Wednesday 11 November 2015

ပင်နီဆီလင်ဆေးနှင့်ဓာတ်မတည့်ဟု ဆိုကြသူအများစုမှာ အမှန်တကယ် ဓာတ်မတည့်ခြင်းမဟုတ်

ပင်နီဆီလင်ဆေးနှင့်ပတ်သက်၍ ဆိုးကျိုးတုံ့ပြန်မှုတစ်ခုဖြစ်ပြီး နောက် ဆရာဝန်တစ်ဦး၏ ထင်မြင်ယူဆချက်အပေါ် အခြေခံ၍ ယင်းဆေးနှင့်ဓာတ်မတည့်ဟု ယူဆသူ အများစုသည် အမှန်တကယ်ဓာတ်မတည့်ခြင်းမဟုတ်ဟုသုတေသနအသစ်တစ်ရပ်က ဆိုထားသည်။ လူအများစုသည် ပင်နီဆီလင်ဆေးနှင့်မတည့်ပါက ထပ်မသုံးတော့ဘဲ အန္တရာယ်ပိုများသော ပိုးသတ်ဆေးများနှင့် ကုသမှုခံယူပြီး မလိုအပ်သောအန္တရာယ်နှင့် ကြုံတွေ့စေသည်ဟု အမေရိကန်သုတေသနပညာရှင်များက ပြောသည်။အမေရိကန် ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြားသည် ပင်နီဆီလင်ဆေးနှင့်ဓာတ်မတည့်ကြောင်း၊ သို့ရာတွင် ပင်နီဆီလင်ဆေးကြောင့် ပြင်းထန်သောတုံ့ပြန်မှု ရှိသည်ဟုဆိုသော လူ ၉၀ ရာခိုင်နှုန်းခန့်မှာ ၎င်းတို့ဘဝတစ်လျှောက်လုံး ဓာတ်မတည့်ခြင်းမဟုတ်ကြောင်း အမေရိကန်ရောဂါထိန်း ချုပ်တားဆီးရေးဌာန(CDC)က ပြောသည်။ သုတေသနပညာရှင်များသည် ပင်နီဆီလင်ဆေးနှင့် ဓာတ်မတည့်ဟုဆိုသော လူနာ
၁၅ ဦး ဆေးမှတ်တမ်းများကို လေ့လာခဲ့ကြသည်။ လူနာအားလုံးမှာ ဆေးဓာတ်မတည့်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပင်နီဆီလင်အကြောဆေးကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်သည်ဟု သုတေသနပညာရှင်များက လေ့လာတွေ့ရှိသည်။

မအီမသာဖြစ်ခြင်း (သို့မ ဟုတ်) ဝမ်းပျက်ဝမ်းလျှောခြင်းသည် ပင်နီဆီလင်ဆေး၏ ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်သော်လည်း ယင်းမှာ ဆေးနှင့်ဓာတ်မတည့်မှုမဟုတ်ကြောင်း သုတေသနပညာရှင် ဒေါက်တာတင်ဟာမန်းက
KPLC ရုပ်သံသို့ ပြောသည်။ ပင်နီဆီလင်ဆေးဓာတ်မတည့်မှုများတွင် အရေပြားပေါ်၌ အဖုအပိမ့်အနီကွက်ထခြင်း၊ ယားယံခြင်းနှင့် လည်ချောင်းပိတ်သွားခြင်း ကဲ့သို့သော ပြင်းထန်သည့် တုံ့ပြန်မှုများပါဝင်သည်။
ပင်နီဆီလင်ဆေး ဓာတ်မတည့်ဟု မှားယွင်းစွာယူဆခြင်းကြောင့် ဆရာဝန်များအနေဖြင့် လူနာ၏ရောဂါကို ကုသရန် ပို၍ခက်ခဲသွားစေသည်ဟု သုတေသနပညာရှင် ဒေါက်တာဟာမန်းက ပြောသည်။  

(UPI)

No comments:

Post a Comment