Saturday, 28 September 2013

ဝဲကြီးကျေးရွာအတွင်း ညပိုင်း ၀င်ရောက်ဖမ်းဆီးမှုသည် ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ပြီး ပြဿနာများဖြစ်ပွားအောင် ၀င်ရောက် စွက်ဖက်ခဲ့ သူများကို ဖော်ထုတ်အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြော ကြား

Photo: ၀ဲကြီးကျေးရွာအတွင်း ညပိုင်း ၀င်ရောက်ဖမ်းဆီးမှုသည် ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ပြီး ပြဿနာများဖြစ်ပွားအောင် ၀င်ရောက် စွက်ဖက်ခဲ့ သူများကို ဖော်ထုတ်အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြော ကြား
Saturday, September 28, 2013

နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာအတွင်းရှိ ထွန်တုံး တိုက်ပွဲ ဆင်နွှဲခဲ့သူများကို ညပိုင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမှာ ဥပဒေ အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြဿနာဖြစ်ပွားအောင်ဝင်ရောက်စွက်ဖက်ခဲ့သူများကို ဖော်ထုတ်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်က စက်တင်ဘာ ၂၇ ရက်က နေပြည်တော် တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဝဲကြီးကျေးရွာသားများသည် ပြန် ကြားရေးဝန်ကြီးဌာနမှ သိမ်းယူခဲ့သည့် ၎င်းတို့လုပ်ကိုင်ခဲ့သော လယ်ယာမြေနေရာများတွင် စက်တင်ဘာ ၁၂ ရက်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဖြစ်စဉ်မှအစပြု၍ ရဲတပ်ဖွဲ့အင်အား ၆၀ ခန့်က စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီအချိန်တွင် ၀င်ရောက် ဖမ်းဆီးခဲ့ရာ ကျေးရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွား ခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်က The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

''အချိန်မတော် ဖမ်းတယ်ဆိုတာ တစ်ခါတစ်ရံ လိုအပ်ချက်အရ တရားခံ ဆိုတာကလည်း ပေါ်ပေါ်ထင်ထင် ဘယ်သူမှမနေဘူး။ တရားခံဖြစ်တဲ့ အခါ ကျတော့ သူ့ကိုလာဖမ်းမယ်ဆိုတာ သိတဲ့အတွက် အဲဒီလို ညလယ်အချိန် မျိုး သူများတွေမမျှော်လင့်နိုင်သလို နေတဲ့အတွက် ဒီအပေါ်မူတည်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုအကျိုးကို ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အချိန်မှာတော့ ခန့်မှန်းပြီးတော့ တာဝန် ရှိသူက ဒီအချိန်သွားဖမ်းရင်တော့ တရားခံကို မိနိုင်မယ်။ ဒါကြောင့် ဒီလိုအချိန်ရွေးဖမ်းတာ။ နေ့ဘက်ရယ် ညဘက်ရယ်မဟုတ် ဘူး။ ဖြစ်နိုင်တဲ့ အချိန်ကို ခန့်မှန်းပြီးတော့ ဖမ်းတာ။ လူကောင်းကတော့ နေ့လယ် နေ့ ခင်း ပေါ်ပေါ် ထင်ထင် နေမှာပေါ့။ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက် ထားတဲ့သူကတော့ ပုန်းလျိုးကွယ်လျိုးနဲ့ တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေနဲ့ မထိတွေ့အောင် မကြုံတွေ့အောင်နေမှာပေါ့။ ဒါကြောင့် ဒီလိုဆောင်ရွက် ရတာဖြစ်တယ်။ ဒါပေမဲ့ တတ်နိုင်သလောက် ဒါမျိုးမဆောင်ရွက်အောင် လည်း တာဝန်ရှိသူတွေကို မှာထားပြီးဖြစ်ပါတယ်''ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားသည်။

ထိုသို့ ၀င်ရောက်ဖမ်းဆီးရာတွင် တာဝန်အရ ယူနီဖောင်းဖြင့် တရားဝင် တာဝန် ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ အဖွဲ့အချို့၏ ၀င်ရောက်စွက်ဖက် မှုကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ထို့အပြင် တရားဥပဒေစိုးမိုးရေး အတွက် ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်သကဲ့သို့ ပြည်သူများကလည်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဖော်ပြထားပါကြောင်း ဗိုလ်မှူးချုပ်က ပြောကြားသည်။
အဆိုပါ ၀င်ရောက် ဖမ်းဆီးခဲ့သည့် အိမ်ထောင်စုငါးစုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေးဥက္ကဋ္ဌ၏ နေအိမ်လည်း ပါဝင်ကြောင်း သိရသည်။

အစိုးရသတင်းစာတိုက်အတွက် သိမ်းယူထားမြေနေရာတွင် ၀ဲကြီးကျေး ရွာမှ ရွာသားများက ၀င်ရောက်ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူ များကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် တရားစွဲဆိုထားပြီး၊ ၀င်ရောက်ဖမ်းဆီးသည့်အချိန်တွင် ခုခံတိုက်ခိုက်ခဲ့ သည့် ဒေသခံ အချို့ကို တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

Eleven Media Group

(ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်အား ရှင်းလင်းပွဲတွင် တွေ့ရစဉ်)
(ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်အား ရှင်းလင်းပွဲတွင် တွေ့ရ စဉ်)
 နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာအတွင်းရှိ ထွန်တုံး တိုက်ပွဲ ဆင်နွှဲခဲ့သူများကို ညပိုင်း ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းမှာ ဥပဒေ အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြဿနာဖြစ်ပွားအောင် ၀င်ရောက် စွက်ဖက် ခဲ့သူများကို ဖော်ထုတ်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ် မှူးချုပ် ကျော်ဇံမြင့် က စက်တင်ဘာ ၂၇ ရက်က နေပြည်တော် တွင် သတင်းထောက်များနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

ကျန်းမာရေးဥပဒေနဲ့တကွ ဘတ်ဂျက်ကိုအတည်ပြုဖို့ အိုဘားမားတိုက်တွန်း

Photo: ကျန်းမာရေးဥပဒေနဲ့တကွ ဘတ်ဂျက်ကိုအတည်ပြုဖို့ အိုဘားမားတိုက်တွန်း
Saturday, September 28, 2013

အမေရိကန် သမ္မတအိုဘားမားက သူ့ရဲ့ကျန်းမာရေး စောင့်ရှောက် မှုဥပဒေကို မဖြတ်တောက်ဘဲ အစိုးရ အသုံးစရိတ်ချပေးဖို့ အောက် လွှတ်တော်အမတ်တွေကို တောင်းဆိုလိုက်ပါတယ်။

အောက်လွှတ်တော်က ရီပတ်ဘလီကင်တွေအနေနဲ့ နိုင်ငံရေးဟန်ပြလုပ်ရပ်တွေကို ရပ်တန့်သင့်တယ်လို့ သုံးနှုန်းပြီး သောကြာနေ့မှာ အိမ်ဖြူတော် သတင်းထောက်တွေကို သမ္မတ အိုဘားမားက ပြောဆိုလိုက်တာပါ။

အောက်လွှတ်တော် သဘာပတိ ဂျွန်ဘေနာကတော့ သမ္မတအိုဘားမားဟာ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်ဆိုတာကို ငြင်းဆန်ပြောဆိုနေရင်း သူ့ကိုယ်သူဟန်ရေးပြနေတာလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒီလို ပြောဆိုချက်တွေကတော့ အထက်လွှတ်တော်ကနေ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအတွက် အစိုးရရဲ့ ယာယီအသုံးစရိတ် အတိုင်းအတာကို အတည်ပြုပြီး နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အောက်လွှတ်တော်ကလည်း သက်သာတဲ့စောင့်ရှောက်မှုဥပဒေလို့လည်း သိကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအတွက် အသုံးစရိတ်မပါတဲ့ အစိုးရအသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြုထားတာပါ။ ဒီလွှတ်တော် နှစ်ရပ်ပေါင်း ကွန်ဂရက်စ်မှာ တနလာင်္နေ့ ညသန်းခေါင်မှာ သဘောတူညီမှုမရရင်တော့ အစိုးရ လုပ်ငန်းဆောင်တာ တစိတ်တပိုင်းကို အောက်တိုဘာလ ၁ ရက်နေ့ အင်္ဂါနေ့မှာ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်ရှင်။

ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အစိုးရအသုံးစရိတ်ကို အောက် လွှတ်တော်က အတည်ပြုပေးဖို့ တိုက်တွန်းနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (စက်တင်ဘာ ၂၇၊ ၂၀၁၃)

VOA
ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အစိုးရအသုံးစရိတ်ကို အောက်လွှတ်တော်က အတည်ပြုပေးဖို့ တိုက်တွန်းနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (စက်တင်ဘာ ၂၇၊ ၂၀၁၃)
အမေရိကန် သမ္မတအိုဘားမားက သူ့ရဲ့ကျန်းမာရေး စောင့်ရှောက် မှုဥပဒေကို မဖြတ်တောက်ဘဲ အစိုးရ အသုံးစရိတ်ချပေးဖို့ အောက် လွှတ်တော်အမတ်တွေကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်ပြောင်း


ကုလသမဂ္ဂနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့အတွက် မြန်မာနိုင်ငံ ရဲ့စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ

ထမံသီ စီမံကိန်း ဖျက်သိမ်းပြီ

ထမံသီ စီမံကိန်းကြောင့် ဒေသခံတွေ နေအိမ် ရွှေ့ပြောင်းခံခဲ့ကြရ
ချင်းတွင်းမြစ်ပေါ်မှာ ရှိတဲ့ ထမံသီ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုစလုံး ကို ဖျက်သိမ်းလိုက်ပြီလို့ လျှပ်စစ်ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် လုပ်ဆောင်ရေးအပါအ၀င် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက် ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိ

Photo: နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် လုပ်ဆောင်ရေးအပါအ၀င် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက် ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိ 
Saturday,September 28, 2013

နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းရေး အပါအ၀င် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း  စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော Challenges Ahead: Myanmar 's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေး ပွဲတွင် နိုင်ငံတကာအာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ERIA (Economic Research Institute for ASEAN and East Asia) က ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မြန် မာနိုင်ငံ မှ ဂျာနယ်လစ်များအတွက် သီးခြားရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနှင့် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ သိထားသင့်သော အချက်များ၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင် ရွက်ရေးနှင့် အာဆီယံဒေသတွင်း ချိတ်ဆက်မှု၊ မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရေး မျော်မှန်းချက်နှင့် အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးကျယ်ပြန့်စွာ ဖြစ်ပေါ်စေရေး စီမံကိန်းအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

''မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းရင်းသားအရေး အပါအ၀င် ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ထဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရ နောက်ဆုံးမှာ ရှိခဲ့တဲ့ နိုင်ငံတစ်ခု အနေနဲ့ လက်ရှိအချိန်မှာ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ အာဆီယံကို ဦးဆောင်နိုင်တဲ့ နေရာတစ်ခုကို ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်''ဟု ERIA Academic Advisory Council (AAC) ၏ ဥက္ကဋ္ဌ Dr. Hank Lim က ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာ ဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်၌ ကိုင်တွယ်ဆောင်ရွက်ရမည့် အခြားသော ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်း ချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASE AN Political-Security Community) ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင် အထည်ဖော်ရေး၊ ASCC (ASEAN  Sociocultural Community) သုံးသပ်ချက်များ ကို ဆွေးနွေးခြင်း ၊  ပုဂ္ဂ လိ က ပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံနိုင်ငံ များအကြား ချိတ် ဆက်စေမှုကို မည်သို့ အကူအညီပေးနိုင် မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံနိုင်ငံ များအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ် များဆောင်ရွက်ရေး၊  အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများ အကြား မျှခြေကို ထိန်းညှိ ဆောင် ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ် ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ် ဖြစ်သော ရခိုင်အရေးကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီက အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် မှတ်တိုင်စိုက်ထူနိုင်သော ဦးဆောင်မှုများ ကို ပြုလုပ်ခဲ့ကြသည့်အတွက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက မှတ်တိုင်ထူနိုင်မည့် ဆောင်ရွက်မှုမှာ AICHR(ASEAN Intergovernmental Commission on Human Rights) အား သုံးသပ်ခြင်းဖြစ်လာနိုင်ကြောင်း ERIA  ၏ အကြံပေး အဖွဲ့ဝင်နှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဂျာနယ်လစ် Mr. Kavi Chongkittavorn က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို  အောက် တိုဘာလတွင် ဘရူးနိုင်ငံ၌ ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် လက်ခံရယူမည်ဖြစ်သည်။

Eleven Media Group
Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းရေး အပါအ၀င် အာဆီယံ အလှည့် ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း  စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော Challenges Ahead: Myanmar 's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေး ပွဲတွင် နိုင်ငံတကာအာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

ငါးလအတွင်း ပြည်ပမှ တင်သွင်းလာသည့် ထိခိုက်တိုက်ကြေယာဉ်အစီး ၁၃၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

Photo: ငါးလအတွင်း ပြည်ပမှ တင်သွင်းလာသည့် ထိခိုက်တိုက်ကြေယာဉ်အစီး ၁၃၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း
Saturday,September 28, 2013

အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး စီမံချက်အရ ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား စတင်ဖမ်းဆီးသည့် ငါးလအတွင်း ယာဉ်အစီးရေ ၁၃၀ အား နိုင်ငံပိုင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် အဆိုပါ စီမံချက်အရ ပြည်ပမှ ယာဉ်များတင်သွင်းရာတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၅ ရက်အထိ စီမံချက် မော်တော်ယာဉ်ပေါင်း ၁၂၆၇၇၃ စီးအား ပြည်ပမှ တင်သွင်းခဲ့ပြီး အဆိုပါယာဉ်များတွင် ထိခိုက်တိုက်ကြေ ပျက်စီးကားများ တင်သွင်းထားခြင်းမရှိကြောင်း တွေ့ရှိရသော်လည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၅ ရက် နောက်ပိုင်းတွင် ထိခိုက်တိုက်ကြေ ပျက်စီးကားများ တင်သွင်းလာမှု များပြားလာကြောင်း သိရသည်။

ထိခိုက်တိုက်ကြေ ပျက်စီးကားများ၏ အနေအထားအရ သုံးစွဲသူများအတွက် လုံခြုံမှု စိတ်မချရသော အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်နေသည့်အတွက် အကောက်ခွန် ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသော တိုက်ကြေ ပျက်စီးကားများသည် သုံးစွဲသူ ပြည်သူလူထုအတွက် ထိခိုက်နစ်နာစေနိုင်ခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်း၊ ကုန်သွယ်ရေး မူဝါဒများနှင့် အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် အသိပေး ကြေညာမှုများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအား အများပြည်သူ သုံးစွဲရန်မသင့်သည့် ထိခိုက်တိုက်ကြေ မော်တော်ယာဉ်များ ပါရှိလာသည့်အတွက် အကောက်ခွန်ဦးစီးဌာနမှ စိစစ်ရေးအဖွဲ့ဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း၊ စာရွက်စာတမ်းများ စစ်ဆေးခြင်းပြုလုပ်၍ ထိခိုက်တိုက်ကြေကား ဟုတ်၊ မဟုတ် စိစစ် ဆုံးဖြတ်မှု့များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် ပျက်စီးမှုများသော ထိခိုက်တိုက်ကြေ ယာဉ်များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရာတွင် ၂၀၁၃ ခုနှစ် မေ ၁၄ ရက်တွင် ၂၇ စီး၊ မေ ၃၁ ရက်တွင် ၄၂ စီး၊ တတိယအကြိမ်အဖြစ် (၂၈-၆-၂၀၁၃) ရက်တွင် မော်တော်ယာဉ် ၃၃ စီးအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး စတုတ္တအကြိမ်မြောက်အဖြစ် တိုက်ကြေ မော်တော်ယာဉ် ၂၈ စီးအား ယခုစက်တင်ဘာ ၂၄ ရက်တွင် သိမ်းဆည်းမိန့် ထုတ်ပြန်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group
အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး စီမံချက်အရ ပြည်ပမှ တင်သွင်း လာသည့် မော်တော်ယာဉ်များအား စတင်ဖမ်းဆီးသည့် ငါးလအတွင်း ယာဉ်အစီးရေ ၁၃၀ အား နိုင်ငံ ပိုင် ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။