Wednesday, 30 April 2014

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သည့် အဆောက်အအုံများနှင့် ပို့ဆောင်ရေးပိုင်းဆိုင်ရာ များစွာလိုအပ်နေ

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သည့် အဆောက် အအုံများနှင့် ပို့ဆောင်ရေးပိုင်း ဆိုင်ရာများ များစွာ လိုအပ်နေသေးကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးတွင် ခုံးကျော် တံတားများနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ပြန်လည် သုံးသပ်မည်

Photo: ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးတွင် ခုံးကျော် တံတားများနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ပြန်လည် သုံးသပ်မည်
Wednesday, April 30, 2014

ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းတို့ကို ၂ဝ၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယင်း ခုံးကျော်တံတား များနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

အထူးသဖြင့် လှည်းတန်း ခုံးကျော်တံတား စတင် အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု များပြား နေသော ဟံသာဝတီ အဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ရှိသော်လည်း လက်ရှိတွင် မီးပွိုင့်နှင့် အဝိုင်းပတ်စနစ် နှစ်မျိုးစလုံးကို သုံးစွဲနေကြောင်း သိရသည်။

ယင်းအတွက် ဟံသာဝတီအဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ယာဉ်သွားလာမှု စစ်တမ်း ကောက်ယူခြင်းကို နှစ်လ ထပ်တိုး ပြုလုပ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ သိရသည်။

ဟံသာဝတီအဝိုင်း အနီးတစ်ဝိုက်တွင် ယာဉ်သွားလာမှု အစီးရေ ကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလမှ စတင်ကာ သုံးလကြာ ကောက်ယူခဲ့သော်လည်း အချက်အလက်များ ပိုမိုခိုင်မာစေရန် နှစ်လ ထပ်တိုး ကောက်ယူရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''ခုံးကျော် တံတားတွေနဲ့ ဆက်စပ်နေတဲ့ မီးပွိုင့်တွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမို ဖြစ်စေတယ်ဆိုတဲ့ စစ်တမ်းတွေ၊ အဖြေတွေ ထွက်ခဲ့ရင် မီးပွိုင့်တွေကို ဝေးဝေး ချဲ့ထုတ်ရမှာပေါ့။ တစ်ခါတလေမှာ မီးပွိုင့်ကြောင့် ယာဉ်တန်းဟာ ခုံးကျော်တံတား အလယ်အထိ ရောက်သွား တာမျိုး ရွှေဂုံတိုင်မှာ တွေ့နေရတယ်။ လှည်းတန်းမှာလည်း ဖြစ်တတ်တာ ရှိတယ်'' ဟု မြို့ပြ အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ
ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းတို့ကို ၂ဝ၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယင်းခုံးကျော်တံတားများနှင့် ဆက်စပ်နေ သည့် မီးပွိုင့်စနစ်များ ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများအတွက် လျော်ကြေးမရသေးသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်

Photo: တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများအတွက် လျော်ကြေးမရသေးသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်
Wednesday, April 30, 2014

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သော ယာမြေနှင့် သီးနှံများအတွက် လျော်ကြေးမရသေးသောကြောင့် မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးဒေသမှ တောင်သူ ၂၀၀ ခန့် မေ ၃ ရက်တွင် မင်းဘူး-အမ်း ကားလမ်းပေါ်ရှိ ဂုတ်ကြီးကျေးရွာ၌ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

အရှိုချင်းလူမျိုး အများစုနေထိုင်ရာ ငဖဲမြို့နယ်မှ ဂုတ်ကြီးကျေးရွာ အပါအ၀င် တောင်ပေါ်ကျေးရွာ ၁၀ ရွာ အုပ်စုအတွင်းရှိ ဥယျာဉ်မြေများပေါ်မှ အဆိုပါ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်ခဲ့မှုကြောင့် လိမ္မော်၊ ကော်ဖီ၊ ငှက်ပျော စသည့်သီးနှံများ အပါအ၀င် စိုက်ပျိုးမြေများလည်း ပျက်စီးခဲ့ကြောင်း၊ ယခင်နှစ်မိုးရာသီက ယင်းပိုက်လိုင်းမှ ဖို့မြေများ ပြိုဆင်းမှုကြောင့် မင်းဘူး -အမ်းကားလမ်းတွင် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ တောင်ပေါ်ကျေးရွာများမှ သောက်သုံးရေအတွက် အမှီပြုရသည့် သဘာဝစမ်းချောင်းအချို့လည်း သဲထိုး၍ ရေကြောကမ်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသောကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ သီးနှံနှင့် စိုက်ပျိုးမြေ ပျက်စီးခဲ့ရသည့် ဒေသခံတောင်သူများ စုပေါင်းလက်မှတ်ရေးထိုး၍ ၂၀၁၃ ခုနှစ်က တင်ပြခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၄ ခုနှစ် မတ် ၁၈ ရက်နေ့စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ထပ်မံတင်ပြခဲ့သော်လည်း သက်ဆိုင်ရာ ဌာနများမှ ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သောကြောင့် ဆန္ဒပြရန် စီစဉ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ပျက်စီးခဲ့တဲ့ ကျွန်တော်တို့ သီးနှံတွေနဲ့ မြေတွေအတွက် လျော်ကြေးမပေးသေးပေမယ့် ၂၀၁၃ နှစ်ကုန်ပိုင်းလောက်တုန်းက ပိုက်လိုင်းဖြတ်သန်းထားတဲ့ မြေတွေကို စိုက်ပျိုးမြေကနေ အခြားမြေအဖြစ်သုံးဖို့ မူရင်းပိုင်ရှင်တွေက ကန့်ကွက်ရင် ကန့်ကွက်နိုင်တယ်ဆို မြေစာရင်းဌာနက စာပို့ခဲ့တာရှိတယ်။ အဲဒါကိုလည်း တောင်သူတွေက ကန့်ကွက်ခဲ့ပါတယ်။ အခုက တကယ်ပျက်စီးခဲ့တာတွေအတွက် လျော်ကြေးလုံးဝ မရသေးတဲ့အပြင် ပျက်စီးခဲ့တဲ့ မြေတွေပေါ် ရေရှည်မှာ ဘာမှစိုက်မရတော့မှာမို့ ဆန္ဒပြကြမှာပါ။ ခွင့်ပြုမိန့်လည်း တင်ထားပါတယ်” ဟု ဂုတ်ကြီးကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပျက်စီးမှုများနှင့်ပတ်သက်၍ ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူးထံ The Daily Eleven သတင်းစာမှ ၂၀၁၃ ခုနှစ်က မေးမြန်းခဲ့စဉ်က တောင်သူများက ပျက်စီးမြေများအား လိမ်လည်ပြောဆိုသည်များ ရှိသောကြောင့် အမှန်တကယ် ပျက်စီးမှုများအား စိစစ်နေဆဲဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်အတွင်းက ဒေသခံတောင်သူများက ၎င်းထံမေးမြန်းခဲ့ရာတွင်လည်း အမှန်တကယ် ပျက်စီးမှုများအား စိစစ်ဆဲဖြစ်ကြောင်း၊ အမှန်တကယ် ပျက်စီးမှုများအတွက် လျော်ကြေးငွေပေးမည်ဟု ပြောကြားခဲ့သော်လည်း ယနေ့ထိ လျော်ကြေးမရသေးကြောင်း သိရသည်။

Eleven Media Group 

ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ တရုတ်ပိုက်လိုင်း ထပ်တွန်း စက်ရုံတစ်ခု
ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ တရုတ်ပိုက်လိုင်း ထပ်တွန်း စက်ရုံတစ်ခု

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သော ယာမြေနှင့် သီးနှံများ အတွက် လျော်ကြေးမရသေးသောကြောင့် မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးဒေသမှ တောင်သူ ၂၀၀ ခန့် မေ ၃ ရက်တွင် မင်းဘူး-အမ်း ကားလမ်းပေါ်ရှိ ဂုတ်ကြီးကျေးရွာ၌ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများ အပါ အ၀င် သစ်တောထွက်ပစ္စည်း စံချိန်တင် ဒေါ်လာတစ်ဘီလျံနီးပါး အထိ ပြည်ပ တင်ပို့ခဲ့

Photo: ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများ အပါ အ၀င် သစ်တောထွက်ပစ္စည်း စံချိန်တင် ဒေါ်လာတစ်ဘီလျံနီးပါး အထိ ပြည်ပ တင်ပို့ခဲ့
Wednesday, April 30, 2014

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများအပါအ၀င် သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၄၇ ဒသမ ၈၀၈ သန်းဖိုးအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
    
ကျွန်းသစ်လုံး၊ ကျွန်းသစ်ခွဲသား၊ သစ်မာလုံး၊ သစ်မာခွဲသား၊ သစ်ပါးလွှာနှင့် အထပ်သား၊ အခြားသစ်တောထွက်ပစ္စည်းများအား ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၁၆ ဒသမ ၃၉၂ သန်းဖိုးနှင့် နယ်စပ်စခန်းများမှ ၃၁ ဒသမ ၄၁၆ သန်းဖိုးအထိ တင်ပို့ခဲ့သည်။
    
ပြည်ပသို့ အများဆုံးတင်ပို့ခဲ့သည့် သစ်တောထွက်ပစ္စည်းမှာ ကျွန်းသစ်လုံးဖြစ်ပြီး ၆၃၈ ဒသမ ၃၇၇ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရှိရသည်။ ကျွန်းသစ်ခွဲသားများအား တန်ချိန်ပေါင်း ၃၄၃၂၈ တန်အထိ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၅၂ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရသည်။
    
သစ်မာလုံးများအား ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတင်ပို့ခဲ့ပြီး စုစုပေါင်း တန်ချိန် ၅၉၀၀၀၀ ကျော်အထိ တင်ပို့ခဲ့ကာ ၂၂၂ ဒသမ ၂၆၁သန်းအထိ တင်ပို့ခဲ့ကြောင်း သိရသည်။ သစ်မာခွဲသား တန်ချိန် ကိုးထောင်ကျော်နှင့် သစ်ပါးလွှာနှင့် အထပ်သားတန်ချိန် ၁၈၀၀၀ ကျော်ကိုလည်း တင်ပို့ခဲ့ကြောင်း သိရသည်။

သစ်တောပြုန်းတီးမှုများပြားသည့် မြန်မာနိုင်ငံတွင် မတ် ၃၁ ရက်မှစတင်ကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းအား တားမြစ်ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ သစ်အခြေခံ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်ပနိုင်ငံများမှ စိတ်ဝင်တစား စုံစမ်းမှုများရှိနေကြောင်း

သစ်တောပြုန်းတီးမှုများပြားသည့် မြန်မာနိုင်ငံတွင် မတ် ၃၁ ရက်မှစတင်ကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းအား တားမြစ်ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ သစ်အခြေခံ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်ပနိုင်ငံများမှ စိတ်ဝင်တစား စုံစမ်းမှုများရှိနေကြောင်းလည်း သိရသည်။
    
မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုများအား အစိုးရသစ်လက်ထက်တွင် အများဆုံးခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း သုံးနှစ်အကြာဖြစ်သည့် ယခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းအား ရပ်ဆိုင်းရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
    
မြန်မာနိုင်ငံတွင်၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တရားမ၀င်သစ်တင်ပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ နှင့် ညီမျှသည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ "အချက်အလက်ခြစားမှု" အစီရင်ခံစာအရ သိရသည်။
    
အဆိုပါအစီရင်ခံစာတွင် မြန်မာအစိုးရက ၁၅ နှစ်အတွင်း ထုတ်ပြန်ထားသည့်  သစ်လုံးထုတ်လုပ်မှုနှင့် သစ်တင်ပို့မှုအချက်အလက်များနှင့် ကမ္ဘာ့ကုန်သွယ်မှု အချက်အလက်များအား ခြားနားထားခြင်းဖြစ်ပြီး ၁၃ နှစ်ကာလအတွင်း တရားမ၀င်သစ်တင်ပို့မှုပမာဏများသည် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ ကွာဟနေကြောင်း ဖော်ပြထားသည်။
    
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သစ်ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတကာသစ်ကုန်သွယ်မှုများ၏ ၂၈ရာခိုင်နှုန်းသာရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ တရားမ၀င်သစ်တင်ပို့မှု ရာခိုင်နှုန်းသည် ၇၂ ရာခိုင်နှုန်းအထိ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
    
ပြည်တွင်းသစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း (MTE) က စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၁၄ နှစ်အတွင်း ယင်းဌာနမှ ခွင့်ပြုချက်ရယူထားခြင်းမရှိသော သစ်ထုတ်လုပ်မှုပမာဏသည် သစ်ကုဗမီတာ ရှစ်သန်းနှင့် ညီမျှကြောင်း ရာခိုင်နှုန်းအားဖြင့် နိုင်ငံတကာသို့ အမှန်တကယ်တင်ပို့ခဲ့သည့် သစ်များ၏ ၆၂ ရာ ခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
    
ထို့ပြင် ယူနန်နှင့် သစ်ကုန်သွယ်မှုအပါအ၀င် တရားမ၀င်သစ်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်လျှင်ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၄၁၃ သန်းခန့်ရှိနေပြီး EIA မှ ရရှိထားသည့် အချက်အလက်များအရ မြန်မာအစိုးရပြောဆိုနေသော တိုင်းရင်းသားနယ်မြေများအတွင်းမှ တရားမ၀င်သစ်ထုတ်ယူမှု ဖြစ်ပေါ်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း EIA တွင် ဖော်ပြထားသည်။

Eleven Media Group 

ပြည်ပတင်ပို့ရန် သီလ၀ါဆိပ်ကမ်း ဧရိယာအတွင်း ထားရှိသော သစ်လုံးများအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
ပြည်ပတင်ပို့ရန် သီလ၀ါဆိပ်ကမ်း ဧရိယာအတွင်း ထားရှိသော သစ်လုံးများအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများအပါအ၀င် သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၄၇ ဒသမ ၈၀၈ သန်းဖိုးအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် နယူးဇီလန် သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာရိုရှိဟိကိုနိုဒနှင့် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Anthony John Lynch တို့အား ဧပြီ ၂၉ ရက်က နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း ဧပြီ ၂၉ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားတွင် သတင်းဖော်ပြချက်အရ သိရသည်။

အရှေ့ယူကရိန်း လူဟန့်စ်မြို့တိုက်ခိုက်ခံရ

Photo: အရှေ့ယူကရိန်း လူဟန့်စ်မြို့တိုက်ခိုက်ခံရ
Wednesday, April 30, 2014

ယူကရိန်း ရှိ ရုရှ လိုလားတဲ့ အုပ်စုတွေ က အရှေ့ ယူကရိန်း ရှိ လူဟန့်စ် မြို့ က အစိုးရ ရုံးတွေ ကို ဝင်ရောက် စီးနင်း အပြီး မှာ ရဲဌာန ကို လည်း ရိုင်ဖယ်တွေ ပစ်ခတ် တိုက်ခိုက် ကြပါတယ်။မြို့ခံ ရဲ အဖွဲ့ က တုံ့ပြန် ခုခံမှု မရှိကြပါဘူး။

အခုလို မြို့ခံ ရဲ အဖွဲ့ က တုံ့ပြန် ခုခံမှု မရှိတဲ့ အတွက် အရှေ့ဘက်ဒေသ က လုံခြုံရေး ရဲဝန်ထမ်း အများစု ဟာ ပြည်သူတွေ ကို ကာကွယ် နိုင်စွမ်း မရှိလို့ ဒေါနက်စ် နဲ့ လူဟန့်စ် မြို့မှာ လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ အသစ်တွေ ထပ်မံ ခန့်အပ် လိုက်ပါပြီ။ အယ်လ်ဖါ လို့ အမည်ပေးထားတဲ့ အထူးတပ်ဖွဲ့ သစ် ဖြစ်ပါတယ်။ ဒါအပြင်၊ ဒေါနက်စ် နဲ့ လူဟန့်စ် မြို့တွေ က ပြည်ထဲရေး ဆိုင်ရာ အကြီးအကဲတွေ ကို ရာထူး က ဖြုတ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာန ကို တောင်းဆို လိုက်ပါပြီ လို့ ယာယီသမ္မတ အိုလက်ဇန်းဒါး တူချီနော့ဖ် က ပြောပါတယ်။

ယူကရိန်း အရှေ့ဘက် က မြို့တွေ ကို စီးနင်းသိမ်းပိုက်မှု တွေ နဲ့ ပတ်သက်ပြီး ရုရှ အစိုးရ ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီ က ထပ်မံ သတိပေး လိုက်ပါတယ်။ ရုရှအနေနဲ့ ရွေးချယ်စရာ လမ်းတွေ ရှိပါတယ်။ ယူကရိန်းနိုင်ငံ ငြိမ်းချမ်းပါစေ။ ခိုင်မာတဲ့ ယူကရိန်း နိုင်ငံ ဖြစ်အောင်၊ အမေရိကန် နဲ့ လက်တွဲ ဖန်တီးပေးကြရအောင်ပါ။ ယူကရိန်းဟာ ကျားကွက် နယ်ရုပ် မဟုတ်ပါဘူး။ အရှေ့နဲ့ အနောက်ကြား မှာ တွန်းလိုက် ဆွဲလိုက် ခံနေရတဲ့ နိုင်ငံ အစား၊ နှစ်ဘက် စီးပွားရေး ပေါင်းကူးပေးတဲ့ အနေအထားဖြစ်ပါစေ။ အမေရိကန်နဲ့ မဟာမိတ်တွေ ကတော့ ယူကရိန်း ဘက် ကနေ ရပ်တည် အားပေး သွားမှာဘဲ လို့ မစ္စတာ ကယ်ရီ က ပြောတာပါ။

ပြီးခဲ့တဲ့ ရက်က အမေရိကန် ဘက်ကနေ ရုရှ အစိုးရ အရာရှိ တွေ နဲ့ စီးပွားရေး ကုမ္ပဏီ တွေ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် လုပ်သလို လန်ဒန် မှာ ပြုလုပ်တဲ့ အမေရိကန် ဥရောပ သမဂ္ဂ နဲ့ ယူကရိန်း နှီးနှောဖလှယ်ပွဲ မှာ ဖြုတ်ချခံ ယူကရိန်း ဝန်ကြီးချုပ် ဗစ်တာ ယာနူကိုဗစ်ခ်ျ ၊ နိုင်ငံတော် ဘဏ္ဍဍာတွေ ဘီလီယံ ရာနဲ့ချီပြီး ခိုးထုတ် သွားတာ ကို ဖေါ်ထုတ် အရေးယူရေး ဆွေးနွေးကြပါတယ်။ တကယ်တော့ လက်တွေ့ မှာ မလွယ်ပါဘူး။ အမေရိကန် ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဟာ ဥရောပ သမဂ္ဂ နဲ့ စာရင် ထိရောက်မှု ရှိပေမဲ့ ရုရှဘက် ကလည်း တုံပြန်ဉီးမှာ မို့ နှစ်ဘက်ကြားမှာ စစ်အေးကာလ အတွင်း မှာ ဖြစ်သလို သံကလကာ ပြန်ပေါ် နိုင်တဲ့ အကြောင်း ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်း ရှိ ရုရှ လိုလားတဲ့ အုပ်စုတွေ က အရှေ့ ယူကရိန်း ရှိ လူဟန့်စ် မြို့ က အစိုးရ ရုံးတွေ ကို ဝင်ရောက် စီးနင်း အပြီး မှာ ရဲဌာန ကို လည်း ရိုင်ဖယ်တွေ ပစ်ခတ် တိုက်ခိုက် ကြပါတယ်။မြို့ခံ ရဲ အဖွဲ့ က တုံ့ပြန် ခုခံမှု မရှိကြပါဘူး။

ငါးဖမ်းသင်္ဘော အတွက် လူကုန်ကူးသူ ထောင်ချ

Photo: ငါးဖမ်းသင်္ဘော အတွက် လူကုန်ကူးသူ ထောင်ချ
Wednesday, April 30, 2014

အာဖရိက ကမ်းလွန်က ငါးဖမ်းသင်္ဘော တွေမှာ ကျေးကျွန်လို ခိုင်းစေဖို့ ရာနဲ့ချီ လူကုန်ကူးခဲ့တဲ့ ထိုင်ဝမ် အမျိုးသမီး တဦးကို ထောင် ၁ဝ နှစ် ချလိုက်တယ်လို့ ကမ္ဘောဒီယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အဲဒီလို ကျေးကျွန်လို အလုပ်လုပ်ခဲ့ရသူတွေ ကမ္ဘောဒီယားကို ပြန်ရောက်လာပြီး တိုင်ကြားမှုတွေ ဖြစ်ခဲ့ပြီးနောက် လင်ယူရှင် လို့ အမည်ရတဲ့ ဒီအမျိုးသမီးကို မနှစ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လင်ယူရှင်ဟာ Giant Ocean လို့ခေါ်တဲ့ အလုပ်ရှာဖွေရေး အေဂျင်စီကို ကမ္ဘောဒီးယား မှာ တရားဝင် မှတ်ပုံတင် ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အာဖရိက ကမ်းလွန်က ငါးဖမ်းသင်္ဘော တွေမှာ ကျေးကျွန်လို ခိုင်းစေဖို့ ရာနဲ့ချီ လူကုန်ကူးခဲ့တဲ့ ထိုင်ဝမ် အမျိုးသမီး တဦးကို ထောင် ၁ဝ နှစ် ချလိုက်တယ်လို့ ကမ္ဘောဒီယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ပြည်သူ့ သံတမန်ရေးရာ ကန်-ဒုဝန်ကြီး မြန်မာ့ မီဒီယာ လွတ်လပ်ခွင့် တိုးတက်ရေး တိုက်တွန်း

Photo: ပြည်သူ့ သံတမန်ရေးရာ ကန်-ဒုဝန်ကြီး မြန်မာ့ မီဒီယာ လွတ်လပ်ခွင့် တိုးတက်ရေး တိုက်တွန်း
Wednesday, April 30, 2014

မြန်မာနိုင်ငံတွင်း သတင်းသမားအချို့ ဖမ်းဆီးထောင်ချ ခံရမှုတွေကို စိုးရိမ်မကင်း ဖြစ်မိပြီး၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ မီဒီယာ လွတ်လပ်ခွင့်ကို ရှေ့တိုး ဆောင်ရွက်သွားဖို့ လိုလားတယ်လို့ အမေရိကန် ပြည်ထောင်စု ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေး ၀န်ကြီး Richard Stengel က ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ သူ့နှစ်ရက်တာ ခရီးစဉ်ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပါအ၀င် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေးထောက်ခံဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦး က သတင်းပေးပို့ထားပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပြည်သူ့သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Stengel ဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ သူ့ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေးဖို့ဖြစ်သလို၊ ဆက်ပြီး လုပ်ဆောင်စရာ ကျန်ရှိနေတာတွေကိုလည်း ထောက်ပြ တွန်းအားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ မီဒီယာလွတ်လပ်ခွင့်ပေးတာ၊ ဆင်ဆာစနစ် ဖျက်သိမ်းတာအပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အားပေးထောက်ခံတယ်ဆိုတာကို မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မီဒီယာဖိနှိပ်မှုတွေ ဆက်ကျန်ရှိနေတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

“တချိန်တည်းမှာပဲ လုပ်ဆောင်စရာတွေ အတော်ကျန်ပါသေးတယ်။ သတင်းထောက်တွေကို ထောင်ချတာ၊ ပစ်မှတ်ထား အရေးယူ ဖမ်းဆီးတာတွေအပေါ်မှာ စိုးရိမ်မကင်း ဖြစ်ရပါတယ်။ သတင်းမီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ဥပဒေအရ လွတ်လပ်ခွင့်ပေးတာတွေ ဆက်လုပ်သွားတာကို မြင်တွေ့လိုပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ အဆင့်နှစ်ဆင့် ဆောင်ရွက်သွားဖို့ ကိစ္စဖြစ်ပါတယ်။ တစ်ခုကတော့ လွတ်လပ်ခွင့်ပေးတာတွေ ဆက်လုပ်သွားဖို့နဲ့၊ တချိန်တည်းမှာ သတင်းသမားတွေကို ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ကိစ္စဖြစ်ပါတယ်။”

မစ္စတာ Stengel ဟာ သတင်းသမားအချို့ ဖမ်းဆီးခံရတဲ့ကိစ္စ၊ ပြင်ပ သတင်းမီဒီယာ သမားတွေကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တဲ့ကိစ္စအပါအ၀င် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စိုးရိမ်မှုတွေကို ပြန်ကြားရေးဝန်ကြီးကို ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ သတင်းမီဒီယာ ဖွံ့ဖြိုးရေး အပါအ၀င် ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မြန်မာလူငယ်တွေကို ပညာတော်သင်ဆုတွေ လေ့လာရေး အစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ မစ္စတာ Stengel က သတင်းအယ်ဒီတာတွေနဲ့ သီးခြားတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာပိုင်းက အကြီးတန်း အယ်ဒီတာတချို့နဲ့လည်း သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ သူ့ကိုယ်တိုင် သတင်းအယ်ဒီတာ တဦးဖြစ်ခဲ့တဲ့ မစ္စတာ Stengel အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို ရှင်းပြသလို၊ မြန်မာနိုင်ငံဘက်က သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စိန်ခေါ်ချက်တွေ အခက်အခဲတွေကို နားထောင်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာလည်း လူထုရဲ့ဆန္ဒဟာ အခရာကျပြီး၊ လူထုရဲ့ဆန္ဒ သဘောထား ထင်ဟပ်ဖို့ လိုတယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဆက်နွယ်ပြီး သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“လူထုအနေနဲ့ သူတို့ဆန္ဒအတိုင်း ဖွဲ့စည်းပုံအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရစေဖို့ ကျနော်တို့ လိုလားထောက်ခံပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဟာလည်း လူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ဖို့လိုပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သီးသန့် ပြောဆိုစရာမရှိပေမဲ့လို့၊ ဒါဟာ မြန်မာလူထု ဆန္ဒအတိုင်း ဖြစ်ဖို့လိုပါတယ်။ မြန်မာလူထုအနေနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်လိုတယ်ဆိုတာ အတော့်ကို စိတ်ဆန္ဒ ရှိနေပုံ ရပါတယ်။ ဒါဟာ ပြည်တွင်းမှာ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ လူထုဆန္ဒအတိုင်း ဖွဲ့စည်းပုံပြင်ဆင်မှုကို ထောက်ခံအားပေးပါတယ်။”

မစ္စတာ Stengel ဟာ မနေ့ကတော့ ရန်ကုန်မြို့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက စီစဉ်တဲ့ ပညာရေးနဲ့ အတွေ့အကြုံဖလှယ်ရေး အစီအစဉ်မှာ ပါဝင်ခဲ့သူ မြန်မာလူငယ်တွေနဲ့ တွေ့ဆုံခဲ့သလိုပဲ မြန်မာလူငယ် စွန့်ဦးလုပ်ငန်းရှင်တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိလာပြီးနောက် မြန်မာ-အမေရိကန် ဆက်ဆံရေးတွေ တိုးမြင့်လာချိန်မှာ အမေရိကန် အစိုးရပိုင်းကရော လွှတ်တော်ဘက်က တာဝန်ရှိသူတွေပါ မကြာမကြာ မြန်မာနိုင်ငံကို လာရောက်နေပါတယ်။

မကြာခင်ကပဲ အာရှ-ပစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ လာမယ့် နိုဝင်ဘာ အရှေ့အာရှ ထိပ်သီးညီလာခံ တက်ဖို့လည်း သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။ အခု မစ္စတာ Stengel ခရီးစဉ်ကတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ပြည်သူချင်း ဆက်ဆံမှု ပိုပြီးအားကောင်းလာဖို့ ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ မြန်မာပိုင်း)

အမေရိကန် ပြည်ထောင်စု ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Richard Stengel ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
အမေရိကန် ပြည်ထောင်စု ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Richard Stengel ရန်ကုန်မှာ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

မြန်မာနိုင်ငံတွင်း သတင်းသမားအချို့ ဖမ်းဆီးထောင်ချ ခံရမှုတွေကို စိုးရိမ်မကင်း ဖြစ် မိပြီး၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ မီဒီယာ လွတ်လပ်ခွင့်ကို ရှေ့တိုး ဆောင်ရွက်သွားဖို့ လိုလား တယ်လို့ အမေရိကန် ပြည်ထောင်စု ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေး ၀န်ကြီး Richard Stengel က ပြောဆိုပါတယ်။

ကမ်းသာယာက တပ်သိမ်းမြေတွေ ပြန်ပေးမယ်

Photo: ကမ်းသာယာက တပ်သိမ်းမြေတွေ ပြန်ပေးမယ်
Wednesday, April 30, 2014

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌ ဦးရွှေမန်းက စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ပေးမယ်လို့ ရခိုင် ပြည်နယ် တောင်ပိုင်း ဂွမြို့မှာ ပြောပါတယ်။

ဂွမြို့နယ် ကမ်းသာယာ ကို ရောက်လာစဉ် တပ်သိမ်း မြေတွေ ပြန်ပေးမယ်လို့ ဦးရွှေမန်း ပြောသွားပေမယ့် အရင်ကလည်း လယ်တွေ ပြန်ပေးမယ် လို့ အာဏာပိုင်တွေ အကြိမ်ကြိမ် ပြောပြီး တကယ် ရောက်မလာခဲ့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

ကမ်းသာယာနဲ့ ဆပ်သွားမှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေဧက တထောင်ကျော် ရှိပါတယ်။

သိမ်းထားတဲ့ မြေတွေပေါ်မှာ တပ်က ဘာအဆောက်အဦမှ မဆောက်တဲ့ အတွက် လယ်သမား တွေက သူတို့ကို ပြန်လုပ်ကိုင် စားသောက်ခွင့် ပေးဖို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ကမ်းသာယာ ကမ်းခြေ ခရီးသွား လုပ်ငန်း လုပ်ဆောင်ဖို့ ဦးရွှေမန်းနဲ့ အတူ ခမည်းခမက် ဦးခင်ရွှေ ဦးဆောင်တဲ့ စီးပွားရေး သမားတွေ လိုက်ပါ လာပါတယ်။

ဦးရွှေမန်းဟာ ကျောက်ဖြူက ရခိုင် အမျိုးသားညီလာခံ နောက်ဆုံးနေ့ မေလ ၁ ရက် နေ့မှာ မိန့်ခွန်း ပြောမှာ ဖြစ်ပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌ ဦးရွှေမန်းက စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ပေးမယ်လို့ ရခိုင် ပြည် နယ် တောင်ပိုင်း ဂွမြို့မှာ ပြောပါတယ်။

MH370အား ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း


MH370အား ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း Boeing 777 အမျိုးအစား လေယာဉ် သည် မတ်လ (၈)ရက်နေ့ ကတည်းက လူပေါင်း (၂၃၉)ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ ထွက်ခွာ သွားပြီးနောက် ကမ္ဘာ့လူသားများ မြင်ကွင်းမှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

Tuesday, 29 April 2014

ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတချို့ ပြန်ကောက်ရေး ဆွေးနွေး

Photo: ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတချို့ ပြန်ကောက်ရေး ဆွေးနွေး 
Tuesday, April 29, 2014

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာ မှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်းမသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရ
ကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေက မွတ်စလင်
ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

သန်းခေါင်စာရင်းပုံစံစာရွက်မှာ အခြားလူမျိုးအမည်ကို ကိုယ်စားပြုတဲ့ ကုဒ်နံပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ် မှာ မိမိတို့ရဲ့ လူမျိုးအမည်ကို လွတ်လပ်စွာရေးသား ခွင့်ပြုထားပေမဲ့၊ အဲဒီကွက်လပ်နေရာမှာ ရိုဟင်ဂျာ လို့ ရေးသား ခွင့် မပြုဖို့ ရခိုင်တိုင်းရင်းသားတွေဘက်က သပိတ်မှောက် ကန့်ကွက်
ခဲ့ကြတာကြောင့် အစိုးရက ရိုဟင်ဂျာ အဖြစ် ထည့်သွင်းကောက်ခံလိုသူတွေကို 
ချန်လှပ် ထားခဲ့တာဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တောအပါအဝင် တချို့နေရာတွေမှာ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအဖြစ် ထည့်သွင်းလို သူ တွေကို စာရင်းမကောက်ခံပဲ ချန်လှပ်ထား
ခဲ့ရပါတယ်။ ဒါကြောင့် ချန်လှပ် ထားခဲ့ရတဲ့ မူဆလင်တွေကို ကုဒ်နံ ပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ်မှာ ဘာတစ်ခုမှ မရေးသွင်းဘဲ ကွက်လပ်အတိုင်း ထားပြီး ဆွေးနွေးမှုအပေါ် မွတ်စလင်တွေဘက်က မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံမယ်ဆိုရင် မွတ်စလင်တွေအတွက် သန်ခေါင် စာရင်းကို ပြန်လည်ကောက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

"မနေ့က လ.ဝ.က ဒုဝန်ကြီးလာပြီးတော့ ဘူးသီးတောင်၊မောင်တောမှာ ဆွေးနွေးတယ် ၊ဆွေးနွေးတယ် ဆိုတော့ သူတို့က အစိုးရလည်း ဘင်္ဂါလီလို့ ထည့်မယ်ဆိုတဲ့အခါကျတော့လည်း သူတို့က မဟုတ်ဘူးပေါ့ ၊တခါ ရိုဟင်ဂျာဆိုတာလည်း ငါရိုဟင်ဂျာဆိုတာလည်း ဘယ်ကဆင်းလာတာလည်း
ဆိုတာ တချို့လူတွေ ကမသိဘူး၊ အခုနောက်လ ၅ ရက်နေ့ကိုကောက်ဖို့ စီစဉ်နေတယ်၊ ဘယ်လိုကောက်မလဲတော့ အဖြေတစ်ခုတော့ထွက်လာပါမယ်"

ဒါပေမယ့် မွတ်စလင်အချို့က ဘင်္ဂါလီလူမျိုးအဖြစ် စာရင်းပေးသွင်းခဲ့တာတွေ
ရှိသလို၊ ဧပြီလ ၁ဝ ရက်နေ့ နောက်ပိုင်း မှာလည်း ဘင်္ဂါလီလူမျိုးအမည်နဲ့ စာရင်းလာသွင်းသူ ၆ဝဝဝ ကျော်ရှိတယ်လို့လည်း ဗဟိုသန်ခေါင်စာရင်း ကြီးကြပ်ရေး ကော်မတီက ပြောဆိုခဲ့ပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာ မှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်း မသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြ ည်ေ ထာ င်စု အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေက မွတ်စလင် ခေါင်းဆော င်တွေ တွေ့ ဆုံဆွေးနွေးခဲ့ ကြပါတယ်။

ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံ ဥပဒေဖြစ်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အသက်

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော မြန်မာနိုင်ငံသားတစ်ဦးအဖြစ် နေထိုင်ကြီးပြင်းခွင့်ရခဲ့သည်မှာ အသက် (၆၀) ပင်ကျော်ခဲ့ပြီ ဖြစ်သည်။ အတွေ့အကြုံပေါင်းများစွာကိုလည်း ရရှိခဲ့ဖူးပြီဖြစ်ပါ သည်။ ကျောင်းသား ဘ၀ကနေ ၀န်ထမ်း၊ ၀န်ထမ်းဘ၀ကနေ အငြိမ်းစားယူ ၊ အငြိမ်းစားယူပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေရင်း ကြီးပွားချမ်းသာ ချင်သောစိတ်ထက် သေဖို့ရက်ကို စောင့်ရနေရပြီဟူသော အသိစိတ်ပြောင်းလဲလာခဲ့သည်။ သို့သော် ရှိနေသော စည်းစိမ်ဥစ္စာတွေကို တည်မြဲတိုးပွားရန်နှင့် သားသမီးများအား အမွေအဖြစ် ခွဲဝေပေးချင်သော စိတ်ကလည်း ရှိနေဆဲဖြစ်ပါ၏။ စီးပွားဥစ္စာရှာရင်း တစ်ဖက်ကလည်း နောင်သံသရာ အတွက် အလှူဒါနပြုကာ ဘာဝနာပွားများ လိုသောအလေ့အကျင့်လည်း ရှိနေပါပြီ။

အာဆီယံစံနှုန်းမီ မူကြိုကျောင်း(၁၈)ကျောင်း တည်ဆောက်မည်

Photo: အာဆီယံစံနှုန်းမီ မူကြိုကျောင်း(၁၈)ကျောင်း တည်ဆောက်မည် (28.4.14)
Tuesday, April 29, 2014

မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၈)ခုတွင်အာဆီယံစံနှုန်းနှင့် ကိုက်ညီသောကျောင်းအခြေပြု မူကြိုကျောင်း(၁၈)ကျောင်းကိုတည်ဆောက် သွားရန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ကျောင်းအခြေပြုမူကြို အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲမှ သိရသည။ 

တစ်နိုင်ငံလုံးမြိုရွာများတွင် ယခုလိုမူကြိုကျောင်းများဖွင့်လှစ်နိုင်
ရန်အတွက်ပဏာမအနေနှင့် တည်ဆောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရှိရပြီးမူကြိုဆိုတာကျောင်းသား ကလေးများအတွက်အဓိကအရေးကြီးသောအခြေခံကျောင်းဖြစ်ပြီး

မူကြိုကျောင်းများကို အာဆီယံနိုင်ငံများ၏ စံနှုန်းနှင့် ကိုက်ညီလာအောင် ယခုလိုလုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် မူကြိုကျောင်းတွင် ကလေးများကျောင်းတက်ချင်စိတ် ရှိလာရန်နှင့် ယခုလိုမူကြိုများက အရည်အချင်းပြည့်ဝသော အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်လာအောင်
ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်ဟု ရန်ကုန်ပညာရေးကောလိပ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်မျိုးမြင့်ကြူက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

SkyNet TV Browser
မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၈)ခုတွင်အာဆီယံစံနှုန်းနှင့် ကိုက်ညီသောကျောင်း အခြေ ပြု မူ ကြိုကျောင်း (၁၈)ကျောင်းကိုတည်ဆောက် သွားရန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည် ဟု ကျောင်း အခြေပြုမူကြို အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲမှ သိရသည်။

ဟင်္သာတတွင် လေပြင်းဒဏ်ကြောင့် အိမ်ခြေ တစ်ရာခန့် ပြိုကျပျက်စီး


ဟင်္သာတမြို့နယ်ရှိ ခြင်ဘို့ ကျေးရွာအုပ်စုတွင် ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲက တိုက်ခတ်ခဲ့ သည့် လေပြင်းဒဏ်ကြောင့် မိနစ် သုံးဆယ်ခန့်အတွင်း ကျေးရွာ ရှစ်ရွာမှ အိမ်ခြေ တစ်ရာခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောကြားသည်။

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Photo: သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း
Tuesday, April 29, 2014

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်၊ တိုင်းဒေသကြီး အချို့ရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်သားများက သောက် သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဇေယျာသီရိမြို့နယ် တဲကုန်းကျေးရွာသို့ သောက်သုံးရေ ၁၆ဝဝ ဂါလန် အားလည်းကောင်း၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ၄၂၃၅ ဂါလန်အား လည်းကောင်း၊ ရွှေတွင်းကုန်း ကျေးရွာသို့ သောက်သုံးရေ ၁၇ဝဝ ဂါလန်အား လည်းကောင်း၊

အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဧပြီ ၂၇ ရက်တွင် ကော့ထော်ကျေးရွာသို့ သောက်သုံးရေ ၁၂၈ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့်ဘူးကြီး ၃၅ဝ ဘူးအားလည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၁၅၂ဝဝ ဂါလန်အား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာနှင့် ဘလောက်-ညောင်ဝိုင်း ကျေးရွာများသို့ သောက်သုံးရေ ၆၄ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့် ဘူးကြီး ၃ဝဝ ဘူးတို့အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

ထို့အတူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် ရေနံတောင် ကျေးရွာသို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာသို့ သောက်သုံးရေ ၁၁ဝဝ ဂါလန်နှင့် မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက်သို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာသို့ သောက်သုံးရေ ၇၄ဝ ဂါလန်၊ အမ်းမြို့နယ် ကြောင်ဖြူကွင်း ကျေးရွာသို့ သောက်သုံးရေ ၂၁ဝဝ ဂါလန် စုစုပေါင်း သောက်သုံးရေ ၆၉၄ဝ ဂါလန်အား လည်းကောင်း၊

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ် ဘောင်းကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ရေတာရှည်မြို့နယ် စိမ့်ဝိုင်း ကျေးရွာ၊ အုတ်တွင်းမြို့နယ် တောက်တဲ့ကျေးရွာများသို့ သောက်သုံးရေ ၆၅ဝဝ ဂါလန်အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

အဆိုပါ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ် မူတည်၍ တပ်မတော်သားများက ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်၊ တိုင်းဒေသကြီး အချို့ရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်သားများက သောက် သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဇေယျာသီရိမြို့နယ် တဲကုန်းကျေးရွာသို့ သောက်သုံးရေ ၁၆ဝဝ ဂါလန် အားလည်းကောင်း၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ၄၂၃၅ ဂါလန်အား လည်းကောင်း၊ ရွှေတွင်း ကုန်း ကျေးရွာသို့ သောက်သုံးရေ ၁၇ဝဝ ဂါလန်အား လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဧပြီ ၂၇ ရက်တွင် ကော့ထော်ကျေးရွာသို့ သောက်သုံးရေ ၁၂၈ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့်ဘူးကြီး ၃၅ဝ ဘူးအားလည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၁၅၂ဝဝ ဂါလန်အား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာနှင့် ဘလောက်-ညောင်ဝိုင်း ကျေးရွာများသို့ သောက်သုံးရေ ၆၄ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့် ဘူးကြီး ၃ဝဝ ဘူးတို့အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

အစိုးရကို ထိန်းကျောင်းမည့် ကော်မတီများ ဖွဲ့စည်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ထိန်းကျောင်းရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း ပြီး ကော်မတီ ဖွဲ့စည်းခြင်း အဆိုကို အုပ်ချုပ်ရေး အဖွဲ့အစည်းဝင်က ကန့်ကွက်ကြောင်း လွှတ်တော် ကိုယ်စား လှယ်များက ပြောကြားသည်။

မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား

Photo: မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား
Tuesday, April 29, 2014

ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မရှိစေရန် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဧပြီလ ၂၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးရေးကို လျှပ်စစ်ဝန်ကြီးဌာန အနေနှင့် စီမံချက်များ ချမှတ် ဆောင်ရွက်နေသော်လည်း ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေမည် ဖြစ်ကြောင်း ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
“ဓာတ်အားကြိုး လဲလှယ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် မီးအား လျော့ကျခြင်းများလည်း ရှိနေဦးမည် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများမှာ တိုးမြှင့်လာသော မီတာခများကို ပေးဆောင်ရမည် ဖြစ်သော်လည်း အစိုးရအနေနှင့် ဝန်ဆောင်မှုပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က ပြောကြားသည်။
“မိုးရာသီ ရောက်လာတော့မည် ဖြစ်သောကြောင့် ဓာတ်အား တိုးမြှင့်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ မီတာခ တိုးမြှင့် ပေးဆောင်ရသော်လည်း မီးပြတ်တောက်မှုများ ရှိနေခြင်းမှာ လုပ်ငန်းရှင်များအတွက် အဓိက ထိခိုက်နစ်နာမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရေခဲစက် လုပ်ငန်းပိုင်ရှင် ဦးမျိုးကျော်က ပြောကြားသည်။
“ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် လုပ်ရတာဗျ။ မီတာခက တက်တာ ပေးလို့ရတယ်။ အရင်လိုပဲ မီးကို မှန်မှန်မလာ၊ လာပြန်တော့လည်း မီးအားလျော့ ဆိုရင်တော့ တွက်ခြေမကိုက်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း အိမ်သုံး လျှပ်စစ်မီတာများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ နှုန်းထားအတိုင်း တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး ယူနစ် တစ်ရာကျော် သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းထားနှင့် ယူနစ် ၂၀၀ ကျော်ပါက တစ်ယူနစ် ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး မီတာခများကို ယူနစ်ငါးသောင်းမှ ယူနစ် နှစ်သိန်းအထိ ၁၅၀ ကျပ်အထိ လည်းကောင်း အသီးသီး တိုးမြှင့် ကောက်ခံရန် မတ်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၈၅၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးလျက် ရှိသော်လည်း ယခုနှစ်တွင် ၅၀ မဂ္ဂါဝပ် တိုးမြှင့် ပြီး ၉၀၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly
ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။

လေးလအတွင်း အမြန်လမ်းတွင် သေဆုံးသူ ၆၀ ကျော် အမြန် လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးမည်

Photo: လးလအတွင်း အမြန်လမ်းတွင် သေဆုံးသူ ၆၀ ကျော် အမြန် လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးမည်
Tuesday, April 29, 2014

 မန္တလေး အမြန်လမ်းပေါ် တွင် ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၆ ဦး အနက် ဧပြီလတွင် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

၂၀၁၄ နှစ်ဆန်း   ဇန်န၀ါရီ မှစ၍ ဧပြီ ၂၇ ရက်အထိ ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၆၆ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိသူ ၂၄၉ဦးရှိခဲ့ကာ ယာဉ်တိုက်မှုပေါင်း ၁၆၁မှုအထိ ဖြစ်ပွားခဲ့သည့်အနက် ယခုဧပြီလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ဦးရေ ၃၃ဦးအထိ ရှိခဲ့သည်။

‘‘ယာဉ်မောင်းတွေက မဆင် မခြင်ပြီး မောင်းလို့ဖြစ်တာများ တယ်။  သင်္ကြန်တွင်းဆိုတော့ ယာဉ်တိုက်မှုပိုများသွားတာပေါ့။ ကားအရှိန်လွန်ပြီး မောင်းတာ တွေလည်း ပါတယ်။ လမ်းပေါ်မှာ တစ်နေ့ကို ကားအစီးရေ ငါး ထောင်၊ ခြောက်ထောင်လောက် သွားနေတာ။ ယာဉ်တိုက်မှုဖြစ် တာ အိမ်စီးကားက ပိုဖြစ်တာများ တယ်’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနှစ်အတွင်းဖြစ်ပွားခဲ့ သည့် ယာဉ်တိုက်မှုများအနက် ဧပြီ ၁၂ ရက်က မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ဖြစ်ပွားခဲ့သည့် တောင်ပြာတန်းခရီးသည်တင် ယာဉ်နှင့် အိမ်စီးယာဉ် နှစ်စီးတိုက် မိခဲ့သည့် ယာဉ်တိုက်မှုမှာ အပြင်း ထန်ဆုံးဖြစ်ပွားခဲ့သည်။ ထိုယာဉ် တိုက်မှုကြောင့် လူ ၁၂ ဦးကား အတွင်း မီးလောင်သေဆုံးခဲ့ပြီး လေးဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေ၍ အမြန်ယာဉ်များကို ဌာနစုံပူး ပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်စ တင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အမြန်လမ်းမှ ဖြတ်သန်းနေ ကြသော အမြန်ယာဉ်များ၏ ကြံ့ ခိုင်မှုအခြေအနေများကို  နေ့စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ထို့ အပြင် ယာဉ်တိုက်မှုဖြစ်စဉ်များ တွင် ယာဉ်မောင်း၏ ပေါ့ဆမှုမှာ အများဆုံးပါဝင်နေသည့်အတွက် ယာဉ်မောင်းကိုလည်း လိုင်စင်ရှိမ ရှိ၊ အရက်သေစာသောက်စား ထားမှုရှိ၊မရှိ ပုံမှန်ကျန်းမာရေးအ ခြေအနေရှိ၊မရှိစသည်တို့ကို စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ သတ် မှတ်စည်းကမ်းနှင့်မညီညွတ်သည့် ယာဉ်နှင့် ယာဉ်မောင်းများအားအ ရေးယူသွားမည်ဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရဲမှူးသိန်းကိုကိုက ပြောကြားသည်။

စစ်ဆေးအရေးယူမှု စီမံချက် ရေးဆွဲနေပြီဖြစ်ပြီး ရက်ပိုင်းအ တွင်း လုပ်ငန်းစတင်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရ ရှိသည်။

အမြန်လမ်းမကြီး  စတင်အသုံးပြုခဲ့သည့် ၂၀၀၉မှ ၂၀၁၄ဧပြီ ၂၇ရက်ထိ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ၇၇၄မှုဖြစ်ပွားခဲ့ပြီး  သေဆုံးသူ  ၃၆၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄၀ဦးရှိခဲ့သည်။

အမြန်လမ်းမကြီး၌  နေ့စဉ် ပျမ်းမျှယာဉ်အစီးရေ တစ်သောင်း ခန့်ဖြတ်သန်းလျက်ရှိပြီး အစိုးရ ထုတ်ပြန်ချက်အရ ရက်သတ္တပတ်တစ်ပတ်လျှင် လူ ၃ ဦးနှင့်အထက် ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒဏ်ရာရရှိခြင်း(သို့) သေဆုံးလျက်ရှိသည်ဟုသိရသည်။

ထို့အပြင် ယာဉ်မဆင်မခြင် ဖြစ်ပွားမှုမှာ ယာဉ်မောင်းပေါ့ဆ ခြင်း(သို့)  သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့်ဖြစ်ပွားလျက်ရှိသည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။

Author: အေးမြတ်သူ / ညီညီဇော်

7Day Daily

အမြန်လမ်းမတစ်နေရာ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အမြန်လမ်းမတစ်နေရာ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 မန္တလေး အမြန်လမ်းပေါ် တွင် ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွား ခဲ့ပြီး သေ ဆုံးသူ ၆၆ ဦး အနက် ဧပြီလတွင် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်း ရရှိ သည်။

ရုရှားအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့

Photo: ရုရှားအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့
Tuesday, April 29, 2014

ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမေရိကန် အစိုးရက ပြဌာန်းလိုက် ပါတယ်။

ယူကရိန်း ပဋိပက္ခ ပြေလည်သွားစေရေး နိုင်ငံတကာ သဘောတူချက်တခုကို ရုရှားအစိုးရ ဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် လို့ အမေရိကန် က စွပ်စွဲလိုက်ပါတယ်။

အဲဒီ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ ပုဂ္ဂိုလ် ၇ဦးနဲ့ ရုရှား ကုမ္ပဏီ ၁၇ခုတို့ကို အဓိက ပစ်မှတ်ထား ပြဌာန်းလိုက်တာပါ။

အဲဒီလူတွေထဲမှာ ရုရှားနိုင်ငံရဲ့ အဓိက ရေနံ ကုမ္ပဏီကြီး ဖြစ်တဲ့ Rosneft ကုမ္ပဏီကြီးရဲ့ အကြီးအကဲ အီဂိုရ် ဆီယေချင် လည်း ပါဝင်ပါတယ်။

ဒါ့အပြင်ရုရှားနိုင်ငံရဲ့ စစ်ရေး ဆိုင်ရာ စွမ်းအားတွေ ပိုကောင်းအောင် လုပ်ပေးနိုင်ဘွယ် ရှိတဲ့ အဆင့်မြင့်နည်းပညာရပ်တွေ တင်ပို့မှု တချို့ကိုလည်း ဒဏ်ခတ် ပိတ်ဆို့ထားဖို့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို အမေရိကန် အစိုးရက ပြဌာန်းလိုက် ပါတယ်။

ဝန်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော

Photo: ၀န်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော
Tuesday, April 29, 2014

ပြည်ထောင်စု အစိုးရအ ဖွဲ့အတွင်းရှိ ၀န်ကြီး ဌာနများ အချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာနများ ပေါင်းစပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။

ယခုလ ၂၈ ရက်တွင် ရန် ကုန်မြို့၌ ပြုလုပ်သော နည်း ပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာ ကဏ္ဍတိုးမြှင့် အကောင်အထည် ဖော်ရေး အဖွဲ့အထူး အစည်းအဝေးတွင် ဌာနဆိုင်ရာအချို့မှ လူစားထိုး တက်ရောက်လာမှု အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တကယ်ဆိုဒါက သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနက လုပ်ရ မှာ။ ဒါပေမဲ့ သူတို့အနေနဲ့ ဖိတ် ရင် တခြားဌာနတွေက မလာမှာ စိုးလို့ အထောက်အကူအဖြစ်နဲ့ ကျွန်တော်ဝင်ထိုင်ပေးနေရတာ’’ ဟု ဦးတင်နိုင်သိန်းကဆိုသည်။

ဝန်ကြီး ဌာနများအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်မှု အပိုင်းအား နည်းနေကြောင်း ကြားသိတွေ့ရှိ နေရပြီး ယင်းမှာ လုံးဝမဖြစ်သင့်ကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားနေသည့် ဦးစည်သူအောင်မြင့်က ပြောသည်။

ဥပဒေစည်းမျဉ်းများအရ ဦး စီးအရာရှိအဆင့်မှသည် ၀န်ကြီး အဆင့်အထိ ဥပဒေမှ အခွင့်အ ရေးတန်းတူပေးထားပြီး ၀န်ကြီး ဖြစ်သဖြင့် အခွင့်အရေးပိုမိုရယူ လို၍ မရကြောင်း ဦးတင်နိုင်သိန်းက ပြောသည်။

‘‘ကျွန်တော် ပြောတာက Rule of Law အရဆိုရင် ဦးစီးအရာရှိလည်း ဒီလောက်ပဲ။ ၀န်ကြီးလည်း ဒီလောက်ပဲ။ အတူတူပဲ။ ၀န်ကြီးကျမှ တမူးပိုရှူချင်လို့မရ ဘူး။ ကျွန်တော်တို့က သိပ်ပြီး တော့မှ ဟိတ်ဟန်နဲ့ ကိန်းခန်းနဲ့ လုပ်နေရင် အလုပ်မဖြစ်ဘူး’’ ဟု ၎င်းကဆိုသည်။

‘‘ဒီလိုဖြစ်တယ်ဆိုတာ ကျွန် တော်မြင်တာကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ မသဲမကွဲရော ထွေးနေတာကြောင့်လို့ မြင်ပါ တယ်။ ၀န်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုတွေ အား နည်းရင်အဓိက တာဝန်ရှိတာက တော့ အစိုးရအဖွဲ့အကြီးအကဲ ဖြစ်တဲ့ သမ္မတမှာတော့ တာဝန်ရှိ ပါတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းကပြောသည်။

Author: မင်းဟိန်းကျော်

7Day Daily

ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)

ပြည်ထောင်စု အစိုးရအဖွဲ့အတွင်းရှိ ၀န်ကြီးဌာနများအချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာန များ ပေါင်း စပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင် စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။