Sunday 30 June 2013

တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး

Photo: တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး
Sunday, June 30, 2013

တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ
ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌
တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်နယ်စပ် ဒေသနှင့် ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ ပရာကျွတ်မြို့အတွင်း ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် ၄၄ ဦးနှင့် ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင် ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ "အဓိကအချက်
ကတော့ ပကျွတ်ဂိတ်ကို ဘယ်တော့ဖွင့်မလဲ၊ မြန်မာနိုင်ငံက ကုန်ကြမ်းတွေ
ကို ဘယ်လိုဝယ်ယူရမလဲ၊ ကုန်သွယ်ရေးအတွက် အရေးပါမယ့် သယ်ယူ
ပို့ဆောင်ရေး လမ်းပန်းဆက်သွယ်ရေးတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲ စတဲ့အချက်တွေကို ဆွေးနွေးသွားကြတာ ဖြစ်
တယ်" ဟု MCCI အသင်းဝင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ မောတောင်နယ်စပ်နှင့် ထိုင်းနိုင်ငံရှိ ဆင်းခွန်ရွာတွင် ဖွင့်လှစ်
ထားသော ဆင်းခွန်-မောတောင်ဂိတ်ကို ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ စီးပွားကုန်သွယ်မှု တိုးမြှင့်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး၌ ထိုင်းနိုင်ငံဘက်မှ အသင့်မဖြစ်သေး
သောကြောင့် ကုန်သွယ်မှု ရပ်တန့်နေခြင်းဖြစ်ကြောင်း ဆင်ခွန်းဂိတ်ကို အမြန်ဆုံး ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်မှ လုပ်ဆောင်နေကြောင်း ပြောကြား
ခဲ့သည်။

လက်ရှိအနေထားအရ မောတောင်နယ်စပ် ကုန်သွယ်ရေး အနေအထားမှာ မိုးရာသီလမ်းအနေထားများနှင့် ထိုင်းနိုင်ငံဘက်မှ အဆင်သင့် မဖြစ်သေး
သည့် အနေအထားများကြောင့် ကုန်သွယ်မှု ရပ်တန့်နေကြောင်း သိရသည်။

eleven media group
တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်း ရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်နယ်စပ် ဒေသနှင့် ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ ပရာကျွတ်မြို့အတွင်း ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် ၄၄ ဦးနှင့် ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင် ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ "အဓိကအချက်ကတော့ ပကျွတ်ဂိတ်ကို ဘယ်တော့ဖွင့် မလဲ၊ မြန်မာနိုင်ငံ က ကုန်ကြမ်းတွေကို ဘယ်လိုဝယ်ယူရမလဲ၊ ကုန်သွယ်ရေးအတွက် အရေးပါမယ့် သယ်ယူပို့ဆောင်ရေး လမ်းပန်းဆက်သွယ်ရေးတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲ စတဲ့အချက်တွေကို ဆွေးနွေးသွားကြတာ ဖြစ်တယ်" ဟု MCCI အသင်းဝင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ မောတောင်နယ်စပ်နှင့် ထိုင်းနိုင်ငံရှိ ဆင်းခွန်ရွာတွင် ဖွင့်လှစ်ထားသော ဆင်းခွန်-မောတောင် ဂိတ် ကို ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ စီးပွားကုန်သွယ်မှု တိုးမြှင့်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး၌ ထိုင်းနိုင်ငံဘက်မှ အသင့်မဖြစ်သေး
သောကြောင့် ကုန် သွယ်မှု ရပ်တန့်နေခြင်းဖြစ်ကြောင်း ဆင်ခွန်းဂိတ်ကို အမြန်ဆုံး ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်မှ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

လက်ရှိအနေထားအရ မောတောင်နယ်စပ် ကုန်သွယ်ရေး အနေအထားမှာ မိုးရာသီလမ်းအနေထားများနှင့် ထိုင်းနိုင်ငံဘက်မှ အဆင်သင့် မဖြစ်သေးသည့် အနေအထားများကြောင့် ကုန်သွယ်မှု ရပ်တန့်နေကြောင်း သိရသည်။

eleven media group

No comments:

Post a Comment