Wednesday 3 February 2016

မွန်တီနီဂရိုးနိုင်ငံဝန်ကြီးချုပ် မီလိုဒူကာနိုဗစ်

မီလိုဒူကာနိုဗစ်သည် မွန်တီနီ ဂရိုးနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ၀န်ကြီးချုပ် အဖြစ် ၂၀၁၂ ကစ၍တာဝန်ယူထားသည်။ ယင်းမတိုင်မီက ဒူကာနိုဗစ်သည် မွန်တီနီဂရိုး ၏ ၀န်ကြီးချုပ်တာဝန်ကို ၁၉၉၁ မှ၁၉၉၈ အထိ ထမ်းဆောင် ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ အထိ သမ္မတဖြစ်ခဲ့ သည်။ ၂၀၀၃မှ ၂၀၀၆၊ ၂၀၀၈ မှ ၂၀၁၀ အထိလည်း ၀န်ကြီးချုပ် တာဝန်ထမ်းများ ထမ်းဆောင်ခဲ့သည်။


မစ္စတာ ဒူကာနိုဗစ်သည် မွန်တီနီဂရိုး ဆိုရှယ်လစ်များ၏ ဒီမိုကရက်တစ်ပါတီ (DPS) ၏ သက်တမ်းရှည် ဥက္ကဋ္ဌလည်းဖြစ်ပြီး ယင်း နိုင်ငံတွင် ပါတီစုံနိုင်ငံရေး စတင်ချိန်ကစ၍ DPS ပါတီက အုပ်ချုပ်လာခဲ့သည်။ DPS ပါတီသည် မူလက ယူဂိုဆလားဗီးယား ကွန်မြူနစ်ပါတီ၏ မွန်တီနီဂရိုး အဖွဲ့ခွဲလည်း ဖြစ်သည်။

ဒူကာနိုဗစ်သည် နိုင်ငံရေးတွင် စတင်ပါဝင်ခဲ့စဉ်က စလိုဘို ဒန်မီလိုစီဗစ်၏ အနီးကပ် မဟာမိတ်ဖြစ်ခဲ့သော်လည်း ၁၉၉၆ တွင်မီလိုစီဗစ်၏ မူဝါဒများကို ဆန့်ကျင်လာခဲ့သည်။ ဆာဘီးယားနှင့် မွန်တီနီဂရိုး ပေါင်းစည်းထားရေး အစဉ်အလာ မျှော်မှန်းချက်ကို စွန့်လွှတ်ကာ လွတ်လပ်သော မွန်တီနီဂရိုးနိုင်ငံဖြစ်ရေး ပိုမိုလိုလားခဲ့သည်။

ယူဂိုဆလားဗီးယားနိုင်ငံမှ နေ၍ ဆားဘီးယားနှင့် မွန်တီနီဂရိုး ပြည်ထောင်စုနိုင်ငံ အဖြစ် ပြောင်းလဲလာခြင်းကို မြင်တွေ့ခဲ့ပြီး ၎င်း၏ ဦးဆောင်မှုအောက်တွင်မွန်တီနီဂရိုးကို ဆားဘီးယားမှ ခွဲထွက်ရေး ပိုမိုလုပ်ဆောင်လာခဲ့ပြီး ၂၀၀၆ မေလ၌ လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲတွင် အောင်မြင်သွားခဲ့သည်။

ဒူကာနိုဗစ်သည် ၁၉၉၁ မှ ၂၀၀၆ အထိ အစိုးရတာဝန်များ ဆက်တိုက် ထမ်းဆောင်ပြီးနောက်၂၀၀၆ တွင် နိုင်ငံရေးမှ အနားယူခဲ့ သည်။ သို့သော် ၂၀၀၈ တွင် ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ တစ်ဖန် ၂၀၁၀ ဒီဇင်ဘာတွင် နိုင်ငံရေးမှ ထပ်မံအနားယူ ခဲ့သော်လည်း ၂၀၁၂ ဒီဇင်ဘာ၌ ဒုတိယအကြိမ် အနားယူရာမှ နိုင်ငံရေးတွင် ထပ်မံ ပါဝင်လာခဲ့သည်။

ဒူကာနိုဗစ်သည် လူလတ်တန်းမိသားစုက မွေးဖွားခဲ့ပြီး အရပ်ခြောက်ပေ ငါးလက်မရှိကာ ငယ်စဉ်က ဘတ်စကက်ဘော အားကစားကို ရူးသွပ်ခဲ့သူ ဖြစ်သည်။ အထက်တန်း ကျာင်းသားဘ၀ကပင် ယူဂိုဆလပ် ကွန်မြူနစ်လိဂ်တွင် ၀င်ရောက်ခဲ့သူ ဖြစ်သည်။

မွန်တီနီဂရိုး တက္ကသိုလ်မှ ကမ္ဘာလှည့် ခရီးသွားဘာသာရပ် အထူးပြုဖြင့် ဘွဲ့ရရှိခဲ့သူ ဒူကာနိုဗစ်သည် ဇနီး လီဒီဂျာကွတ်နှင့် ရင်သွေးတစ်ဦး ထွန်းကားထားသည်။

—Ref:Wikipedia

No comments:

Post a Comment