Monday, 3 December 2012

မျိုးနွယ်စောင့်ထိန်းခဲ့သော မြန်မာအမျိုးသမီးတို့၏ အားမာန်

Photo: မျိုးနွယ်စောင့်ထိန်းခဲ့သော မြန်မာအမျိုးသမီးတို့၏ အားမာန်
Monday, 03 December 2012

ကျွန်မတို့မြန်မာအမျိုးသမီးတို့၏ ဖြတ်သန်းကျော်လွှားခဲ့ရသောဘ၀ပုံရိပ် သည်သမိုင်းကဏ္ဍ၀ယ်၊ တစ်မြေတည်းနေ  တစ်ရေတည်းသောက်
တစ်ခရီးသွားအမျိုး သားများနှင့် အတူလက်တွဲမဖြုတ်စတမ်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

အဆိုပါအစဉ်အလာကောင်းများကို  စောင့်ထိန်း၍ မြန်မာအမျိုးသမီးတိုင်းရင်း သားမျိုးနွယ်စုများသည်၊ နယ်ချဲ့တော်လှန် ရေးမျက်နှာစာ၊ ဗြိတိသျှသံဖနောင့်
အောက်သူ့ကျွန်ဘ၀မှသည်ဖက်ဆစ်ဂျပန်  တော်လှန်ရေးခရီးဝယ်အားနှင့်၊ မာန်နှင့် ကျရာအခန်းကဏ္ဍမှာပါဝင်ခဲ့ကြသည်။

နိုင်ငံပြုအာဇာနည်မေများ၊ မြန်မာ့ ဥယျာဉ်မှူးများအသွင်ဖြင့် လောကကြီးကို အလှဆင်ခဲ့ကြသည်။ သန်း (၆၀) သော လူထုကြီးတစ်ရပ်လုံး၏ဘ၀အတွက်
လူမှုရေးမျက်နှာစာမှစားဝတ်နေရေးအခန်းကဏ္ဍကို တိတိပပတာဝန်ကျေပွန်
ခဲ့ကြသည်။

မြတ်ဗုဒ္ဓလက်ထက်၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ကာလ၊ အမရာ၊  ကိန္နရီ၊ မဒ်္ဒီ၊ သမ္ဘူလတို့က တော်ဝင်သူမိန်း  မမြတ်အဖြစ်သမိုင်းကြေးမုံ၌
ထင်ဟပ်ခဲ့ သည်။

ပျူခေတ်တွင်ဗိဿနိုးဘုရင်မ၊ ဟံသာဝတီမှရှင်စောပုတို့ကနိုင်ငံကိုအုပ်ချုပ်ရေး
ကဏ္ဍ၀ယ်နေရာပေးခံခဲ့ရသည်။ အမျိုးအနွယ်ကိုစောင့်သောရွှေအိမ်စည်  သခင်မက ဘာသာခြင်းနှင့် သွေးချင်းနှောမှုကိုကဲ့ရဲ့ရှုတ်ချခဲ့သည်။

ရခိုင်စာဆိုအမျိုး သမီးစောပြည့်ညို၊ မြန်မာဓမ္မသတ်ဖြတ် ထုံးစီရင်ရာတွင် သုဓမ္မစာရီ၊ ပေါက္ကာ ရာမကျစွာမင်း၏ သမီးသံဗျင်မင်းသမီး၊ နန်းတွင်း သူမိဖြူ၊ မိညို၊ ရှင်မင်း၊ မယ်ခွေ၊  ခင်ဆုံ၊ လှိုင်ထိပ်ခေါင်တင်၊ ရဝေရှင်ထွေး၊  မမြလေး၊ ဒေါ်ရီကြိန်၊ ဒေါ်ခင်မျိုးချစ်၊ ဂျာနယ်ကျော်မမလေး၊ လူထုဒေါ်အမာ တို့က ထက်မြက်သောကလောင်ရှင်အဖြစ်  စာပေစင်မြင့်ဝယ်ပေါ်လွင်
ထင်ရှားခဲ့သည်။

ဗိုလ်မင်းရောင်၏ တပ်မှယင်းခင်ခင်၊ ၀က်ထီးကန်တိုက်ပွဲမှ ရှမ်းတိုင်းရင်းသူ
လုံမပျိုသုံးဦးတို့၏ ဇာတိသွေးအပြည့်ဖြင့်သွေး ရဲရဲနီခဲ့သည်။ ပုဂံဗိုလ်ချို၏
ဇနီးနှင့် တိုင်းရင်း  သူများကမြင်းကိုယ်စီစီးလျက်တိုက်ပွဲအလီလီ
ဆင်နွဲခဲ့ကြသည်။

၁၉၁၉ ခုနှစ်မှ ၁၉၄၈ ခုနှစ်ထိ လွတ်လပ်ရေးကြိုးပမ်းမှုအခန်းကဏ္ဍတွင် တိုင်းပြည်ချစ်စိတ်ပြည့်ဝသောမြန်မာတိုင်း ရင်းသူများက ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊  တို့ဗမာအစည်းအရုံး၊ ဖဆပလ၊ ကုမ္မာရီ အသင်း၊ အာရှလူငယ်
အသင်း၊ “ဘူး” အသင်း အမျိုးသားဝံသာနုကောင်စီတို့တွင် အတောင်နှစ်ဆယ်
ဝတ်ယောက်ျားများနှင့် ရင်ဘောင်တန်း၍ လွတ်လပ်ရေးကိုအရ ယူခဲ့ကြသည်။

မျက်မှောက်ခေတ်တွင် မြန်မာအမျိုး သမီး၊ တိုင်းရင်းသူများသည်ထက်မြက်
စူးရှသော စွမ်းဆောင်ရည်တို့ဖြင့်၊ အမျိုးသမီး  ရေးရာများကို မျက်နှာစာပြု၍
ဆောင်ရွက် ခဲ့ကြသည်။

မြန်မာတိုင်းရင်းသားစကားပုံများ၌ ပါရှိသော မြန်မာအမျိုးသမီးတို့၏ သက်ဝင်  လှုပ်ရှားမှုများ ပုံရိပ်များကိုတွေ့မြင်ကြရ သည်။

“သားကောင်းသည် မိခင်မှ အသီး ကောင်းသည် အမြစ်မှ”

“ပုခက်လွှဲသောလက်သည်ကမ္ဘာကို အုပ်စိုးနိုင်သည်။”

“ပန်းကိုလိုချင်လျှင် အပင်ပျိုးတတ်မှ” “ရွှေလက်များ၏ စွမ်းအား”

မြန်မာအမျိုးသမီးတိုင်းရင်းသူများ ၏ စွမ်းဆောင်မှုဂုဏ်ရည်၊ ကမ္ဘာနှင့်အတူ  ရင်ဘောင်တန်းနိုင်မှုဂုဏ်ရည်တို့က နေရာဒေသတိုင်း၊ အလုပ်ရုံ၊ စက်ရုံ၊ ဌာန တိုင်း၏မျက်နှာစာဝယ်ပီပြင်ပေါ်လွင်လှပါသည်။

ယခု လွှတ်တော်အဆင့်ဆင့်၏အခန်း ကဏ္ဍ၀ယ်မြန်မာအမျိုးသမီးတိုင်းရင်းသူ
တို့၏ ပူးပေါင်းပါဝင်နေမှု၊ စုပေါင်းဆန္ဒပေးနိုင်မှု၊ ပါဝင်ဆွေးနွေးနိုင်မှု
မြင်ကွင်းများ ကားသတင်းစာ၊ ဂျာနယ်၊ စာနယ်ဇင်း၊ မျက်နှာစာများဝယ်၊ အပြည့်အရေအတွက်  ရောအရည်အချင်းပါဂုဏ်ဝင့်ထည်နေကြ ပါပြီ။

ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းရုံးရေးနှင့် လွတ်လပ်ရေး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဦးတည်ချက်များကို မြန်မာ
အမျိုးသမီး၊ တိုင်းရင်းသူကလေးများက ဦးထိပ်ပန်ဆင် ၍ ရင်ထဲနှလုံးသား
ထဲမှာ အပြည့်အ၀ခံ ယူပြီး၊ ကျရာအခန်းကဏ္ဍတွင်ပါဝင်နေကြ  သည်မှာ နေနှင့်လ၊ ရွှေနှင့် မြပမာ၊ ပဏာ  ရလှပါဘိ။

ခြေတစ်လှမ်းကုဋေတစ်သန်းတန် အောင်စွမ်းဆောင်နိုင်သော မြန်မာအမျိုး သမီးကလေးများက မိုင်ပေါင်းများစွာကို ကျော်လွှားဖြတ်သန်းလာခဲ့ကြပြီ။ ဆက်လက်  ချီတက်ရမည်၊ ရှေ့လမ်းခရီးဒီမိုကရေစီပန်းတိုင်
အရောက်လှမ်းနိုင်ရေးအတွက်တက် စုံရွက်စုံလှော်ခတ်နေကြပါပြီ။

ခါးသီးသောသမိုင်းစာမျက်နှာများကို  ထုံးလိုချေ၊ ရေလိုနှောက်ပြီး သမိုင်းကဏ္ဍ  သစ်တစ်ရပ်ဖွင့်လှစ်ခါစွမ်းဆောင်ရည် အပြည့်အ၀ဖြင့် ယနေ့လူမှုရေး၊ နိုင်ငံရေး  စီးပွားရေး၊ နယ်ပယ်များ၌ လှေခွက်ချည်း ကျန်အလံမလှဲစတမ်း၊ အတက်ကြွဆုံးပါ  ၀င်နေကြပါပြီ။

န၀ရတ်ကိုးပါးကျောက်မျက်တို့သည်  တန်ဖိုးအလိုက်အဖိုးထိုက်တန်
ကြသည်မှန် သော်လည်း ရွှေနှင့် ရောစပ်အလှချင်း ပေါင်းစပ်ပါမှ ရှိရင်းစွဲထက်တန်ဖိုးပိုတက် လှသွေးယှက်ကာဝင်းလက်လာလိမ့်မည်။
အမိနိုင်ငံတော်၏ ဒီမိုကရေစီလမ်း ကြောင်းသက်တမ်းနှစ်နှစ်ကာလတို့တွင် အဖိုးတန်ကျောက်မျက်ပမာ၊ အရေးပါလှ သည့် မြန်မာအမျိုးသမီး၊ တိုင်းရင်းသူလေး  များသည် ကိုယ်ပိုင်အရည်အသွေးစွမ်း ဆောင်မှု
ဂုဏ်ကျက်သရေများဖြင့် လက်ချင်းယှက်ခါကျရာကဏ္ဍတွင်ပါဝင်နေ ကြပါပြီ။

ကျွန်မခေတ်၊ ကျွန်မတို့ကာလ၊ ကျွန်မတို့ အချိန်ကျရောက်သောဒီမိုကရေ စီခေတ်၊ ခေတ်ကောင်းကာလ၊ အများ အသိ၊ အများဆန်္ဒ၊အများအမြင်များကို 
ရှေ့တန်းပို့နေချိန်ဝယ်အသိဉဏ်မဖွံ့ဖြိုး  သောလူရိုင်းခေတ်၊ ကျောက်ခေတ်သို့ သမင်လည်ပြန်သွားကြမှာလား။ အ၀တ် မပါမွေးရာပါဖော်ကျူး၊ မိမွေးတိုင်း၊ ဖမွေး  တိုင်းလှစ်ဟပြပြီး၊ ဗလာကျင်းနေထိုင်သွားလာမှုကို လက်သီးလက်မောင်းတန်းပြီး ထောက်ခံကြရမှာလား။

သမိုင်းဦးကျောက်ခေတ်က၀တ်စား  ဆင်ယင်မှုဖြင့် “ဂလိုဘယ်ခြုံလွာ
အောက် မှာ ပြားပြားဝပ်စင်းပြီး၊ မိမိတို့ မိဘဘိုး ဘွားများစောင့်ထိန်း
ပြုပြင်ပြောင်းလဲခဲ့ကြတဲ့ ယဉ်ကျေးမှုကိုလည်စင်းခံကြတော့မှာ တော့မှာလား။ အထက်တစ်ဝက်၊ အောက်တစ်ဝက်၊ မပေါ့်တပေါ်၊ ခေတ်မီတယ်ဆိုတဲ့
ခေါင်းစဉ်ကြီးတပ်ပြီးဖော်ကျူး  မှုတွေကို လူမြင်ကွင်းမှာလှစ်ဟကြတော့ မှာလား။

မျိုးရိုးစောင့်ထိန်းခဲ့သော မြန်မာ အမျိုးသမီးတို့၏အားမာန်ကို တိုင်းတစ်ပါး  ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှု၊ တေးဂီတ၊  ဇာတ်လမ်းတွဲရှည်များကြားမှာ အရှင် လတ်လတ်ယဉ်ကျေးမှုအသွင်သွေးကြော ကို ဖြတ်တောက်
ခံကြတော့မှာလား။

ကြည်လင်သန့်ရှင်းသောထက်ကောင်း ကင်ပြာ၌ စိန်ရောင်စိန်သွေး
တဖျပ်ဖျပ် ပြေးနေသောကြယ်တာရာအစုအဝေးတို့ သည်သော်တာ
လမင်းကြီးနှင့် အပြိုင်အလှ  ချင်း၊ ကျက်သရေချင်း၊ ဂုဏ်ချင်းယှဉ်ပြိုင်  ၀င်းလက်နေဘိသကဲ့သို့အမိနိုင်ငံတော်၏ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ
ဘ၀ကိုယ် စီ၊ အသိကိုယ်စီ၊ အတွေးကိုယ်စီဖြင့် လျှောက်လှမ်း
နေကြသောပါရမီဖြည့်ဖက်များအဖြစ် တည်ဆောက်ပြုပြင်ရေးမျက်နှာစာကို အလှပန်းများဖြိုးဝေစွာဖြင့် အားဖြည့်နေကြပါပြီ။

ကျွန်မတို့အားလုံး၏လောကအလှ ကြွယ်ဆုံးအချိန်ပါတကား။

ဇင်မာသင်း
Hot News
ကျွန်မတို့မြန်မာအမျိုးသမီးတို့၏ ဖြတ်သန်းကျော်လွှားခဲ့ရသောဘ၀ပုံရိပ် သည်သမိုင်းကဏ္ဍ၀ယ်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်ခရီးသွားအမျိုး သားများနှင့် အတူလက်တွဲမဖြုတ်စတမ်း ပူးပေါင်း

ဂျက်လီ တည်ထောင်ထားသောOne Foundationအဖွဲ့ မှ ရွှေဘိုငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းကိုပြန်လည်ပြုပြင်ပေးမည်


Photo: ဂျက်လီ တည်ထောင်ထားသောOne Foundationအဖွဲ့ မှ
ရွှေဘိုငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းကိုပြန်လည်ပြုပြင်ပေးမည်
Monday, 03 December 2012

မင်းသားဂျက်လီ တည်ထောင်ထားသော One Foundationအဖွဲ့မှ သပိတ်ကျင်း၊စဥ့်ကူး၊ကျောက်မြောင်းမြို့နယ်အတွင်းမှ ရွှေဘိုငလျင်ဒဏ်သင့်
ကျောင်း၃ကျောင်းအားရွေးချယ်၍ပြန်လည်ပြုပြင်ပေးရန်
မန္တလေးကောင်စစ်ဝန်ရုံးနှင့်ညှိုနှိုင်းနေကြောင်းသိရသည်။

ငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းရွေးချယ်ရာတွင် အထိအခိုက်
ပျက်စီးမှုပမာဏ၊ကျောင်းသားဦးရေနှင့်ကျောင်းဧရိယာတို့ကိုကြည့်ရှု့ရွေးချယ်
သွားမည်ဖြစ်ပြီးစာသင်ကျောင်းဆောင်များအပါအ၀င် ဘက်စုံအားကစား
အဆောက်အအုံများပါဝင်ထည့်သွင်း ဆောက်လုပ်လှူဒါန်းသွားမည်ဟု
သိရသည်။

NW
Popular Myanmar News Journal မင်းသားဂျက်လီ တည်ထောင်ထားသော One Foundationအဖွဲ့မှ သပိတ်ကျင်း၊စဥ့်ကူး၊ကျောက်မြောင်းမြို့နယ်အတွင်းမှ ရွှေဘိုငလျင်

သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ် အောင်ဆန်းစုကြည် တို့ အာဆီယံ ခေါင်းဆောင်မှု ဖိုရမ်တွင် မိန့်ခွန်းပြောမည်

အာဆီယံ နိုင်ငံများ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် အရပ်ဘက် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ ပါဝင်သည့် အာဆီယံ ခေါင်းဆောင်မှု ဖိုရမ်သို့ ကမ္ဘာ့ထိပ်တန်း တွေးခေါ် မြော်မြင်သူ စာရင်းတွင် ထိပ်ဆုံး နေရာ၌ ပူးတွဲ ရရှိထားသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင်ဒေါ်အောင်ဆန်း စုကြည် တို့ တက်ရောက် မိန့်ခွန်း ပြောကြား သွားမည် ဖြစ်ကြောင်း ယင်းဖိုရမ်ကို

ဘင်္ဂလီကုလားများမှ တစ်ကျော့ပြန် ရန်စမှု မင်းပြားမြို့နယ်တွင် ထပ်မံဖြစ်ပွား

မင်းပြားမြို့နယ်၊ သေကန်ကျေးရွာနေ (ဘ)ဦးကျောက်စိန်အောင်၏သား ဦးမောင်သိန်းနု (၄၉)နှစ်သည် ၂-၁၂-၂၀၁၂ နေ့ ညနေ (၃း၄၅) နာရီအချိန်တွင် နရမ်းကျေးရွာမှ မိမိကျေးရွာသို့အပြန် လမ်းခရီး တွင်ရှိသည့် စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ဘလေ(မွတ်ဆလင်)ကျေးရွှာမှ ကုလားအယောက်(၂၀)ခန့်သည် တုတ်၊ ဓားများဖြင့် ရောက်ရှိလာကာ ဦးမောင်သိန်းနုအား စတင် ခုတ်ဖြတ်သတ်ရာမှ ပြန်လည်ခုခံယင်း ဒဏ်ရာပြင်ထန်စွာရရှိကာ

ပါလက်စတိုင်းအား လေ့လာသူအဖွဲ့ဝင်နိုင်ငံ မဟုတ်ဘဲ နိုင်ငံအဖြစ် ကုလသမဂ္ဂ မှ သတ်မှတ်ပေးလိုက်ပြီ

ပါလက်စတိုင်းအား လေ့လာသူအဖွဲ့ဝင်နိုင်ငံ မဟုတ်ဘဲ နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆန္ဒမဲပေး ခဲ့ကြ သည်။ အစ္စရေးနှင့် အမေရိကန်က ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိ အမှတ်ပြု ရန် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသော်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံက ပါလက် စတိုင်းအား အသိ အမှတ်ပြုရန် ဆန္ဒမဲပေးခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်က ဘီဘီစီ

မွေးရပ်မြေပြန် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ ရ ရခိုင် ရဟန်းတော်အား ဒေသခံများ ဂုဏ်ပြုကြိုဆို

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရပြီး မိမိ မွေးရပ်မြေ ရသေ့တောင်သို့ 
ပြန်လာသော ဒေါက်တာ အသျှင် ဉာဏုတ္တရအား မြို့သူ မြို့သားများက အခမ်းအနား ပြုလုပ်ကာ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
ဒေါက်တာ အသျှင်ဉာဏုတ္တရသည် သိရီလင်္ကာနိုင်ငံ ကေလဏိယ တက္ကသိုလ်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပါရဂူဘွဲ့ ရရှိခဲ့ပြီး၊ နိုဝင်္ဘာလ ၃၀ ရက်နေ့က သူ၏ မွေးရပ်မြေ ရသေ့တောင်မြို့ သို့ ပြန်လာရာ ပြည်သူများက ရခိုင် မင်္ဂလာ စည်တော်

မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ခ နှုန်းထားများ ဒီဇင်ဘာ ၅ တွင် ပြောင်းလဲကောက်ခံမည်


၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ မြန်မာ့လေကြောင်း လေယာဉ် လက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

"နေပြည်တော်ကို အခု လေးသောင်းသုံးထောင်ကျပ် ကျပါတယ် ၊ ဒီဇင်ဘာ ၅ ရက်နေ့ကနေ

တိုကျို မြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အမိုးပြိုကျ ယာဉ်များ ပိတ်ဆို့ မီးလောင်မှု ဖြစ်ပွား

Photo: တိုကျို မြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အမိုးပြိုကျ ယာဉ်များ ပိတ်ဆို့ မီးလောင်မှု ဖြစ်ပွား
Monday, 03 December 2012

ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ဘက် အဝေးပြေး လမ်းမပေါ်ရှိ ဥမင် လိုဏ်ခေါင်း တစ်ခုသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ပြိုကျခဲ့ရာ ဥမင်လိုဏ်ခေါင်း အတွင်း မော်တောယာဉ်များ ပိတ်ဆို့ပြီး
မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

တိုကျို မြို့ပြင် မိုင် ၅ဝ ခန့် အကွာရှိ ဆာဆာဂို ဥမင်လိုဏ်ခေါင်း အတွင်းရှိ
မော်တော်ယာဉ် များပေါ်သို့ ကွန်ကရစ် ဥမင် လိုဏ်ခေါင်း အမိုးပြားများ ပြိုကျ ခဲ့ရာမှ မော်တော်ယာဉ်များ မီးလောင် ပျက်စီး ခဲ့သည်။ ၂ ဒသမ ၅ မိုင် ရှည်လျားသည့် ဥမင်လိုဏ်ခေါင်း အတွင်း မော်တော်ယာဉ် ၂ စီးခန့် ပိတ်မိ နေပြီး မီးသတ် သမားများက မီးငြှိမ်း သတ်ခဲ့ ကြသည်။

လူခုနစ်ဦး ပျောက်ဆုံး နေပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ် ဌာနမှ ပြောကြား ခဲ့သည်။ ဥမင်လိုဏ်ခေါင်း အမိုးပြို ကျပြီး သုံးနာရီခန့် အကြာ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ အချိန်တွင် မီးသတ်သမား များက မီးငြှိမ်းသတ် နိုင်ခဲ့ ပြီးနောက် အပျက်အစီး များကို ဖယ်ရှား ခဲ့ကြသည်။ သို့သော်လည်း ဥမင် လိုဏ်ခေါင်း အမိုး ထပ်မံပြိုကျ မည်ကို စိုးရိမ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

မြ၀တီ ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ဘက် အဝေးပြေး လမ်းမပေါ်ရှိ ဥမင် လိုဏ်ခေါင်း တစ်ခုသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ပြိုကျခဲ့ရာ ဥမင် လိုဏ်ခေါင်း အတွင်း မော်တောယာဉ်များ ပိတ်ဆို့ပြီးမီးလောင် မှု  ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
တိုကျို မြို့ပြင် မိုင် ၅ဝ ခန့် အကွာရှိ ဆာဆာဂို ဥမင်လိုဏ်ခေါင်း အတွင်းရှိမော်တော်ယာဉ် များပေါ်သို့ ကွန်ကရစ် ဥမင် လိုဏ်ခေါင်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သော ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်


210

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍  နယ်ပယ်အသီးသီးမှ ပညာရှင် များက ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂ရက်နေ့

ထိုင်းနိုင်ငံရှိ SCG မှ မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ စတင်တည်ထောင်ရန်ပြင်ဆင် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်


မြန်မာနိုင်ငံရှိ အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံးရယူထားသည့် ထိုင်းနိုင်ငံရှိ SCG(The Siam Cement Public Limited ) မှ မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းများ စတင် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ Mr.Soontornpol Veerapravati က ပြောပါသည်။
SCG မှ မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်ကုန်အဖြစ် ဘိလပ်မြေစက်ရုံအား တနင်္သာရီတိုင်းဒေ

3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး ဆောင်ရွက် ပြည်သူ အများစု ဝယ်ယူ သုံးစွဲနိုင်သည့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချမည်


Photo: 3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး ဆောင်ရွက် ပြည်သူ အများစု ဝယ်ယူ သုံးစွဲနိုင်သည့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချမည်
Monday, 03 December 2012

ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေရှိ ရတနာပုံ တယ်လီပို့ အစည်း အဝေး ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ကျင်းပသည့် 3G နှင့် 4G (LTE) မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း တက် ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးက 3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ်ဆင် ရေးကို မိုဘိုင်းလ် တယ်လီဖုန်း အသုံးပြုမှု များပြားသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ကြီး များ ၌ ဆောင်ရွက် သွားမည် ဖြစ်သဖြင့် ဝယ်လိုအား တိုးတက် လာပါက
ရောင်းလိုအား ဘက်က အချိန်မီ အင် အား ဖြည့်တင်းကာ စဉ်ဆက် မပြတ် ရောင်းချ နိုင်ရေးကို ဂရုစိုက်ရန် လိုအပ်ကြောင်း၊ ပြည်သူ အများစု ဝယ်ယူ သုံးစွဲ နိုင်သည့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချမည် ဖြစ်ရာ အဆင်ပြေ လွယ်ကူစွာ ဝယ်ယူ အသုံးပြု နိုင်ရေး အတွက် ရောင်းချမည့် အစီ အစဉ်များ ကြေညာခြင်း၊ ရောင်းချမည့် အဖွဲ့ အစည်းများ ဖွဲ့စည်းခြင်း၊
ရောင်းချ မည့် နေရာ လုံလောက်အောင် စီစဉ်ခြင်း စသည် တို့ကို အသေးစိတ် စီမံကြရန် လိုအပ်ကြောင်း၊ ပြည်သူ လူထု သို့ ရောင်းချခြင်း မပြုမီ 3G မိုဘိုင်းလ် တယ်လီဖုန်း များအား လိုအပ်သည့် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှု များကို စနစ် တကျ ဆောင်ရွက် ထားရန်၊ မိုဘိုင်းလ် တယ်လီဖုန်းများ အသုံးပြု ပြီးနောက် ဖြစ်ပေါ်လာ နိုင်မည့် အဆင်မပြေ မှုများ အတွက်လည်း Customer Care Centre များ ဖွင့်လှစ်ကာ ကြိုတင်စီမံ ထားကြရန် ဆွေးနွေး မှာကြား ခဲ့သည်။

3G မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြား တိုင်းဒေသ ကြီးနှင့် ပြည်နယ် မြို့ကြီး များတွင် ဦးစွာ 3G မိုဘိုင်းလ် တယ်လီဖုန်း လိုင်း(၁ ဒသမ ၂၆) သန်း တိုးချဲ့ တပ်ဆင် သွားမည် ဖြစ် သည်။ 

ထို့အပြင် မြန်မာ နိုင်ငံ၌ ကျင်းပမည့် အရှေ့တောင် အာရှ အားက စား ပွဲတော်တွင် အသံနှင့် သတင်း အချက် အလက်များကို ပိုမို အဆင်ပြေစွာ အသုံးပြု သွားနိုင်ရန် အတွက် 4G (LTE) မိုဘိုင်းလ် ကွန်ရက်များ ကိုလည်း အချိုးကျ ထည့်သွင်း တပ်ဆင် နိုင်ရေး စီစဉ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရှိ ရသည်။


မြ၀တီ ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေရှိ ရတနာပုံ တယ်လီပို့ အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ကျင်းပသည့် 3G နှင့် 4G (LTE) မိုဘိုင်းလ် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက် တိုးချဲ့ တပ် ဆင်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး

HIV ပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများကွန်ရက် လားရှိုးတွင်ဖွဲ့စည်း


Photo: HIV ပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများကွန်ရက် လားရှိုးတွင်ဖွဲ့စည်း
Monday, 03 December 2012

၂ဝ၁၂ ခုနှစ် ကမ္ဘာ့ AIDS တိုက်ဖျက် ရေးနေ့ HIV ပိုးဖြင့် အသက်ရှင်နေ ထိုင်သော အမျိုးသမီးများ ကွန်ရက် Myanmar Positive Woman Network (MPWN) ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဖွဲ့စည်း ခြင်းနှင့် အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် ညနေ 
၎ နာရီက မြို့တော် ခန်းမ၌ ကျင်းပရာ အခမ်း အနားသို့ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ ဆေးရုံကြီးမှ ခုခံကျ/ ကာလသားရောဂါ ဆရာဝန်ကြီး ဒေါက်တာမြင့်ကျော်၊ ဒေါက်တာ နန်းရီလှိုင်ဦး၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ် ခုခံကျ/ကာလသား ရောဂါဆရာဝန်ကြီး ဒေါက်တာ ထွန်းသန်းဦးက အဖွင့်အမှာ စကားပြော ကြားပြီး ခရိုင် အမျိုးသမီးရေးရာ
အဖွဲ့မှ ဒေါက်တာ နန်းကိန်ဖုန်းတင့်နှင့် စာရေးဆရာမ မကံကော် (ဒေါ်စုစုလှိုင်) တို့က အမှာစကား အသီးသီးပြောကြား ကြသည်။
ဆက်လက်၍ HIV ရောဂါပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများကွန်ရက်သို့ စေတနာ အလှူရှင်များက အလှူငွေများ
ပေးအပ်လှူဒါန်းရာ (MPWN) ဥက္ကဋ္ဌ ဒေါ်နော်ရှဲဝါးနှင့် လားရှိုးဒေသခံ
ဒေါ်ခင်သူဆွေတို့က လက်ခံရယူ ကြသည်။

ထို့နောက် မူကြိုကလေးငယ်များမှ အကများဖြင့် ဖျော်ဖြေ တင်ဆက်ပြီးနောက် လားရှိုးဒေသခံ အဆိုတော်များက သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သည်။

အဆိုပါ (MPWN) သည် ရှမ်းပြည်နယ် လားရှိုးဒေသရှိ HIV ပိုးရှိ အမျိုးသမီးနှင့် ကလေးငယ်များကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင် မိမိတို့ တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ၂ဝ၁၂ ခုနှစ် ကမ္ဘာ့ AIDS တိုက်ဖျက် ရေးနေ့ HIV ပိုးဖြင့် အသက်ရှင်နေ ထိုင်သော အမျိုးသမီးများ ကွန်ရက် Myanmar Positive Woman Network (MPWN) ကိုရှမ်းပြည် နယ် (မြောက် ပိုင်း) လားရှိုးမြို့တွင် ဖွဲ့စည်း ခြင်းနှင့် အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီက မြို့တော် ခန်းမ၌ ကျင်းပရာ အခမ်း အနားသို့ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ ဆေးရုံကြီးမှ ခုခံကျ/ကာလ သားရော ဂါ ဆရာဝန်ကြီး ဒေါက်တာမြင့်ကျော်၊ ဒေါက်တာ

တရုတ်အစိုးရ ပြုပြင်ပြောင်းလဲဖို့ မျက်မမြင်တက်ကြွသူ တိုက်တွန်း

တရုတ်အစိုးရရဲ့ ခေါင်းဆောင်တွေ အထူးသဖြင့် နောက်တက်မယ့် ခေါင်းဆောင်သစ် အနေနဲ့ တိုင်းပြည်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့နဲ့ တရားဥပဒေ စိုးမိုးမှုရှိစေရေး ဆောင်ရွက်ဖို့ ပြည်ပရောက် တရုတ် မျက်မမြင် တက်ကြွ လှုပ်ရှားသူ ချန်ဂွမ်ချမ်း (Chen Guangchen) ကတိုက်တွန်း လိုက်ပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်း နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်နေချိန်မှာ တရုတ်နိုင်ငံလည်း ပြောင်းလဲဖို့ အချိန်တန်နေပြီလို့ သူက ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး တင်ပြထားပါတယ်။


 နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံခဲ့ရ ပြီးတဲ့နောက် အခုအခါ အမေရိကန် ပြည်ထောင်စု မှာ ရောက်ရှိနေတဲ့ တရုတ်မျက်မမြင် တက်ကြွလှုပ်ရှားသူ ချန်ဂွမ်ချမ်း က ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် တရုတ်ခေါင်းဆောင်တွေကို တိုက်တွန်း လိုက်တာ ဖြစ် ပါတယ်။ အထူး

အမျိုးသားနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်

 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၈ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့တွင် သူမ၏ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိနတ်မောက် မြို့နှင့် တောင်

အီဂျစ်လူထုဆန္ဒခံယူပွဲ ထိပ်တန်းတရားသူကြီးတွေ သပိတ်မှောက်မည်

အီဂျစ် တရားရုံးချုပ်ရှေ့မှာ သမ္မတ မော်စီကို ထောက်ခံသူများ စုဝေးနေကြစဉ်။ (ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၂)။
အီဂျစ်နိုင်ငံမှာ အခြေခံဥပဒေသစ်တရပ် အသက်သွင်းနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါမှာ ခါတိုင်း ဦးဆောင် ကြီးကြပ်နေတဲ့ အီဂျစ်ရဲ့ သြဇာလွှမ်းမိုးမှု အရှိဆုံး တရားသူကြီးတွေ အဖွဲ့က သပိတ်မှောက်မယ်လို့ ဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က အစိုးရပိုင်သတင်း မီနာ

ဒေါ်စုနဲ့ ဦးသာအေး မတွေ့ဖြစ်ခဲ့ကြောင်း ကြေးမုံ ပြင်ဆင်

မုံရွာ၊ လက်ပံတောင်း ကြေးနီး စီမံကိန်း ပြဿနာ ပြေလည်ရေး သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ စစ်ကိုင်းတိုင်း ဒေသကြီး ဦးသာအေးနဲ့ တွေ့ခဲ့လို့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့ တာနဲ့ ပတ်သက်ပြီး မဟုတ် မှန်ကြောင်း ပြင် ဆင်ဖြတ် ရှု့ရန် ယနေ့  ဒီဇင်

အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများအတွက် အခမဲ့ပညာသင်ဆုများ Glory မှ ချီးမြှင့်မည်


Photo: အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများအတွက် အခမဲ့ပညာသင်ဆုများ Glory မှ ချီးမြှင့်မည်
Monday, December 03, 2012

Glory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် အဆင့်မြင့် အသက်မွေးဝမ်း ကျောင်း အတတ်ပညာရပ်များ သင်ကြားပို့ချ
လျက်ရှိရာ အဆိုပါပညာရပ်များကိုစိတ်ပါဝင်စား သော်လည်း ငွေကြေး
အခက်အခဲရှိသော လူငယ်များအ တွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ကာ Glory မှ နှစ်စဉ်ပညာသင်ဆု Scholarship များ ပေးအပ်လျက်ရှိသည်။ ပြီးခဲ့သော (၆)နှစ် တာကာ လအတွင်း ၎င်းပညာသင်ဆုကို လူငယ် ၁၁၂ ဦးကို ရွေးချယ် စိစစ်ပေးအပ် ခဲ့ပြီး ၂ဝ၁၃ ပညာသင်နှစ် အတွက်လည်း ပညာသင် ဆုများ ချီးမြှင့်မည်ဖြစ် သည်။

ယခင် ပညာသင်ဆု ပေးအပ်လေ့ရှိသော City & Guilds (UK) ၏ Level(3) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း (၆) မျိုးအပြင် ယခုအကြိမ်တွင် Level(5) အဆင့်ရှိ Advanced Diploma သင်တန်း(၄)မျိုး အတွက်ပါ တိုးချဲ့ပေးအပ်
မည်ဖြစ်ရာ စုစုပေါင်း သင်တန်းသား ၂ဝ ဦးကို Scholarship ရွေးချယ်ချီးမြှင့် မည်ဖြစ်သည်။

သင်တန်းကာလမှာ ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ သင်တန်းများတွင် City & Guilds (UK) ၏ သင်ရိုးညွှန်းတမ်းအတိုင်း စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ် သည်။ င်္

Full Scholarship ရရှိသူသည် သင်တန်းကြေးနှင့် စာရွက်စာတမ်း ကြေးများ ကင်းလွတ်ခွင့်ဖြင့်တက်ရောက် ပညာသင်ကြား နိုင်မည်ဖြစ်ပြီး Level(3) သင်တန်းများအတွက် အခြေခံပညာ အထက်တန်း အောင်မြင်ပြီး သူတိုင်း လျှောက်ထားနိုင်ပြီး Level(5) သင်တန်းများအတွက် ပြည် တွင်း၊ ပြည်ပမှ အင်ဂျင်နီယာ ဒီပလိုမာတစ်ခုခု ရထား သူများလျှောက် ထားနိုင်သည်။

လျှောက် ထားသူများကို စာမေးပွဲစနစ်ဖြင့် စိစစ် ရွေးချယ်ကာ အခမဲ့သင်တန်းတက် ရောက်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါသင်တန်းကို စိတ်ပါဝင်စား သူများသည် ဒီဇင်ဘာ ၈ ရက် နောက် ဆုံးထား၍ အမှတ် (၁၃၈/၁၄ဝ)ဒုတိယထပ်ပန်းဆိုးတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်
ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း-ဝ၁-၇၃၁- ၂၁၇၁၇၊ ဝ၉-၅၁၉၇၈၁၇၊ Website www.glory-education.com(Kyaw Home Mart) နှင့် စာပေလောက(၅) အပေါ်ထပ်သို့ လူကိုယ်တိုင်လာရောက်
လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီGlory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် အဆင့်မြင့် အသက်မွေးဝမ်း ကျောင်း အတတ် ပညာ ရပ်များ သင်ကြားပို့ချလျက်ရှိရာ အဆိုပါပညာရပ် များကို စိတ်ပါ ဝင်စား သော်လည်း ငွေကြေးအခက် အခဲ ရှိသော လူငယ်များအ တွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ကာ Glory မှ နှစ်စဉ်ပညာသင်ဆု Scholarship များ ပေးအပ်လျက်ရှိသည်။ ပြီးခဲ့သော (၆)နှစ် တာကာ

အမျိုသားယဉ်ကျေးမှုနှင့်  အနုညာတက္ကသိုလ်(ရန်ကုန်) ၊ အနုပညာစွမ်းရည်ပြ

အမျိုသားယဉ်ကျေးမှုနှင့်  အနုညာတက္ကသိုလ်(ရန်ကုန်) ၊ အနုပညာစွမ်းရည်ပြ

Photo: ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ အနုပညာဦးစီးဌာန ၊ အမျိုသားယဉ်ကျေးမှုနှင့်  အနုညာတက္ကသိုလ်(ရန်ကုန်) ၊ အနုပညာစွမ်းရည်ပြ ပဒေသာကပွဲကို ၂၀၁၂ ၊ ဒီဇင်ဘာလ ၂ရက် ည(၇)နာရီအချိန်တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) မြို့ မကျောင်းလမ်းတွင် ကျင်းပခဲ့သည်။ယင်းပဒေသာကပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၊ ဂီတပညာဌာနမှ ဂီတမှူး အကယ်ဒမီ ဓီရာမိုရ် (တွဲဖက်ပေါမာက္ခ) ဆန်းသစ် တီထွင်ထားသော မဟာဂီတ၊ ဂန္တ၀င်းတေးများ အပါအ၀င် တေး သံသာများ ၊ သဘင်ပညာဌာနရှိ ကျောင်းသားကျောင်းသူများ၏ ဗုဒ္ဓ ပူဇော် ဆီးမီးတော် အက၊ ဟန်ပျောင်းလှပ မင်းသားအက၊ ပြည်ထောင်စု ၏ ထာဝရ အလှများ အပါအ၀င် ယိမ်းအကပဒေသာများနှင့် ကုမုဒြာ အငြိမ့်၊ ရုပ်ရှင်နှင့်  ပြဇာတ်ပညာဌာန ကျောင်းသား ကျောင်းသူများ၏ (၁၉) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့ ၏ ယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီးပြိုင်ပွဲ ငွေတံဆိပ်ဆုရ "မွေခံထိုက်စေ ရိုးရာ အမွေ" ပြဇာတ်နှင့်  ပန်းချီပညာဌာန၊ ပန်းပုပညာဌာနတို့ ၏ လက်ရာမွန်များ အပါအ၀င် အနုပညာစွမ်းရည်ပြ ပဒေသာကပွဲအား တင်ဆက်သွားခဲ့သည်။</p>
<p>သတင်းဓါတ်ပုံ-ထွဋ်မြတ်<br />
Popular Journal
ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ အနုပညာဦးစီးဌာန ၊ အမျိုသား ယဉ်ကျေးမှုနှင့်  အနုညာတက္ကသိုလ်(ရန်ကုန်) ၊ အနုပညာစွမ်းရည်ပြ ပဒေသာ ကပွဲကို ၂၀၁၂ ၊ ဒီဇင်ဘာလ ၂ရက် ည(၇)နာရီအချိန်တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) မြို့ မကျောင်းလမ်းတွင် ကျင်းပခဲ့သည်။ ယင်းပဒေသာကပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်

နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း


၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ်တနင်္ဂနွေနေ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ်အစည်းအဝေး ကျင်းပ

ထိုင်းနိုင်ငံရှိ SCG မှ မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ စတင်တည်ထောင်ရန်ပြင်ဆင် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်


Photo: ထိုင်းနိုင်ငံရှိ SCG မှ မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ စတင်တည်ထောင်ရန်ပြင်ဆင် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်<br />
Monday, December 03, 2012</p>
<p>မြန်မာနိုင်ငံရှိ အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံးရယူထားသည့် ထိုင်းနိုင်ငံရှိ SCG(The Siam Cement Public Limited ) မှ မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းများ စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ Mr.Soontornpol Veerapravati က ပြောပါသည်။</p>
<p>SCG မှ မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်ကုန်အဖြစ် ဘိလပ်မြေစက်ရုံအား တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်မှ စတင်ကာ တည်ဆောက်<br />
သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။</p>
<p>အာဆီယံနိုင်ငံများအတွင်း အောင်မြင်သည့် ထိပ်တန်းစက်မှုလုပ်ငန်း တစ်ခုဖြစ်သည့် SCG အနေဖြင့် အဓိကလုပ်ကိုင်နေသည့် ထုတ်ကုန်လုပ်ငန်း ငါးမျိုးရှိနေပြီး အဆိုပါ ထုတ်ကုန်များမှာSCG ဘိလပ်မြေ၊ SCG ဓာတုပစ္စည်း၊ SCG စက္ကူ၊ SCG အိမ်ဆောက်ပစ္စည်းနှင့် SCG ဖြန့်ချိရေးလုပ်ငန်းများ<br />
ဖြစ်ကြောင်းလည်း သိရသည်။</p>
<p>''မြန်မာနိုင်ငံအတွင်းမှာ SCG ရဲ့ အဓိကထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ စတင်လုပ်ဆောင်ပါမယ်။ မြန်မာနိုင်ငံအတွင်းမှာ SCG ရဲ့ တစ်ဦးတည်းပိုင် အရောင်းဆိုင် လေးဆိုင်ကို ရန်ကုန်၊ မန္ထလေး၊ နေပြည်တော် စတဲ့ မြို့ကြီးသုံးမြို့မှာ လက်ရှိလည်ပတ်နေပြီး အခြားမြို့ကြီးတွေမှာ တိုးချဲ့ဖို့<br />
လည်း လုပ်ဆောင်နေပါတယ်'' ဟု Mr.Soontornpol Veerapravati က ပြောပါသည်။</p>
<p>SCG မှ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၀င်ရောက်သည့်ကာလ ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိကာလတွင်မှ ဘိလပ်မြေထုတ်လုပ်ရန် စတင်တည်ဆောက်မည်ဖြစ်သော်လည်း အခြားအာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ မလေးရှား၊ စင်္ကာပူ စသည့်နိုင်ငံများ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပါဝင်လုပ်ကိုင်နေကြောင်း သိရှိရပါသည်။</p>
<p>SCG အနေဖြင့် ယင်းတို့၏ ထုတ်ကုန်ဖြစ်သည့် SCG ဆင်တံဆိပ် ဘိလပ်မြေအား မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံများသို့ နှစ်စဉ်တန်ချိန်ပေါင်း ၂၂ သန်း ထုတ်လုပ်တင်ပို့နေကြောင်းလည်း သိရှိရပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဘိလပ်မြေလိုအပ်ချက် များပြားနေပြီး ပြည်တွင်းတွင်<br />
လည်း ဘိလပ်မြေစက်ရုံ ၁၅ ရုံသာ ရှိနေကာ ဘိလပ်မြေစက်ရုံ တည်ဆောက်<br />
မှုများ ဆက်လက်ခွင့်ပြုပေးရန် စီစဉ်မှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။</p>
<p>မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၉၅၆၈.၀၉၃ သန်း မြှုပ်နှံထားသည်။</p>
<p>Eleven Media Group
 မြန်မာနိုင်ငံရှိ အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများ ဆုံးရယူထားသည့် ထိုင်းနိုင်ငံရှိ SCG(The Siam Cement Public Limited ) မှ မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းများစတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ Mr.Soontornpol Veerapravati က ပြောပါသည်။