြတ်ညှင်းဆဲခြင်း၊ သို့မဟုတ် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ၏ စေခိုင်းချက်အရ သတ်ဖြတ်ညှင်းဆဲသည့် အထောက်အထား တစ်စုံတရာ မရှိဘဲ စွပ်စွဲ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ ဖော်ပြခြင်းသည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) နှင့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များကိုသာမက ဗုဒ္ဓသာသနာတော် တစ်ခုလုံးအား ထိခိုက်နစ်နာစေမှုရှိကြောင်း၊ သို့အတွက် နယူးယောက်မြို့နှင့် အနီးရှိ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ စုပေါင်းကာ အကြမ်း မဖက်ငြိမ်းချမ်းသည့် ဆန္ဒဖော်ထုတ်ပွဲကို တိုင်းမဂ္ဂဇင်းတိုက်၏ ရှေ့တွင် ပြုလုပ်သွားမည် ” ဟု ဆန္ဒပြမည့်ပွဲကို ဦးဆောင်စီစဉ်သူများထဲမှ သံဃာတပါးလည်းဖြစ်၊ နယူးယောက်မြို့ ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် တပါးလည်းဖြစ်သည့် ဒေါက်တာ အရှင်နာယမှ အာရ်ကန်တိုင်းမ်စ်သို့  ပေးပို့သည့် အီမဲလ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဆန္ဒပြမည့်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ရန် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၌ သီတင်းသုံး သာသနာပြုနေကြသော ရဟန်းသံဃာတော်များသည် နယူးယောက်မြို့သို့ စုရုံးရောက်ရှိလာနေကြပြီဖြစ်ကြောင်း သိရှိရသည်။

တိုင်းမ် (Time) မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ပြည်တွင်းရှိ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာတချို့နှင့် မြန်မာအစိုးရမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး အစိုးရမှ ဖွဲ့စည်းထားသည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှလည်း ဇူလိုင်လ (၁)ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရသည်။

အလားတူပင် သီရိလင်္ကာနိုင်ငံမှလည်း တိုင်း (Time) ၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်ရှုတ်ချခဲ့ကြပြီး သတင်းဆောင်းပါးရေးသားသူ ဟန်နာဘိရှ် (Hennah Beech) ကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း သီရိလင်္ကာနိုင်ငံထုတ် သတင်းစာများတွင် ရေးသားဖော်ပြပါရှိသည်။

ဇွန်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံတွင် TIME မဂ္ဂဇင်းကို သံဃာတော်များအပါအ၀င် ပြည်သူ ၇၀၀ ကျော်မှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်းဆိုချက်များမှာ “ ဗုဒ္ဓ၀ါဒသည် အမျိုးသားရေးကာကွယ်မှုကို စောင့်ရှောက်သည်၊ ဦးဝီရသူသည် အမျိုးဘာသာ၊ သာသနာကို ကွာကွယ်နေသူဖြစ်သည်။

အကြမ်းဖက်သူမဟုတ်ပါ၊ အမျိုးသားရေးကာကွယ်မှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းမဟုတ်ပါ။ ” စသော အချက်များပါဝင်ကြောင်း သိရသည်။ 

Arakan Times
၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို “ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ ” ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်

ရင်လတ်ရှင်နာဝ ပထမဆုံး အမျိုးသမီးကာကွယ်ရေး ဝန်ကြီးဖြစ်လာ

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရေး ဆောင် ရွက်နေဟု ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြော ကြားသည်။

The Face Of Buddhist Terror ဆောင်းပါး ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာနိုင်ငံ၌ ဖြန့်ချိခွင့် ပိတ်ပင်

သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့များက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် ထုတ်သည့် TIME မဂ္ဂဇင်း၏ The Face Of Buddhist Terror ဆောင်းပါးအား အပြင်းအထန် ကန့်ကွက် ခဲ့ကြ

Sunday, 30 June 2013

တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး

Photo: တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး
Sunday, June 30, 2013

တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ
ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌
တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်နယ်စပ် ဒေသနှင့် ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ ပရာကျွတ်မြို့အတွင်း ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် ၄၄ ဦးနှင့် ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင် ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ "အဓိကအချက်
ကတော့ ပကျွတ်ဂိတ်ကို ဘယ်တော့ဖွင့်မလဲ၊ မြန်မာနိုင်ငံက ကုန်ကြမ်းတွေ
ကို ဘယ်လိုဝယ်ယူရမလဲ၊ ကုန်သွယ်ရေးအတွက် အရေးပါမယ့် သယ်ယူ
ပို့ဆောင်ရေး လမ်းပန်းဆက်သွယ်ရေးတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲ စတဲ့အချက်တွေကို ဆွေးနွေးသွားကြတာ ဖြစ်
တယ်" ဟု MCCI အသင်းဝင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ မောတောင်နယ်စပ်နှင့် ထိုင်းနိုင်ငံရှိ ဆင်းခွန်ရွာတွင် ဖွင့်လှစ်
ထားသော ဆင်းခွန်-မောတောင်ဂိတ်ကို ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ စီးပွားကုန်သွယ်မှု တိုးမြှင့်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး၌ ထိုင်းနိုင်ငံဘက်မှ အသင့်မဖြစ်သေး
သောကြောင့် ကုန်သွယ်မှု ရပ်တန့်နေခြင်းဖြစ်ကြောင်း ဆင်ခွန်းဂိတ်ကို အမြန်ဆုံး ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်မှ လုပ်ဆောင်နေကြောင်း ပြောကြား
ခဲ့သည်။

လက်ရှိအနေထားအရ မောတောင်နယ်စပ် ကုန်သွယ်ရေး အနေအထားမှာ မိုးရာသီလမ်းအနေထားများနှင့် ထိုင်းနိုင်ငံဘက်မှ အဆင်သင့် မဖြစ်သေး
သည့် အနေအထားများကြောင့် ကုန်သွယ်မှု ရပ်တန့်နေကြောင်း သိရသည်။

eleven media group
တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်း ရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

လားရှိုးပဋိပက္ခ ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို တရားစွဲ

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဒေသခံ ၂၀ ကျော်ကို ဇွန်လ နောက်ဆုံးပတ်တွင် တရားစွဲဆိုခဲ့ကြောင်း လားရှိုးမြို့နယ် တရားရုံးမှ သိရှိရသည်။
ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူ ၆၁ ဦး အနက် ဒေသခံ ၂၉ ဦးကို ဇွန်လ ၁၂ ရက်နေ့က တရားစွဲဆို ခဲ့ပြီးနောက် ယခုနောက်ထပ် ဇွန်လ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အမှုငါးခုဖြင့် လူ ၂၂ ဦးကို တရားစွဲဆိုခြင်း ဖြစ်သည်။

TIME မဂ္ဂဇင်းကို ဆန္ဒပြ

Photo
ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံဖော်ခဲ့သည့် TIME မဂ္ဂဇင်းကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့   မြို့တော်ခန်းမရှေ့တွင် ရဟန်းရှင်လူ ၅၀၀ ထက်မနည်း ဆန္ဒပြခဲ့ကြသည်။