Sunday 5 April 2015

နိုင်ငံတော်အတွက် အသက်ကိုပေးဆက်ရခြင်းထက် ကြီးမြတ်သော ဂုဏ်မရှိဟု ဗိုလ်ချုပ်မှာကြားခဲ့




အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ အနုပညာရှင်များ သည် လောက်ကိုင်ဒေသဖြစ်စဉ်ကြောင့် ရှေ့တန်းတွင်သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများကို အားပေးထောက်ပံ့ခြင်း၊ နိုင်ငံတော်အတွက် အသက်ပေးဆက်သူများ၊ ဒဏ်ရာရ စစ်သည်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သတင်းမီဒီယာ သမားများအားဂုဏ်ပြုရန် နေပြည်တော်မှ ဧပြီ ၄ ရက် နံနက်ပိုင်း တွင် လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ လားရှိုးမြို့သို့ နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိခဲ့ကြသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံ ခုတင်(၁ဝဝ) ၌ တက်ရောက်ကုသလျက်ရှိသော ဒဏ်ရာရ တပ်မတော်သားများကို သွားရောက်ကြည့်ရှု အားပေးပြီး တစ်ဦးချင်းသို့ ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ရှေ့တန်းရောက် တပ်မတော်သားများ၊ နိုင်ငံတော်အတွက် အသက်ပေး ဆက်သူ/ဒဏ်ရာရနှင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေ သည့် ကြက် ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ နှင့်ဒဏ်ရာရ သတင်းသမားများအား ထောက်ပံ့ခြင်းအခမ်းအနားသို့ တက် ရောက်ကြသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ် အောင်မြတ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင် စိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်နယ်နှင့် ခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အရှေ့မြောက်တိုင်းစစ်ဌာ နချုပ် မှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်သား များ၊ လူမှုရေးအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖ များနှင့် ဒေသခံပြည်သူများ တက် ရောက်ဂုဏ်ပြုကြသည်။
အခမ်းအနားတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အမှာစကား ပြောကြား ရာတွင် ယနေ့ကျင်းပသည့် အခမ်းအနား မှာ လောက်ကိုင်ဒေသ ဖြစ်စဉ်ကြောင့် ရှေ့တန်းတွင် အသက် ပေး တာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို အားပေး ထောက်ပံ့ခြင်း၊ နိုင်ငံတော်အတွက် အသက်ပေးဆက်သူများ၊ ဒဏ်ရာရ စစ်သည် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် သတင်းမီဒီယာသမားများကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ဆန့်ကျင်သူများသည် လွတ်လပ်ရေး နှင့်အတူ ပေါ်ပေါက်ခဲ့ကြပါကြောင်း၊ ပေါ်ပေါက်ခဲ့ဖူးသော လက်နက်ကိုင် ဆန့်ကျင်သူများကို ခွဲခြမ်းစိတ်ဖြာ ကြည့်လျှင် နိုင်ငံရေး အယူဝါဒမတူ၍ တောခိုခြင်းနှင့် လူမျိုးရေးအမြင် အရ တောခိုခြင်းတို့ဖြစ်ပါကြောင်း၊ ယခု ဖြစ်စဉ်မှာ နိုင်ငံရေးအယူဝါဒအရ လည်းမဟုတ်၊ လူမျိုးရေးအမြင် ကြောင့်လည်း မဟုတ်သည်ကို တွေ့ရ ပါကြောင်း။
ကိုးကန့်ဒေသသည် ကူမင်တန် အရေးအခင်းကာလက တရုတ်ဖြူတပ် များ အကြီးအကျယ်အခြေစိုက်ခဲ့သည့် နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဦးဖုန်ကြားရှင်သည် တရုတ်ဖြူ ကူမင်တန်၏ အကူအညီဖြင့် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကို စတင် ဖွဲ့စည်းပြီး ရပ်တည်ခဲ့ သူဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ထဲမှ ထွက်ပြေးခဲ့ရ သော ဗမာပြည် ကွန်မြူနစ်ပါတီသည် အင်အား အလုံးအရင်းနှင့် ပြည်တွင်း ကိုပြန်ဝင်လာသည့်အခါ ဦးဖုန်ကြား ရှင်သည် ဗကပတပ်ရင်းကြီး(၄ဝ၄) ၏ တပ်ရင်းမှူးအဖြစ် ဖြစ်သွားခဲ့သည် ကို တွေ့ရပါကြောင်း။
တရုတ်ဖြူလက်ထဲတွင် ဘိန်းကုန် ကူးခဲ့သော ဖုန်ကြားရှင်သည် ကွန်မြူ နစ်ဘဝ၌လည်း ဘိန်းလုပ်ငန်းကို အကြီးအကျယ်လုပ်ပြီး အဆမတန် ချမ်းသာလာပါကြောင်း၊ ထို့ကြောင့် ဗကပနိုင်ငံရေးမှူး ယမ်ကွမ်း(ခ)တင်ရီ နှင့် မသင့်မမြတ်ဖြစ်လာပါကြောင်း၊ အကူအညီမရတော့၍အင်အားချည့်နဲ့ လာသော ဗကပကို ၁၉၈၉ ခုနှစ် တွင် လမ်းခွဲပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်သည်ဟုဆိုကာ ကိုးကန့် ဒေသကို အုပ်ချုပ်ခဲ့ပါကြောင်း၊ အနီ ရောင်ကနေ ဘိန်းမည်း၊ ဘိန်းဖြူ မူးယစ်ဆေးနှင့် ဖြူကြောင် ကျား ဖြစ်သွားပါကြောင်း။
ကိုးကန့်ဒေသ၌ မူးယစ်ဆေးဝါးအကြီးအကျယ်ထုတ်လုပ်ရောင်းချမှု၊ လက်နက်စက်ရုံတည်ဆောက်မှုများကြောင့် နိုင်ငံတော်အစိုးရက အတန်တန် သတိပေးသော်လည်း နာခံခြင်းမရှိသည့်အတွက် ၂ဝဝ၉ ခုနှစ်တွင် အစိုးရကအရေးယူရန် စီမံခဲ့ပါကြောင်း၊ ထိုအခါ ရန်လုံကျိုင်း နယ်စပ်ဂိတ်၌ တာဝန်ကျနေသည့် ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ ဝင် ၅ဝ ကျော်ကို ကိုးကန့်လက် နက်ကိုင်များက ဝိုင်းဝန်းပိတ်ဆို့ထား ခဲ့ပါကြောင်း၊
တပ်မတော်က သွား ရောက်ကယ်တင်သည့်အခါ အချုပ် ခန်းထဲတွင် ထည့်ထားသော ရဲတပ်ဖွဲ့ ဝင် ၁၄ ဦးကို ရက်စက်ကြမ်းကြုတ် စွာ ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို ယနေ့ထက်တိုင် မျက်စိထဲမှမထွက် ဘဲ ပြန်လည်မြင်ယောင်မိကြလိမ့် မည်ဟုယုံကြည်ပါကြောင်း၊ ထို့နောက် တော့ ဖုန်ကြားရှင်နှင့် တစ်ဆွေတစ်မျိုး လုံးသည် တစ်ဖက်နိုင်ငံ ထဲကို ထွက် ပြေးသွားခဲ့ကြပါကြောင်း။
နိုင်ငံတော်အစိုးရက ဘယ် လောက်အထိ သဘောထားကြီးခဲ့ သလဲဆိုလျှင် ဖုန်ကြားရှင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မိုင်းလား တွင် နေထိုင်ခွင့်ပင် ပြုပေးခဲ့ပါသေး ကြောင်း။
လောက်ကိုင်ဒေသကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထူထောင်ပေးပြီး တရားဥပဒေနှင့် အညီ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပေး ခဲ့ပါကြောင်း။
မကြာမီက ကွမ်းလုံတံတားကို မိုင်းခွဲဖျက်ဆီးရန် ကြိုးစားသည့်ဖြစ်စဉ် တစ်ခု ပေါ်ပေါက်ခဲ့ပါကြောင်း၊ ယင်းမှာ ကွမ်းလုံရက်လေးဆယ် တိုက်ပွဲတုန်း က ဗကပဘက်မှ ထင်ရှား ခဲ့သော ဖုန်ကြားရှင်၏ လက်ချက် ပင်ဖြစ်မည်ကို ခန့်မှန်းနိုင်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ဖုန်ကြားရှင်သည် လူအင်အား၊ လက်နက်အင်အား တောင့်တင်းစွာဖြင့် လောက်ကိုင် ဒေသကို ပြန်လည်တိုက်ခိုက်လာခဲ့ ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ ပထမဆုံးပြောခဲ့သလို ဖုန်ကြားရှင်၏လက်နက်ကိုင်ဆန့်ကျင်မှုသည် နိုင်ငံ ရေးအယူဝါဒကြောင့်လည်း မဟုတ်၊ လူမျိုးစွဲအမြင်ကြောင့်လည်း မဟုတ်၊ မူးယစ်ရာဇာတစ်ယောက်၏ နယ်မြေ လုတိုက်ပွဲပဲဖြစ်ပါကြောင်း၊ ဖုန်ကြား ရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထူထောင်ထားသော ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့် ရဒေသ၏ ဥပဒေပြု ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာ စသည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်ကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်း များ ဖြင့်ရယူရန် ဆောင်ရွက်မှုတို့ကို ကျူးလွန်နေခြင်း ဖြစ်ပါကြောင်း၊
တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြတ်ပြတ် သားသား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း။
ထို့ကြောင့် တပ်မတော်သည် ရင်မြေကတုတ်လုပ်ပြီး တွန်းလှန် ချေမှုန်းနေ ပါကြောင်း၊ သူရသတ္တိနှင့် ပြည့်ဝကြသော တပ်မတော်သားများ သည် ကြယ်ကြွေသလို တဖြုတ်ဖြုတ်ြေ<ွကနေကြကြောင်း ဒဏ်ရာရနေကြ ကြောင်း၊ မိဘပြည်သူတစ်ရပ်လုံးက ယူကျုံးမရ ဖြစ်နေကြရကြောင်း။
နိုင်ငံတော်အတွက် အသက်ကို ပေးဆက်ရခြင်းထက် ကြီးမြတ်သော ဂုဏ်မရှိပြီဟု ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့ကြောင်း ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကို ကိုးကား ရသလဲဆိုလျှင် မိမိတို့ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အချိန်နှင့် အမျှရှိနေကြောင်း၊ ယခုမှလာပြီး အကြီးအကျယ်သတိရနေခြင်း မဟုတ် ကြောင်း ပြောကြားလိုကြောင်း၊
ဗိုလ်ချုပ်၏ မြင့်မားသောဂုဏ်ရည် ပင်စည်ပေါ်တက်ပြီး တပ်မတော်ကို သစ်ခွပန်းဖြစ်အောင် လုပ်နေခြင်း လည်းမဟုတ်ကြောင်း၊ ဗိုလ်ချုပ်ပြော ခဲ့သော ''အိပ်ကြရဖို့မြေကြီး၊ စား သောက်စရာဆိုလို့ ကျောက်ခဲနဲ့ သလဲပဲရှိ မယ်''ဆိုသည့်စကားကို မိမိ တို့ တပ်မတော်သားများက ခံယူပြီး အစားဆင်းရဲ၊ အနေဆင်းရဲ၊ အဝတ် ဆင်းရဲအမျိုးမျိုးကြားတွင် သေမည် မှန်း၊ ပြတ်မည်မှန်းသိရက်ဖြင့် မမောနိုင်မပန်းနိုင် စစ်မှုထမ်းနေကြ ခြင်းဖြစ်ကြောင်း၊ ၁၉၄၅ ခု မတ် ၁၇ ရက်က မိန့်ကြားခဲ့သော ''ရဲဘော်တို့-အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခုစစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရမယ်။
ဗမာပီပီဗမာ့ သွေးကိုပြကြပါ။ အထက်ဗိုလ်များ ရဲ့အမိန့်ကိုနာခံကြပါ။ အထက်ဗိုလ် တွေကလည်း သာတူညီမျှ ရဲဘော်စိတ် ထားပါ။ ရဲဘော်တို့ကို ကတိပေးထား တဲ့အတိုင်း ကျုပ်
ကိုယ်တိုင် ရဲဘော်တို့နဲ့ အတူချီတက်မယ်။ ဗမာ့ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံး ရန်သူကို ရှာပြီးတိုက်ကြဒါပဲ''ဆိုသည့် ဗိုလ်ချုပ် ၏ တပ်ထွက်အမိန့်ကို တပ်မတော် သားတိုင်း ယနေ့ထက်တိုင်အောင် စွဲစွဲမြဲမြဲ ဦးထိပ်ထားဆဲပင်ဖြစ်ပါ ကြောင်း။
ထို့ကြောင့် ယနေ့မိမိတို့ရှေ့တန်း ရောက် တပ်မတော်သားများကို လာရောက်အားပေးခြင်းဖြစ်ကြောင်း၊ မိမိနှင့်အတူ အမျိုးသားလွှတ်တော်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး မှ တိုင်းရင်းသား ကိုယ်စားလှယ် များလည်း အားတက်သရော လိုက်ပါလာ ကြကြောင်း။
မိမိတို့လွှတ်တော်နှင့် ပတ်သက် ၍လည်း ပြောရမည်ဆိုလျှင် လွှတ် တော်၌ အစိုးရက ဘတ်ဂျက်ဥပဒေ ကြမ်းတင်သည့်အခါ လွှတ်တော် ကိုယ်စားလှယ် များသည် ကာကွယ် ရေးအသုံးစရိတ်နှင့် ပတ်သက်၍ ဘယ်သူမှမထိကြောင်း၊ ဘာကြောင့် လဲဆိုလျှင် ၁၉၄၂ ခု နိုဝင်ဘာ ၁ ရက် ပြောခဲ့သော ဗမာ့ ကာကွယ်ရေး တပ်မတော်ဗိုလ်မှူးကြီး အောင်ဆန်း ၏သေနင်္ဂဗျူဟာ စစ်ပညာဟော ပြောချက်တွင် ''ကျွန်တော်တို့ နားလည်ရမှာက ကာကွယ်ရေး အတွက် အရင်းခံပြီး အများအားဖြင့် သုံးကြရမယ်။
ကာကွယ်ရေးကို အဓိကထားပြီး တိုင်းသစ်ပြည်သစ် ထောင်ရမယ်။ ကာကွယ်ရေးတောင့် တင်းရန် အခြားတိုင်းပြည်ဘဏ္ဍာ များကို ကျုပ်တို့ ချိုပေးရလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ဌာန အားလုံးဟာ ကာကွယ်ရေးကို အမှီ
သဟဲဖြစ်နေရမယ်။ ဗမာပြည်ရဲ့ ကာကွယ်ရေးဟာ ဗမာပြည်သစ် ထူထောင်ရေးစနစ်မှာ ဗဟိုအချက် အချာဖြစ်ရမယ်။ ဖြစ်မှလည်းဗမာ ပြည်ဟာ တကယ်ကြီးပွားနိုင်မယ်။ ကာကွယ်ရေးအတွက် နှစ်စဉ်ဗမာ ပြည်အစိုးရရဲ့ ဝင်ငွေထွက်ငွေခန့်မှန်း ချက်တွင် အများဆုံးပေးရမယ့်အပြင် ကာကွယ်ရေးကို အထောက်အပံ့ဖြစ် စေဖို့ တခြားဌာနများကို စီစဉ်လုပ် ကိုင်ရ မယ်''ဟု ပြောခဲ့သည်ကို လွှတ် တော်ကိုယ်စားလှယ်များ၏ စိတ်ထဲ တွင် အလိုလိုခံစားသိသိနေ၍ ဖြစ်နိုင် ကြောင်း၊ မိမိအထောက် အထားမဲ့ ပြောနေခြင်း မဟုတ်ကြောင်း၊ The Key Collection ၂ဝ၁၃ မှ ထုတ်ဝေ သောဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပေါင်းချုပ် စာမျက်နှာ ၁၉-၂ဝတွင် ဗိုလ်ချုပ်ပြောခဲ့တာ အထင်အရှား ပါရှိကြောင်း။
ဆိုလိုချင်သည်မှာ တပ်မတော် စစ်အောင်ရန် ပြည်သူ လူထု၏ ထောက်ခံအားပေးမှု အများကြီးလိုပါ ကြောင်း။
နောက်တစ်ပိုင်းမှာ ဖြူစင်နှလုံး သားပိုင်ရှင် နိုင်ငံတော်အတွက် အသက်ကိုပေးဆက်သွားသူ ကြက်ခြေ နီတပ်ဖွဲ့ဝင်ဒုအရာခံဗိုလ် ဦးမိုးကျော် သန်း ကိစ္စဖြစ်ပါကြောင်း၊ ဤနေရာ တွင် မိမိအနေဖြင့်ကျဆုံးဟု မသုံးဘဲ နိုင်ငံတော်အတွက် အသက်ကို ပေးဆက်သူဟု သုံးစွဲသွားပါကြောင်း၊ ကျဆုံးဟု သုံးရင်ရှုံးနိမ့်သည့်သဘောသက်ဝင်နိုင်ကြောင်း၊ နိုင်ငံတော် အတွက် အသက်ကိုပေးဆက်သူ ဆိုလျှင် ကြီးမြတ်သောဂုဏ်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက်အသက်စွန့် သွားသူမှန်သမျှကို ကျဆုံးဟုမသုံးစေ ချင်ဘဲ နိုင်ငံတော်အတွက် အသက်ကို ပေးဆက်သွားသူဟုသာ သုံးနှုန်းကြ စေချင်ပါကြောင်း။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ကဖြစ်စဉ်တွင် ကြက်ခြေနီ အလံ ကြီး ကိုထောင်၊ ကြက်ခြေနီအမှတ် တံဆိပ်ကြီး အထင်အရှားဖြစ်ပါ လျက် ပစ်ခတ်သတ်ဖြတ်ရက်သူများ သည် လူသားမဆန်ဘူးဟု ပြောလိုက် ချင်ပါကြောင်း၊ ဤနေရာမှာ ဥပဒေ အကြောင်းပြော၍လည်း ဥပဒေအပြင် ဘက်မှလူများအတွက် နားလည်မည် ဟု မထင်ပါကြောင်း၊ တပ်မတော်သား များ နိုင်ငံတော်အတွက် အသက်ကို ပေးဆက်သွားသဖြင့် ဇနီး၊ သားသမီး များ ဒုက္ခပင်လယ်ဝေခဲ့ကြရသည် မှာ များလွန်းလှပြီဖြစ်ပါကြောင်း၊ ယခု ဦးမိုးကျော်သန်းတွင် မိသားစုရှိ ကြောင်း၊ ကျန်ရစ်သူသားသမီးများ ထဲမှ အသက် (၇)နှစ်အရွယ်နှင့် (၅) နှစ်အရွယ်ကလေးနှစ်ဦးသည် ဖခင် အတွက်ရည်မှန်းပြီး သင်္ကန်းစည်း မည်ဟုကြားရ၍ ဝမ်းနည်းဝမ်းသာ ခံစားရပါကြောင်း၊ ဦးမိုးကျော်သန်း သည် အသက် (၄၅)နှစ်သာ ရှိသေး ကြောင်း၊ အလွန်နှမြောတသစရာ ကောင်းလှပါကြောင်း၊ ဦးမိုးကျော် သန်းအတွက် ဟင်နရီဒူးနန့်ဆု ချီးမြှင့် ခြင်းခံရရေး အတွက်လည်း မြန်မာ နိုင်ငံကြက်ခြေနီအသင်း အပါအဝင် သက်ဆိုင်သူအားလုံးက ကြိုးပမ်းနေ ကြသည်ဟု ကြားသိရပါကြောင်း၊
ဦးမိုးကျော်သန်း၏ ကြက်ခြေနီဂုဏ် ရည်သည် ကမ္ဘာကျော်သွားပါလိမ့် မည်ဖြစ်ကြောင်း၊ အလားတူ ဒဏ်ရာရ ကြက်ခြေနီအဖွဲ့ဝင်များ သတ္တိဗျတ္တိ နှင့် တာဝန်ထမ်းဆောင်နေဆဲဖြစ် သော ကြက်ခြေနီများကိုလည်း လေးစားစွာ ဂုဏ်ပြုပါကြောင်း။
နောက်တစ်ပိုင်းမှာ သတင်းမီဒီ ယာများဖြစ်ပါကြောင်း၊ လောက်ကိုင် ဒေသကာကွယ်ရေးသည် တိုင်းပြည် ၏အချုပ်အခြာ အာဏာကာကွယ် ရေးအတွက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ကြရသော အမျိုးသား ရေးတိုက်ပွဲဖြစ်ပါကြောင်း၊ အသက်၊ ကိုယ်လက်အင်္ဂါနှင့် ကြီးကြီးမားမား ရင်းနှီးရသော အရေးတော်ပုံတစ်ခု လည်းဖြစ်ပါကြောင်း၊ ထိုအရေး တော်ပုံပွဲကြီးတွင် သတင်းမီဒီယာ သမားများ၏ အခန်းကဏ္ဍလည်း ပါဝင်နေသည်ကို တွေ့ရပါကြောင်း၊
အမြောက်ဆန်၊ ဗုံးဆန်၊ ကျည်ဆန် များကြားကို သတင်းမီဒီယာသမားများ ဘာကြောင့် ရောက်လာကြသလဲ၊ သတင်းမီဒီယာသမားဆိုတာ အမှန် တရားကို ပြည်သူအတွက် တင်ဆက် ရန် လာခြင်းဖြစ်ပါကြောင်း၊ သတင်း မီဒီယာမရှိလျှင် အမှန်တရားသည် လုပ်ကြံခြင်းခံသွားရနိုင်ခြင်းကြောင့် သတင်းမှန်ကို ဖော်ထုတ်ရန် ရောက် လာကြကြောင်း၊ တပ်မတော်သားများ က လက်နက်ကိုကိုင်ကြကြောင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေး သေတ္တာနှင့် ထမ်းစင်ကို ကိုင်ကြ ကြောင်း၊ သတင်းမီဒီယာသမားများ က ကင်မရာနှင့် ကလောင်ကို ကိုင်ကြ ကြောင်း၊ ကိုင်စွဲသော လက်နက်ချင်း မတူသော်လည်း စွန့်လွှတ်ရဲ စွန့်စားရဲ သည့် သူရဲကောင်းစိတ်ဓာတ်ချင်းမှာ အတူတူပဲဟု ပြောချင်ပါကြောင်း။
ထို့ကြောင့် နိဂုံးချုပ်အားဖြင့် ပြောကြားရလျှင် ယနေ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ခရီးစဉ်သည် အမိမြေကို ကာကွယ်နေကြသော သူရဲကောင်းများကို လာရောက် အလေးပြုသောပွဲ ပါပဲဟု တင်ပြရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြော ကြားသည်။
ယင်းနောက် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌက ရှေ့တန်းတွင် တာဝန် ထမ်းဆောင်နေသည့် တပ်မတော် သားများအတွက် ကျပ်သိန်း ၁၈ဝဝ တန်ဖိုးရှိ ဂုဏ်ပြုပစ္စည်းများကို ပေးအပ်ရာ အရှေ့မြောက်တိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး က လက်ခံသည်။
ဆက်လက်၍ အမျိုးသားလွှတ် တော် ကယ်ဆယ်ရေးနှင့် ကူညီ စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက နိုင်ငံတော် အတွက် အသက်ပေးဆက်သူ ကြက်ခြေနီတပ်ဖွဲ့ဝင် ဒုအရာခံဗိုလ် မိုးကျော်သန်းအတွက် ငွေကျပ် ငါးသိန်းကိုပေးအပ်ရာ ဒုအရာခံ ဗိုလ်မိုးကျော်သန်း၏ ဇနီးကလည်း ကောင်း၊ ဒဏ်ရာရကြက်ခြေနီ တပ်ဖွဲ့ဝင်နှစ်ဦး အတွက် ငွေကျပ် နှစ်သိန်းစီ ကိုပေးအပ်ရာ လောက်ကိုင် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဦးစီး အရာရှိ ဒုတိယတန်း ဦးကျော်ဇောထူး နှင့် ကွမ်းလုံမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ
တပ်သား ဦးဇော်မင်းထိုက်တို့ကလည်းကောင်း၊ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်သည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအတွက် ဝတ်စုံဖိုး ထောက်ပံ့ငွေကျပ် ၁၆ သိန်း ၅ သောင်းကိုပေးအပ်ရာ တာဝန်ရှိသူ နှစ်ဦးကလည်းကောင်း၊ ဒဏ်ရာရ သတင်းသမားတစ်ဦးအတွက် ငွေကျပ် နှစ်သိန်းအားပေးအပ်ရာMRTV-4 မှဒဏ်ရာရ သတင်းထောက် မောင်မြတ်သီဟမောင် ကိုယ်စား ဦးဝင်းလှိုင်ကလည်းကောင်း လက်ခံ ကြသည်။ ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များသည် လားရှိုးမြို့ရှိ အညတရစစ်သည် ဗိမာန်သို့သွားရောက်ကာ နိုင်ငံတော် အတွက် အသက်ပေးဆက်သူများကို ဂုဏ်ပြုအလေးပြုကြပြီး မွန်းလွဲပိုင်း တွင် လားရှိုးမြို့မှ ပြင်ဦးလွင်မြို့ သို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြသည်။
အဆိုပါ ခရီးစဉ်တွင် အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ဦးဂျေယောဝူ၊ ဒေါ်နော်မေးရီယန်၊ ဦးပိုးရယ်အောင် သိန်း၊
ဦးစောအောင်ကျော်နိုင်(ခ) ရှားဘူးဖော့၊ ဒေါ်နန်းနီနီအေး၊ ဦးမင်း မျိုးတင့်လွင်၊ ဦးကျွန်ခဲန်း၊ ဦးမြတ်ကို၊ ဦးမောင်စိန်၊ ဦးထွန်းဇော်(ခ) ကိုပေါက်၊ ဦးအောင်ကြည်ညွန့်၊ ဦးကျော်သူဦး၊ ဦးခင်မောင်ဌေး၊ ဒေါ်ရီရီမြင့်၊ ဦးခင်မောင်(ခ) ဦးအောင်ကျော်ဦး၊ ဒေါ်ခင်ဝိုင်းကြည်၊ ဒေါက်တာခင်ရွှေ၊
ဦးစိုင်းကျော်ဇော သန်း၊ ဦးနေဝင်းထွန်း၊ ဦးလျူကွယ်ရှိ၊ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များဖြစ်သော ဗိုလ်မှူးချုပ် ကျော်ဦးလွင်နှင့် ဗိုလ်မှူးချုပ် သက် ထွန်းအောင်တို့ လိုက်ပါခဲ့ကြပြီး အနု ပညာရှင်များဖြစ်ကြသော ထပ်ဆင့် အကယ်ဒမီ စင်ရော်မောင်မောင်၊ နန်းဆုရတီစိုး၊ သီရိရှင်းသန့်၊ နိုနိုကေ၊ ဂျူးဂျူးကေနှင့် ဟန်သီတို့လည်း လိုက်ပါအားပေး ဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။
MOIWebportalMyanmar

No comments:

Post a Comment