Thursday, 25 April 2013

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။
လက်ရှိတွင် အသက်(၃၃)နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀)ကျော်မျှ ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။ သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း ရှာဖွေမည့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။


"ကျွန်တော့်ဆီကို စာတွေပို့လာတယ်။ Emailနဲ့ Faxတွေရောပေါ့။ အဲဒါတွေ အားလုံးကို ဖတ်ဖို့ အချိန်တော့ မရသေးဘူး။ ကျွန်တော် ဒီကိစ္စကို ဂီဂီနဲ့ ဆွေးနွေးပါဦးမယ်"ဟု သူဌေးကြီး စီဆီလ်က ပြောကြားခဲ့သည်။ ၎င်းက "တော်တော်များများ တူတူညီညီ ပြောနေတာ တစ်ခုပဲရှိတယ်။ သူတို့ ဆက်သွယ်လာတာ ငွေကြောင့် မဟုတ်ဘူး။ ကျွန်တော့် သမီးကို ရင်းနှီးချင်လို့ ဆိုတာချည်းပါပဲ"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပြင်သစ်မှ ဆက်သွယ်လာသူ တစ်ဦးက "ကျွန်တော် အလေးအနက် ပြောတာပါ။ ကျွန်တော်က အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ ယောက်ျားတစ်ယောက်ပါ။ ပြီးတော့ မိန်းကလေးတွေလိုပဲ နူးညံ့ပါတယ်"ဟု ရေးသားထားသည်။

အခြားလျှောက်လွှာတင်သူ တစ်ဦးကလည်း "ကျွန်တော်က ခင်ဗျားသမီးရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကို လက်ထပ်မယ့်သူပယ်။ ပြီးတော့ ကျွန်တော့် အပျော်မယား ဘရာဇီးလ်မော်ဒယ်လ် မာရီယန်ကလည်း ခင်ဗျားသမီးအတွက် အဆင်ပြေအောင် ကျွန်တော့်ကို ကူညီလိမ့်မယ်"ဟု ရွှတ်နောက်နောက် ရေးသားထားပြန်ကြောင်း သိရသည်။ ဂီဂီကမူ သူမ၏ ဖခင်လုပ်ရပ်အတွက် စိတ်ပျက်ကြောင်းနှင့် သူမသည် အေးအေးချမ်းချမ်းသာ နေလိုကြောင်း ဆိုသည်။ ဂီဂီသည် လွန်ခဲ့သော (၇)နှစ်က ပြင်သစ်တွင် အမျိုးသမီး တစ်ဦးကို လိင်တူချင်း ထိမ်းမြား လက်ထပ်ဖူးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

စီဆီလ်က "ကျွန်တော့် သမီးအတွက် သတို့သားလောင်းက ချမ်းသာ၊ ဆင်းရဲမရွေး ပြဿနာ မရှိပါဘူး။ အဓိက အချက်က နှစ်လိုစရာကောင်းပြီး ကြင်နာတတ်ရပါမယ်။ ဂီဂီက ရုပ်ရည်ချောမောပြီး အရည်အချင်းလည်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ မိဘတွေ အပေါ်မှာလည်း သိတတ်ပါတယ်။ ပြီးတော့ ရက်ရောပြီး စေတနာလည်း ထက်သန်ပါတယ်"ဟု ပြောကြားထားသည်။ ၎င်းက သတင်းများတွင် ဖော်ပြနေသကဲ့သို့ ဂီဂီက လိင်တူ လက်ထပ်ဖူးသည် ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး မိမိ၏ သမီးသည် အပျိုသာဖြစ်ကာ သင့်တော်သော အမျိုးသား တစ်ဦးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် ဖြစ်လိမ့်မည်ဟုလည်း အာမခံသွားသည်။

ဟောင်ကောင်မှ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦးသည် ၎င်း၏ လိင်တူစိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ် အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ ထပ်မံအသိပေး

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း စနစ်သည် လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ငွေကျပ် ၅ဝ ဖြစ် ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှု အတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800 MHz မိုဘိုင်းတယ်လီဖုန်းများကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ် ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ် ၁ဝဝဝဝ ပေးသွင်း လျှောက်ထားရပါမည်။ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယိုစခန်းပေါင်း ၂၈၂ စခန်းရှိပြီး အဆိုပါရေဒီယို စခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ပြည်ပသို့ တယ်လီဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယိုစခန်း များ၏

Wednesday, 24 April 2013

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

w1-23-4-2
နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံ ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းကို ဧပြီလ ၂၃ ရက်နေ့ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးအပြီး တွေ့ရစဉ်
အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်လင်းကဘရူနိုင်း နိုင်ငံသို့  ရောက်ရှိနေစဉ် ကာလအတွင်း Eleven Media Group သို့ ပြော ကြားခဲ့ပါသည်။

ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ်

တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ အရှေ့တရုတ် သမုဒ္ဒရာအတွင်းက ကျွန်းတန်းအနီးကို သင်္ဘောအုပ်စု တစု စေလွှတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက် ခဲ့ပါတယ်။

Tuesday, 23 April 2013

မန္တလေးတွင် ၁၅၀၀ကျပ်တန် Simcard များအားမဲမနှိုက်တော့ပဲ ဦးရာလူ စနစ်ဖြင့် ရောင်းမည်

Photo: မန္တလေးတွင် ၁၅၀၀ကျပ်တန် Simcard များအားမဲမနှိုက်တော့ပဲ ဦးရာလူ စနစ်ဖြင့် ရောင်းမည်
Tuesday, April 23, 2013

မန္တလေးမြို့မှာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မဲနှိုက်မှာမဟုတ်ဘဲ ဦးရာလူစနစ်နဲ့သာ ဧပြီလ ၂၄ ရက်နေ့က စပြီး ရောင်းပေးမယ်လို့ မန္တလေးခရိုင်၊ ဆင်းမ်ကတ်ရောင်းချရေး စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ တန်းစီဦးရာလူစနစ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။

ဆင်းမ်ကတ် ၀ယ်ယူလိုသူတွေဟာ အိမ်ထောင်စုဇယားမူရင်း ပတ်စပို့ဓါတ်ပုံ နှစ်ပုံ ယူဆောင်လာဖို့လိုအပ်ပြီး အိမ်ထောင်စုတစ်စုလျင် ဆင်းမ်ကတ်တစ်ကတ်နှုန်းသာရောင်းချပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

မန္တလေးခရိုင်အတွင်း ဆင်းမ်ကတ်ပေါင်း ၃၂၄၀၀ ကတ် ရောင်းချပေးမှာဖြစ်ပြီး မြို့နယ်အလိုက် ဆင်းမ်ကတ် ခွဲတမ်း ရရှိမှုကို ဖော်ပြပါတယ်။

စဉ် မြို့နယ် ရရှိခွဲတမ်း(ကတ်)

၁။ အောင်မြေသာစံ ၄၅၀၀
၂။ ချမ်းအေးသာစံ ၃၅၀၀
၃။ မဟာအောင်မြေ ၃၅၀၀
၎။ ချမ်းမြသာစည် ၅၅၀၀
၅။ ပြည်ကြီးတံခွန် ၃၅၀၀
၆။ အမရပူရ ၅၉၀၀
ရ။ ပုသိမ်ကြီး ၆၀၀၀

(မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးအတွက် ဆင်းမ်ကတ်ပေါင်း ၆၅၀၀၀ ရောင်းချပေးမှာဖြစ်ပါတယ်။)

The Modern News Journal
မန္တလေးမြို့မှာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မဲနှိုက်မှာမဟုတ်ဘဲ ဦးရာလူစနစ် နဲ့သာ ဧပြီလ ၂၄ ရက်နေ့က စပြီး ရောင်းပေးမယ်လို့ မန္တလေးခရိုင်၊ ဆင်းမ်ကတ်ရောင်းချရေး စီမံခန့်ခွဲမှု အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)

ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)

မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။


ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့ ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။ နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊ လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။ ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။ ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။ ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။ ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။ ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။ ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့ တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်း အယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏ အကျယ် တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

[ကောင်းမှုတစ်ခုနေ့စဉ်ပြု။]

*နေ့စဉ်သရဏဂုံဆောက်တည်ပါ။

*နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (သုးံခေါက်)

မိတ္ထီလာမြို့၌ သံဃာတော်တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ များအား ဧပြီ ၂၂ ရက်တွင် စတင်စစ်ဆေး

မိတ္ထီလာမြို့၌ သံဃာတော် တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ များအား ဧပြီလ ၁၀ ရက်နေ့က တရားစွဲဆိုခဲ့ပြီး မိတ္ထီလာခရိုင် တရားရုံးမှ ရာကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံခဲ့ကာ ဧပြီ လ ၂၂ ရက်တွင် ပထမရုံးချိန်းအဖြစ် စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အကျဉ်းမှာ မတ်လ ၂၀ ရက် ညနေပိုင်းက ၀မ်းတွင်းမြို့နယ်၊ ဒုံကုန်းကျေးရွာမှ ဦးဇင်း ဦးသောဘိတ (သက်တော် ၄၅ နှစ်) သည် မိတ္ထီလာဈေးကြီးသို့ ဆိုင်ကယ်ကယ်ရီဖြင့် ဈေးလာဝယ်စဉ် သီရိမင်္ဂလာ ရပ်ကွက်အတွင်းရှိ ကားကြီးဝန်းထိပ် အရောက်တွင် လူ ၁၀ ဦးခန့်က သတ်ဖြတ်ခဲ့ ကြခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။

အဆိုပါ အမှုတွင် ပါဝင်ပတ်သက်သူ မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မျိုးဝင်း(ခ)ဒါဂျိဂန်း ၊ ဇော်ထက်နိုင် ၊ မြတ်ကိုကို(ခ)အာဏ္ဏ၀ါ၊ ညီညီနိုင်တို့အား ဖမ်းဆီးရမိပြီး မျိုးဝင်း(ခ)မျိုးညွန့်(ခ)အဒူလမန်၊ လတ်ကျော်နိုင် ၊ ကိုဝင်း(ခ)ကိုကိုဝင်း(ခ) ကျော်သူဝင်းနှင့် စည်သူတို့အား တရားခံပြေးများ အဖြစ် တရား စွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ဧပြီလ ၂၂ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင် တရားသူကြီး ဦးအေးလွင်မှ ကြားနာစစ်ဆေး ခဲ့ပြီး တရားစွဲဆိုခံရသူများ ဘက်မှ ရှေ့နေ ခြောက်ဦး၊ တရားလိုအကျိုးတော်ဆောင် ဥပဒေအရာရှိ တစ်ဦးပါ ၀င်ကြောင်း သိရသည်။

လက်အဆစ် ချိုးလျှင်

လက်အဆစ် ချိုးလျှင်
Tuesday,April23,2013

လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။

သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုး များအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုး တယ်ရယ်လို့ မဟုတ်ပဲ ချိုးတဲ့ အဆစ်များ အားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်း များတယ်လို့ ဆေးပညာရှင် များက ဆိုထားတယ်လို့ သိရပါတယ်။

Ref: medic-facts

လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။
သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင်ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုး ကျိုးတော့ ရှိပါ တယ်။

ပြည်မှာဖြစ်သွားတဲ့ မြို့လယ်ခေါင် အနုကြမ်းစီး လူသတ်မှု

ပြည်မှာဖြစ်သွားတဲ့ မြို့လယ်ခေါင် အနုကြမ်းစီး လူသတ်မှု
Tuesday,April23,2013

ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေည ၁၀ နာရီခန့်က အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဆိုင်အတွင်း ရေချိုးခန်းတွင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နီနီအောင် (၅၇ နှစ်) သေဆုံးနေကြောင်း တွေ့ရသည်ဟု သိရသည်။


ဆိုင်အတွင်း အဖိုးတန် လက်ဝတ်ရတနာများ၊ အဖိုးတန်နာရီများနှင့် တနေ့လုံးရောင်းချထားသော ငွေများပျောက်ဆုံးနေကြောင်း၊ ဒေါ်နီနီအောင်သည် မျက်နှာတွင် ဖူးယောင်ဒဏ်ရာများနှင့် သေဆုံးနေကြောင်း အမှုစစ်ရဲအရာရှိ ဒုရဲအုပ် လှိုင်မျိုးဝင်းက ဧရာဝတီသို့ပြောသည်။


သေဆုံးသူ၏ သားဖြစ်သူ ကိုအောင်ပိုင်ထူးက  ပြည်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွှင့်ထားကြောင်း၊ ရဲတပ်ဖွဲ့က တရားခံဖမ်းမိရန် စုံစမ်းနေကြောင်း သိရသည်။

ကောင်းမြတ်မင်း ~



   ဧရာဝတီ

ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေ ည ၁၀ နာရီခန့်က အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။
ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဆိုင်အတွင်း ရေချိုးခန်းတွင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နီနီအောင် (၅၇ နှစ်) သေဆုံးနေကြောင်း တွေ့ရသည်ဟု သိရသည်။

ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များအပေါ် ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်

4.22.6
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များ အပေါ်မှ ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက် က ပြုလုပ်ခဲ့ကြောင်း သိရသည်။

Monday, 22 April 2013

မိချောင်း ခဲထားရာ ကနေ ပြန်လွတ်လာသူ ဖိုးကံကောင်း


၂၂.၀၄.၂၀၁၃

မိချောင်း ခဲထားရာ ကနေ ပြန်လွတ်လာသူ ဖိုးကံကောင်း

ပြင်သစ်အမျိုးသား တဦး ဟာ သြစတြေးလျ မြောက်ပိုင်း ကမ်းခြေ တခုမှာ ရေးကူးနေတဲ့ အချိန် ရေငံပိုင်း ကျက်စားတဲ့ မိချောင်း တကောင် ကိုက်တာကို ခံရပြီးနောက် မိချောင်းက သူ့ခေါင်းကို  ပါးစပ်ထဲမှာ ခဲထားတာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ကံကောင်းစွာဖြင့် သူ့ဟာ ပြန်ပြီး ရုန်းထွက်နိုင်ခဲ့ပြီး အသက်မသေဘဲ လွတ်မြောက်လာပါတယ်။

ယိုအန် ဂလာရန် ဆိုသူ အသက် ၂၉ နှစ်အရွယ်က သူဟာ အရမ်းကို ကံကောင်းခဲ့ပါတယ် လို့ ပြောပါတယ်။ 
သူဟာ Nhulunbuy  တောမြို့လေးရဲ့ ကမ်းခြေ ကနေ သူ့လှေ ရှိရာကို ရေကူးသွားတဲ့ အချိန်မှာ အရှည် ၈ ပေလောက်ရှိမယ့် မိချောင်းက သူ့ကို လာကိုက်ပြီး ခေါင်းကို ခဲထား လိုက်တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မိချောင်းဟာ လှိမ့်ပြီး သူ့ကို ရေနက်ပိုင်း ဆွဲခေါ်ဖို့ လုပ်နေတဲ့အချိန်မှာ မစ္စတာ ဂလာရန်ဟာ အဆက်မပြတ် မိချောင်းကို ပြန်ထိုးခဲ့ပြီးနောက် ကံကောင်း စွာဖြင့် ပြန်လွတ်လာတာ ဖြစ်ပါတယ်။

ပြင်သစ်အမျိုးသား တဦး ဟာ သြစတြေးလျ မြောက်ပိုင်း ကမ်းခြေ တခုမှာ ရေးကူးနေတဲ့ အချိန် ရေငံပိုင်း ကျက်စားတဲ့ မိချောင်း တကောင် ကိုက်တာကို ခံရပြီးနောက် မိချောင်းက သူ့ခေါင်းကို ပါးစပ်ထဲမှာ ခဲထားတာ ဖြစ်ပါတယ်။

Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ

Photo: Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ
Monday ,April22 ,2013

နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့်

အမျှ Market များနှင့် ဆက်စပ်မှုရှိသော အရောင်းဆိုင် များသုံး POS ပစ္စည်းများလည်း ရောင်းအား တက်လာသည်ကို တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Taiwan နိုင်ငံမှ တင်သွင်းသော BIRCH Brand အမည်ဖြင့် POS နှင့် ဆက်စပ် သုံးရသော  Barcode Label Printer, Thermal & Dot Matrix Receipt Printer, Barcode Laser Scanner၊ ယင်းတို့၏ ဆက်စပ်ပစ္စည်း များအား  မှန်ကန်သော ဈေးနှုန်းများဖြင့်   ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း  သိရသည်။

POS ပစ္စည်းများ အနေဖြင့် Gun Type Barcode Scanner တွင် Auto Sensor, Liner Image CCD, Long Range CCD, CCD Scanner များကို လည်းကောင်း၊ Barcode Printer တွင် Barcode Label Printer, Receipt Printer (Doxtmatrix/ Thermal) များကို လည်းကောင်း၊  POS Cash Drawer, 15" Touch Screen USB Hub နှင့် POS Display များကိုလည်း ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Market အရောင်းဆိုင်များတွင် မရှိမဖြစ် ထားရှိရမည့် Digital Video Recorder (DVR) လုံခြုံရေး ကင်မရာ ဖမ်းစက်နှင့် CCTV လုံခြုံရေး ကင်မရာ များကိုလည်း ဆိုင်အ ရောက် လိုက်လံ တပ်ဆင်ကာ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ပျဉ်းမနားမြို့  ဗိုလ်ချုပ် လမ်းမပေါ်ရှိ Smart Computer ဆိုင်များမှ သိရသည်။

 မြ၀တီ
နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့် အမျှ Market များနှင့် ဆက်စပ်မှုရှိသော အရောင်းဆိုင်များသုံး POS ပစ္စည်း များလည်း ရောင်းအား တက်လာသည်ကို တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ”

Photo: “ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ”
Monday ,April22 ,2013

အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိက သံသယတရားခံ ညီအစ်ကို နှစ်ဦးကို ကြိုးကိုင် ကူညီခဲ့သည်ဟု ယူဆရသော အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းကို FBIက ဖြန့်ကျက် လေ့လာနေခြင်း ဖြစ်သည်။

ရဲများက တာမာလန်ဆာနေ့ဗ်နှင့် ဇိုခါဆာနေ့ဗ်တို့ ညီအစ်ကို နှစ်ဦးသည် ပြင်းထန်ဆိုးရွားလှသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် စနစ်တကျ လေ့ကျင့်ပေးခြင်း ခံထားရကြောင်း အလေးအနက် ယုံကြည်ထားသည်။

FBI အေးဂျင့်ပေါင်း (၁၀၀၀)ကျော်တို့သည် တနင်္ဂနွေနေ့ ညပိုင်းက စတင်ကာ ပစ်မှတ်အဖြစ် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်သူများကို ရှာဖွေနေပြီး မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ 

FBIနှင့် နီးစပ်သူ တစ်ဦးက "အဖွဲ့အစည်းအနေနဲ့ ခုကိစ္စကို ဒီညီအစ်ကို နှစ်ယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဘယ်လိုမှ မယုံပါဘူး။ ဖောက်ခွဲခဲ့တဲ့ ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံက အဆင့်အတန်း မြင့်လွန်းတယ်။ ဒီလက်နက်မျိုး ဘယ်လိုလုပ်တယ် ဆိုတာကို Googleကနေတော့ သူတို့ညီအစ်ကို ရှာတွေ့မယ်ပုံ မပေါ်ဘူး"ဟု ပြောကြားခဲ့သည်။

၎င်းကပင် "ပြောရရင် ဖန်တီးမှုက ခေတ်ရှေ့ပြေးလွန်းတယ်။ တစ်ယောက်ယောက်က ဒီကျွမ်းကျင်မှုမျိုးကို သူတို့ညီအစ်ကိုဆီ မျှဝေခဲ့ပုံပဲ။ အေးဂျင့်တွေကတော့ အဖွဲ့ဝင် (၁၂)ယောက် ပါဝင်တဲ့ အဲဒီအဖွဲ့အစည်းဟာ သူတို့လုပ်ဆောင်မယ့် အကြမ်းဖက်ကိစ္စ အထမြောက်လာမယ့် နေ့မျိုးကို နှစ်တော်တော်ကြာအောင် အချိန်ယူ စောင့်ဆိုင်းနေခဲ့တယ်လို့ ယူဆထားတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ 

Planet Myanmar Network
အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိကသံသယတရားခံ

နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၃ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး

Photo: တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး
Monday ,April22 ,2013

တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့မြေငလျှင်ဟာ ပြင်းအား ၇ ရှိပြီး တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းမှာရှိတဲ့ Sichaun ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Sichaun ပြည်နယ်ထဲမှာရှိတဲ့ လူရှန်နဲ့ လောင်မင် မြို့တွေဟာ ငလျှင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး အိမ်ခြေပေါင်း တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက ငလျှင်ဒဏ်ခံခဲ့ရသူတွေကို ကူညီကယ်ဆယ်နေကြပြီး အခုဆိုရင် ငလျှင်ဒဏ်ပြင်းထန်ဆုံးခံခဲ့ရတဲ့ နေရာတွေဖြစ်တဲ့ Baoxing မြို့ကို ရောက်ရှိနေပြီးလို့လည်း သိရပါတယ်။ ငလျှင်ဒဏ်ကြောင့် မြေပြိုတာတွေ လျှပ်စစ်မီးပျက်စီးတာတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက တချို့နေရာတွေကို ခြေလျှင်နဲ့ သွားရောက်ကူညီရတယ်လို့ဆိုပါတယ်။

တရုတ်အစိုးရရုပ်မြင်သံကြားသတင်းက ကူညီကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ အခုဆိုရင် ငလျှင်ဒဏ် အပြင်းထန်ဆုံးခံရတဲ့ Baoxing မြို့ကို ခြေလျှင်နဲ့ရောက်ရှိနေပြီးလို့ ဖော်ပြထားပေမယ့် ဆက်သွယ်ရေးလုပ်ငန်းတွေထိခိုက်ထား တာတွေကြောင့် ပုံတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးလို့ ဆိုပါတယ်။

ကူညီ ကယ်ဆယ်ရေးအတွက် စစ်သားပေါင်း တစ်သောင်းခုနှစ်ထောင်နဲ့ ရဲတွေကိုလည်း ပို့ထားတယ်လို့သိရပါတယ်။

ABC radioaustralia
တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ်

Photo: မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ် 
Monday ,April22 ,2013

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်အောင် ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု လမ်း စ တွေ ဖြစ်ပေါ် ပြီးနောက် နိုင်ငံတကာက မြန်မာနိုင်ငံမှာ တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်နေချိန်မှာပဲ အိန္ဒိယ နိုင်ငံကလည်း ဝင်ရောက် လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ S Ramdorai က ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဟိန္ဒူစတန်ထိုင်းမ်စ် သတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုပါ ကူညီမှာဖြစ်သလို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖာလာစေ့စိုက်ပျိုးမှု တိုးတက်အောင် ပူးပေါင်း လုပ်ဆောင်ကြဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စွမ်းရည်ဖွံ့ဖြိုးမှုလုပ်ငန်း လုပ်နိုင်ဖို့အတွက် အိန္ဒိယ-မြန်မာ စက်မှုဆိုင်ရာ သင်တန်းစင်တာကို ပုခုက္ကူမြို့မှာ ဖွင့်လှစ်ပြီး မြင်းခြံမြို့မှာလည်း ဖွင့်လှစ်ဖို့ ရှိကြောင်းသိရပါတယ်။

အဲ့ဒါ့အပြင် အင်္ဂလိပ်စာသင်တန်းကျောင်းတွေ၊ ကွန်ပြုတာဆိုင်ရာစင်တာတွေလည်း ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ပေးတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

ABC radioaustralia အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်အောင် ကူညီဆောင်ရွက်သွားမယ် လို့ သိရပါတယ်။

အရက်သောက်၊ လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်တဲ့ ပုသိမ်၊ ချောင်းသာမြို့နယ်ထဲက ဗိုလ်ဗိုလ်ကျော် ကိုယ့်နှမကို ကိုယ်အဓမ္မပြုကျင့်သတဲ့

ဘိန်း၊ ကင်း၊ ကစော်၊ လှော်စာ၊ အရက်ဆိုတဲ့ မူးယစ်ထုံထိုင်းစေတဲ့ အရာတွေ ကို အလွန်အကျွံ သုံးစွဲမှီဝဲ တတ် သူဟာ လူစိတ်ပျောက်ပြီး ခွေးစိတ်ရောက်ရှိ တတ်ကြောင်းကို ပုသိမ်၊ ချောင်းသာမြို့နယ်၊......ရပ်ကွက်ဖြစ် ရပ်က သတိပြုဆင်ခြင် သင်ခန်းစာထုတ်ယူ စရာကောင်း တဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုပါရစေ။

ဘုရားစေတီပုံပါသော ထမီပိတ်စများရောင်းသည့် ယုဇနပလာဇာမှ မေခလာသိန်း(သမီး)အထည်ဆိုင်ကိုအမှုဖွင့်ထား

Photo: ဘုရားစေတီပုံပါသော ထမီပိတ်စများရောင်းသည့် ယုဇနပလာဇာမှ မေခလာသိန်း(သမီး)အထည်ဆိုင်ကိုအမှုဖွင့်ထား
Monday ,April22 ,2013

ဘုရားစေတီပုံများပါရှိသော  ထမီပိတ်စများအား ယုဇနပလာဇာ  ရှိမေခလာသိန်း (သမီး) အထည် မျိုးစုံလက်လီလက်ကားရောင်းဝယ်  ရေးဆိုင်တွင် တွေ့ရှိ၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းက သာသနာ ငြိုးနွယ်စေမှုဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ်နေ မဥမ္မာ   နှင့် သူငယ်ချင်းများသည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ယုဇနပလာဇာရှိမေခလာသိန်း (သမီး) အထည်မျိုးစုံလက်လီလက်  ကားရောင်းဝယ်ရေးဆိုင်တွင် ထမီ ပိတ်စများကြည့်နေစဉ်အရောင်း မိန်းကလေးတစ်ယောက်မှ ဘုရား စေတီပုံများပါရှိသော ပိတ်စအား တစ်ထည်လျှင် ၃၅၀၀ ဖြင့် ရောင်းချ၍ မဥမ္မာမှ တစ်ထည် ၀ယ်ယူခဲ့ကာရင်းနှီးသူကိုအောင် ငြိမ်းကျော်နှင့် ကိုဝင်းကြိုင်တို့အား  ပြသရာကိုဝင်းကြိုင်နှင့် တိုဟောင် ငြိမ်းကျော်တို့မှ မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ဘုရားစေတီပုံများပါရှိသော  ထမီးပိတ်စနှစ်ထည်ဝယ်ယူ၍ မင်္ဂလာတောင်ညွန့်ရဲစခန်းသို့သွား ရောက်တိုင်ကြားရာရဲစခန်းမှ သက်သေခံပစ္စည်းကအဖြစ် ထမီ  ပိတ်စနှင့် ဟောင်များအား သိမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းနောက်မြို့နယ်မှူး စခန်း မှူးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ  မဥမ္မာကိုဝင်းကြိုင်ကိုအောင်ငြိမ်း ကျော်တို့သည်မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရာ မတွေ့ရှိ၍ မဥမ္မာမှ ဆိုင်ထဲသို့ဝင် ရောက်ပြီး ရှာဖွေတော့မှ ဘုရား စေတီပုံများပါရှိသော ထမီ (၇) ထည်အား ထပ်မံတွေ့ရှိကြောင်း သိရှိရသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ မဥမ္မာကိုအောင်ငြိမ်းကျော်၊ ကိုဝင်းကြိုင်တို့မှ ဆရာတော်ဦးဝီ ရသူထံဖုန်းဆက်လျှောက်ထားရာ မှ ဆရာတော်မှ ရန်ကုန်ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ်တွင်ရှိသော  ဆရာတော်ဦးကေသရနှင့် ဦးပါမောက္ခတို့ထံသို့သွားရောက် လျှောက်ထားခိုင်းရာမှဦးကေသရ နှင့် ဆရာတော် (၇) ပါး (ယောင်္ကျား+ မိန်းမ) (၁၀) ယောက်တို့သည်။ မင်္ဂလာတောင် ညွန့်ရဲစခန်းသို့ ၁၄.၄.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး မြို့နယ်မှူးစခန်းမှူးတို့နှင့် တွေ့ဆုံ ၍ အကြိုအကြောင်းမေးမြန်ရာ မြို့နယ်မှူးမှ တမင်ရည်ရွယ်ချက် နဲ့ လုပ်တာမဟုတ်ကြောင်း လျှောက်ထားရာဆရာတော်ဦးကေ သရမှ မြို့နယ်မှူးလျှောက်ထား သော စကားအားလက်မခံကြောင်း  မနောကံဆိုကာဘုရားမှတစ်ပါး ကြိုမသိကြောင်း ဒီစကားကိုလက် မခံကြောင်း ပြောကြား၍ ဆက်လက်ပြီး မြို့နယ်မှူးမှ ထမီ စတွင် ဘုရားစေတီပုံများပါရှိပြီး ရောင်းချခြင်းမှာဘယ်သူမှာ နစ်နာ  သွားသလဲဟုပြောကြားခြင်းကြောင့်  ဆရာတော် (၇) ပါးနှင့် လူပုဂ်္ဂိုလ်  (၁၀) ယောက်မှ မကျေမနပ်ဖြစ် နေ၍ ထေရ၀ါဒဓမ္မကုန်ရက်ဥပဒေ  ရေးရာအကြံပေးဦးအေးပိုင်မှ ဥပဒေအရပြုလုပ်ရန်ဆရာတော် များအားလျှောက်ထားပြီး ပြန်လာ  ခဲ့ကြောင်း ဆရာတော်နှင့် ထေရ ၀ါဒဓမ္မကုန်ရန်ဥပဒေရေးရာအကြံ ပေးဦးအေးပိုင်တို့မှပြောကြား၍ သိရှိရသည်။
ဆက်လက်၍ဆရာတော် ဦးကေသရမှမိန့်ကြားရာတွင် ဘုရားစေတီပုံများပါရှိသော ထမီ တစ်ကွင်းတွင်အပေါ်နားတွင် စေတီရဆူပါရှိပြီး ဟောက်နားတွင်  စေတီ (၇) ဆူပါရှိကြောင်း အပြာ ရောင်ခံဘုရားစေတီပုံများပါရှိသော  ထမီးစအားဗန်မော်ဆရာတော် သို့သိရှိရန်အတွက် ဆက်ကပ်ခဲ့ ကြောင်း မိန့်ကြား၍သိရှိရသည်။
အဆိုပါဖြစ်စဉ်မှာ ၁၁.၄. ၂၀၁၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ သော်လည်း ရဲစခန်းမှအမှုဖွင့် အရေးယူခြင်းမရှိပဲ။ ၁၄.၄.၂၀၁၃ ရက်နေ့ကြမှ မေခလာသိန်း (သမီး) ဆိုင်ပိုင်ရှင်ကျော်လှိုင်သိန်း အား (ပ) ၂၅၆/၁၃ ပုဒ်မ ၂၉၅ ဖြင့် ရဲမှတရားလိုပြုလုပ်၍ အမှု ဖွင့်ထားကြောင်း အမှုစစ်မှာစခန်း မှူးသက်နိုင်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးဝင်းအောင်နီမှပြောပြ ၍ သိရသည်။
ရဲစခန်းမှသက်သေအဖြစ် သိမ်းဆည်းထားသော ပိတ်စများ  မှာ ထမီးရသည်စာအသင့်ဖြတ် တောက်ပီးဖြစ်သော ပိတ်စများ  ဖြစ်ကြောင်း သိရသည်။
 
အရိန္ဒမာ (ဘိုကလေး)
HotNewsWeekly

ဘုရားစေတီပုံများပါရှိသော ထမီပိတ်စများအား ယုဇနပလာဇာ ရှိမေခလာသိန်း (သမီး) အထည် မျိုးစုံလက်လီ လက်ကားရောင်းဝယ် ရေးဆိုင်တွင် တွေ့ရှိ၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းက သာသနာ ငြိုးနွယ်စေမှုဖြင့် အမှု ဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည်

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ သို့ရာတွင် တက်ရောက်မည့် ရက်အတိအကျကိုမူ ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ (၂၂) ကြိမ်မြောက်