Wednesday 3 July 2013

အလုံမြို့နယ်တွင် အနုကြမ်းစီးပြီး ရွှေထည်ပစ္စည်းများ လုယူသူ သုံးဦးအား အခင်းဖြစ်ပွားပြီး လေးနာရီအတွင်း ဖမ်းမိ

အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်းတစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈ နာရီ ခွဲခန့်က အနုကြမ်းစီးပြီး လက်ဝတ်လက်စားများနှင့် ငွေကြေးတို့ကို ယူဆောင်သွားသူ သုံးဦးအား အခင်းဖြစ်ပွားပြီး လေးနာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း ဒေါ်မငယ် (ဘ) ဦးမောင်ထွန်း၏ နေအိမ်တွင် သမီးခင်ငြိမ်းချမ်း၊ ယမင်းအေး၊ အိမ်အကူ ဒေါ်အေးမှုန်၊ ကိုဖြိုးတို့ ရှိနေစဉ် ဇူလိုင် ၁ ရက် ည ၈ နာရီ ခွဲအချိန် အမည်မသိ လူငါးဦးမှ မောင်ဝမ်းကွဲ ပူးလေးအားမေးပြီး ပြန်ထွက်သွားခဲ့သည်။ ထို့နောက် သမီးကြီးခင်ငြိမ်းချမ်းနှင့် ကိုဖြိုးတို့ သီရိမင်္ဂလာဈေးသို့ ထွက်သွားခဲ့ရာ ယမင်းအေးနှင့် ဒေါ်အေးမှုန် တို့ နှစ်ဦးတည်း ရှိနေစဉ် ပထမ လာမေးသူ ငါးဦးအနက်မှ နှစ်ဦးအိမ်တံခါး လာခေါက်သဖြင့် ဖွင့်ပေး ခဲ့ရာမှ အိမ်အတွင်းသို့ ၎င်းတို့မှ အတင်းတက်လာသည်။ ထို့နောက် မီးခလုတ်များပိတ်၍ ဗီရိုအတွင်း မှ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်ကောက်တစ်ကွင်း၊ ရွှေလက်စွပ်တစ်ကွင်း၊ ဆွဲပြားတစ်ခု၊ နားကပ် တစ်ဖက်၊ နားဆွဲတစ်ရံနှင့် ငွေကျပ် ၁၅၀၀၀၀ ၊ စုစုပေါင်းတန်ဖိုး ကျပ် ၁၈၃၅၀၀၀ အား လုယက် ပြီး ဒေါ်အေးမှုန်နောက်ကျောကို ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသော ဖြစ်စဉ်ဖြစ်သည်။
အခင်းဖြစ်ပွားပြီးသည့်နောက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက လုယက်သူများ၏ ပုံသဏ္ဌာန်များကို စစ်ဆေးမေးမြန်းခဲ့ပြီး ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ကြိုးပမ်းခဲ့ရာ ကျူးလွန်သူဟု မသင်္ကာသူ နိုင်ရဲအောင် (ခ) ဖိုးထောင်အား ဖမ်းဆီးရမိရေး ၎င်းနေ ထိုင်သော လှိုင်သာယာ (၆) ရပ်ကွက်သို့ သွားရောက်စုံစမ်းရာ ဖိုးထောင် (ခ) နိုင်ရဲအောင်ပါ သုံးဦးသည် ဆိုင်ကယ်အနီဖြင့် ၁၀ နာရီခွဲခန့်တွင် လှိုင်မြို့နယ်ဘက်သို့ ထွက်သွားကြောင်း သိရပြီး လှိုင်မြို့နယ် (၄) ရပ်ကွက်ရှိ ၎င်းတို့ထိုင်နေကျဖြစ်သည့် နန်းထိုက်တော်ဝင် ဘီယာဆိုင်သို့ သွားရောက်စုံစမ်းခဲ့ကြောင်း သိရသည်။
ဘီယာဆိုင်မှလည်း ၎င်းတို့မှာဘုရင့်နောင် ပွဲရုံတန်းဘက်သို့ ထွက်သွားကြကြောင်း ပြောပြသဖြင့် ဆက်လက်လိုက်လံ ဖမ်းဆီးရာ ဘုရင့်နောင် ပွဲရုံတန်းရှိ ရိုးကြီးပတ်လမ်းတွင် ၎င်းတို့သုံးဦးက အနီရောင် ဆိုင်ကယ်ကို စီးပြီးထွက်ပြေးရန် ပြင်ဆင်စဉ် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ ထို့အပြင် ကျူးလွန်သူများဖြစ်သည့် နိုင်ရဲအောင် (ခ) ဖိုးထောင်၊ စိုင်းညီအောင် (ခ) သားပေါက် ၊ ဇော်မင်းထွေး (ခ)ကိုထွေးတို့ သုံးဦး၏ အဆောင်သို့ သက်သေခံ ပစ္စည်းများ ရှိမရှိ စစ်ဆေး ခဲ့ရာ အဆောင်အတွင်း လုယက်ရာတွင် အသုံးပြုခဲ့သော အရှည် ၁၃ လက်မရှိ နှစ်ဖက်သွားဓား တစ်ချောင်း၊ အရှည် ၁၂ လက်မရှိ ဓားတစ်ချောင်းနှင့် လုယက်သွားသည့် ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

EMG

No comments:

Post a Comment