Saturday 28 September 2013

နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် လုပ်ဆောင်ရေးအပါအ၀င် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက် ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိ

Photo: နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် လုပ်ဆောင်ရေးအပါအ၀င် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက် ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိ 
Saturday,September 28, 2013

နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းရေး အပါအ၀င် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း  စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော Challenges Ahead: Myanmar 's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေး ပွဲတွင် နိုင်ငံတကာအာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ERIA (Economic Research Institute for ASEAN and East Asia) က ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မြန် မာနိုင်ငံ မှ ဂျာနယ်လစ်များအတွက် သီးခြားရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနှင့် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ သိထားသင့်သော အချက်များ၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင် ရွက်ရေးနှင့် အာဆီယံဒေသတွင်း ချိတ်ဆက်မှု၊ မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရေး မျော်မှန်းချက်နှင့် အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးကျယ်ပြန့်စွာ ဖြစ်ပေါ်စေရေး စီမံကိန်းအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

''မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းရင်းသားအရေး အပါအ၀င် ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ထဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရ နောက်ဆုံးမှာ ရှိခဲ့တဲ့ နိုင်ငံတစ်ခု အနေနဲ့ လက်ရှိအချိန်မှာ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ အာဆီယံကို ဦးဆောင်နိုင်တဲ့ နေရာတစ်ခုကို ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်''ဟု ERIA Academic Advisory Council (AAC) ၏ ဥက္ကဋ္ဌ Dr. Hank Lim က ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာ ဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်၌ ကိုင်တွယ်ဆောင်ရွက်ရမည့် အခြားသော ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်း ချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASE AN Political-Security Community) ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင် အထည်ဖော်ရေး၊ ASCC (ASEAN  Sociocultural Community) သုံးသပ်ချက်များ ကို ဆွေးနွေးခြင်း ၊  ပုဂ္ဂ လိ က ပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံနိုင်ငံ များအကြား ချိတ် ဆက်စေမှုကို မည်သို့ အကူအညီပေးနိုင် မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံနိုင်ငံ များအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ် များဆောင်ရွက်ရေး၊  အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများ အကြား မျှခြေကို ထိန်းညှိ ဆောင် ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ် ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ် ဖြစ်သော ရခိုင်အရေးကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီက အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် မှတ်တိုင်စိုက်ထူနိုင်သော ဦးဆောင်မှုများ ကို ပြုလုပ်ခဲ့ကြသည့်အတွက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက မှတ်တိုင်ထူနိုင်မည့် ဆောင်ရွက်မှုမှာ AICHR(ASEAN Intergovernmental Commission on Human Rights) အား သုံးသပ်ခြင်းဖြစ်လာနိုင်ကြောင်း ERIA  ၏ အကြံပေး အဖွဲ့ဝင်နှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဂျာနယ်လစ် Mr. Kavi Chongkittavorn က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို  အောက် တိုဘာလတွင် ဘရူးနိုင်ငံ၌ ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် လက်ခံရယူမည်ဖြစ်သည်။

Eleven Media Group
Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းရေး အပါအ၀င် အာဆီယံ အလှည့် ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း  စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော Challenges Ahead: Myanmar 's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေး ပွဲတွင် နိုင်ငံတကာအာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ERIA (Economic Research Institute for ASEAN and East Asia) က ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မြန် မာနိုင်ငံ မှ ဂျာနယ်လစ်များအတွက် သီးခြားရည်ရွယ်ပြုလုပ်ခြင်းဖြစ် သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနှင့် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ သိထားသင့်သော အချက်များ၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင် ရွက်ရေးနှင့် အာဆီယံဒေသတွင်း ချိတ်ဆက်မှု၊ မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရေး မျော်မှန်းချက်နှင့် အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးကျယ်ပြန့်စွာ ဖြစ်ပေါ်စေရေး စီမံကိန်းအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

''မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းရင်းသားအရေး အပါအ၀င် ပဋိပက္ခတွေကို ဖြေရှင်းထား သင့်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ထဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရ နောက်ဆုံးမှာ ရှိခဲ့တဲ့ နိုင်ငံတစ်ခု အနေနဲ့ လက်ရှိအချိန်မှာ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ အာဆီယံကို ဦးဆောင်နိုင်တဲ့ နေရာတစ်ခုကို ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်''ဟု ERIA Academic Advisory Council (AAC) ၏ ဥက္ကဋ္ဌ Dr. Hank Lim က ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာ ဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်၌ ကိုင်တွယ်ဆောင်ရွက်ရမည့် အခြားသော ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်း ချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည် သုံးသပ်ရခြင်း မရှိသေးသော ASPC (ASE AN Political-Security Community) ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင် အထည်ဖော်ရေး၊ ASCC (ASEAN  Sociocultural Community) သုံးသပ်ချက်များ ကို ဆွေးနွေးခြင်း ၊  ပုဂ္ဂ လိ က ပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံနိုင်ငံ များအကြား ချိတ် ဆက်စေမှုကို မည်သို့ အကူအညီပေးနိုင် မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံနိုင်ငံ များအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ် များဆောင်ရွက်ရေး၊  အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများ အကြား မျှခြေကို ထိန်းညှိ ဆောင် ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ် ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ် ဖြစ်သော ရခိုင်အရေးကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီက အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် မှတ်တိုင်စိုက်ထူနိုင်သော ဦးဆောင်မှုများကို ပြုလုပ်ခဲ့ကြသည့်အတွက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက မှတ်တိုင်ထူနိုင်မည့် ဆောင် ရွက်မှုမှာ AICHR(ASEAN Intergovernmental Commission on Human Rights) အား သုံးသပ်ခြင်းဖြစ် လာနိုင်ကြောင်း ERIA  ၏ အကြံပေး အဖွဲ့ဝင်နှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဂျာနယ်လစ် Mr. Kavi Chongkittavorn က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို  အောက် တိုဘာလတွင် ဘရူးနိုင်ငံ၌ ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် လက်ခံရယူမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment