Thursday 25 April 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ ထပ်မံအသိပေး

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း စနစ်သည် လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ငွေကျပ် ၅ဝ ဖြစ် ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှု အတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800 MHz မိုဘိုင်းတယ်လီဖုန်းများကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ် ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ် ၁ဝဝဝဝ ပေးသွင်း လျှောက်ထားရပါမည်။ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယိုစခန်းပေါင်း ၂၈၂ စခန်းရှိပြီး အဆိုပါရေဒီယို စခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ပြည်ပသို့ တယ်လီဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယိုစခန်း များ၏ နယ်နိမိတ်များအတွင်း အပြန်အလှန်ယူဆောင် အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် စခန်းသစ်များကိုလည်း ထပ်မံတိုးချဲ့ တည်ဆောက်လျက် ရှိပါသည်။ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်း တယ်လီဖုန်းများသည် ကြိုတင်ငွေဖြည့်ကတ်အသုံးပြု၍ ပြည်တွင်း/ပြည်ပသို့ တယ်လီဖုန်း ဆက်သွယ် ပြောဆိုနိုင်ပါသည်။ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုလိုပါက MECTEL အမှတ်တံဆိပ် ပါ နိုင်ငံခြားငွေသုံး ကြိုတင်ငွေဖြည့်ကတ် (10$, 20$, 50$) အား အသုံးပြုရပါမည်။ ဖော်ပြပါ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း ကြိုတင်ငွေဖြည့် ကတ်များ ရောင်း ချမည့် နေရာ၊ ဒေသနှင့် အရောင်းဆိုင်များအား နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်းကြေညာ ထားပြီး ဖြစ်ပါသည်။ MECTEL CDMA-800 MHz မိုဘိုင်းတယ်လီ ဖုန်းကတ် ပျောက်ဆုံး ပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ကျပ် ၂ဝဝဝဝ ပေး သွင်းပြီး ပြန် လည် လျှောက်ထားရပါမည်။ MECTEL မိုဘိုင်း တယ်လီဖုန်းကတ် ပျက်စီးပါက ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အခမဲ့လျှောက်ထား ရယူနိုင်ပါသည်။ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်းနှင့် ပတ်သက်၍ မေးမြန်းလိုပါက တယ်လီဖုန်းအမှတ် ၃၄၅၆ သို့ အခမဲ့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။
From... ခေတ်လူငယ်

No comments:

Post a Comment