Monday, 27 May 2013

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူတူ တွဲကစားခွင့်ရရှိတာဟာ ဂုဏ်ယူ စရာပါ ဟု နေမာပြောကြား

Photo: မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူတူ တွဲကစားခွင့်ရရှိတာဟာ ဂုဏ်ယူ စရာပါ ဟု နေမာပြောကြား
==========================================

ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော ဆန်း တို့စ် အသင်းတိုက်စစ်မှူး နေမာ ကမိမိ အနေဖြင့် ဘာစီလိုနာ အသင်း သို့ပြောင်းရွှေ့ခွင့်ရရှိရန်မှာမိမိ၏ရည်မှန်းချက်တစ်ခုဖြစ်ပြီး မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နှင့်အတူတွဲဖက်ကစားခွင့်ရရှိသည်မှာ ဂုဏ်ယူဖွယ် ကိစ္စ တစ်ခုဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဆန်းတို့အသင်းအတွက် နောက် ဆုံးကစားပေးခဲ့ပြီးနောက် နေမာသည် ငါးနှစ် စာချုပ်ဖြင့် ဘာစီလိုနာ အသင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ “မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူ တွဲဖက်ကစားခွင့် ရရှိတာဟာ ဂုဏ်ယူစရာ ကိစ္စတစ်ခုပါ။ ကျနော့်အနေနဲ့ ဘာစီလိုနာအသင်း မှာကစားခွင့်ရရှိဖို့ကို စိတ်ကူးယဉ်ခဲ့ရပါတယ်။ ဆန်းတို့စ် အသင်းလိုပဲ ဘာစီလိုနာအသင်းဟာ ကျနော့်အတွက်တော့ ဒုတိယအိမ်တစ်ခုဖြစ်လာဖို့မျှော်လင့်မိပါတယ်” ဟု နေမာ ကပြောကြားသွားခဲ့သည်။

Ref:Yatanarpon
ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော ဆန်းတို့စ် အသင်း တိုက်စစ်မှူး နေမာက မိမိအနေဖြင့် ဘာစီလိုနာ အသင်း သို့ပြောင်းရွှေ့ခွင့် ရရှိရန်မှာ မိမိ၏ ရည်မှန်းချက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာ
Re-post By ACM 27-5-2013

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး မေ ၂၆ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မေ ၂၅ ရက် ညနေပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဇာနည်ဗိမာန်သို့ သွားရောက်ဂါရ၀ ပြုခဲ့သလို ဂျပန်သင်္ချိုင်းသို့လည်း သွားရောက်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အဖွဲ့သည် ဂျပန်ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ သီလ၀ါ ဆိပ်ကမ်းသို့လည်း သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အကောင်အထည်ဖော်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးပွဲသို့လည်း တက်ရောက်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၆ ရက်က သမ္မတဦးသိန်းစိန်အား နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ယင်းဧည့်ခံပွဲတွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများ ၀တ်ဆင်ရန် ဂျပန်ဒီဇိုင်းပညာရှင် ကိုရှီနိုဂျွန်ကို ရေးဆွဲသည့် အားကစား ၀တ်စုံများကို ဂျပန်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခဲ့သည်။
ထို့နောက် ဂျပန်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မေ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီမှုများနှင့် ပတ်သက်၍ အချက်လေးချက်ပါ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
၁။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ခြင်း
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များ အပါအ၀င် လက်ရှိဆောင်ရွက်ချက်များကို အားသွန်ခွန်စိုက် လုပ်ဆောင်သွားရန် မြန်မာအစိုးရက ထပ်မံအတည်ပြု ပြောကြားသည်။
ပြည်သူများ၊ ပုဂ္ဂလိက ကဏ္ဍတို့၏ အင်အားဖြင့် ပေါင်းစပ်ကာ အဆိုပါ လုပ်ငန်းစဉ်များကို အကူအညီပေးမည့် ဂျပန်အစိုးရ၏ ရည်ရွယ်ချက်ကို ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထပ်လောင်းပြောကြားခဲ့သည်။
၂။ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေး
အခြေခံ အဆောက်အဦ၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေး တည်ဆောက်မှု၊ ကျေးလက်နှင့် တိုင်းရင်းသား လူနည်းစု ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အပါအ၀င် စီးပွားရေးနှင့် လူမှုအရင်းအနှီး တိုးတက်ဖွံ့ဖြိုးမှုသည် မြန်uမာပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာသည့် နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသည့် အကြောင်းအရာများ ဖြစ်သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရေးနှင့် ကြွေးမြီများ ရှင်းလင်းရာတွင် ဂျပန်အစိုးရ အနေဖြင့် ချေးငွေအသစ်များနှင့် ထောက်ပံ့ငွေများပေးရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် ဂျပန်ဝန်ကြီးချုပ်၏ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရအကြား ငွေကြေးလဲလှယ်မှု အနည်းငယ် ပြုလုပ်ခဲ့သည်။
ထို့ပြင် မြန်မာအစိုးရ၏ အင်စတီကျူးရှင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ အရည်အသွေး တည်ဆောက်ရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ချက်များကို အတည်ပြုခဲ့ကြသည်။
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် တစ်ခုကို စောစီးစွာ လက်မှတ်ရေးထိုး နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်ရန်၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက်သဘောတူ စာချုပ်ချုပ်ဆိုရေးအတွက် မိမိတို့၏ ကြိုးပမ်းမှုများကို ပိုမိုလုပ်ဆောင်ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် သီလ၀ါ အထူးစီးပွားရေးဇုန်ကို တိုးမြှင့်အကောင်အထည် ဖော်ရန်လည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေများ တိုးတက်ကောင်းမွန်လာရန် ဆောင်ရွက်ချက်များကို ဆက်လက်ထိန်းသိမ်းသွားရန် မြန်မာအစိုးရ၏ သဘောဆန္ဒကိုလည်း သမ္မတ ဦးသိန်းစိန်က အတည်ပြု ပြောကြားခဲ့သည်။
၃။နှစ်နိုင်ငံအကြား လူငယ်များ အပြန်အလှန် စေလွှတ်ရေး JENESYS 2.0 
အစီအစဉ်ကိုလည်း လုပ်ဆောင်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ စီးပွားရေး ဆက်ဆံမှုနှင့် မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များနှင့် လာရောက်လည်ပတ် သူများအတွက် ကူညီမှုများ လုပ်ဆောင်ပေးရန် မြန်မာအစိုးရ၏ ရည်ရွယ်ချက်ကို သမ္မတ ဦးသိန်းစိန်က အတည်ပြု ပြောကြားခဲ့သည်။
သမိုင်းအရ ကြာမြင့်ပြီဖြစ်သည့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် အားကစားကဏ္ဍ ပူးပေါင်းမြှင့်တင် လုပ်ဆောင်ရန်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် အကူအညီများပေးရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
၎။ နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး
အာရှ-ပိစိဖိတ် ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာအတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ရေးအတွက် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးတို့အတွက် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုပြုလုပ်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ အရာရှိများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် စေလွှတ်ရေး များကိုလည်း ပိုမိုလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အထက်ဖော်ပြပါ အကြောင်းအရာများကို တိုးမြှင့်ဆောင်ရွက်မှုအပေါ် မူတည်၍ ဂျပန်အစိုးရက ကြေညာထားသည့် စီမံကိန်း အများအပြားဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမူများ တိုးမြှင့်လုပ်ဆောင်ရာတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ ပြည်စုံကောင်းမွန်သည့် အကူအညီ စီမံကိန်းများကို လုပ်ဆောင်နေခြင်း သို့မဟုတ် ဂျပန်အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက လုပ်ဆောင်ရန် စဉ်းစားနေခြင်းကို နှစ်နိုင်ငံ ခေါင်းဆောင်များက ကြိုဆိုခဲ့ကြပြီး ပိုမိုပူးပေါင်း ဆောင်ရွက်ရန်လည်း အတည်ပြုခဲ့ကြသည်။
ထို့ပြင် ယခုနှစ်သည် နှစ်(၄၀) မြောက် အာဆီယံ-ဂျပန် မိတ်ဖွဲ့မှု နှစ်လည်းဖြစ်သောကြောင့် ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဆောင်ရွက်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြ ပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံနေစဉ် (Photo:AFP)

EMG
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံနေစဉ် (Photo:AFP)
 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး မေ ၂၆ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန် တိုနီယိုမြို့တွင် မေ ၂၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး သောင်တင်နေသော ကားများနှင့် ဒေသခံ လူရာပေါင်းများစွာကို အကူအညီ ပေးရန်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ကားအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးသည် ကားခေါင်မိုးပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့သော်လည်း ကားမှာ ရေစီးနောက် မျောပါခဲ့ကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းကို ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင်များက ပြောကြားခဲ့ သည်။

ထို့အပြင် အသက် ၃ဝ ခန့်ရှိ အခြား အမျိုးသမီး တစ်ဦးသည် ဒေသစံတော် ချိန် နံနက် ၇ နာရီခွဲက ရေဘေးသင့်၍ သေဆုံးခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် မြစ်ရေတက်နေသော မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းနေစဉ် ရေစီးနောက် မျောပါသွားသော ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးနှင့်

http://bit.ly/13XERVS
 အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့တွင် မေ ၂၅ ရက်က မိုး သည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူနှစ်ဦး သေဆုံး ခဲ့ပြီး သောင်

တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်း ၏ အတျိုး

တနေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။  ကော်ဖီကို ယင်း ကဲ့သို့ သောက် သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။

Sunday, 26 May 2013

နေ့စဉ်မိုးလေ၀သသတင်း(၂၀၁၃ ခုနှစ်၊ မေလ(၂၆)ရက်နေ့ နေ့လည်(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက ဧရာဝတီတိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် နေရာ

ယာဉ် စည်းကမ်း ဖောက်ဖျက်မှု များ တရားရုံး ဒဏ်ငွေ အပြင် အထူး ဒဏ်ငွေ ပါ ပေးဆောင် ရမည်

Photo: ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ တရားရုံး ဒဏ်ငွေအပြင် အထူးဒဏ်ငွေပါ ပေးဆောင်ရမည်
Sunday, May 26, 2013

ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို တရားရုံးဒဏ်ငွေအပြင် အထူးဒဏ်ငွေကို ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး ဦးအောင်လွင်က ပြောကြားသည်။

၂၀၁၃ခုနှစ် ဇန်နဝါရီလမှ စတင်၍ ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဖမ်းဆီး ဒဏ်ရိုက်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အထက်ပါကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိစေရန်အတွက် လူစည်ကားရာ နေရာများတွင် တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
"ဌာနဆိုင်ရာတွေ ကိုလည်း စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ရိုက်မယ်" ဟု ၄င်းက ဆိုသည်။

ကျိုင်းတုံမြို့ပေါ် ယာဉ်စီးနင်းသူ တို့သည် ယာဉ်ထိန်းရဲများ ဖမ်းဆီးသည့် နေရာများကို ရှောင်ကွင်းသွားလာကြကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ မေလ ၂၄ ရက် နေ့ထိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ် ၂၁၈၂ စီးကို အရေးယူခဲ့ကြောင်း ယင်းမြို့နယ် ယာဉ်ထိန်းရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly
ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို တရားရုံးဒဏ်ငွေအပြင် အထူးဒဏ်ငွေကို ပေးဆောင် ရမည် ဖြစ်ကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး ဦးအောင်လွင်က ပြောကြားသည်။

ပြည်သူ့ရေးရာ ကိစ္စတွေဆောင်ရွက်ပေးဖို့လိုဟု လွှတ်တော်အမတ်အချို့ ဆို

Photo: ပြည်သူ့ရေးရာ ကိစ္စတွေဆောင်ရွက်ပေးဖို့လိုဟု လွှတ်တော်အမတ်အချို့ ဆို  
Sunday, May 26, 2013

လတ်တလောတွင် ပြင်ပနိုင်ငံရေး လှုပ်ခြားများတွင် အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု အခန်းကဏ္ဍများ အားကောင်းလာသော် လည်း လွှတ်တော်တွင်း နိုင်ငံရေးကို ဖော်ဆောင်လျက်ရှိသော အမတ်များ၏ အခန်းကဏ္ဍသည် ပြည်သူလူထုကြား၌ အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေခြင်းသည် ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ ရေးရာကိစ္စများ ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

 “ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာတော့ ကျွန်တော်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့  ပြည်သူလူထုရဲ့အမြင် ပြည်သူလူထုရဲ့ သဘော ထားတွေကို ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပေးတယ်။ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးတယ်။ အဓိကကတော့ ပြည်သူလူထုကြားမှာ ရှင်သန်နိုင်ဖို့နဲ့ ပြည်သူ့ရေးရာကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆောင်ရွက်နိုင်ခွင့်နှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများ၏ အခက်အခဲများကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှု များ လိုအပ်သော်လည်း ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုသည် အားနည်းနေသေးကြောင်း ချင်ပြည်နယ် အမှတ်သုံး မဲဆန္ဒနယ်မြေမှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု အကျိုးဆောင်ရွက်မှုအားနည်းပြီး မှေးမှိန်နေရခြင်းသည် လွှတ်တော်တွင်း၌ ပြည်သူ့အတွက် အဆိုတင်သွင်းနိုင်ခြင်း မရှိသော ကိုယ်စားလှယ်များ များပြားနေခြင်းလည်း ပါဝင်သည်ဟု မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပြောကြားလိုက်သည်။

အောင်သိုက်
မြန်မာ့ခေတ်
လတ်တလောတွင် ပြင်ပနိုင်ငံရေး လှုပ်ခြားများတွင် အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု အခန်း ကဏ္ဍများ အားကောင်းလာသော်လည်း လွှတ်တော်တွင်း နိုင်ငံရေးကို ဖော်ဆောင်လျက်ရှိသော အမတ်များ ၏ အခန်းကဏ္ဍသည် ပြည်သူလူထုကြား၌ အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေခြင်းသည် ကိုယ် စားလှယ်များသည် ပြည်သူလူထု၏ ရေးရာကိစ္စများ ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်တစ်ခုရလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန် အစီအစဉ် ရှိ

Photo: ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်တစ်ခုရလျှင်
ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန် အစီအစဉ် ရှိ
Sunday, 26 May 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း)အားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရွှေတံဆိပ်ရရှိပါက ရွှေတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန်အစီအစဉ် ရှိကြောင်းသိရသည်။

၎င်းအရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆုတံဆိပ်ပေါင်း ၁၅၅၇ ခုချီးမြှင့်မည်ဖြစ်ပြီးအားကစားနည်း ၃၃ နည်းအတွက် ရွှေတံဆိပ်၄၆၀၊ ငွေတံဆိပ် ၄၆၀၊ ကြေးတံဆိပ်၆၃၇ စုစုပေါင်း ၁၅၅၇ခုချီးမြှင့်မည်ဖြစ်ကြောင်းSeagames2013မှသိရသည်။

Popular Myanmar News Journal
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း) အားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရွှေတံဆိပ်ရရှိပါက ရွှေတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန်အစီအစဉ် ရှိကြောင်းသိရသည်။

ဆေးလိ ပ်နှင့် ဆေး ရွက်ကြီး နည်း ဥပဒေ ယခုနှစ် ထွက် ဖွယ်ရှိ

Photo: ဆေးလိပ်နှင့် ဆေးရွက်ကြီး နည်းဥပဒေ ယခုနှစ်ထွက်ဖွယ်ရှိ
Sunday, May 26, 2013

ပြဋ္ဌာန်းပြီးနောက် ခုနစ်နှစ်ကြာ အသက်မဝင်ခဲ့သော ဆေးလိပ်နှင့် ဆေးရွက် ကြီး ထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ၏ နောက်ဆက်တွဲ နည်း ဥပဒေကို ယခုနှစ်အတွင်း အပြီးသတ်ထွက်ရှိရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (အခြေခံ ကျန်းမာ) .aဒါက်တာနန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။

အဆိုပါနည်းဥပဒေ မရှိသည့်အတွက် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်နိုင် သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေပညာရှင် များနှင့် တိုင်ပင်ကာ ရေးဆွဲရခြင်း ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။
“အခုထိ ဥပဒေထဲက အချက်တော် တော်များများကို လက်တွေ့အကောင် အထည် မဖော်နိုင်သေးဘူး”ဟု ဒေါက်တာ နန်းနိုင်နိုင်ရှိန်က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဝန်ကြီး ဌာနများနှင့် အများနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ်မသောက်သုံးရန် နေရာများ သတ်မှတ်ထားသော်လည်း လိုက်နာမှု မရှိသေးသည့်အတွက် သေချာ ကြပ်မတ်ဆောင်ရွက်သွားရန် ရှိကြောင်း ၄င်း၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် နိုင်ငံအသီးသီးမှ အစိုးရ များသည် ဆေးရွက်ကြီးထွက်ပစ္စည်းများ ကုန်သွယ်ရာမှ ရရှိသော အခွန်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းလျက် ရှိပြီး နှစ်စဉ် ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ အတွက် အခွန်ငွေနှစ်ဆမှ သုံးဆ ကျော်အထိ သုံးစွဲနေရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာ ညိုညိုကြိုင်က The Voice သို့ ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ ဆေးလိပ်သောက် သုံးသူတွေရဲ့အချက်အလက်တွေနဲ့ ပတ်သက် ပြီး စာရင်းအတိအကျ မရှိပေမယ့် ကွမ်းစားတဲ့ သူအရေအတွက်က ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရောက်နေတယ်။ နှစ်တိုင်းလည်း ထပ်တိုးနေတာက တကယ့်စိုးရိမ်ရမယ့် အခြေအနေပါပဲ” ဟု ၄င်းကဆိုသည်။

၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း .aသာက်သုံးမှုထိန်းချုပ်ရေး ဥပဒေတွင် ကျူးလွန်သည့် ပြစ်မှု အလိုက် ငွေ ဒဏ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်နိုင်ပြီး ငွေဒဏ်အတွက် ကျပ် ၁၀၀၀ မှ ၂၀၀,၀၀၀ အထိသတ်မှတ်ထားသည်။

The Voice Weekly
ပြဋ္ဌာန်းပြီးနောက် ခုနစ်နှစ်ကြာ အသက်မဝင်ခဲ့သော ဆေးလိပ်နှင့် ဆေးရွက် ကြီး ထွက် ပစ္စည်းသောက်သုံး မှု ထိန်းချုပ်ရေး ဥပဒေ၏ နောက်ဆက်တွဲ နည်း ဥပဒေကို ယခုနှစ်အတွင်း အပြီးသတ်ထွက်ရှိရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (အခြေခံ ကျန်းမာ) .aဒါက်တာနန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။

သတ္တသတ္ထာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အနေ ကဇာတင် ကျင်းပ

Photo
နေပြည်တော် ဥဒယရံသီကုန်းတော်ပြင်၌ တည်ထားသည့် သတ္တသတ္ထာဟမဟာဗောဓိစေတီတော် မြတ်ကြီး အထက် ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ နေပြည်တော် ဥဒယရံသီကုန်းတော်ပြင်တွင် တည်ထား ကိုးကွယ်သည့် သတ္တသတ္ထာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော် သွင်း၊ ရွှေထီးတော် တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား ကို မေ ၂၄ ရက်နေ့ နံနက်(၇) နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့ တက်ရောက် ကြည်ညိုကြသည်။

နာဂစ် ဘိုးဘွား ရိပ်သာ ခေတ်သစ် ဘိက္ခုမာတာ ဦးစီး တည်ဆောက်နေ


ဧရာဝတီတိုင်းဖျာပုံခရိုင် ဘိုကလေးမြို့ နယ်ကဒုံကနိကျေးရွာမှာ နာဂစ်ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ဖို့ အတွက်ခေတ်သစ် ဘိက္ခုမာတာလို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက ဦးစီးပြီး စီစဉ်နေတယ်လို့ သိရပါတယ်။

ကေအိုင်အို ထိန်းချုပ် နယ်မြေတွင် အမျိုးသားကော လိပ် ဖွင့်မည်

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုလက်မှတ် မရေးထိုး ရသေးသော ကေအိုင်အို၏ ထိန်းချုပ်နယ်မြေ၌ လာမည့် စက်တင်ဘာလတွင် အမျိုးသား ကောလိပ်ကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ကေအိုင်အိုပညာရေးဌာန၏ ဒုတိယ တာဝန်ခံ ဦးခွန်းအောင်က The Voice သို့ ပြောကြားသည်။

ကမ္ဘာ့ အချမ်း သာဆုံးနိုင်ငံ များ

Photo: ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများ
Sunday, May 26, 2013

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ကမ္ဘာပေါ်ရှိ စီးပွားအင်အား ကြီးနိုင်ငံ၅၀အတွက် ၂၀၁၃ခုနှစ် ခန့်မှန်းစာရင်းဇယားအချက် အလက်များအား ပြည်တွင်း အသားတင်ထုတ်လုပ်မှုကိုအခြေ ခံ၍တွက်ချက်မှုအရ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ သုံးနိုင်ငံမှာ အောက်ပါအတိုင်းဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ အဖြစ် စင်ကာပူနိုင်ငံရပ်တည်နေ ပြီး နှစ်စဉ်တစ်ဦးချင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးမှာ ၆၁၅၆၇ ဒေါ်လာဖြစ်သည်။ယခုနှစ်များ အတွင်း စင်္ကာပူ၏စီးပွားရေး တိုးတက်မှုမှာလျင်မြန်လျက်ရှိပြီး စင်္ကာပူသည်စီးပွားရေးလုပ်ငန်း များ၏ ဗဟိုအချက်အခြာ ဌာန တစ်ခုဖြစ်လာနေသည်။

၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူသည် ဆွစ်ဇာလန်အား ကျော်လွန်၍ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံ အဖြစ်ရပ်တည်နေသည့်နိုင်ငံမှာ နော်ဝေးနိုင်ငြံဖစ်ပြီး ၎င်း၏တစ်ဦး ချင်းပြည်တွင်း အသားတင် ထုတ် လုပ်မှုတန်ဖိုးမှာ ၅၆၆၆၃ဒေါ်လာ ဖြစ်ကာ ဥရောပတိုက်၏အချမ်း သာဆုံးနိုင်ငံလည်း ဖြစ်သည်။ နော်ဝေးနိုင်ငံသည်လည်း ဆွစ်ဇာ လန်နိုင်ငံကဲ့သို့ပင် ဥရောပတိုက် ၏ကြွေးမြီးပြဿနာများအတွင်း စီးပွားရေးတည်ငြိမ်စွာရှိနေပြီး နိုင်ငံ၏ ရေနံထွက်ရှိမှုကြောင့် အမျိုးသား အသားတင်ထုတ် လုပ်မှုတန်ဖိုးမှာ ၂၀၁၃ခုနှစ်ပထမ လေးလပတ်အတွင်းဝ.၇ ရာခိုင် နှုန်းတိုးတက်ခဲ့သည်။အချို့သော နော်ဝေးနိုင်ငံသားများကတိုင်ပြည် ၏ရေနံနှင့်စွမ်းအင်အပေါ်အား ထားနေရမှုသည် တစ်ချိန်ချိန်တွင် ဒုက္ခတွေ့နိုင်သည်ဟု သတိပေး ပြောကြားကြသော်လည်း ယခု အချိန်အထိတွင်မှု နော်ဝေးနိုင်ငံ သည်စီးပွားရေးကောင်းမွန်နေ သေးပြီး ယခုနှစ်အတွင်း စီပွား ရေး၂.၇၅ရာခိုင်နှုန်းတိုးတက်လာ လိမ့်မည်ဟုလည်းခန့်မှန်းထားသည်။

ကမ္ဘာ့တတိယအချမ်းသာဆုံး နိုင်ငံမှာ အမေရိကန်ပြည်ထောင် စုဖြစ်ပြီး နှစ်စဉ်တစ်ဦးအသားတင် ထုတ်လုပ်မှုတန်ဖိုးမှာ ၅၁၂၄၈ ဒေါ်လာဖြစ်သည်။အမေရိကန် ပြည်ထောင်စုသည် စီးပွားရေး ကျဆင်းနေရာမှ တဖြည်းဖြည်း ချင်းပြန်လည်နာလံထူလာပြီး အမေရိကန်ပြည်သူအများစုမှာ သက်တောင့်သက်သာ လူနေမှု အဆင့်အတန်းဖြင့်နေထိုင်လျက် ရှိကာ အလုပ်လက်မဲ့ ရာခိုင်နှုန်း မှာလက်ရှိအချိန်တွင် ၇.၅ ရာခိုင်နှုန်း ဖြစ်သော်လည်းနိုင်ငံ၏ အနာဂတ်အလားအလာကောင်း မွန်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်း ထားသည်။၎င်း၏ ခန့်မှန်ချက် အရ၂၀၁၈ခုနှစ်တွင်တစ်ဦးချင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာ၆၃၀၀၀ရှိလာမည်ဖြစ် သည်။ 

ဥက္ကာအောင် 

The Hot News
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ကမ္ဘာပေါ်ရှိ စီးပွားအင်အား ကြီးနိုင်ငံ၅၀အတွက် ၂၀၁၃ခုနှစ် ခန့်မှန်းစာရင်း ဇယားအချက် အလက်များအား ပြည်တွင်း အသားတင်ထုတ်လုပ်မှုကိုအခြေ ခံ၍တွက်ချက်မှုအရ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ သုံးနိုင်ငံမှာ အောက်ပါအတိုင်းဖြစ်သည်။

ရွှေသံလွင် ကုမ္ပဏီ ၏ လျှပ်စစ် ဓါတ်တိုင် သွယ်တန်း မှုကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီ ပျက်စီး

Photo: ရွှေသံလွင်ကုမ္ပဏီ၏ လျှပ်စစ်ဓါတ်တိုင်သွယ်တန်းမှုကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီပျက်စီး
Sunday, May 26, 2013

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ရွှေသံလွင်ကုမ္ပဏီသည် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်း ရာ လမ်းတစ်လျှောက်တွင် ဒေသခံများ၏ ရော်ဘာပင်များနှင့် နှစ်ရှည်ပင်များ မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာ ဒေသခံ များ လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ဒေသခံများကို ညှိနှိုင်းဖြေရှင်းမှုများ မလုပ်ဆောင်ဘဲ လျှပ်စစ်သွယ်တန်းရာလမ်းတစ် လျှောက် ပျက်စီးဆုံးရှုံးကြသည့် ဒေသခံများ၏ ရာဘာပင်များနှင့် အခြားနှစ်ရှည်ပင်များကိုလည်း လျော်ကြေးငွေ မရရှိကြောင်း ရာဘာနှင့် နှစ်ရှည်ပင် ပျက်စီးဆုံးရှုံးခံရသူ ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ရေကျော်၊ မဟော်ဂနီလမ်းမှ နန်းမြင့်မြင့်ဇင်က ပြော သည်။

“ကျမ ရာဘာခြံကို လျှပ်စစ်ဓါတ်တိုင်ဖြတ်တော့ ရာဘာပင်တွေ၊ နှစ်ရှည်ပင်တွေ ရာထောင်ချီပြီး ပျက်စီးသွားတယ်။ ဖြတ်တဲ့လမ်း ကြောင်းမှာ ဧက(၂၀)လောက် ရှိတာကိုး။ လျှပ်စစ်ဓါတ်တိုင် သွယ်တန်းတဲ့ ကန်ထရိုက် ဇော်မျိုးအောင်က ကျမကို ပြောတယ်။ ရွှေသံလွင် ကုမ္ပဏီသူဌေး လာရှင်းမယ်တဲ့။ အခုထိ ဘယ်သူမှ မလာဘူး။ ဘာလျော်ကြေးငွေမှ မပေးဘူး”ဟု ပြောသည်။

ယင်းသို့ ပျက်စီးသွားခဲ့သည့် ဒေသခံများ၏ နှစ်ရှည်ခံအပင်များကို ရွှေသံလွင်ကုမ္ပဏီက ဖြေရှင်းပေးရန်နှင့် ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာကို ဒေသခံများက သွားရောက် အကူအညီတောင်းမည်ဖြစ်ကြောင်း နန်းမြင့်မြင့် ဇင်က ပြောသည်။

ကရင်ပြည်နယ်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး စောကြည်လင်းက လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်းရာ၌ မလွဲမရှောင်သာ၍ ဒေသခံများ၏ အကျိုးစီးပွားများ ထိခိုက်မှုများရှိခဲ့သော် ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ပြီး လုပ်ထုံးလုပ်နည်းအရ ပျက်စီးသွား သည့် ဒေသခံများ၏ ရာဘာပင်များ၊ နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေများ အဆင့်ဆင့် ပေးဆောင်ရမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ လုပ်ထုံးလုပ်နည်းအရဆိုရင် လျှပ်စစ်ဓါတ်တိုင်တွေ သွယ်တန်းရာမှာ အတတ်နိုင်ဆုံး ဒေသခံတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် လုပ်ရပါတယ်။ မရှောင်ကွင်းနိုင်လို့သာ ဒေသခံများရဲ့ အကျိုးစီးပွားများကို ထိခိုက်မှုများရှိခဲ့ရင် ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပျက်စီးသွားတဲ့ အရာတွေ၊ အပင်တွေကို လျော်ကြေးငွေများ ပေးဆောင်ရပါတယ်”ဟု စောကြည်လင်းက ပြောဆိုသည်။

ရွှေသံလွင်ကုမ္ပဏီမှ လုပ်ကိုင်နေသည့် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ သွယ်တန်းထားသော လျှပ်စစ်ဓါတ်တိုင်လမ်းတစ် လျှောက်ရှိ ဒေသခံများ၏ ရာဘာခြံများ၊ ဥယျာဉ်ခြံများအပြင် ဘားအံမြို့အဝေးပြေးကားဂိတ် အရှေ့ဘက် ကြာအင်းတောင်ခြေ ရင်းရှိ ဒေသခံများ၏ ရာဘာနှင့် နှစ်ရှည်ပင်များလည်း ပျက်စီးဆုံးရှုံးခဲ့သေးသည်။

ထိုပျက်စီးမှုများကို ရွှေသံလွင်ကုမ္ပဏီက ယခုအချိန်ထိ ဒေသခံများနှင့် လာရောက်ဆွေးနွေးမှုများ၊ လျော်ကြေးငွေများ ပေး ဆောင်ခြင်းများ မရှိသေးကြောင်း သိရှိရသည်။

KIC (Karen Information Center)
ကရင်ပြည်နယ်၊ဘားအံမြို့တွင် ရွှေသံလွင်ကုမ္ပဏီသည် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ် ဓါတ်တိုင်များသွယ်တန်းရာ လမ်းတစ်လျှောက်တွင် ဒေသခံများ၏ ရော်ဘာပင်များနှင့် နှစ်ရှည်ပင် များ မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာဒေသခံများ လျော်ကြေးငွေ တစ်စုံတစ်ရာ မရ ရှိကြောင်း ဒေသခံများက ပြောသည်။

တောင်ကုတ် နိုင်ငံရေး အကျဉ်း သားဟောင်း ကိုဆန်းလွှင် ဓာတ်လိုက်သေဆုံး

Photo: တောင်ကုတ် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်းလွှင် ဓာတ်လိုက်သေဆုံး
Sunday, May 26, 2013

တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟာင်း တစ်ဦး ဖြစ်သူ ကိုဆန်းလွှင်သည် သူမောင်းနှင်နေသည့် အမြန်ရေယာဉ် တစ်ခုပေါ်တွင် ရုတ်တရက် ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

ကိုဆန်းလွှင်သည် တောင်ကုတ်နှင့် စစ်တွေ အကြား ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ယာဉ်တွင် မာလိန်မှူး အဖြစ် တာဝန်ယူမောင်းနှင်နေစဉ် ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖေါ် ကိုင်ဘက် တစ်ဦး ဖြစ်သူ ကိုမိုးနိုင်စိုးက ပြောသည်။

“ မေလ ၆ ရက်နေ့မှာ ဆုံးပါတယ်။သင်္ဘောပေါ်မှာ စက်ကို ပြုပြင်နေစဉ် ကာရန်း ဓာတ်လိုက်ရာမှ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်တွေပြည်သူ့ ဆေးရုံကို ယူသွားပေမယ့် သူ့က သင်္ဘောပေါ်မှာကတည်းက ဆုံးသွားပါပြီ။ မေလ ၈ ရက်နေ့မှာတော့ စစ်တွေမှာ သူ့ကို သဂြိုလ်ခဲ့တယ်။”

ကိုဆန်းလွှင် သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး အရေးအခင်းနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေခ်ျ့ကို ထွက်လာရာတွင် ဒုတိယ အသုတ် တောင်ကုတ် အုပ်စုထဲ၌ ပါဝင်ခဲ့သည်။  အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်ဝင်သွားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့တွင်  နအဖ စစ်အစိုးရမှ နိရဉ္စရာ သတင်းဌာနနှင့် ဆက်သွယ်မူကြောင့် ဖမ်းဆီးပြီး ၁၃ (၁) လ၀က အက်ဥပဒေဖြင့် ထောင် (၅) နှစ်ချမှတ်ခဲ့ပြီး သံတွဲထောင်တွင် ထိန်းသိမ်း ထားခဲ့သည်။ ၂၁၀၂ ခုနှစ် ထောင်မှ ပြန်လွှတ်လာပြီး ရွှေပြည်တန် အမြန်ရေယာဉ်တွင် မာလိန်မှူး အဖြစ် လုပ်ကိုင်ခဲ့သည်။

အာဏာရှင် စနစ်ဆိုးကို တော်လှန်နေကြသော  နိုင်ငံရေးသမား၊ တော်လှန်ရေး သမားများ အနေဖြင့် နည်းမျိုးစုံနဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော်လည်း တစ်စုံတစ်ရာ အသိအမှတ်ပြု မခံရဘဲ  မလှပသော ဘ၀နှင့်  နိဂုံးချုပ်ခဲ့ကြရသည့် အပေါ် အထူး ယူကြုံးမရ နှမြောမိကြောင်း ကိုမိုးနိုင်စိုးက ပြောသည်။

“ အကျဉ်းထောင်က လွှတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဘ၀ပြန်လည် ထူထောင်ရေး အတွက် ကြုံတဲ့ အလုပ်ကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြရတယ်။ ကိုဆန်းလွှင်ဟာလည်းဘဲ ထောင်က လွှတ်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရေးကို ဆက်လက် လုပ်ကိုင်လိုပေမယ့် ဘ၀ အခြေအနေအရ မလုပ်ကိုင်နိုင်တော့ဘဲ သူကျွမ်းကျင်ရာ ရေယာဉ်မောင်း အလုပ်ကို လုပ်ကိုင်ရင်း ခုလို အခြေအနေမျိုးနဲ့ ဘ၀ကို အဆုံးသတ်ခဲ့ရတယ်။ ကျနော်အနေနဲ့ နောက်ဆုံး ပြောချင်တာကတော့ အာဏာရှင် စနစ်ဆိုးကို တော်လှန်နေကြတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေး သမားတွေဟာ နည်းမျိုးစုံနဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲမှာ ပါဝင်ခဲ့ကြပေမယ့် ခုလို  မလှပတဲ့ ဘ၀တွေနဲ့ နိဂုံးချုပ်ခဲ့ကြရတဲ့ အပေါ် အထူး ယူကြုံးမရ နှမြောမိပါတယ်”  ဟု ဆိုသည်။

နအဖ စစ်အစိုးရ လက်ထက်တွင် နိရဉ္စရာ သတင်းဌာနနှင့် ဆက်သွယ်မူဖြင့် မောင်တောမြို့မှ တစ်ဦး၊ ပေါက်တောမြို့မှ တစ်ဦးနှင့် တောင်ကုတ်မြို့မှ တစ်ဦးတို့ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။ တောင်ကုတ်မြို့မှ ဖမ်ဆီးခံရသူမှာ တောင်ကုတ်မြို့မှ ကိုဆန်းလွှင် ဖြစ်သည်။

ကိုဆန်းလွှင်မှာ အသက် (၄၅) နှစ်ရှိပြီး သူ့တွင် ဇနီး တစ်ဦးကျန်ရှိခဲ့ပြီး သားသမီး မကျန်ခဲ့ဟု သိရသည်။ သူ့ဇနီး ဖြစ်သူမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သည့် ရခိုင်- မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်းနှင့် မြေးတော်စပ်သူ ဖြစ်ကြောင်း သိရသည်။

narinjara
တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟာင်း တစ်ဦး ဖြစ်သူ ကိုဆန်းလွှင်သည် သူမောင်းနှင်နေသည့် အမြန်ရေယာဉ် တစ်ခုပေါ်တွင် ရုတ်တရက် ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

ဦးသိန်းစိန် နဲ့  အဘေး တွေ့ ဆုံ

Photo
မြန်မာ နိုင်ငံ မှာ ရောကှ်ရှိ နေတဲ့ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ဟာ ဒီနေ့ နေ ပြည်တော် က သမ္မတ အိမ်တော် မှာ သမ္မတ ဦးသိန်းစိန် နဲ့  တွေ့ ဆုံ ခဲ့ ပါတယ်။

သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ငွေတောင်းခံသည့် ဂျာနယ် သတင်းထောက်

Photo: သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ငွေတောင်းခံသည့် ဂျာနယ် သတင်းထောက် 

သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သတင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုလောမြို့နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွား ခဲ့ကြောာင်း သိရှိရသည်။ 

၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသည့် ဒီလှိုင်း ဂျာနယ် သတင်းထောက်ဖြစ်သူ ဦးခင်ဇော် အပါအ၀င် (၂) ဦးတို့သည် ထားဝယ်မြို့မှ တဆင့် ပလောက်မြို့နယ်ခွဲရှိ အင်းမ ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာ သင်းအုပ်ဆရာတော် ဦးဘဥာဏ် နေအိမ်တွင် တည်းခိုကာ မတ်လ (၂၀) ရက်နေ့ (၈) နာရီအချိန်တွင် ၄င်းနေအိမ်၌ ကျေးရွာသူ / သား (၄၇) ဦးနှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

အစည်းအဝေးတွင် ဒီလှိုင်း ဂျာနယ် သတင်းထောက် ဦးခင်ဇော်က အစိုးရမှ သိမ်းယူထားသည့် မြေများအား ရွာသားများလက်သို့ ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြန်မရလျှင် ၄င်းမှ နှစ်ဆ ပြန်လျှော်မည်ဟု ပြောဆိုပြီး အစည်းအဝေး တက်ရောက်သူ (၄၇) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်း ဖြင့် ငွေကျပ် (၁၄) သိန်းကျော် တောင်းခံ ရယူသွားကြောင်း သတင်းရရှိ ပါသည်။

Posted From မြိတ်ပုလဲမြေ http://myeiknews.blogspot.com
သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သတင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုလောမြို့နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွား ခဲ့ကြောာင်း သိရှိရသည်။

နေပြည်တော်မှာ နောက်သို့ပြန်တက်နေခြင်း

နေပြည်တော်ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်း ဆင်း ဖြစ်သော် လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက် စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။

နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာများ ခွဲစိတ် မှုပြုလုပ်မည့် အိန္ဒိယဆရာဝန်များ စစ်ကိုင်း တိုင်းသို့  သွားရောက်

logo31

နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၁၅၀ ခန့်  ခွဲစိတ် ကုသရန် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဘက် မဏိပူရ ပြည်နယ် Imphal မြို့ တွင် အခြေစိုက် သည့် Shija Hospital and Research Institute (SHIJA) မှ ၁၂ ဦးပါဝင်သည့် အဖွဲ့  သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသို့  မနေ့ က ထွက် ခွာခဲ့ကြသည်။

ဂျပန်နိုင်ငံ သည် အာရှဒေသ အတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြား ခဲ့သည့် စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong

Photo: ဂျပန်နိုင်ငံသည် အာရှဒေသ အတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့သည့် စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong</p>
<p>ဂျပန်နိုင်ငံသည် အာရှဒေသ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ်<br />
Lee Hsien Loong က ယမန်နေ့က ပြောကြားခဲ့သည်။</p>
<p>ဂျပန်နိုင်ငံ အနေဖြင့် အရှေ့တောင် အာရှဒေသ တစ်ခုလုံးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ချိတ်ဆက်မှုများ တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း ၊ စီးပွားရေး ကဏ္ဍ အနေဖြင့်လည်း အာရှပစိဖိတ် ဒေသများနှင့်ပါ လွတ်လပ်စွာ ကုန်သွယ်မှုများ လုပ်ဆောင်နိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း ၊</p>
<p>လက်ရှိ တရုတ်နှင့် ဂျပန်နှစ်နိုင်ငံ အကြား ရေပိုင်နက် အငြင်းပွားမှုများကြောင့် တင်းမာမှုများ ရှိနေခြင်းနှင့် ပတ်သက်၍လည်း နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုပြီး စေ့စပ်ညှိနှိုင်းကာ ဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်စေရန် လုပ်ဆောင်သင့်ကြောင်း ၊ </p>
<p>ကုန်သွယ်ရေး ၊ ဆိုက်ဘာ ထောက်လှမ်းရေး ၊ လူ့အခွင့်အရေး အစရှိသည့် ကဏ္ဍများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား ဖြစ်ပေါ်လာနိုင်သည့် အရေးကိစ္စများနှင့် ပတ်သက်ပြီးလည်း နှစ်ဦးနှစ်ဘက် ခေါင်းဆောင်များအကြား ယုံကြည်မှုနှင့် နားလည်မှု ရှေ့ထားကာ အကောင်းဆုံး စေ့စပ် ညှိနှိုင်းသင့်ကြောင်း ပြောကြားခဲ့သည်။</p>
<p>ဖော်ပြပါ အင်အားကြီး နိုင်ငံများ အနေဖြင့် အချင်းချင်း ဆက်ဆံမှု များအား ထိခိုက်လာနိုင်သည့် ကိစ္စရပ်များကို ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုပြီး စည်းမျဉ်းသစ်များ ရေးဆွဲကာ ဆွေးနွေးညှိနှိုင်းမှသာ မလိုလားအပ်သည့် ပဋိပက္ခများအား တားဆီးရာ ရောက်မည့်အပြင် </p>
<p>ပိုမိုငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက်သော ကမ္ဘာတစ်ခုဆီသို့ ဆက်လက် ချီတက်နိုင်မည် ဖြစ်ကြောင်း ၀န်ကြီးချုပ် Mr.Lee က တိုကျိုမြို့တွင် ကျင်းပပြုလုပ်သော အာရှဒေသ၏ အနာဂတ် ညီလာခံတွင် အလေးအနက်ထား ပြောကြား သွားခဲ့သည်။</p>
<p>Source: CNA<br />
MRTV4
ဂျပန်နိုင်ငံသည် အာရှဒေသ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong က ယမန်နေ့က ပြောကြားခဲ့သည်။