Wednesday 11 November 2015

ကမ္ဘောဇအက်ဖ်စီအသင်းကို ရှမ်းယူနိုက်တက်အမည် ပြောင်းလဲယှဉ်ပြိုင်မည်

ရှမ်းပြည်နယ်ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ် ကမ္ဘောဇအက်ဖ်စီအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် ရှမ်းယူနိုက်တက်အသင်းဟု အမည်ပြောင်းလဲ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
သတင်း ရရှိသည်။‘‘လက်ရှိအသင်းအမည်က ကုမ္ပဏီကို ကိုယ်စားပြုထားသလို ဖြစ်နေတယ်။ ကျွန်တော်တို့အ သင်းက ရှမ်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့အသင်းပါ။ ဒါ ကြောင့် အသင်းအမည်ကို ပြောင်း လဲလိုက်တာပါ’’ဟု အသင်းအမှု ဆောင် အရာရှိချုပ် ဦးဝင်းမြင့်ဦး ကပြောသည်။
ထို့အပြင် ကမ္ဘောဇအသင်း သည် လာမည့်နှစ်တွင် မြန်မာ့ထိပ် တန်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်းတစ်ဦးတည်း ပိုင် ဆိုင်သည့် အသင်းအဖြစ်မှ ရှမ်း ပြည်နယ်မှ အခြားစီးပွားရေးလုပ် ငန်းရှင်သုံးဦးနှင့် ပူးတွဲပိုင်ဆိုင် သည့် အသင်းအဖြစ်သို့ ပြောင်းလဲ မည်ဖြစ်ကြောင်း ဦးဝင်းမြင့်ဦးက ဆိုသည်။

၂၀၀၉ မြန်မာလိဂ်ပြိုင်ပွဲများ စတင်ကျင်းပစဉ်ကတည်းက ယှဉ် ပြိုင်ခဲ့သည့် ကမ္ဘောဇအသင်းအား ကမ္ဘောဇဘဏ်လီမိတက်က အဓိ ကပံ့ပိုးပေးခဲ့ပြီး အသင်း၏ အိမ် ကွင်းအဖြစ် ပရိသတ် ခုနစ်ထောင်ဆံ့ တောင်ကြီး
အားကစားကွင်းကို အသုံးပြုထားခြင်း ဖြစ်သည်။

 ကမ္ဘောဇအသင်းသည် ၂၀၁၀ အမှတ်ပေးပြိုင်ပွဲတွင် ဒုတိ ယနေရာရရှိခဲ့သော်လည်း မြန်မာ လိဂ်ပြိုင်ပွဲတစ်လျှောက်တွင် အ မှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင် ခြင်းမရှိသေးပေ။ သို့သော် ၂၀၁၃ တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ရှုံးထွက်ချန်ပီယံဆုဖလားကို ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ၀င်အသင်းများတွင် ပဲခူးတိုင်း ကိုယ်စားပြု ဥဿာယူနိုက်တက်အ သင်းက ဟံသာဝတီယူနိုက်တက် အသင်းအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ကိုယ်စားပြုရက္ခပူရအသင်းက ရခိုင်ယူနိုက်တက် အသင်းအဖြစ်လည်းကောင်း အမည်ပြောင်းလဲယှဉ်ပြိုင်ခဲ့ကြသည်။

No comments:

Post a Comment