Wednesday, 29 August 2012

သတင်းလွှတ်လပ်ခွင့်ကိစ္စ လွှတ်တော်ကော်မတီဥက္ကဌတို့ ဆွေးနွေးပြီ


သတင်းလွတ်လပ်ခွင့်ကော်မတီမှ ထုတ်ပြန်ခဲ့သည့် တောင်းဆိုချက် ၇ ချက်နှင့်မီဒီယာ သမားများမှ နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုးတောင်းဆိုမှုများအတွက် နေပြည်တော်၌ မီဒီယာသမားများနှင့် လွှတ်တော်ရေးရာ ကော်မတီနှင့်ကော်မရှင်မှ ဥက္ကဌငါးဦး ယနေ့တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်၊ မဏ္ဍိုင်ကြီးသုံးရပ်နှင့် သားရွှေအိုး ထမ်းခြင်း



၂၀၀၈ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သုံးရပ်ကို ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပြီးနောက် တသီးတခြားစီ ပိုင်းခြား ကျင့်သုံးခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်နှင့် ခြောက်လ နီးပါး ရှိနေပြီဖြစ်ပါသည်။

ယုဇန ကုမ္ပဏီပိုင်ရှင် အမည်နှင့်ဓာတ်ပုံ ဆန္ဒပြပွဲတွင် သုံးခွင့်မပြု

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေများအား ယုဇန ကုမ္ပဏီမှ သိမ်းယူ
ထားခြင်းကို သဘော မတူကြောင်း ဆန္ဒပြရန် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရဲစခန်းသို့ တောင်းခံထားရာ ဆန္ဒပြရာတွင် ကုမ္ပဏီပိုင်ရှင် ဦးဋ္ဌေးမြင့်၏ အမည်နှင့် ဓာတ်ပုံကို သုံးစွဲခွင့် မပြုကြောင်း မြေသိမ်းခံ လယ်သမားများ အရေး ဆောင်ရွက်ပေးနေသူ ဒေါ်ဘောက်ဂျာ က ပြောသည်။

ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို


သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့အစည်းများ က တောင်းဆိုလိုက်ကြသည်။

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ

ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော် ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက် အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်း ကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြော ဆိုခဲ့ကြောင်း ဒေသခံများပြောသည်။

ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၇/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်)

ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှု လူအများ အထိတ်တလန့်ဖြစ်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် စာတိုက် မှတ်တိုင် အနီးရှိ ကြည်တော် ရဲတပ်ဖွဲ့ လူနေ လိုင်းခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှုကြောင့် လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်စီး ခရီးသည်များနှင့် ဒေသခံ ပြည်သူများကြား ထိတ်လန့်မှု ဖြစ်ပွား ခဲ့ရကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်သည့် လူ ၂၀၀၀ ကျော်ကို သမ္မတရုံး ကြေညာမည်

နာမည်ပျက်စာရင်း(Blacklist)ကနေ ပယ်ဖျက်လိုက်တဲ့ လူ ပုဂ္ဂိုလ် ၂ ထောင်ကျော် စာရင်းကို သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ အခုရက်ပိုင်းအတွင်း ဖော်ပြပေးသွားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် တင်းမာသည့် မူဝါဒသဘောထားများ ရီပတ်ဘလီကန်တို့ ထုတ်ဖော်

လာမည့် နိုဝင်ဘာလဆန်းပိုင်း၌ ကျင်းပရန်ရှိသည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက် သမ္မတအိုဘားမား၏ ဒီမိုကရက်တစ်ပါတီအပေါ် အနိုင်ရရှိရေးအတွက် သဘောထားတင်းမာမှုရှိသည့် မူဝါဒများကို ရီပတ်ဘလီကန်ပါတီက သြဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပသည့် ပါတီ၏ အမျိုးသားညီလာခံ၌ ထုတ်ဖော်လိုက်ကြောင်း ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။ 

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် တင်းမာသည့် မူဝါဒသဘောထားများ ရီပတ်ဘလီကန်တို့ ထုတ်ဖော်

လာမည့် နိုဝင်ဘာလဆန်းပိုင်း၌ ကျင်းပရန်ရှိသည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက် သမ္မတအိုဘားမား၏ ဒီမိုကရက်တစ်ပါတီအပေါ် အနိုင်ရရှိရေးအတွက် သဘောထားတင်းမာမှုရှိသည့် မူဝါဒများကို ရီပတ်ဘလီကန်ပါတီက သြဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပသည့် ပါတီ၏ အမျိုးသားညီလာခံ၌ ထုတ်ဖော်လိုက်ကြောင်း ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။ 

မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်အခန်းကဏ္ဍ ဖယ်၍မရ

စင်ကာပူနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ
 လေ့လာရေးဌာနမှ ၀ါရင့်သုတေသီ ဒေါက်တာ 
တင်မောင်မောင်သန်း (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ဖယ်ထား၍ မရကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် အရှေ့တောင် အာရှ လေ့လာရေးဌာနမှ ၀ါရင့်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။

အစိုးရ ပြုပြင်ပြောင်းလဲမှုကို အကောင်းလက္ခဏာအဖြစ် ရှုမြင်

သမ္မတ ဦးသိန်းစိန် အနေဖြင့် သက်တမ်း ၂ နှစ်ခန့်ရှိပြီဖြစ်သော အစိုးရအဖွဲ့အား ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်လိုက်ခြင်းသည်  အကောင်းဘက်သို့ ဦးတည်နေသည့် လက္ခဏာများဟု လေ့လာသူများက ရှုမြင်ကြသည်။
ယခုနှစ် မေလ ၁၁ ရက်နေ့ကကျင်းပသော
 နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး 
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် 
သမ္မတ ဦးသိန်းစိန်က ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်
ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်
ဟု ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက “သမ္မတရုံး ၀န်ကြီး ၄ ဦး ထပ်တိုးတာကိုက ပြုပြင်ပြောင်းလဲရေးကို အားစိုက် လုပ်ဖို့ဆိုတာ သိသာပါတယ်၊ အကောင်းဘက်ကို ဦးတည် တယ်၊ ပြုပြင်ပြောင်းလဲရေးကို အကောင် အထည်ဖော်နေ တယ်ဆို တာ ကတော့ မြင်နေ ရတယ်၊ စောင့်ကြည့် ရမယ်” ဟု ဆိုသည်။

မြစ်ဝကျွန်းပေါ်ရေကြောင်းများအား အောက်တိုဘာ(၁)ရက်တွင် ပုံမှန်ပြေးဆွဲမည်

ခေါက်ရေလျှော့ချပြေးဆွဲနေသော ခရီးစဉ်လိုင်းများနှင့် ယာယီရပ်ဆိုင်း ထားသော ခရီးစဉ်လိုင်းများအား အောက်တိုဘာ(၁)ရက်နေ့မှ ပုံမှန်အတိုင်းပြန်လည်ပြေး ဆွဲ ပေးမည်ဖြစ်ေ ကြာင်း ပြည်တွင်းေ ရကြောင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)က သိရသည်။

ခလောက်ဆံ အကောက်ကြံတဲ့ KIA ရဲ့ တစ်ပွဲထိုး လုပ်ရပ်

၂၀၁၁ ခုနှစ် ဇွန်လ () ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ် တွေနဲ့  ကေအိုင်အေ အဖွဲ့တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတော် အစိုးရအနေဖြင့်  ငြိမ်းချမ်းရေး ကမ်း လှမ်းမှုတွေပြုလုပ်ပြီး KIO ညှိနှိုင်းရေးအဖွဲ့ရဲ့ တောင်းဆိုချက်တွေကို အတက်နိုင်ဆုံး လိုက်လျောပေးခဲ့ပေမယ့် KIO အဖွဲ့အနေနဲ့ ပြင်ဆင်ချက်များ ပြုလုပ်ခြင်း၊ တစ်ဆင့်ပြီး တစ်ဆင့် ထပ်မံဖြည့်စွက် ပြောင်းလဲပြီး အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွဲခဲ့တဲ့ အတွက် ကချင်ပြည်နယ်အတွင်းမှာ သေနတ်သံတွေ  မရပ်စဲတဲ့အပြင် ဒေသခံတွေရဲ့ သောကမီး တွေ လည်း မချုပ်ငြိမ်းခဲ့တာဘဲ ဖြစ်ပါတယ်။

ဒုက္ခသည်များအတွက် အကူအညီ စစ်သင်္ဘောဖြင့် ပို့မည်


အစားအစာများ သယ်ယူလာမည့် KD Sri Indera Sakti
မလေးရှားနိုင်ငံ အန်ဂျီအို  တစ်ခုမှ မြန်မာ မွတ်ဆလင် ဒုက္ခသည်များ အတွက် အကူအညီများကို ဘင်္ဂလာဒေခ်ျ့သို့ စစ်သင်္ဘော တစ်စီးဖြင့် ပို့ဆောင်ပေးမည်ဟု ဆိုသည်။

ဒုက္ခသည်များအတွက် အကူအညီ စစ်သင်္ဘောဖြင့် ပို့မည်


အစားအစာများ သယ်ယူလာမည့် KD Sri Indera Sakti
မလေးရှားနိုင်ငံ အန်ဂျီအို  တစ်ခုမှ မြန်မာ မွတ်ဆလင် ဒုက္ခသည်များ အတွက် အကူအညီများကို ဘင်္ဂလာဒေခ်ျ့သို့ စစ်သင်္ဘော တစ်စီးဖြင့် ပို့ဆောင်ပေးမည်ဟု ဆိုသည်။

စစ်ရှောင် သွေးချင်းများ ပြည်တော်ပြန်ခရီး ယခုလအတွင်း အပြီးဆောင်ရွက်ရန် တရုတ်အာဏာပိုင်များ ပြောကြား

ကချင်တိုင်းရင်းသားကလေးငယ်များကို တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ်မြို့ငယ်ဖြစ်သည့် နောင်တောင်း အနီးတစ် ၀ိုက် ရှိ တောတောင်များတွင် ယာယီ စစ်ရှောင် ကချင်ဒုက္ခသည်များနှင့် လားရင်း (လွယ်ဂျယ်တစ်ဖက်ကမ်း)ရှိ စစ်ရှောင်ဒုက္ခသည်များအား လုံး ယခုလအတွင်း အပြီးသတ်ရွှေ့ပြောင်းပေးရန်နှင့် ယခုလအတွင်း တရုတ်ပြည်အတွင်းရှိ ကချင် စစ်ရှောင်ဒုက္ခသည် အားလုံး ရွှေ့ ပြော င်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုများပြုလုပ်ရန် တရုတ်အာဏာ

FEC ရုပ်သိမ်းလျှင် ကိုင်ဆောင်သူများ မနစ်နာစေရေး ပေါက်ဈေးနှင့် လဲပေးမည့် အပြင် လုံလောက်သော အချိန်ပေးမည်



မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြားခံ ငွေကြေးအဖြစ် အသုံးပြုနိုင်ရန် FEC ကို ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က စတင်ထုတ်ဝေ အသုံးပြုခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတော် အတွက် နိုင်ငံခြား သုံးငွေများ ရရှိစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်သူများ လွယ်လင့်တကူ အသုံး ပြုနိုင်စေရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ အမှုဆာင် ဒါရိုက်တာ Dr. Babatunde Osotimehin ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲ တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ ၌ လက်ခံ တွေ့ ဆုံသည်။

ပြည်သူ့လွှတ်တော် သို့ အမျိုးသားလွှတ်တော် ဥက္ကဌ သ၀ဏ်လွှာပေးပို့ ပြီး ခုံရုံးအားစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

ပြည်သူ့လွှတ်တော် ဥက္ကဌ ထံသို့ အမျိုးသားလွှတ်တော် ဥက္ကဌ မှ သ၀ဏ်လွှာပေးပို့ချက်တွင် အမျိုးသား လွှတ်တော်တွင် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်မှုကို ဆုံးဖြတ်ချက်ရယူပြီးသောေ ကြာင့် ပြည်သူ့ လွှတ်တော် မှ ယင်းလုပ်ငန်းတာဝန်အားယခု အချိန်မှ စ၍ ဆက်လက် လုပ်ကိုင်ရန်ြပည် သူ့လွှတ်တော်ဥက္ကဌ က တာဝန်ပေးအပ်လိုက်သည်။