Monday, 30 September 2013

နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါဝင်နေမှုမှာ အရေးကြီးဆုံးစိန်ခေါ်မှုဖြစ်

Photo: နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါဝင်နေမှုမှာ အရေးကြီးဆုံးစိန်ခေါ်မှုဖြစ်
Monday, September 30, 2013

လက်ရှိမြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများရှိနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ကြီးမားသည့်စိန်ခေါ်မှု ဆယ်ချက်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုလိုက်သည်။

လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသားပါတီများ မှတ်ပုံတင်နိုင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲလာမှုနှင့် နိုင်ငံရေးအကျဉ်းသားအမြောက်အများ လွှတ်ပေးမှုတို့မှာ နိုင်ငံရေး အကူးအပြောင်း၏ အခွင့်အလမ်းကောင်းများဖြစ်သည်ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု စောင့်ရှောက်ရေးအဖွဲ့(IPSJ)ကို တည်ထောင်ထားသည့် ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပသည့် “မြန်မာ့နိုင်ငံရေး အကူးအပြောင်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ”ဟု အမည်ပေးထားသော စကားဝိုင်း ဆွေးနွေးပွဲတွင် ဖြစ်သည်။

ဒေါက်တာသောင်းထွန်းက ပြောကြားရာ မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် ကြီးမားသည့် စိန်ခေါ်မှုများတွင် နိုင်ငံရေး၌ တပ်မတော်က များပြားစွာ ပါဝင်နေမှု၊ လွတ်လပ်သည့် တရားစီရင်ရေးမဏ္ဍိုင်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာရေး ပဋိပက္ခနှင့် မြေယာကိစ္စများ အပါအ၀င် ၁၀ ချက်ရှိနေသည်ဟု ဆိုသည်။

၎င်းက “အရွေ့တစ်ခုကိုတော့ သွားနေတာပေါ့နော်။ ဒီအရွေ့က ဘယ်ကိုသွားမလဲ။ ဘယ်မှာ စခန်းသတ်မလဲဆိုတာကတော့ ဒီအရွေ့မှာ ပါဝင်ပတ်သက်နေတဲ့ ဇာတ်ကောင်များရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန်တွန်းကန်မှုတွေ၊ ဖိအားပေးမှုတွေ ဒီအခြေအနေတွေပေါ်မှာ မူတည်မှာပေါ့”ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါဝင်နေမှုမှာ အရေးကြီးဆုံး စိန်ခေါ်မှု တစ်ချက်ဖြစ်နေသည်ဟုလည်း ဒေါက်တာသောင်းထွန်းက မှတ်ချက်ပြုသည်။

၎င်းက “(တပ်မတော်က)နိုင်ငံရဲ့ သယံဇာတထုတ်ဖော်မှုတွေမှာရော စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေမှာလည်း တော်တော့ကို ကြီးကြီးမားမား အခန်းကဏ္ဍကနေ ပါနေတယ်။ ဒီအနေအထားကနေ တကယ့် Professional Army ကို ကူးပြောင်းမလဲဆိုတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများတွင် တရားစီရင်ရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှု အနည်းဆုံး မဏ္ဍိုင်တစ်ခုဖြစ်သည်ဟုလည်း ၎င်း၏လေ့လာချက်အရ သိရသည်ဟုလည်း ဒေါက်တာသောင်းထွန်းက ဆိုသည်။

ဒေါက်တာသောင်းထွန်းသည် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင် ဧရာဝတီတိုင်း၊ ကျောင်းကုန်းတွင် သပိတ်ကော်မတီ ခေါင်းဆောင်အဖြစ် ပါဝင်ပြီးနောက် ၁၉၈၈ နိုင်ဝင်ဘာတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာပြီး ABSDF ၏ နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ယခုအခါ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလတွင် အထောက်အကူပြုနိုင်ရန် (IPSJ) အဖွဲ့ကို တည်ထောင်ကာ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းလုပ်ငန်းများကို ကူညီပေးနေသူဖြစ်သည်။

မင်းမင်း
Mizzima - News in Burmese
လက်ရှိမြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများရှိနေသကဲ့သို့ အခြား တစ်ဖက်တွင်လည်း ကြီးမားသည့်စိန်ခေါ်မှု ဆယ်ချက်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံး သပ်ပြော ဆို လိုက်သည်။

ဆီးဂိမ်းအတွက် မန္တလေးတွင် အထူးလုံခြုံရေးအဖွဲ့ ဖွဲ့မည်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် မန္တလေးမြို့တွင် သီးသန့်လုံခြုံရေးပေးရန် “အထူး လုံခြုံရေး အဖွဲ့” ကို ဖွဲ့စည်းရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒု-ရဲမှူးက ပြော သည်။

မော်လိုက်နှင့်ကလေးခရိုင်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

Photo: မော်လိုက်နှင့်ကလေးခရိုင်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Monday, September 30, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးသည် စက်တင်ဘာ (၂၄)ရက် နံနက်ပိုင်းတွင် မုံရွာ- ယာကြီး-ကလေးဝလမ်း ကျောက်ချောလမ်းခင်း ကျင်းနေမှုနှင့် မြေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုတို့ကို စစ်ဆေးပြီး မင်းကင်းမြို့နယ် မြို့မ ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ
ကျောင်းသုံးဗလာစာအုပ်များ၊ အားကစားပစ္စည်းများနှင့် ဂျာနယ်စာစောင် များ ပေးအပ်ထောက်ပံ့ခဲ့သည်။

ဆက်လက်၍ကလေးဝ-မော်လိုက် လမ်းကျောက်ချောလမ်းခင်းကျင်းနေမှုနှင့်
ချောင်းကူးတံတားများနှင့် ပလူဇ၀ ကွန်ကရစ် တံတား တည်ဆောက်နေမှု
တို့ကို လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ပေးသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်တင်ဘာ(၂၅)ရက် နံနက်ပိုင်းတွင်
မော်လိုက်မြို့ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်း၊ ဆေးရုံ
အဆောက်အအုံတို့ကို စစ်ဆေးပြီး လူနာများအား အားပေးကာ ဆေးနှင့်ငွေ ပဒေသာ ပင်များ ပေးအပ်ထောက်ပံ့ သည်။

ဆက်လက်၍ မော်လိုက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း
အဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊ အထောက်အကူပြုကော်
မတီများ၊ ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင် များနှင့် တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများနှင့် ကြက်ခြေနီဝတ်စုံများ ပေး
အပ်ထောက်ပံ့သည်။ ထို့နောက် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း
ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု၊ မော်လိုက်မြို့ချင်း တွင်းမြစ်
မြေထိန်းနံရံတည်ဆောက်နေ မှုနှင့် မြို့တော်ခန်းမတည်ဆောက်
မည့်မြေနေရာ တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ကြာအင်းစံပြကျေးရွာ၌ ကမ်းပါးပြိုကျပျက်စီးနေမှုကို စစ်ဆေးပြီး တိုက်နယ်ဆေးရုံနှင့် လူနာများအားကြည့်ရှု အားပေးကာ ဆေးနှင့်ငွေ
ပဒေသာပင်များ ပေးအပ်ထောက်ပံ့ခဲ့သည်။ ထို့နောက် ဒေသခံတောင်သူ များနှင့် တွေ့ဆုံ၍ကျေး ရွာ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး
ကျောင်းသုံးဗလာစာအုပ်များနှင့် ဂျာနယ်စာစောင်များပေးအပ်ထောက်ပံ့
သည်။ ဆက်လက်၍ ကလေးဝမြို့နယ် မစိန်ကျေးရွာ တိုက်နယ်ဆေးရုံ ကိုယ့်အားကိုယ်ကိုး ဓာတ်မှန်ဆောင် ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်
သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အခြေခံပညာအထက်
တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်၍
ကျောင်းဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကလေးဝမြို့ မြို့တော် ခန်းမ၌ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ အထောက်အကူပြု ကော်မတီများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင် များနှင့်တွေ့ဆုံသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်တင်ဘာ(၂၆)ရက် နံနက်ပိုင်းတွင် မင်းကင်းမြို့နယ် ရှားတော ကျေးရွာ၌ ဒေသခံ တောင်သူများနှင့်တွေ့
ဆုံ၍ ပြည်သူ့ဆေးရုံရှိ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်းတို့ကို ကြည့်ရှု စစ်ဆေးပြီး လူနာများ အား အားပေးကာဆေးနှင့် ငွေပဒေသာပင်များပေး
အပ်ထောက်ပံ့သည်။ ထို့နောက် မင်းကင်းမြို့အခြေခံပညာအထက်တန်း
ကျောင်း၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ အထောက် အကူပြုကော်မတီ
များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများ နှင့်ကြက်ခြေနီဝတ်စုံများပေးအပ်ထောက်ပံ့သည်။

ယင်းနောက် မောက္ကတော်ကျေးရွာ၊ ပန်းဆက်ကျေးရွာနှင့် သင်တောကျေးရွာ
တို့၌ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဂျာနယ်စာစောင်များနှင့် အားကစားပစ္စည်းများကို ပေးအပ်ထောက်ပံ့ သည်။ ထို့နောက် ကနီမြို့ မြို့တော်ခန်းမ၌မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ အထောက်အကူပြုကော်မတီများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများ၊ ကြက်ခြေနီဝတ်စုံ များ ပေးအပ်ထောက်ပံ့ ခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
Featured News:
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးသည် စက်တင်ဘာ (၂၄)ရက် နံနက်ပိုင်းတွင် မုံရွာ- ယာကြီး-ကလေးဝလမ်း ကျောက်ချောလမ်းခင်း ကျင်းနေမှုနှင့် မြေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုတို့ကို စစ်ဆေးပြီး မင်းကင်းမြို့နယ် မြို့မ ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာကျောင်းသုံး ဗလာ စာအုပ်များ၊ အားကစားပစ္စည်းများနှင့် ဂျာနယ်စာစောင် များ ပေးအပ်ထောက်ပံ့ခဲ့သည်။

၂၀၁၄ ကျရင် သန်းကြွယ်သူဌေးဦးရေ အာရှတိုက်မှာ အများဆုံးရှိမယ်

၂၀၁၄ ခုနှစ်ကျရင် ဒေါ်လာ သန်းကြွယ်သူဌေးတွေရဲ့ လူဦးရေက အာရှတိုက်မှာ အများဆုံးရှိမယ်လို့ Royal Bank of Canada ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လိုင်စင်မဲ့ မရှိတော့အောင် နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမယ်လို့ဆို

Photo: လိုင်စင်မဲ့ မရှိတော့အောင် နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမယ်လို့ဆို
Monday, September 30, 2013

မြန်မာနိုင်ငံမှာ လိုင်စင်မဲ့ မော်တော်ကားနဲ့၊ လိုင်စင်မဲ့ မော်တော်
ဆိုင်ကယ်တွေ မရှိအောင်လုပ်ဆောင်တဲ့အနေနဲ့ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာတွေကို လာမည့်အောက်တိုဘာလအတွင်း နယ်လှည့်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

လိုင်စင်လုပ်ပေးတဲ့ ကိစ္စကို အောက်တိုဘာလမှာ စတင်မှာဖြစ်တယ်လို့လည်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

နေပြည်တော် လယ်ဝေးမြို့၊ ရန်ကုန်တိုင်း မှော်ဘီမြို့၊ မန္တလေးတိုင်း စဥ့်ကူးနဲ့ မလှိုင်မြို့အပါအဝင်၊ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးနဲမြို့၊ လင်းခေး၊ နမ့်ဆန်၊ မိုင်းခတ်၊ မိုင်းတုန်၊ မိုင်းယန်းမြို့နဲ့ ကယားပြည်နယ် ဘော်လခဲ၊ ဖာဆောင်း၊ မယ်စဲ့မြို့တွေမှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အဲ့ဒါ့အပြင် ကချင်ပြည်နယ် တနိုင်း၊ မိုးကောင်းမြို့၊ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့၊ ပဲခူးတိုင်း ရွှေကျင်၊ သဲကုန်း၊ မင်းလှ၊ မကွေးတိုင်း ရေစကြို၊ ငဖဲ၊အောင်လံမြို့၊ မွန်ပြည်နယ် ရေးမြို့၊ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နဲ့ ဧရာဝတီတိုင်း ကျုံပျော်၊ ဒေးဒရဲ၊ ရေကြည်၊ လေးမျက်နှာ အစရှိတဲ့ မြို့နယ်တွေမှာ လိုင်စင်ဆောင်ရွက်ပေးတာတွေ၊ လိုင်စင် သက်တမ်းတိုးတာတွေ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

လိုင်စင်မဲ့မရှိအောင် အခုလိုမျိုး နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမှာဖြစ်သလို
နောင်ကျရင် လိုင်စင်မဲ့သူတွေကို အရေးယူမှုတွေ ပိုမို ပြုလုပ်သွားမယ်လို
့လည်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ကားတင်သွင်းခွင့် ဆိုင်ရာမူကို ပြောင်းလဲပေးခဲ့ပြီး နောက်ပိုင်း ကားတင်သွင်းမှုနှုန်း
မြင့်တက်လာပြီး လိုင်စင်ရှိယာဉ်တွေအပြင် လိုင်စင်မဲ့ယာဉ်တွေပါ ဝင်ရောက်လာတဲ့အတွက် ခုလို လုပ်ဆောင်တာဖြစ်တဲ့အကြောင်း
မြစ်မခသတင်းအရ သိရပါတယ်။

ABC
မြန်မာနိုင်ငံမှာ လိုင်စင်မဲ့ မော်တော်ကားနဲ့၊ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်တွေ မရှိအောင်လုပ်ဆောင်တဲ့ အနေနဲ့ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာတွေကို လာမည့်အောက်တိုဘာလအတွင်း နယ် လှည့်ဆောင် ရွက်ပေးမယ်လို့ သိရပါတယ်။

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီး တရားခံအား အာမခံ ပေးလိုက်ခြင်းကို မကျေနပ်၍ မီးရှို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိ

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တရားခံ အား အာမခံဖြင့် လွှတ်လိုက်သည်ကို မကျေနပ်၍ မီးရှို့မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာမှ ထိန်းသိမ်းလျက် ရှိကြောင်း သတင်းရရှိသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့

Photo: တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့
Monday, September 30, 2013

တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန် ခွန်းကျေး ရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှု တွင် ချောင်း ဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ ချောင်းငယ် အတွင်း စီးဝင်ခဲ့ပြီး မိုးရွာသွန်းမှု များသောကြောင့် မောတောင်ဘက် မှ တောင် ကျရေ များလည်း စီးဆင်း လာခဲ့ကြောင်း သိရသည်။

င၀န်ချောင်း ရေလျှံမှုကြောင့် ချောင်းလမု ကျေးရွာတွင် ထူးထူးခြားခြား ရေလွှမ်းမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ချောင်းလမုမှာ ရေကြီးလို့ အိမ်တွေပြိုခဲ့တယ်လို့ သိရတယ်။ ဖြစ်တာက ၂၈ ရက်မှာ ဖြစ်တယ်။ ညတွင်းချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ တနင်္သာရီမြို့နယ်ကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက်လုပ်ဆောင် ပေးနေတယ်။ အခုထိတော့ ဒဏ်ရာရသူ မရှိဘူး" ဟု ကယ်ဆယ်ရေးလုပ်ငန်း သွားရောက် လုပ်ဆောင်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် နေအိမ်များအပြင် လယ်မြေများလည်း ရေနစ်မြုပ်ခံခဲ့ရပြီး နစ်မြုပ်လယ်ဧကမှာ ၁၅၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

"ရေကြီးတာကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတွေက လယ်ဧက ၁၅၃၉ ဧက နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ပျက်စီးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် ပျက်စီးသွားတဲ့ လယ်တွေအတွက် တစ်ဧက မျိုးစပါး နှစ်တင်းစီ ပေးပါတယ်။ ချောင်းလမု ရွာမှာတော့ ရေဘေးသင့်တဲ့ အိမ်ခြေ ၂၂၀ လောက်မှာ ၉၆ လုံးက နစ်မြုပ်သွားပါတယ်။ ရေပြန်ကျတဲ့အခါ တိုင်တွေ၊ အမိုးတွေ၊ ထရံတွေ ကွာကျသွားပြီး အိမ် ၃၉ လုံးက ပြိုကျသွားတာပါ" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

တနင်္သာရီမြစ် ရေလွှမ်းမှု ခံခဲ့ရသော တနင်္သာရီမြို့နှင့် ကျေးရွာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများမှာ တနင်္သာရီ မြို့နယ်သို့ စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။       

Eleven Media Group
တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်
တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်
တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ ရပြီး ချောင်းလမု ကျေးရွာ တွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ လူဦးရေ ၁၀ သန်းအထိ ရှိ လာနိုင်သောကြောင့် ရေပြဿနာ ကြီးမားစွာ ရင်ဆိုင်ရနိုင်မည့်အပေါ် ပညာရှင်များ စိုးရိမ်နေ

လာမည့် ၂၀၂၀ ခုနှစ် အရောက်တွင် ရန်ကုန်မြို့၌ လူဦးရေ ၁၀ သန်းခန့်အထိ ရှိလာနိုင်ေ သာကြောင့် ရေပြဿနာ ကို အကြီးအကျယ် ရင်ဆိုင်ရနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီးနောက် အရောင်းအ၀ယ် အေးလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီးနောက် တွင် အရောင်းအ၀ယ် အေး လာကြောင်း အိမ်ခြံမြေ ဈေးကွက်မှ စုံစမ်းသိရ သည်။

ရန်ကုန်မြို့ရှိ လူဦးရေ သုံးသန်းကျော် နေ့စဉ်ရထားအသုံးပြု သွားလာနိုင်ရန် ဂျပန်က ကူညီစီစဉ်ပေးမည်

N-30-9
မြို့ပတ်ရထားစီး ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
လာမည့် အနှစ် ၂၀ အတွင်း ရန်ကုန်မြို့၏ လူဦးရေ သုံးသန်းကျော် နေ့စဉ် ရထားအသုံးပြုနိုင်အောင် စီစဉ်နိုင်မည်ဟု ဂျပန်မှ ခန့်မှန်းထားကြောင်း ရထားဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု ၀န်ကြီးများက နိုင်ငံရေးပါတီ ၃၇ ခုမှ ခေါင်းဆောင် ၇၀ ဦးခန့်နှင့် တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်ဖြစ်ကြောင်း ရှင်းပြ

S-30-9
စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါ တီခေါင်းဆောင်များ တွေ့ဆုံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-MPC)
အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုမှ ပါတီေ ခါင်းဆောင် ၇၀ ၀န်းကျင်တို့ စက်တင် ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ မြန်မာ့ငြိမ်း

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီး တရားခံအား အာမခံ ပေးလိုက်ခြင်းကို မကျေနပ်၍ မီးရှို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိ

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တရားခံ အား အာမခံဖြင့် လွှတ်လိုက်သည်ကို မကျေနပ်၍ မီးရှို့မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာမှ ထိန်းသိမ်းလျက် ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော် ခန်းမရှေ့ ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြမှု အတွက် အလုပ်သမား ခေါင်းဆောင်များကို အမှုဖွင့် တရားစွဲဆို

T-30-9


ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော ဟုန်ရှင်း အလုပ်သမားများအနက် ဦးဆောင်သူ အလုပ်သမား ခေါင်းဆောင်လေးဦး ကို စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တံတား ရဲစခန်းမှ မမစ (ပ) ၃၅၁/၁၃၊ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာ




၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီများ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာကြောင်း ရခိုင်တိုင်းရင်းသား ဒေသခံများ က ပြောကြား သည်။

စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) တွင် ပြုလုပ်သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက် ၍ ဆွေးနွေး ရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်မီး လုံးဝမရရှိသေးသည့် ပြည်နယ်များတွင် ၂၀၁၄ အကုန်၌ လျှပ်စစ် ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်

M-30-9
လက်ရှိအချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်လုံးဝ မရရှိသေးသည့် ပြည်နယ်အများစုတွင် ၂၀၁၄ အကုန်၌ လျှပ်စစ်ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်ဟု  လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ပြောကြား သည်။ ၂၀၁၄ ကုန်ပါက လောပိတ ရေအား လျှပ်စစ် တည်ရှိရာ ကယားပြည်နယ်၏ ရာခိုင်နှုန်း ၇၀ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းလည်း ရေးဆွဲ ထားပြီး နိုင်ငံတော်မှလည်း ဘတ်ဂျက်ချထားပေးပြီးဖြစ်ကြောင်း . . . . .

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယအဆင့် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို အောက်တိုဘာလ တွင် လက်မှတ်ရေးထိုးမည်




သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သည့် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရသည်။

Sunday, 29 September 2013

ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ

Photo: ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ
Sunday, September 29, 2013

ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံအရည် တွေကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။ ဒါ့အပြင် သွေး ထဲက ဆားဓာတ်၊ သတ္တုဓာတ် တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ရပါသေး တယ်။ အဲဒီအတွက်ကြောင့် ကျောက် ကပ်နှလုံးကို ဂရုစိုက်ပေးခြင်းဟာ တစ်ကိုယ်လုံးကို ဂရုစိုက်ပေးခြင်း မည်ပါတယ်။

ကျောက်ကပ်ပျက်စီးတဲ့ရောဂါ တွေထဲမှာ နာတာရှည်ကျောက်ကပ် ပျက်စီးတဲ့ရောဂါ (chronic kidney disease, CKD)ဟာ အန္တရာယ်များ ပြီး ဆီးစွန့်တဲ့ဖြစ်စဉ်ကို တဖြည်းဖြည်း
ယိုယွင်းလာစေပါတယ်။ ကျောက် ကပ်ကို ဂရုမစိုက်ရင် ဒီရောဂါဝင်လာ ဖို့က ရာခိုင်နှုန်းမြင့်မားတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပြီး အြေငသညေူုငိညနပ င်္သကညိအေငသည သှ်ုညိငေ က အတည်ပြုခဲ့ပါတယ်။ ကျောက်ကပ်ကို ဂရုမစိုက်တဲ့အတွက် ကျောက်ကပ်ပျက်စီးတဲ့ လူနာ ၉၀၀၀၀ကျော်ဟာ နှစ်စဉ်ကျောက် ကပ်အစားထိုး ခွဲစိတ်မှုခံယူနေရတယ် လို့ အဆိုပါအဖွဲ့ကြီးက ထုတ်ပြန်ထား ပါတယ်။

National Kidney Foundation of India က ဖော်ပြ ထားတဲ့ကျောက်ကပ်ကျန်းမာရေး အတွက် အကြံပြုချက်တွေကို ဖော်ပြ ပေးလိုပါတယ်။

•- ဆေးလိပ်ကို လျှော့သောက်ပါ။
•- ယမကာ မှီဝဲမှုကို ထိန်းချုပ်ပါ။
•- ကိုယ်လက်လှုပ်ရှား အားကစားကို တစ်ပတ်ကိုသုံးကြိမ်အနည်းဆုံး လုပ် ပေးပါ။
•- ကိုယ်အလေးချိန် မတက်အောင် အမြဲဂရုပြုပါ။
•- ဆားပါဝင်မှုများသော အစားအစာ များကို ရှောင်ပါ။
•- သွေးပေါင်ချိန်နှင့် သွေးတွင်းကို လက်စတီရောကို ပုံမှန်ရှိသင့်သော ပမာဏအတွင်း ထိန်းထားပါ။
•- အကိုက်အခဲပျောက်ဆေး အလွန် အကျွံ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
•- ရေနှင့် အရည်ရွှမ်းသော သစ်သီး များကို များများစားသုံးပေးပါ။

ဒီနည်းလမ်းတွေကို ကျင့်သုံးပေး ပြီးတဲ့အပြင် ကျောက်ကပ်ပျက်စီးနိုင် မယ့် မငျု တွေကို ကြုံတွေ့ရရင် ဆီးနဲ့ကျောက်ကပ်အထူးကုဆရာဝန် ကြီးတွေနဲ့ ပြသဖို့အခုစာတမ်းမှာ ဖော်ပြထားပါတယ်။

သက်ကို
Ref: zeenews
ကျောက်ကပ်များဟာ ဆီးစွန့်တဲ့စနစ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာ ၀န်ကို ထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံအရည် တွေ ကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။

မန္တလေး အိမ်၊ ခြံ၊ မြေခေါ်ဈေးမြင့်၍ ဈေးကွက်စောင့်ကြည့်သူ ပိုများ

Photo: မန္တလေး အိမ်၊ ခြံ၊ မြေခေါ်ဈေးမြင့်၍ ဈေးကွက်စောင့်ကြည့်သူ ပိုများ

မန္တလေး၊ စက်တင်ဘာ ၂၈

တရုတ်နိုင်ငံသားများပါ ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ ခေါ်ဈေး မြင့်မားနေခြင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဈေးကွက်အေးကာ ဈေးကွက် စောင့်ကြည့်သူ ပိုများလျက် ရှိကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
“ဝယ်လက်က ရှိတယ်။ ခေါ်ဈေးတွေ မြင့်တော့ အရောင်းအဝယ် မဖြစ်တာ။ ဈေးကွက်ကို နည်းနည်း စောင့်ကြည့်နေကြတဲ့ အခြေအနေမှာ ရှိတယ်” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဒေါ်ချိုက ဆိုသည်။

အိမ်၊ ခြံ၊ မြေဈေးကွက် အခြေအနေမှာ ယခုစက်တင်ဘာလ နောက်ဆုံး ပတ်တွင် မန္တလေးမြို့ စက်မှုမြို့သစ်မြေများ အရောင်းအဝယ် ပြန်ဖြစ်စ ပြုလာကြောင်း၊ မန္တလေးမြို့သစ်ဘက် အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ မူလဈေးထက် ကျပ်သိန်း ၁၀၀ ကျော်ခန့် ခေါ်ဈေး ဖြစ်လျက် ရှိကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မမအကွက်များတွင် ကြားကွက် ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၅၅၀ အထိ ဈေးရှိပြီး လမ်းပေါ်တင် (လမ်းမဘေး) ပေ ၄၀x၆၀ တစ်ကွက်လျှင် သိန်း ၁၀၀၀ ကျော်ခန့်အထိ ဈေးရှိကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ် သ (၆)၊ သ (၅) အကွက်များသည် သိန်း ၉၀၀ အထိ ပေါက်ဈေး ရှိလာကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၆၉ လမ်းပေါ် ပေ ၄၀x၆၀ တစ်ကွက်လျှင် သိန်း ၅၅၀ ခန့်အထိ ခေါ်ဈေး ရှိကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးတွင်  စီမံကိန်းရှိရာ မြေနေရာများ ရှိရာသို့ လိုက်၍ မြေဝယ်ရောင်း လုပ်ကိုင်သူများကြောင့် ခေါ်ဈေးမြင့်တက်ခြင်း ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း စီမံကိန်းများ လုပ်ဆောင်လျက်ရှိရာ မြင်းခြံခရိုင်ရှိ ငါန်းဇွန်မြို့နယ် မန္တလေး-မြို့သာ စက်မှုဥယျာဉ် စီမံကိန်း၊ မြင်းခြံမြို့နယ် ဆီမီးခုံ နိုင်ငံတကာ အဆင့်မီ သင်္ဘောဆိပ် စီမံကိန်း၊ တံတားဦး ဟိုတယ်ဇုန် စီမံကိန်း၊ မန္တလေးခရိုင် အမရပူရမြို့နယ် မြင်းမှူးဆင်ရွာ ကျေးရွာရှိ ကျောက်စိမ်း ကျောက်မျက်ဈေး သစ်စီမံကိန်း၊ မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်ရှိ ကျွဲဆည်ကန် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင်မည့် စီမံကိန်း စသည့် စီမံကိန်းများရှိရာ မြေနေရာများအနီး မြေကွက်များသည်လည်း ယခင်ပေါက်ဈေး နည်းပါးခဲ့ရာမှ ထိုစီမံကိန်း သတင်းကြောင့် ဝယ်လက်များ စုပြုံရောက်လာကာ မြေဈေးများလည်း အဆမတန် မြင့်တက်ခဲ့ကြကြောင်း မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
တရုတ်နိုင်ငံသားများပါ ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မှာ ခေါ်ဈေး မြင့် မားနေခြင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဈေးကွက်အေး ကာ ဈေးကွက် စောင့်ကြည့်သူ ပိုများလျက် ရှိကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅ အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန် ထမ်းဆောင်နေ သည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင်