Wednesday, 13 November 2013

အလုပ်များသော သူတို့အတွက် ကျန်းမာရေးနှင့် လျော် ညီအောင် နေထိုင် နည်းများ


အလုပ်များသော သူတို့အတွက် အချိန်သည် လွန်စွာပင် အရေးကြီးပါသည်။ အလုပ်များကိုပင် နေ့စဉ်နေ့ တိုင်း လုပ်နေရသောကြောင့် အနားယူချိန်သည် အိပ်ချိန်မှ တစ်ပါး မရှိသလောက်ပင် ရှားပါသည်။ ဒါကြောင့် အလုပ်များသော သူများအတွက် ကျန်းမာရေးနှင့် လျော်ညီစွာ နေထိုင်စားသောက်ပုံ နည်း တစ်ချို့ ကို ရေးသား ဖော်ပြလိုက်ရပါသည်။

အရှေ့အနောက်စီးပွားရေးစင်္ကြံ EWEC ဖောက်လုပ်မှုပြီးစီးပါက မွန်ပြည်နယ်၊ မော်လမြိုင်၊ သထုံနှင့် ကရင်ပြည်နယ် ဘားအံ ဒေသများသည် စီးပွားရေးအရ အချက်အချာကျလာပြီး ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးလာနိုင်

E.13-11
မော်လမြိုင် စက်မှုဇုန်ကို နိုဝင်ဘာလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ လေးနိုင်ငံကို ဖြတ်ထားပြီး မြန်မာနိုင်ငံ မော်လမြိုင်မြို့နှင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကို ဆက်သွယ်ထားသော အရှေ့အနောက် စီးပွားရေးစင်္ကြံ EWEC ဖောက် လုပ်မှုမှာ မကြာမီ ပြီးစီးတော့မည် ဖြစ်ပြီး ထိုသို့ပြီးစီးပါက မွန်ပြည်နယ် မော်လမြိုင်၊ သထုံနှင့် ကရင်ပြည်နယ် ဘားအံဒေသများသည် စီးပွားရေးအရ အချက်အချာကျမှုနှင့်အတူ ခရီးသွားလုပ်ငန်းများ

မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ၊ စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်

C.13-11
နိုဝင်ဘာ ၁၂ ရက်က OIC လာရောက်မည့် အစီအစဉ်အား ကန့်ကွက်ဆန္ဒပြသူများ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင် ထွက်ခွာလာသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) လာရောက်မည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြခဲ့ပြီး စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။

Tuesday, 12 November 2013

NLD နာယက ဦးဝင်းတင်က ဖွဲ့စည်းပုံ အသစ်ရေးဆွဲလို

Photo: NLD နာယက ဦးဝင်းတင်က ဖွဲ့စည်းပုံ အသစ်ရေးဆွဲလို 
Tuesday, November 12, 2013

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပဲ အခြေခံ ဥပဒေ အသစ်ရေးဆွဲရေးသာ လိုလားတယ် လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ထုတ်ဖော် 
ပြသ လိုက်ပါတယ်။ 

မနေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်းလုံးကျွတ် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူရေး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းထဲက 
ဆွေးနွေးပွဲကြီးမှာ ဦးဝင်းတင်က အဲဒီလို ပြသလိုက်တာဖြစ်ပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ပြန်လည်ရေးဆွဲရေး အဆိုပြုလိုက်ချိန်မှာ ဦးဝင်းတင်ဟာ  ထောက်ခံ
တဲ့အနေနဲ့  တဦးတည်း လက်ထောင် ထားပါတယ်။ 

ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် မကြာခဏပြောဆိုခဲ့သလို တိုင်းရင်းသားတွေလိုလားနေတဲ့ ပြင်ဆင်ရခက်ခဲတဲ့ ဖွဲ့စည်းပုံအတွက် အသစ်ရေးဆွဲမှုဆိုတာအပေါ် မပစ် ပယ်ဘူးလို့ ပြောဆိုထားပါတယ်။  

မနေ့က ဗိုလ်စိန်မှန် အားကစားကွင်းမှာ လုပ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ လူထု သဘောထား ရရှိရေးဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ NLD ပါတီဝင်တွေနဲ့ လူထု အများစုက ပြင်ဆင်ရေးဆွဲလိုကြတာကို ပြသခဲ့ကြပြီး အသစ်ပြန် လည် ရေးဆွဲရေး လိုလားသူ အနည်းငယ်ကိုလည်း တွေ့ရပါတယ်။ 

 
အိမ့်သံစဉ် ~

ဧရာဝတီblog

အခု ဓာတ်ပုံတွေထဲမှာ မြင်ရတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချိန်မှာ ဦးဝင်းတင်က ကန့်ကွက်တဲ့ အနေနဲ့ လက်  မထောင်ခဲ့ပါဘူး။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပဲ အခြေခံ ဥပဒေ အသစ်ရေးဆွဲရေးသာ လိုလားတယ် လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ထုတ်ဖော် ပြသ လိုက်ပါတယ်။

ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲများကြုံတွေ့

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်း လုပ်သား များ ဗီဇာသက် တမ်းကုန် လွန်သွားပြီးနောက် အခက်အခဲ အမျိုး မျိုး ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်း အလုပ် သမားအခွင့်အရေး ကွန်ရက်က နိုဝင်ဘာ ၁၁ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများကို အစိုးရ ထောက်ပံ့ရန် ဒေါ်အောင်ဆန်း စုကြည်မှတစ်ဆင့် တောင်းဆိုမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် လွတ်မြောက်လာ သည့် နိုင်ငံရေး အကျဉ်းသားဟောင်း များကို ကူညီ ထောက်ပံ့ပေးရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှတစ်ဆင့် အစိုးရထံ တောင်းဆို သွားမည် ဖြစ်ကြောင်း နိုင် ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ဦးဇော်ထွဋ်ခေါင် က ပြော ကြား သည်။

ထိုင်းနိုင်ငံရှိ မြန်မာ အချုပ်သား ၃၀၀၀ ကျော် လွတ်လမ်းမမြင်သေး

မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံနှင့်ကြားအကျဉ်းသားများ လဲလှယ်ရေးသ ဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးရန်အစီအစဉ်မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့် ကပြောကြားလိုက်သည်။ နိုဝင်ဘာ ၁၁ ရက်က ပြုလုပ် သော ပြည်သူ့လွှတ်တော်အဋ္ဌမ ပုံမှန်အစည်း အဝေး ၂ဝရက် မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့် ၏ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံအကျဉ်းထောင် များရှိ အကျဉ်းသားများကိစ္စနှင့် စပ်လျဉ်း သည့် မေးခွန်း အား ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

Monday, 11 November 2013

နိုင်ငံသား ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ရေး အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ခန့် လိုအပ်သည်ဟုဆို

နန်းလွင်နှင်းပွင့်| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် 

မြန်မာနိုင်ငံရှိ ပြည်သူ ၅၀ ရာခိုင်နှုန်းခန့်ကို လာမည့် ၂၀၁၅ ခုနှစ်အထိ လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ခန့် လိုအပ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၁၀ ရက် ရန်ကုန်မြို့၌ ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

တောင်ကြီးမီးပုံးပျံပွဲတော် ယခင်နှစ်ထက် လုံခြုံရေးရဲအင်အား နှစ်ဆအထိ တိုးမြှင့်ချထား

နိုဝင်ဘာ ၁၀ ရက်က ညနေခြောက်နာရီခန့်က စတင်ဖွင့်လှစ်ခဲ့သော တောင်ကြီး မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီဝင် အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ထူးက မဇ္ဈိမကို ပြောသည်။

မြန်မာနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် ကမ်းလှမ်း

မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုအပ်ဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် စတင်ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်လင်းက ပြောကြားသည်။

ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း

  ၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler (အလယ်)
၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler 
ဆယ်စုနှစ် ၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ် အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မယ်စကြ၀ဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့ မြန်မာနိုင်ငံက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။

အခွန်ရှောင်သူများ ရှိနေပြီး အများလိုက်နာနိုင်သည့် အခွန်ဥပဒေများ ပြဋ္ဌာန်းမည်ဟု မိတ္ထီလာမြို့ ဒေသခံများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြား

T-11-11
ပြည်ထောင်စုလွှတ်တော် နာယကနှင့် မိတ္ထီလာမြို့ ဒေသခံများ တွေ့ဆုံဆွေးနွေးစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မိတ္ထီလာမြို့ ဒေသခံများ နိုဝင်ဘာ ၁၀ ရက်တွင် တွေဆုံခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်ဆည်၊ ၀မ်းတွင်းနှင့် မိတ္ထီလာမြို့များရှိ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့သဘောထား ရယူပွဲသို့ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တစ်ခဲနက် ဆန္ဒပြု

R-11-11
နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲ ကျင်းပနေစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းအား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။

နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် အစိုးရမှ စီစဉ်

နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အစိုးရအဖွဲ့ ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

Sunday, 10 November 2013

လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

T-10-11
စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ရှင်းလင်းပြောကြားနေစဉ်
လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တွင် စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးခဲ့သော ဆင်ဖြူတော်အား အခြားသူများ ထပ်မံမထိခိုက်စေရန် ဥယျာဉ်ဝင်းအတွင်း ပြောင်းရွှေ့ထား

R-10-11
ဆင်ဖြူဥယျာဉ်အတွင်း ဆက်လက်ပြသထားသော ဆင်ဖြူတော် (အမ)နှစ်ကောင်
ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို အခြားသူများ ထပ်မံမထိခိုက် စေရန်နှင့် မုန်ယိုနေသော ကာလဖြစ်သောကြောင့် မူလထားရှိသည့် နေရာမှ ရတနာ ဆင်ဖြူတော် ဥယျာဉ်ဝင်း၏ အတွင်းပိုင်းနေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်မှစ၍ ပိတ်ပင်ခဲ့သည့် တက္ကသိုလ် အဆောင်နေခွင့် ရရှိစေရန် သက်ဆိုင်ရာသို့ တင်ပြထား

D.10.11
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရန်ကုန် စက်မှုတက္ကသိုလ် ၀င်းအတွင်းမှ အဆောင်တစ်ခုအား တွေ့ရစဉ်
ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် ၁၉၉၆ ခုနှစ်မှ စတင်ပြီး ကျောင်းသားများ စုစည်းနေထိုင်ခွင့် ရခဲ့သည့်တက္ကသိုလ်များ အဆောင်နေခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) နှင့် မန္တလေး နည်းပညာတက္ကသိုလ် (MTU) တို့တွင် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ အဆောင်နေထိုင်ခွင့် ရရှိရန် အဆင့်မြင့် နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီမှ သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

၁၀ လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့

L-10-11
စက်တင်ဘာလအတွင်း မင်္ဂလာဒုံစက်မှုဇုန် A1 အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွား ခဲ့ပြီးနောက် တွေ့ ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဆယ်လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၈၂ ကြိမ် ဖြစ်ပွား ခဲ့ပြီး ပေါ့ ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့၍ မီးလောင်မှုများကြောင့် သေဆုံးသူ ၅၅ ဦးထိ ရှိခဲ့ကြောင်း ဦးစီးဌာန၏ စာရင်းဇယားများအရ သတင်းရရှိပါသည်။