Monday 1 July 2013

အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရေး ဆောင် ရွက်နေဟု ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြော ကြားသည်။
ဇွန် ၂၉ ရက်က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် စတင်ကျင်းပခဲ့သည့် လာဘ်ပေးလာဘ် ယူမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဦးခင်အောင်မြင့်က ''မြန်မာနိုင်ငံတွင် ယခင်ကတည်းက လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး အတွက် ဥပဒေများ ကို ရေး ဆွဲပြဋ္ဌာန်းပြီး ယနေ့အချိန်ထိ အသက်ဝင်နေသည့် ဥပဒေများလည်း ရှိနေကြောင်း၊ အစိုးရသစ် လက်ထက်တွင်လည်း လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးအတွက် ဥပဒေများကို ရေးဆွဲပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်း'' ပြောကြားခဲ့သည်ဟု ဇွန် ၃၀ ရက်ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုများကြောင့် လာဘ်ပေးလာဘ်ယူမှုများအား လုပ်ကိုင်ဆောင်ရွက် နေ သည်ကို တွေ့ရှိရပြီး ယင်းသို့ ဆောင်ရွက်မှုများကြောင့် နိုင်ငံပိုမို ဆင်းရဲနေရခြင်း ဖြစ် သည်ဟု ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သုံးသပ်ပြောကြားသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် လွှတ်တော်နှင့် သက်ဆိုင်သော ကျင့်ဝတ်နှင့် ၀တ္တရားများ၊ လွှတ်တော် ၏ ကြီးကြပ်မှု ဆိုင်ရာများ၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု ပပျောက်ရေး ညီလာခံ ဆိုင်ရာများ၊ အဂတိ လိုက်စားမှု၏ သဘောတရား ဆိုင်ရာများ၊ ပွင့်လင်းမြင်သာမှုရှိသော ဘဏ္ဍာရေးနှင့် ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲမှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

From...EMG

No comments:

Post a Comment