Sunday 5 April 2015

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး


နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ၊ မြို့ပြ/ ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနှင့် စိုက်/မွေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်သည် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးမြို့နယ်ဆု ချီးမြှင့်နိုင်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးတင်လှိုင်မြင့်နှင့် မြို့နယ်ဆု/စံပြကျေးရွာဆု ကွင်းဆင်းစိစစ်ရေး
အဖွဲ့ငယ် ခေါင်းဆောင်များနှင့်အတူ ဧပြီ ၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ရှိ ဆည်မြောင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် ဆိပ်ခွန်ကျေးရွာ ရပ်မိရပ်ဖများအား တွေ့ဆုံဆွေးနွေးခဲ့ပြီး ရွှေဘိုမြို့နယ်အုပ်ချုပ်ရေး မှူးက ရွှေဘိုမြို့နယ် ဆိပ်ခွန်စံပြကျေးရွာ၏ ဒေသဆိုင်ရာ အချက်အလက် များကို ဗီဒီယိုဖိုင်များနှင့် ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆိပ်ခွန်စံပြကျေးရွာသည် ရွှေဘိုခရိုင် ရွှေဘို မြို့နယ်တွင်တည်ရှိပြီး အိမ်ခြေ ၁ဝ၉၂၊ အိမ်ထောင်စု ၁၁၉၅ စု၊ လူဦးရေ ကျား ၂၅၈၁ ဦး၊ မ ၃၁၁၉ ဦး ပေါင်း ၅၇ဝဝ နေထိုင်လျက်ရှိကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် လယ်ဧက ၇၅ဝ၉ ဧက စိုက်ပျိုးနိုင်ပြီး ယာသီးနှံစိုက်ဧက ၂၃၆ ဧက ရှိကြောင်း၊
သားငါးမွေးမြူထုတ်လုပ်မှုကဏ္ဍတွင် ကျွဲ ၁၉၁ ကောင်၊ နွား ၅၆၅ ကောင်၊ ဝက် ၆၄ ကောင်၊ သိုး/ဆိတ် ၁၈၈ ကောင်၊ ဒေသကြက် ၇၉၉ ကောင်နှင့် ငါးကောင်ရေ ၁၇ဝဝ ခန့် မွေးမြူ ထုတ်လုပ်လျက်ရှိကြောင်း၊ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စားသောက်ကုန်လုပ်ငန်း ၂၆ ခု၊ ဝတ်ဆင်ရေးလုပ်ငန်းအနေဖြင့် စက်ရက်ကန်း ၅၂၄ စင်၊ လက်ရက်ကန်းစင် ၁၅ဝဝ၊ စက်ချုပ် လုပ်ငန်း ၂၁ ခုနှင့် အခြားအထွေထွေလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊
အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးသီးနှံအတွက် အစုအဖွဲ့ပေါင်း ၅၈ ဖွဲ့၊ တောင်သူပေါင်း ၅၅၈ ဦးအား ချေးငွေကျပ် ၃၁၈၉ သိန်း ပေးအပ်နိုင်ခဲ့ပြီး ဆောင်းသီးနှံအတွက် အစုအဖွဲ့ ပေါင်း ၅၉ ဖွဲ့၊ တောင်သူပေါင်း ၄၁၃ ဦးအား ချေးငွေကျပ် ၃၅၂၁ သိန်း ပေးအပ်နိုင်ခဲ့ကြောင်း၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများအနေဖြင့် အခြေခံသမဝါယမအသင်း လေးသင်းဖြင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး
ကဏ္ဍတွင် သတ်မှတ်စံငါးချက်နှင့်ညီညွတ်သည့် မျက်ဝန်းသစ်စာကြည့်တိုက်ကို ဖွင့်လှစ်ထားရှိပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်း၊ ထက်/လယ်/မူ ကျောင်းပေါင်း လေးကျောင်း၊ တိုက်နယ်ဆေးရုံ တစ်ရုံရှိကြောင်း၊ ကျေးလက် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ကျေးရွာအတွင်း အိမ်သုံးမီတာ ၁၂၁၆ လုံး၊ ပါဝါမီတာ ၄၅ လုံး တပ်ဆင်အသုံးပြုလျက်ရှိကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအနေဖြင့် လမ်းဘေးဝဲယာ
ယူကလစ်စိုက်ခင်းများ၊ သစ်မာ၊ ကျွန်း၊ တမာစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍအနေဖြင့် အဓိကလမ်းမကြီးများအပြင် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း နှစ်လမ်း လေးဖာလုံ၊ ကတ္တရာလမ်း သုံးလမ်း ၁၃ မိုင်၊ ကျောက်ချောလမ်း ခုနစ်လမ်း ၁၈ မိုင်ခန့်၊ မြေသားလမ်း ၄၉ လမ်း ၂၂ မိုင် ဆောင်ရွက်ထားရှိကြောင်း၊ စိုက်ပျိုးရေနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး ကဏ္ဍတွင် သဖန်းဆိပ် ရေလှောင် တမံ၊ ရွှေဘိုမြောင်းမတော် ရေသောက် စနစ်နှင့် ကိုယ့်အားကိုယ်ကိုး ဆည်သုံးခုဖြင့် စိုက်ပျိုး ရေပေးဝေလျက်ရှိပြီး သောက်သုံးရေတွင်းပေါင်း ၁၇ တွင်း၊ အဝီစိတွင်း ၅၆၈ တွင်းနှင့် ရေသန့်စက်ရုံ တစ်ရုံတို့ဖြင့် သောက်သုံးရေ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အုပ်ချုပ်ရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ထားရှိပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊
တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် နယ်မြေ ရဲကင်းတစ်ခုရှိပြီး အမှုကြီး ၁ဝ မျိုး၊ အခြားအမှု ခုနစ်မျိုး စသည့်ပြစ်မှုဖြစ်ပွားမှု နည်းပါးစေရေးအတွက် ပညာပေးခြင်း၊ စောင့်ကြပ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧပြီ ၃ ရက်တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့ပြအသေးစား၊ အလတ်စား၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဖြစ်သော ဆင်နှစ်ကောင် စက်ရက်ကန်း စက်ရုံနှင့် ဆင်နှစ်ကောင်ရေသန့်စက်ရုံ တို့ ဆောင်ရွက်နေမှု အခြေအနေ၊ သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအနေဖြင့် သရဖူလက်/စက်ရက်ကန်း ကုန်ထုတ်သမဝါယမ အသင်းလီမိတက်တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဖြစ်သော ဆိပ်ခွန်အထက်တန်းကျောင်းနှင့် တိုက်နယ်ဆေးရုံ တွင် ဆေးကုသဆောင်ရွက်နေမှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍအနေဖြင့် ဇေယျာစိမ်းလန်းမြေအသင်း
ဖွဲ့စည်းဆောင်ရွက် ထားရှိမှု အခြေအနေ၊ အုပ်ချုပ် ရေးနှင့် လူမှုရေး ကဏ္ဍဖြစ်သော အုပ်ချုပ်ရေးမှူး ရုံးနှင့် မီးသတ်တပ်ဖွဲ့စခန်းရှိ မီးသတ်ယာဉ်များ ကြံ့ခိုင်မှုအခြေအနေ၊ စိတ္တသုခလူမှုကူညီရေး အသင်းဆောင်ရွက်နိုင်မှု အခြေအနေတို့နှင့် တရား ဥပဒေစိုးမိုးရေးကဏ္ဍအနေဖြင့် ကျေးရွာ ရဲကင်းရှိ တပ်ဖွဲ့ဝင်များ၏ မှုခင်းကျဆင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
MOIWebportalMyanmar

No comments:

Post a Comment